ဖားကန့် မှာ မြေစာပုံ ပြိုကျလို့  လူ ၉ ဦး သေဆုံး

မိုးကုတ်နဲ့ မိုင်းရှူး ဘက်မှာလည်း ဖြစ်ခဲ့ဖူး တာကြောင့် လွန်ခဲ့တဲ့ ၃ နှစ် အတွင်း အနည်း ဆုံး လူ ၅၀ လောက် သေဆုံးခဲ့
ဖားကန့်မှာ ကျောက်စိမ်း တူးတဲ့ မြေစာပုံ ပြိုကျတဲ့ အတွက် လူ ၉ ဦး သေဆုံးပြီး၊ ဒဏ်ရာ ရသူ ၂ ဦး ရှိသွား ပြီ ဖြစ်ပါ တယ်။

တနင်္လာနေ့ မနက်က ၄ နာရီ လောက်က ကံခွာ ကျေးရွာ အနီးက မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာနေသူ ၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရလို့ ဆေးရုံမှာ ဆေးကုသမှု ခံနေ ရတယ်လို့ ကချင်ပြည်နယ် အစိုးရက တာဝန် ရှိသူ တစ်ဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

ဒေသတွင်း မှာတော့ ပျောက်ဆုံးသူ ၃၀ လောက် ရှိမယ်လို့ သတင်းတွေ ထွက်နေ ပေမယ့် ကချင် ပြည်နယ် အစိုးရ တာဝန် ရှိသူတွေ ကတော့ အတည်ပြုချက် မရသေး ဘူးလို့ ပြောပါတယ်။

အခုလို ဖြစ်ခဲ့ရင် ဥပဒေ အရ နစ်နာမှုတွေ လျော်ပေး ရမှာ ဖြစ်ပြီး၊ ညွှန်ကြားချက် တွေကို မလိုက်နာ ရင် လုပ်ကွက် တွေကို ပိတ်သိမ်း နိုင်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ရေမဆေး ကျောက်သမားတွေ ခိုးတူးတာ ဖြစ်နေ ရင်တော့ အရေးယူ လို့မရ ဘူးလို့ ပြောပါတယ်။

ကျောက်မျက် လုပ်ငန်း မြေပြို မှုဟာ မိုးကုတ်နဲ့ မိုင်းရှူး ဘက်မှာလည်း ဖြစ်ခဲ့ဖူး တာကြောင့် လွန်ခဲ့တဲ့ ၃ နှစ် အတွင်း အနည်းဆုံး လူ ၅၀ လောက် သေဆုံး ခဲ့ရပြီး လို့လည်း ဦးဝင်းထိန်း က ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

ကချင် နယ်စပ်ဂိတ်ပေါက်တွေ လုံခြုံရေး တင်းကြပ်


မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက်သမားတွေ ၀င်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိထားတာကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လုံခြုံရေးသတိရှိကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက်တွေမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး ဝင်းခိုင်က ပြောပါတယ်။

"ကချင်ပြည်နယ် အတိုင်းအတာနဲ့တော့ သက်ဆိုင်ရာနယ်စပ်တွေရော၊ ပြည်နယ်တိုင်းချင်းဆက်တဲ့ နယ်စပ်တွေမှာရော ဝင်ထွက်လမ်းတွေမှာ မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ပါ လုံခြုံရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်၊ ကျနော်တို့က လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အထက်ဌာနညွှန်ကြားထားတာတွေတော့ ပြည်နယ်တွင်းမှာ ကျနော်တို့ ဆောင်ရွက်ရမည့် လုံခြုံရေးအတိုင်းအတာတွေကတော့ စီမံချက်တွေနဲ့ ရေးဆွဲဆောင်ရွက်လျှက်ရှိပါတယ်"

အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်တွေမှာလှုပ်ရှားနေတဲ့ အယ်ကိုင်းဒါးနဲ့ RSO (Rohingya Solidarity Organization) အစွန်းရောက် အစ္စလာမ္မစ် ဖောက်ခွဲရေးသမားတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ တမူးမြို့နယ်နဲ့ မဏိပူရ - မီဇိုရမ်ပြည်နယ် နယ်စပ်လမ်းကနေ ၀င်ရောက်လာနိုင်ကြောင်း သတင်းရရှိထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာမှာ ပါရှိပါတယ်။

ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး IS အဖွဲ့တွေဟာ မလေးရှားနိုင်ငံက လူငယ်တွေကို အင်တာနက်ကနေတဆင့် စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာလည်း လုံခြုံရေးနဲ့ပတ်သက်ပြီး အထူးသတိရှိကြဖို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေထံ သတိပေးထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းမှာ အထောက်အထားမရှိဘဲ တည်းခိုနေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တချို့ကို ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဋ္ဌာနက စိစစ်အရေးယူနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
 

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၂)

ကျပ်ငွေ သိန်းသုံးထောင် သို့မဟုတ် ဒေါ်လာ ၃ သိန်းလာဘ်စားမှုကြီးနဲ့ DVB

၂၀၁၁ ခုနှစ်အစမှာ အလှူရှင် ၂ ဦးဆီက အလှူငွေလျော့သွားတဲ့အတွက် သတ်မှတ်ဘတ်ဂျက် ခရိုနာ ၂၃ သန်းမရတော့ပဲ သန်း ၂၀ သာရတော့ကြောင်း၊ ဒီအတွက် DVB အုပ်ချုပ်ရေးမှာ ငွေကြေးအကျပ်တည်းကြုံ ရပြီး လုပ်ငန်းများ ပုံမှန်လည်ပတ်ဖို့မလွယ်တော့ကြောင်း၊ ဒါကြောင့် ၀ါရင့်သတင်းထောက် ၃ ဦးဖြစ်တဲ့ ထက်အောင်ကျော်၊ မခင်နှင်းထက်နဲ့ နန်းခမ်းကယောက်တို့ကို မလွှဲမရှောင်သာ အလုပ်ထုတ်လိုက်ရ ကြောင်း၊ နာကျင်တဲ့ဆုံးဖြတ်ချက်တခုကို မလွှဲမရှောင်သာချလိုက်ရကြောင်းဆိုတဲ့ DVB အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်ကို ရှေ့ကအခန်းတွေမှာ ပရိတ်သတ်တွေ ဖတ်မိပြီးဖြစ်မှာပါ။
(ဒေါ်လာ ၃ သိန်း လာဘ်စားမှုအကြောင်း စပြောတဲ့ DVB ယာယီညွန်မှုးနှင့် ယာယီအယ်ဒီတာ)
အဲဒီလို ခရိုနာ ၃ သိန်း (ဒေါ်လာ ၄ သောင်းဝန်းကျင်) လိုငွေပြနေလို့ ၀ါရင့်သတင်းထောက် ၃ ဦးကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အလုပ်ထုတ်လိုက်ရပါတယ်ဆိုတဲ့ DVB မှာ ဒေါ်လာ ၃ သိန်း (ခရိုနာ သိန်း ၂၀ နီးပါး၊ ကျပ်ငွေ သိန်း ၃၀၀၀) လာဘ်စားမှုကြီးတခု ရှိနေပါတယ်ဆိုပြီး စက်တင်လာလ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလာပါတယ်။ လာဘ်စားတဲ့အဖွဲ့က ပြည်တွင်း UG လုင်ပန်းတွေကို အဓိကဆောင်ရွက်နေတဲ့ Burma VJ အဖွဲ့တာဝန်ခံတွေဖြစ်တယ်လို့ DVB ညွန်မှုးတွေက ပြောပါတယ်။

ပြောတယ်ဆိုတာ တဦးချင်း၊ တယောက်ချင်းကို အလွတ်သဘောပြောတာမဟုတ်ပါ။ DVB-TV နဲ့ ရေဒီယိုတွေကနေ တနိုင်ငံလုံးဆီကြေညာခဲ့တာပါ။ ဒီတော့ BBC, VOA, RFA အပါဝင် စင်ပြိုင် ရေဒီယိုတွေ၊ တခြားသတင်းဌာနတွေကလည်း တော်လှန်ရေးသတင်းဌာနမှာ ဘယ်လိုလုပ် လာဘ်စား မှုဖြစ်တာလဲ၊ ဘယ်လိုတွေဖြစ်ကုန်ကြပြီလဲဆိုပြီး အင်တာဗျုးတွေလုပ်၊ မေးခွန်းတွေထုတ်ပေါ့။

DVB ဖက်ကပြောတာက ဒီလာဘ်စားမှုကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လက်ရှိညွှန်မှုး ၂ ဦးဖြစ်သူ ကိုအေး ချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ကို တာဝန်ကနေ ခေတ္တအနားပေးပြီး (တာဝန်နားပေမဲ့ လစာက ပုံမှန်အတိုင်း ဟုဆို) အရင်ညွှန်မှုးဟောင်း ဦးဟန်ညောင်ရွှေက ယာယီညွှန်မှုးအဖြစ်တာဝန်ယူမယ်လို့ ပြောပါတယ်။

တခါ (သတင်းအယ်ဒီတာ ကိုမိုးအေးနဲ့ ကျနော်တို့သတင်းအဖွဲ့တခုလုံး အဖြုတ်ခံရပြီးနောက်ပိုင်း နေရာရ လာသူ) ယာယီအယ်ဒီတာ ကိုသန်းဝင်းထွဋ်က ယာယီညွှန်မှုး ဦးဟန်ညောင်ရွှေကို အင်တာဗျုးလုပ်ပြီး အဲဒီနေ့မှာပဲ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရတဲ့ Burma VJ အဖွဲ့မှ ကိုမျိုးမင်းတို့ဖက်ကိုတော့ DVB ကမေးမြန်းထုတ်လွှင့်ပေးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီထုတ်လွှင့်ချက်ဟာ တဖက်သတ်စွပ်စွဲချက်သာဖြစ် တယ်ဆိုပြီး ကိုမျိုးမင်းနိုင်တို့ဖက်က ပြန်လည်စွပ်စွဲခဲ့ပါတယ်။ (အပြန်အလှန်စွပ်စွဲချက်တွေ၊ ကြေညာချက် တွေကို အောက်ပါ လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်)။

တိုက်ဆိုင်မှုဖြစ်ချင်တော့ ဦးဟန်ညောင်ရွှေဟာ DVB ညွှန်မှုးအဖြစ် ယာယီတာဝန်ယူနေစဉ် အောက်တိုဘာ လ အစောပိုင်းမှာ (DVB ယာယီညွန်မှုးတာဝန်မယူခင်ကတည်းက EU-Burma ရုံးအနေနဲ့စီစဉ်ထားတဲ့) မြန်မာနိုင်ငံဆီ ပြန်လည်ပတ်တဲ့ကိစ္စပေါ်လာတော့ လူအတော်များများက သို့လော၊ သို့လော မေးခွန်း ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်နေပြီဆိုပေမဲ့ ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ မင်းကိုနိုင် အပါဝင်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ပြန်မလွတ်သေးပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်တောင် မကြေညာရသေးပါ။

ဒီလိုအချိန်မှာ DVB ယာယီညွှန်မှုးက ဘာကြောင့်ပြန်တာလဲ။ ပြန်သင့်တဲ့အချိန်ဟုတ်လို့လား၊ တော်လှန် ရေး မီဒီယာ DVB ဟာ အတိုက်ခံဖက်ကနေ အစိုးရဖက်ဆီ ယိမ်းသွားပြီလားဆိုပြီး မေးခွန်းထုတ် ကြ တာပေါ့။ ဒါပေမယ့် DVB မှ ချင်းမိုင်ရုံးတာဝန်ခံ (အဲဒီအချိန်မှာ အော်စလို ညွှန်မှုး ၂ ဦးကို တာဝန်က ယာယီရပ် ဆိုင်းထားဆဲဖြစ်တဲ့အတွက်) ကိုတိုးဇော်လတ်ကတော့ ဒီခရီးစဉ်ဟာ DVB နဲ့ ဘာမှမဆိုင်ပဲ ဦးဟန်ညောင်ရွှေရဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။


စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်နဲ့ Burma VJ ရဲ့ ပြန်လည်တုန့်ပြန်ချက်များ

ဒီလို သတင်းမျိုးစုံထွက်ပြီး ဝေဖန်မှုမျိုးစုံရှိနေချိန်မှာ DVB က ဒေါ်လာသောင်းချီပေး ငှားရမ်းထားတဲ့ အမေရိကန် ရှေ့နေအဖွဲ့ Price waterhouse Coopers (PwC) ဆီကနေ အစီရင်ခံစာထွက်လာပါတယ်။ အဲဒီအစီရင်ခံစာရဲ့တွေ့ရှိချက်အရ Burma VJ အဖွဲ့မှ တာဝန်ခံ ဦးမျိုးမင်းနိုင်နှင့် ဦးအောင်မျိုးကျော်တို့ဟာ ပြည်တွင်းသုံးငွေတွေကို မမှန်မကန်စာရင်းပြပြီး အဖွဲ့စည်းပိုင်ငွေကို ကိုယ်ကျိုးအတွက် အသုံးချခဲ့တာကို အထောက် အထားခိုင်လုံစွာနဲ့ တွေ့ရှိရတယ်ဆိုပြီး DVB ညွှန်မှုးတွေက ဒုတိယ အကြိမ် သတင်းထုတ်ပြန်ပါ တယ်။
(လာဘ်စားငွေနဲ့ ၀ယ်ယူခဲ့သည်ဟုဆိုသော ဘတ် ၃ သန်းနီးပါတန် ဘန်ကောက်က နေအိမ် အခု ဘယ်သူ လက်ထဲမှာလဲ)
အလွဲသုံးခဲ့တဲ့ ငွေပမာဏမှာ နော်ဝေးငွေ ၂၂ သိန်းကျော် (၂ ၂၁၈ ၁၄၁- ခရိုနာ) ဖြစ်ပြီး အမေရိကန်ဒေါ်လာ နဲ့ဆိုရင် ၃ သိန်းခွဲ ( ၃၆၉ ၀၇၅)၊ မြန်မာငွေ သိန်း ၃၀၀၀ ဖြစ်တယ်လို့ ဆိုပါတယ်။ အလွဲသုံးခံရတဲ့နေရာတွေ ကတော့ ပြည်တွင်းနှင့်မဲဆောက်ရုံးက တာဝန်ခံထားတဲ့ သတင်းထောက်များရဲ့လစာ၊ ဖမ်းဆီးခံသတင်း ထောက်များအတွက် ထောက်ပံ့ငွေ၊ ရုံးခန်းငှားခနဲ့လုပ်ငန်းလည်ပတ်စရိတ်တွေဖြစ်တယ်လို့ DVB ကြေညာ ချက်ကဆိုပါတယ်။

ဒီလိုအလွဲသုံးစာရင်းပြပြီး စုဆောင်းထားတဲ့ငွေတွေနဲ့ မြန်မာနိုင်ငံတွင်းမှာ အိမ်ခန်း၊ တိုက်ခန်း၊ မော်တော် ယဉ်၊ မြေကွက်များဝယ်ယူသည့်အပြင် လောင်းကစားနှင့် အခြားစီးပွါးပါလုပ်တယ်လို့ဆိုပါတယ်။ များပြား လှတဲ့ အဲဒီအလွဲသုံးငွေထဲက တချို့ကိုယူပြီး ဘတ်ငွေ နှစ်သန်းခုနှစ်သိန်းဖြင့် ဘန်ကောက်ကအိမ်တလုံးကို ၂၀၀၈ ခုနှစ်မှာ ၀ယ်ယူခဲ့တယ်လို့လဲဆိုပါတယ်။ နိဂုံးချုပ်မှာတော့ စုံစမ်းမှုကာလအတွင်း တာဝန်ကနေ ယာယီနှုတ်ထွက်ထားတဲ့ ညွန်မှုး ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့အား ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၁ ရက်နေ့တွင် မူလတာဝန်များပြန်ထမ်းနေပြီ ဖြစ်သည်လို့ ပါရှိပါတယ်။

ဒါက DVB အာဏာပိုင်တွေဖက်က ကြေညာချက်ပါ။ Burma VJ အဖွဲ့မှ ကိုမျိုးမင်းနိုင်ကတော့ ဒီထုတ်ပြန် ချက်ဟာ DVB ကို မောင်ပိုင်စီးထားသူတွေက မီဒီယာကိုလက်ဦးမှုယူပြိး၊ မီဒီယာ ကျင့်ဝတ်ကိုဖောက် ဖျက်ပြီး တဖက်သတ် စွပ်စွဲသတင်းထုတ်ပြန်ခြင်းသာဖြစ်တယ်။ အခုတွေ့ရှိချက်ဆိုတာဟာ DVB ကနေ ငွေပေးငှားထားတဲ့အဖွဲ့ရဲ့ တွေ့ရှိချက်သာဖြစ်ပြီး ရဲအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်လည်းမဟုတ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်လည်းမဟုတ်ဘူး။ ဒီလို ဘာမှမသေချာသေးပဲနဲ့ သူ့ကို ပုဂ္ဂိုလ်ရ အမည်တပ်ပြီး အခုလိုစွပ်စွဲတဲ့ အတွက် နော်ဝေးဥပေဒအရ DVB ညွန်မှုးတွေကို အသေရေဖျက်မှုနဲ့ ပြန်လည်တရားစွဲမယ်လို့ပြောပါတယ်။

ပြောတဲ့အတိုင်းလည်း တရားစွဲဖို့ကြိုးစားခဲ့တယ်လို့သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဆိုရင် DVB အုပ်ချုပ်ရေးအဖွဲ့ကနေ ကိုမျိုးမင်းကို တရားစွဲတဲ့အမှုဟာ အချက်လက်မပြည်စုံတဲ့အပြင် အခင်းဖြစ်တဲ့နေရာက နော်ဝေးနိုင်ငံရဲ့ပြင်ပမှာဖြစ်နေတာကြောင့် နော်ဝေးရဲက အမှုကိုလက်မခံဘူးလို့သိရ ပါတယ်။ ဒါပေမယ့် ကိုမျိုးမင်းနိုင်ဖက်ကနေ အသရေဖျက်မှုနဲ့တရားပြန်စွဲတာကိုတော့ တရားရုံးက လက်ခံ လိုက်သလိုလိုကြားရပါတယ်။

ဒါပေမယ့် အထက်ဖေါ်ပြပါ (လင့်ခ်မှာပါတဲ့အတိုင်း) ၂၀၁၂ အစောပိုင်း ကြေညာချက်တွေမှအပ နောက် ဆက်တွဲ ထူးခြားမှုအခြေနေတွေကို ၂ ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိတော့ပါ။ တခြားမီဒီယာ တွေကလည်း ဒီမေးခွန်းကို ဘယ်သူမှ ထပ်မမေးတော့ပါဘူး။ ဘာကြောင့်လဲ။ ဒီလာဘ်စားမှုကြီးက ဘယ်လိုဖြစ်သွားတာလဲ။ လာဘ်စားငွေတွေကို စွပ်စွဲခံရသူတွေဖက်က ပြန်လျော်ပေးလို့အမှုကို ကျေအေးလိုက်တာလား။ ဒါမှမဟုတ် အလှူရှင် တဦးဦး ကနေ ၀င်စိုက်ပေးလိုက်တာလား။ ပြန်သိမ်းထားတယ်ဆိုတဲ့ ဘန်ကောက်က ဘတ်ငွေ ၂ သန်းကျော်တန် အိမ်ပါဝင် ရန်ကုန်က အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွေ ဘယ်ရောက်ကုန်ပြီလဲ။


DVB စုံကော် လည်း ဦးသိန်းစိန် စုံကော်နဲ့ အတူတူပဲလား

ပြသာနာတခုဖြစ်တိုင်း မြန်မာအစိုးရဖက်က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့် အပြီးသတ် အဖြေကတော့ ထွက်လာလေ့မရှိပါ။ အချိန်ကြာရင် သူ့အလိုလို သွေးအေးသွားပြီး ဘယ်သူကမှ ဘာမှမပြော တော့ အမှုကိုပိတ်လိုက်သလိုဖြစ်သွားလေ့ရှိပါတယ်။ အဲဒါဟို ၁၉၈၈ ဖုန်းမော်အရေးအခင်း စုံကော်ကနေ အခုနောက်ဆုံး လက်ပတောင်း စုံကော် အထိပါပဲ။
(စွပ်စွဲမှုကို အဓိကဦးဆောင်သူ ကိုခင်မောင်ဝင်း)
(စွပ်စွဲခံရသူ Burma VJ မှ ကိုမျိုးမင်းနိုင်)
အစိုးရဖက်က စုံကော် ဖွဲ့ပြီး အဖျားရှုးသွားတာကိုဝေဖန်နေကြတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ သူတို့ဖက်က စုံကော်တွေ အဖျားရှုးသွားတာမျိုးကိုကော မဝေဖန်ကြဘူးလား။ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ဆိုတာဟာ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်နဲ့ ရလာတဲ့ သတင်းဌာန၊ ပြည်တွင်းနဲ့ နယ်စပ်တကျောက တော်လှန်ရေးအဖွဲ့တွေရဲ့ကိုယ်စား ရလာတဲ့သတင်းဌာန၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကိုယ်စားပြုပြီး ရလာတဲ့သတင်းဌာနမဟုတ်ပါလား။

ဒီဌာနကနေ ကမ္ဘာသိကြေညာပြိး ဖွဲ့ခဲ့တဲ့ ဒေါ်လာ ၃ သိန်း လာဘ်စားမှု စုံကော် အခု ဘယ်အခြေနေကို ရောက်နေပြီလဲ။ ဒီငွေတွေဟာ ကိုခင်မောင်ဝင်းနဲ့ ကိုမျိုးမင်းနိုင် ပုဂ္ဂလိကပိုင်တဲ့ငွေတွေမဟုတ်ပါ။ ဒီမိုကရေစီအရေးလှုပ်ရှားသူ အားလုံးပိုင်တဲ့ ငွေတွေဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားနေသူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီအမှုနောက်ဆုံးအခြေနေ ဘယ်လိုရှိတယ်။ အခြေနေတခုခုကြောင့် ကြေအေးလိုက်တာလား။ ဒါမှမဟုတ် နိုင်ငံရေးအခြေနေအရ ရွေ့ဆိုင်းထားတာလား။ စသဖြင့် တခုခုတော့ ပရိသတ်တွေဆီ ထုတ်ဖေါ်ကြေညာဖို့ လိုမယ်ထင်ပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ DVB ရုံးတခုလုံး အော်စလိုကနေ ရန်ကုန်ပြောင်းသွားတဲ့အထိ ဘာမှမပြောပဲ ဒီအတိုင်း ငြိမ်နေလိုက်တာကတော့ DVB စုံကော် ဆိုတာဟာလဲ ဦးသိန်းစိန်အစိုးရကဖွဲ့ပေးထားတဲ့ စုံကော် တွေနဲ့ ဘာမှ မထူးခြားပဲ ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးတာက DVB မှာ ဘတ်ဂျက်မရှိလို့ဆိုပြီး ၀ါရင့်သတင်း ထောက်တွေကို အလုပ်ထုတ်လိုက်ပေမယ့် အဲဒီမရှိတဲ့ငွေထဲက ဒေါ်လာ ၃ သိန်းလာဘ်စားတယ်ဆိုတဲ့ လူတွေကိုတော့ ဘာမှအရေးယူ ဆောင်ရွက်ခြင်းမရှိပဲ ချန်ထားလိုက်တာဟာ ဦးသိန်းစိန်အစိုးရထက် DVB စုံကော် က ပိုဆိုးနေသလားဆိုပြီး မေးခွန်းထုတ်ဘွယ်ဖြစ်နေပါတယ်။ ။

............................................................................................

ဒေါ်လာ ၃ သိန်း လာဘ်စားမှုအကြောင်း ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၂၀ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ DVB-TV အင်တာဗျုး...။


 ကြေညာချက် အမှတ် -၁- (DVB)
၃၀-၀၉-၂၀၁၁

စက်တင်ဘာ ၃၀-ရက်နေ့ DVB အရေးပေါ် သတင်းထုတ်ပြန်ချက်...
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..

အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..

ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်..
Length: ‎8:24
...............................................................

Statement:
possible embezzlement of DVB funds thumbnail
By DVB
Published: 30 September 2011

1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.

2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.

3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.

4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.

5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.

6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.

Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.

(Harald Bockman)

Contacts:

1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.

2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.
............................................

ကြေညာချက် ၁။ Burma VJ.


 .................

ကြေညာချက် ၂ DVB
၂၀-၀၁-၂၀၁၁

ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်း​ထုတ်ပြန်ချက်
Published on January 20, 2012 by ဒီဗွီဘီ   ·

၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့​အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။ ​ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန0x081ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော ​ငွေစာရင်း​များ​တင်ပြကာ ပုဂ0x081ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့​က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။
ငွေကြးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ေကာက်မြို့ နေအိမ်
၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်​ လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန် ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အြဖစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အြဖစ် Ms. Vibeke Hermanrud တို့​ကို ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။

၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင် အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။

၎။ ယခုအခါ PwC က 0x158င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။

(က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန0x081ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။

(ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊​ (အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ် မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။

(ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အြပင် ​လောင်း​ကစား​နှင့်​ အြခား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။

(ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။

၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ0x081စည်း​များ​ကို သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။

၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်​ နိုင်ငံ​ရေး​အဖွဲ့​များ​အြကား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအြပဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။

၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ “Burma VJ” မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု ​ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အြပင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ0x081စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အြခား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ0x081စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။

၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အြဖစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို 0x158င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။

ဆက်သွယ်ရန်1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက0x081ကဋ0x081ဌ၊​ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ ev@gmco.no, +47 92 88 67 79
3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ acn@dvb.no, +47 91107743
4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ kmw@dvb.no, +47 45276649ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့
 ......................................................................................................................................
ကြေငြာချက်အမှတ် -၂- (Burma VJ)
၂၄-၀၁-၂၀၁၂
ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်
ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။

ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ  အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊      တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။

(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။

(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။

(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။

(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။

(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။

ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း)  +66880113187
...............................................................................................................
မျိုးမင်းနိုင်။ ကိုနန္ဒ ခေါ် ကိုနေထွန်းရဲ့ တုန့်ပြန်ချက်
၂၆-၀၁-၂၀၁၂
 ..............

ဒီဗွီဘီလည်း ပြည်တွင်းဝင်ရောက်ရန်ကြိုးစားမည် Yangon Press International 
ဇန်န၀ါရီ ၂၉၊ ၂၀၁၂
ဦးအေးချမ်းနိုင်
ပြည်ပအခြေစိုက် မြန်မာမီဒီယာအချို့ ပြည်တွင်း၌ ရုံးခွဲ ဖွင့်လှစ်ခွင့်ရရန် ကြိုးစားနေသကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) လည်း မြန်မာပြည်၌ ရုံးခွဲဖွင့်ရန်အတွက် ပြည်တွင်းသို့ လာရောက်ကာ အခြေအနေ လေ့လာသွားမည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဆိုသည်။

“ကျွန်တော်တို့ တစ်ယောက် နှစ်ယောက် အရင်ဝင်ကြည့်မယ်၊ စကားပြောကြည့်မယ်။ အဲဒီမှာ ရုံးခွဲဖွင့်လို့ ရမလား ဆိုတာမျိုးပေါ့၊ အဲဒီကနေမှ တဖြည်းဖြည်း အထဲမှာ ချဲ့သွားမယ်၊ အထဲမှာများများ ချဲ့နိုင်လေ အပြင်မှာ လျှော့လျှော့သွားလေ လုပ်မှာပါ ” ဟု လတ်တလောတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဦးအေးချမ်းနိုင်ကပြောသည်။

ယခုလက်ရှိ ၎င်းတို့ အနေဖြင့် မြန်မာပြည်သို့ လာရောက်နိုင်ဖို့ ဗီဇာလျှောက်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ၀င်ရောက် လုပ်ကိုင်ရန်မှာမူ အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရနဲ့ ဘယ်လောက်ညှိလို့ရမလဲ။ ဘယ်လောက် ပြောင်းလဲမလဲ စတဲ့ အခြေအနေ အများကြီးအပေါ်မှာ မူတည်ပါတယ်၊ စီမံကိန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲကို တော့ ယေဘုယျ မှန်းထားတယ်၊ အခု လာမယ့် ဧပြီ ၁ရက်ကတော့ အဆုံးအဖြတ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ဒီဗွီဘီအနေဖြင့် ပြည်တွင်း အခြေစိုက် မီဒီယာ အဖြစ် အကူးအပြောင်း ကာလရောက်လျှင်လည်း ပြည်ပ ထောက်ပံငွေများကို ဆက်လက် ရယူသွားရမည်ဖြစ်ပြီး နောက်ပိုင်းမှသာ Commercial (ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်ခြင်း) အဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဆိုင်ရာ မှီခိုမှုနှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

“အဓိက သွားမယ့် ပုံစံက သတင်းကို ဦးစားပေးတဲ့ ပုံစံနဲ့ပဲ သွားမယ်။ ရည်ရွယ်ချက်ကတော့ လူတွေအတွက် ၀န်ဆောင်မှုပေးဖို့ (Public service)ပဲ။ အမှီအခို ကင်းရမယ်(independent) ဖြစ်ရမယ်။ အမြတ်(profit) တစ်ခုတည်း မဟုတ်ဘူး။ လောလောဆယ်မှာတော့ အပြင်က ငွေကြေး အကူအညီ မပါလဲ သွားလို့ မဖြစ်ဘူး ” ဟု ဦးအေးချမ်းနိုင်က ဆိုသည်။

ယခုလက်ရှိ အနေအထားတွင် ဒီဗွီဘီသတင်းဋ္ဌာနမှာ နော်ဝေနိုင်ငံ၌ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ကာ ထိုင်းသတင်းထောက်နှင့် ပြည်တွင်း သတင်းထောက်များ ခန့်အပ်ကာ လုပ်ကိုင်လျက်ရှိသည်။
ယခုလောလောဆယ်တွင် ဒီဗွီဘီ သတင်းဋ္ဌာန လည်ပတ်မှု ကုန်ကျစရိတ်များကို အနောက်ဥရောပနိုင်ငံအချို့နှင့် နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း အချို့က ထောက်ပံ့သည့် အကူအညီဖြင့် ရပ်တည်လျက်ရှိသည်။

ပြည်တွင်း၌ အခြေအနေများကို လေ့လာရာတွင်လည်း စာပေစိစစ်ရေး အခြေအနေများ၊ မီဒီယာဥပဒေ အစရှိသည်တို့ကို အဓိကထား လေ့လာသွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိဂျာနယ်၊ မဂ္ဂဇင်းများ၏ လုပ်ကိုင် ဆောင်ရွက်ပုံတို့ကို လည်း လေ့လာသွားမည် ဟု ဦးအေးချမ်းနိုင်ကပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကာလ နှင့် ၂၀၀၈ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး ကာလများတွင် ဒီဗွီဘီမှ ရုပ်သံ ထုတ်လွှင့်ချက်များကြောင့် နအဖ အစိုးရက လေလှိုင်းထဲမှ လူသတ်သမား၊ မိုးလုံးပြည့် မုသာဝါဒ အစရှိသည့် ကြွေးကြော်သံများကို နိုင်ငံပိုင် သတင်းစာများ၏ နောက်ကျောဖုံးတွင် နှစ်အတန်ကြာ ထည့်သွင်းဖေါ်ပြခဲ့ရာမှ ယမန်နှစ် စက်တင်ဘာလတွင် ထိုသို့ဖေါ်ပြခြင်းကို ရပ်ဆိုင်းခဲ့ကာ ယင်းသတင်းဋ္ဌာန ၀က်ဆိုက်အား ပိတ်ပင်ထားခြင်းမှလည်း ရပ်ဆိုင်းခဲ့သည်။

ဦးသိန်းစိန် အစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပ အခြေစိုက် မြန်မာမီဒီယာ ၀က်ဆိုက်များအား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သလို ယင်းသတင်းဋ္ဌာနများတွင် လုပ်ကိုင်လျက်ရှိသည့် မြန်မာ ၀န်ထမ်းများအား အခါအားလျော်စွာ ၀င်ရောက် သတင်းယူခွင့် ပေးခဲ့ရာ ဗွီအိုအေ၊ ဘီဘီစီ သတင်းဋ္ဌာနတို့မှ လွန်ခဲ့သည့်လများ အတွင်း လာရောက်ခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ၀ါရှင်တန် အခြေစိုက် ဗွီအိုအေ မြန်မာဋ္ဌာန၏ ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သဘော ဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က ဗွီအိုအေ မြန်မာပိုင်း အနေဖြင့် ဋ္ဌာနေသတင်းထောက် ထားရှိရန် ခွင့်ပြုချက် မရရှိခဲ့သော်လည်း ပြည်တွင်း၌ သတင်း ရယူလိုသည့် ကိစ္စရပ်များ ရှိသည့်အခါ ဗီဇာလျှောက်ထားပါက ခွင့်ပြုသွားမည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်။

နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ ချင်းမိုင်ရုံးခွဲ တာဝန်ခံ ဦးစိန်ဝင်းလည်း ယခုလဆန်းပိုင်းက တကြိမ် လာရောက်ခဲ့သလို ယခုသီတင်းပတ်တွင် ဒုတိယအကြိမ် လာရောက်ပြီး ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန် အတွက် ကြိုးစားလျက်ရှိသည်ဟု သိရှိရသည်။ ။
....................................................................................................................

ဒီဗွီဘီ-ညွန်မှုး ရန်ကုန်ရောက်ပြီ-
၂၇-၀၂-၂၀၁၂

ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှုးနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးအေးချမ်းနိုင်ဟာ ဒီကနေ့ တနလာင်္နေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့ မနက်ပိုင်းကစပြီး မြန်မာနိုင်ငံ တရားဝင်ခရီးစတင်လိုက်ပါတယ်။ 

သူ့ရဲ့ ငါးရက်တာ မြန်မာပြည် ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတချို့နဲ့လဲ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး မြန်မာပြည်တွင်း သတင်း မီဒီယာ ဖွံ့ဖြိုးမှုအခြေအနေကို လေ့လာစုံစမ်းမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာပြည်တွင်းက သတင်းမီဒီယာမျိုးစုံ။ အဖွဲ့အစည်း အစုအဖွဲ့ အလွှာအသီးသီးမှာ ဦးဆောင်လှုပ်ရှားနေသူတွေ နဲ့လဲ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ အနှစ်၂၀ကျော်ကာလအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ ဦး အေးချမ်းနိုင်ရဲ့ ပထမဆုံး မြန်မာပြည် တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။

By: DVB TV News

ထက်အောင်ကျော်

စစ်တပ် ချမှတ်တဲ့ မူ ၆ ချက်ကို လိုက်နာမှ ထာဝရငြိမ်းချမ်းမယ်လို့ ပြော (ရုပ်/သံ)


တပ်မတော်ကချမှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ချက်ကို လိုက်နာနိုင်မှ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောဆို လိုက်ပါတယ်။ ဒီသတင်းကို မေသင်္ကြန်ပေးပို့ထားပါတယ်။ DVB TV - 31.03.2015
https://www.facebook.com/DVBTVNews

 

ထိုင်း စစ်အုပ်ချုပ်ရေး ဥပဒေကို အစားထိုးမယ်

စစ်အုပ်ချုပ်ရေးကို အစားထိုး ပြီးရင် ဝန်ကြီးချုပ်ရဲ့ အာဏာ ပိုကြီးလာနိုင် တယ်လို့ ဆိုကြ။
ထိုင်း နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေကို ရုပ်သိမ်းဖို့ အတွက် ဝန်ကြီးချုပ် ပရာယု ချန်အိုချာ က ထိုင်းဘုရင် ဘူမိဘောကို ခွင့်ပြုချက် တောင်းခံ ထားတယ်လို့ ဆိုပါတယ်။

ယခင် ရွေးကောက်ခံ အစိုးရဟောင်းကို ပြီးခဲ့နှစ် မေလက ဖြုတ်ချခဲ့ပြီး မကြာမီမှာပဲ အာဏာသိမ်း စစ်အစိုးရက စစ်အုပ်ချုပ်ရေး ဥပဒေနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်အုပ်ချုပ်ရေး ဥပဒေအရ အများပြည်သူ လူစုလူဝေး ဖွဲ့မှုတွေကို ပိတ်ပင် ထားသလို သတင်းမီဒီယာ တွေကိုလည်း တင်းကျပ် ထားပါတယ်။

စစ်အုပ်ချုပ်ရေး ဥပဒေကို စည်းမျဉ်း အသစ်တွေနဲ့ အစားထိုး သွားမယ်လို့ ဝန်ကြီးချုပ် ချန်အိုချာက ဆိုပြီး၊ အဲဒီ စည်းမျဉ်း အသစ်တွေက ဒီထက်ပို တင်းကျပ် လာနိုင်တယ် လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

ဝန်ကြီးချုပ်ကို အာဏာ အပြည့် ပေးထားတဲ့ ယာယီ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၄၄ အရ အရေးပေါ် လုပ်ထုံးလုပ်နည်း တွေနဲ့ လက်ရှိ စစ်အုပ်ချုပ်ရေး ဥပဒေကို အစားထိုးဖို့ ဆောင်ရွက် သွားမယ်လို့ ဗိုလ်ချုပ်ဟောင်း ချန်အိုချာက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိ စစ်အစိုးရဟာ အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း ပေးမယ်လို့ ကတိပြုထား ပေမယ့် ဘယ်တော့ လွှဲပေးမယ် ဆိုတာကိုတော့ မသတ်မှတ် ထားပါဘူး။

BBC Burmese
http://www.bbc.co.uk/burmese

သေနတ်ဒဏ်ရာ (၆)ချက်ဖြင့် တာချီလိတ်၌ ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ


ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မတ်လ(၃၁)ရက်သို့ အကူးတွင် သေနတ်ဖြင့် (၆)ချက်တိတိ ပစ်သတ်သည့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားပေါ်တွင် ထိုင်နေလျက်ဖြင့် သေနတ်ဒဏ်ရာ (၆)ချက်တိတိရရှိပြီး ပွဲချင်းပြီးသေဆုံးသွားသူသည် အသက်(၄၉)နှစ်ရှိ နိုင်းကိုးမင်း ဖြစ်ပြီး ထိုင်းနိုင်ငံ ပူလီလန်မြို့မှ ထိုင်းလူမျိုးဖြစ်ကြောင်း နှင့် အခင်းဖြစ်ပွားသည့် နေရာသည် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစု ဟိုတယ်ရှေ့ရှိ ဦးအားဂျာ ရေဆေးခုံ ကားဝင်းအတွင်းမှာ ဖြစ်ပွားတာဖြစ်ကြောင်း တာချီလိတ်မြို့ရဲစခန်းမှ သိရသည်။

သေဆုံးသူ၏ ဦးခေါင်းဝဲဂျိုစောင်းတွင် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ နောက်စေ့ယာ ဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ယာရင်ညွှန့် ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ နောက်စေ့ယာ ဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ၀ဲလက်မောင်းဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာနံဘေးဖောက်ထွက် ဒဏ်ရာ(၁)ချက်တို့ဖြင့် စုစုပေါင်း သေနတ်ဖြင့်(၆)ချက် ပစ်ခံရမှုကြောင့် ကားပေါ်ထွက် ထိုင်လျက်သေဆုံးနေကြောင်းနှင့် ယခုလို ဖြစ်ပွားသည့်အမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"နာရေးကူညီဖို့အတွက် ကျွန်တော်တို့အဖွဲ့တွေ အခင်းဖြစ်ပွားရာ နေရာကို ရောက်သွားခဲ့တယ်၊ သေဆုံးသူရဲ့ အမျိုးသမီးကတော့ သူ့အမျိုးသားက ဘက်ဟိုးမောင်းတဲ့ အလုပ်လုပ်တယ်လို့ ပြောပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

တာချီလိတ်မြို့တွင် ယခု မတ်လ၏ နောက်ဆုံးအပတ်ဖြစ်သည့် မတ်လ(၂၂)ရက်နေ့က ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီး တရားခံအား မတ်လ(၂၅)ရက်နေ့မှ ဖမ်းဆီးရမိခဲ့ကြောင်း၊ မတ်လ(၂၇)ရက်နေ့တွင် အသက်(၆)နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး မတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် အဆိုပါကလေးအား သေဆုံးနေလျက်ဖြင့် ပြန်လည်တွေ့ရှိကြောင်းနှင့် မတ်လ(၃၁)ရက်သို့ အကူးတွင် ယခုလို သေနတ်ဖြင့် ပစ်ခတ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‪TachileikNewsAgency‬
‪TachileikOnlineNews‬
http://www.tachileik.net

ပျောက်ဆုံးပြီး အသတ်ခံလိုက်ရသည့် ကလေးငယ်၏ ရုပ်အလောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ ပြန်လည်သယ်ဆောင်


တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့ပြီး အလောင်းအား ထိုင်းနိုင်ငံဘက်တွင် စစ်ဆေးရာမှ ယနေ့ မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ပြန်လည်၍ သယ်ဆောင်လာပြီး တာချီလိတ်၌ လူပျောက်မှုမှ တဆင့် လူသတ်မှုအဖြစ် အမှုဖွင့်လှစ်နိုင်ရန် အတွက် ဆေးစစ်ချက်ရယူရန် တာချီလိတ် ဆေးရုံတွင် ဆက်လက် စစ်ဆေးနေလျက်ရှိသည်။

သေဆုံးသွားသည့် ကလေး၏ အလောင်းအား ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှာတဆင့် ချင်းရိုင်းမြို့တွင် စစ်ဆေးခြင်းနှင့် ပတ်သက်၍ သေဆုံးသူ၏ အလောင်းအား ထိုင်းပိုင်နက်ဖြစ်သည့် ထိုင်းဘက်ကမ်းစပ်တွင် တွေ့ရှိရတာဖြစ်သည့်အတွက် ထိုင်းဘက်မှ စစ်ဆေးလိုကြောင်း ပြောကြားပြီးနောက် ယနေ့ မတ်လ (၃၁)ရက် ညနေ(၅း၃၀)နာရီ အချိန်တွင် ရုပ်လောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ သယ်ဆောင်လာခြင်းဖြစ်သည်။

သေဆုံးသွားသည့် အလောင်းအား တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ၀ါးဆိပ်မှ တဆင့် သယ်ဆောင်ရာတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ သွားရောက် သယ်ဆောင်လာပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်အတွက် တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံ၌ ထားရှိသည်။

ယခုလို ကလေးပျောက်ဆုံးမှုမှ သေဆုံးမှု ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံများမှ သေဆုံးသူ ကလေးငယ်သည် အသဲထုတ်ခံရခြင်း၊ မျက်ကြည်လွှာထုတ်ခံရခြင်း၊ ကျောက်ကပ်ထုတ်ခံရခြင်း နှင့် အတွင်း ကလီစာများ ထုတ်ခံရခြင်း စသည်ဖြင့် ကောလဟလများ ထွက်ပေါ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဧပြီလ(၁)ရက်နေ့တွင် ထပ်မံဆေးစစ်ပြီးမှသာ အဖြေမှန်ကို သိရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။

‪TachileikNewsAgency‬
‪TachileikOnlineNews‬
http://www.tachileik.net

အမြန်လမ်း မိုင်တိုင်အမှတ်(၂၉၃/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက် ၄ ဦး ဒဏ်ရာရ


တိုက်ရော့ပြုတ်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲသို့ထိုးကျတိမ်းမှောက်

နေပြည်တော်၊ မတ် ၃၁

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၉၃/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကန်သာရပ်နေ ကျော်ဝင်း(၂၈)နှစ်မောင်းနှင် လာသော 2C/xxxx တိုယိုတာဆလွန်းမီးခိုးရောင်ယာဉ်သည် တိုက်ရော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် မြေသားလမ်းဘေးရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်း ကျော်ဝင်း ပါ ကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး ကျော်ဝင်းအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ၉ ဦးသေ၊ ၃၀ ခန့်  ပျောက်ဆုံးနေ

ဓါတ်ပုံ - google images
စွန့်ပစ်မြေစာပုံမှမြေစာများ ရုတ်တရက်ပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ(၃ဝ)ဦးခန့်ပျောက်ဆုံးနေ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် ၃၁

၂ဝ၁၅ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့ နံနက် ၉ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်ပြည်သူ့ဆေးရုံသို့ မြေစာပိ၍ ဒဏ်ရာရရှိသူ(၂)ဦး ရောက်ရှိနေကြောင်းသတင်းအရ ဖားကန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဖားကန့်မြို့နယ်၊ ဖားပြင် ကျေးရွာနေ သက်ပိုင်စိုး(၂၃)နှစ်နှင့် ဆိုင်းဂျာဘွန်ကျေးရွာနေ မြင့်မောင်(၁၉)နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ထိုနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က ဆွတ်အောင်ကျေးရွာအနီးရှိ ရာဇဌာနီကုမ္ပဏီမှစွန့်ပစ်သည့် မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာပုံမှ အမြင့်ပေ(၃ဝဝ)၊ အလျားပေ(၈ဝဝ)ခန့်ရှိ မြေစာများ ရုတ်တရက်ပြိုကျခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် မြေစာများပြိုကျမှုကြောင့် ဒမ်းထရပ် အဝါရောင်မြေသယ်ယာဉ်(၁)စီးနှင့် ရေမဆေးကျောက်ရှာဖွေသူ(၃ဝ)ဦးခန့် မြေစာများပိမိနေကြောင်း သိရှိရသည်။

 အဆိုပါသတင်းအရ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ၊ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဆိပ်မူကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘက်ဟိုးယာဉ်(၆)စီးဖြင့် သွားရောက်ရှာဖွေခဲ့ရာ နံနက် ၁ဝ နာရီအချိန် ဆွတ်အောင် ကျေးရွာနေ သိန်းလွင်(၂၈)နှစ်ပါ အမျိုးသား(၅)ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖားကန့်ဆေးရုံသို့ပို့အပ်ကာ ဖားကန့်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၂၂/၂ဝ၁၅)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

 ထို့နောက် ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေရာ ညနေ ၄ နာရီ ၃၂ မိနစ်အချိန်တွင် မြေစာများပိနေသည့် မြေသယ်ယာဉ်နှင့် ကရင်ချောင်ကျေးရွာနေ ရဲလွင်(၂၄)နှစ်ပါ အမျိုးသား(၄)ဦး၏အလောင်းများအားတွေ့ရှိခဲ့သဖြင့် ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၃/၂ဝ၁၅)ဖြင့် ထပ်မံအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ပျောက်ဆုံးနေသူများအား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

Maysak ဆူပါ မုန်တိုင်း အန္တရာယ် စိုးရိမ်နေကြ

Maysak မုန်းတိုင်းက ဆူပါ မုန်တိုင်းဖြစ်မယ်။ (Credit: ABC licensed) 
ပစိဖိတ်ဒေသကနေ ​တဆင့် ​ဖိလစ်ပိုင်နိုင်ငံထဲကို ​အင်အားပြင်းတဲ့ ​ဆိုင်ကလုန်းမုန်တိုင်း ​ဝင်ရောက်နိုင်တဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

Maysak ​လို့ ​ခေါ်တဲ့ ​ဆိုင်ကလုန်းဟာ ​မကြာသေးခင်တုန်းကပဲ ​Vanuatu ​နိုင်ငံကို ​ဖျက်ဆီးခဲ့တဲ့ ​Pam ​ဆိုင်ကလုန်းလောက် ​အင်အားပြင်းမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အခုလောလောဆယ် ​ပစိဖိတ်ဒေသက ​ကျွန်းနိုင်ငံတွေကတော့ ​အနီးကပ် ​စောင့်ကြည့်မှုတွေ ​ပြုလုပ်နေကြပါတယ်။

မကြာခင်မှာ ​ဆူပါ ​မုန်တိုင်းအသွင် ​ပြောင်းလဲလာနိုင်ပြီး ​တစ်နာရီကို ​လေတိုက်နှုန်း ​၂၇၀ ​ကီလိုမီတာ ​ရှိနိုင်တာကြောင့် ​အပျက်အစီးတွေ ​များနိုင်တယ်လို့ ​ခန့်မှန်းကြတာပါ။

အခုလောလောဆယ် ​အမေရိကန်ပိုင် ​Guam ​ကျွန်းက ​အာဏာပိုင်တွေက ​Micronatia ​ပြည်ထောင်စုနိုင်ငံရဲ့ ​အစိတ်အပိုင်းဖြစ်တဲ့ ​Yap ​နိုင်ငံမှာ ​မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ ​သတိပေးထားပါတယ်။

Maysak ​မုန်တိုင်းဟာ ​Pam ​မုန်တိုင်းလောက် ​ပြင်းထန်မယ်လို့ ​ခန့်မှန်းထားပါတယ်။

Pam ​မုန်တိုင်းဒဏ် ​ခံနေရတဲ့ ​Vanuatu ​နိုင်ငံမှာတော့ ​ပြန်လည်ထူထောင်ရေးတွေ ​လုပ်နေပြီး ​သြစတြေးလျ ​စစ်သား ​အယောက် ​၅၀၀ ​က ​အကူအညီတွေ ​ပေးနေပါတယ်။

ရေရှည်မှာတော့ ​အစားအစာနဲ့ ​သောက်ရေသန့်အကူအညီတွေ ​လိုအပ်မယ်လို့လည်း ​ကုလသမဂ္ဂက ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ကေအန်ပီပီက ငွေကောက်ခံမှုနှင့် လက်နက်ကိုင်ဆောင် သွားလာမှု ပြည်နယ်အစိုးရ ကန့်ကွက်


ဆန်းဖြိုးထွန်း

ကယား(ကရင်နီ) ပြည်နယ်အတွင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(ကေအန်ပီပီ)က ငွေကြေး ကောက်ခံခြင်းနှင့် လက်နက်ကိုင်ဆောင်သွားလာခြင်းများကို ပြည်နယ် အစိုးရအဖွဲ့က ကန့်ကွက် လိုက်သည်။

စခန်းအဆောက်အဦများ တည်ဆောက် နေခြင်းများကိုလည်း ကန့်ကွက်ကြောင်း စာတစောင်ကို မတ်လ လယ်ခန့်က ပြည်နယ်အစိုးရက ကေအန်ပီပီ ထံပေးပို့ထားသည်ဟု ဆိုသည်။

ကေအန်ပီပီက ငွေကြေးကောက်ခံမှုများ၊ ပြည်နယ်တွင်းလက်နက်ကိုင် ဆောင် သွားလာမှုနှင့်စခန်း ဆောက်လုပ်နေမှုများသည် ပြည်သူလူထု အထင်မြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ မလိုလား အပ်သော အုပ်ချုပ်မှု ပြဿနာရပ်များ ဖြစ်လာနိုင်သဖြင့် ကန့်ကွက်ကြောင်းနှင့် အောက်ခြေ တပ်ဖွဲ့ဝင်များ ဆောင်ရွက်နေမှုများကို သေချာ ထိန်းသိမ်း ကြပ်မတ်သွားရန် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ယခင်ကတည်းက ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး ယခုပေးပို့လာသောစာတွင် ကန့်ကွက်ကြောင်း ဆိုသည့် အရေးအသားကို အသုံးပြုထားသည်ဟု ကေအန်ပီပီ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။

“စာဝတ်နေရေး ဖြေရှင်းရတာမျိုးရှိတယ်၊ နောက်ပြီး တချို့အောက်ပိုင်းမှာ ဂိတ်တွေဘာတွေ ထားတာ က ကျနော်တို့ ဒီမူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးကို ရှင်းလင်းတာဖြစ်တယ်၊ တရားမဝင် ပစ္စည်းတွေပေါ့ အဲ့ဒါမျိုးတွေကြောင့်လုပ်ရခြင်းဖြစ်ပါတယ် ”ဟု သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

မတ်လ အစောပိုင်းက ကေအန်ပီပီ တပ်ဖွဲ့ဝင် အရာရှိတဦးနှင့် တခြားတပ်ဖွဲ့ဝင် ၂ ဦးတို့ လက်နက် ကိုင်ဆောင်ပြီး လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စု ဝမ်ကွန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ကားတစ်စီးလျှင် ကျပ်တသိန်း ကောက်ခံပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

ဖရူဆိုမြို့နယ် မာခရောရှည်နှင့် ဒေါးသဲရွာကြား လွိုင်ကော်-ဘောလခဲ ကားလမ်း ဘေးတွင် ကေအန်ပီပီက အဆောက်အဦတလုံးဆောက်လုပ်နေသည့် ကိစ္စကိုလည်း ကန့်ကွက်ခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် အခွန်ကော်နေသည့် ကိစ္စရပ်များမှာ လက်ရှိတွင် ခွင့်မပြုကြောင်း ကယားပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစေားဟူးဟူး ကပြောသည်။

“ဒီကိစ္စကတော့ စစ်ဘက်ဆိုင်ရာနဲ့ဆိုင်ပါတယ်၊ ကေအန်ပီပီဘက်ကလည်း ဆွေးနွေးပွဲမှာ ဆွေးနွေး ဖြစ်ကြတာကြားတယ်၊ ပြည်နယ်အစိုးရကန့်ကွက်စာပို့ထားတယ်ဆိုတာတော့ ကျနော် သေချာ မသိဘူး။ ကျနော့် အယူအဆပြောရရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆပ်ကြေးကောက်တာတို့ အဲဒါမျိုးတွေ ခွင့်မပြုတာတို့ရှိတယ်၊ ”ဟု သူက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

တပ်မတော်က နယ်မြေတွင် လူသစ်မစုဆောင်းသကဲ့သို့ ဆက်ကြေးကောက်ခံခြင်း မရှိသလို နယ်မြေမချဲ့ပါက တိုက်ပွဲများ ဖြစ်လာနိုင်စရာမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လူငယ်နှင့်ငြိမ်းချမ်းရေး ဖိုရမ်တွင် ထည့်သွင်းပြောကြာသွားသည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

အစိုးရတပ် ကြားစခန်းများရုပ်သိမ်းရန် ကေအန်ပီပီ တောင်းဆို


ကယား(ကရင်နီ) ပြည်နယ်ရှိ အစိုးတပ်များ အခြေစိုက်ထားသော ကြားစခန်းများကို ရုပ်သိမ်းပေးရန် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (ကေအန်ပီပီ)က တောင်းဆို လိုက်သည်။

ကေအန်ပီပီနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ် တပ်ပိုင်ဆိုင်ရာ ကိစ္စတခုကို တောင်းဆိုခြင်း ဖြစ်သည်ဟု ကေအန်ပီပီ ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

“တပ်ကိစ္စကတော့ သူတို့ သေချာပြန်ဖြေတာ မရှိဘူး၊ ကြားစခန်းဆိုတာက လူထု အတွက်ဝန်ထုပ် ဝန်ပိုးဖြစ်စေတဲ့ တပ်စခန်း အထူးသဖြင့် ကြားစခန်းတွေကို ပြန်ရုပ် သိမ်းပေးဖို့ ကျနော်တို့တင်ပြတယ်” ဟု သူက ပြောသည်။

အစိုးရတပ်များ ချထားသော ရှားတော မြို့နယ် ဒေါးတနော ၊ ဒီးမော့ဆိုမြို့နယ် ထီးဖိုး ကလိုး၊ တပ်စခန်းများဖြစ်သည့် စိမ့်ဝင်တောင် အနောက်ဖက်ရှိ ဖူးကရားခူ စသည့် စခန်းများအား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၂ ဖက်တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တစုံတရာ ယုံကြည်မှုများ မတည် ဆောက်နိုင်သေးဟု ကေအန်ပီပီပြည်ထဲရေး ၀န်ကြီး ခူးထဲဘူးက ကရင်နီ နှစ်သစ်ကူးတွင် ပြောဆိုသွားသည်။

ကေအန်ပီပီ ဒုဥက္ကဋ္ဌ ခူဦးရယ်မှ ဦးဆောင်ပြီး အဖွဲ့ဝင် (၈)ဦးနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့အား ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ဦးဆောင်ပြီး ၀န်ကြီး (၅)ဦးပါဝင် တက်ရောက် ခဲ့သည်။

အဓိကအားဖြင့် တပ်ကိစ္စများ ၊ မြေယာကိစ္စများ ၊ အပစ်ခတ်ရပ်စဲရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

မတ်လ ၃၁ ရက် တွင် ပြည်နယ်အစိုးရနှင့် ထပ်မံညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်သည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကားထဲ၌ ပစ်ခတ်ခံရ


တာချီလိတ် မတ် ၃၁

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် မတ် ၃၀ ရက် သန်းခေါင်ကျော်က ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစု ဟိုတယ်ရှေ့ရှိ ဦးအားဂျာ ရေဆေးခုံကားဝင်းအတွင်း ထိုင်းနိုင်ငံ ပူလီလန်မြို့နေ အသက် (၄၉ နှစ်) အရွယ်ရှိ နိုင်းကိုးမင်းသည် မော်တော်ကားအတွင်း ထိုင်လျှက်အနေအထားဖြင့် သေဆုံးနေသည်။ သေဆုံးသူ၏ ဦးခေါင်းဝဲချိုစောင်းတွင် ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ နောက်စေ့ယာ ဖောက်ထွက်ဒဏ်ရာ (၁) ချက်၊ ယာရင်ညွန့်ဖောက်ဝင် ဒဏ်ရာ (၁) ချက်၊ နောက်စေ့ယာ ဖောက်ထွက် ဒဏ်ရာ (၁)ချက် ၊ ၀ဲလက်မောင်းဖောက်ဝင် ဒဏ်ရာ (၁) ချက်၊ ယာနံဘေးဖောက်ထွက် ဒဏ်ရာ (၁) ချက်တို့ဖြင့် စုစုပေါင်း သေနတ်ဒဏ်ရာ (၆) ချက် ဒဏ်ရာရရှိခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် မတ် ၂၂ ရက်က ပြန်ပေးဆွဲမှုတစ်ခု၊ မတ် ၂၇ ရက်တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေပြီး မတ် ၃၀ ရက်ညနေခင်းတွင် ကလေးငယ်၏ရုပ်အလောင်းအား မယ်ဆိုင်ချောင်း အတွင်းတွေ့ရှိမှု၊ ယခုတဖန် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှု စသည့် မှုခင်းများ ရက်ဆက် ဖြစ်ပွား လျှက်ရှိကြောင်း သိရှိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အိုဘားမား ပတ်စ်ပို့ ပေါက်ကြားတဲ့ ကိစ္စကို စုံစမ်းမှုလုပ်နေ

နိုဝင်ဘာတုန်းက ကျင်းပတဲ့ G20 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကန်သမ္မတ အိုဘားမားနဲ့ သြစီ ဝန်ကြီးချုပ် တိုနီအာဘော့တ်နဲ့ တွေ့ရစဉ် (Credit: ABC licensed) 
အမေရိကန် ​သမ္မ ​ဘာရက် ​အိုဘားမားရဲ့ ​နိုင်ငံကူး ​လက်မှတ် ​အသေးစိတ် ​အချက်အလက်တွေကို ​ပေါက်ကြားအောင် ​လုပ်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​စုံစမ်းမှုတွေ ​လုပ်နေပြီလို့ ​အမေရိကန် ​အိမ်ဖြူတော်က ​ပြောပါတယ်။

အရင်နှစ်ကုန်ပိုင်းတုန်းက ​သြစတြေးလျနိုင်ငံမှာ ​ကျင်းပတဲ့ ​စက်မှုထိပ်သီးနိုင်ငံများ ​၂၀ ​G-20 ​အစည်းအဝေးကို ​တက်ရောက်နိုင်ဖို့ ​ပို့ပေးထားတဲ့ ​အမေရိကန် ​သမ္မတရဲ့ ​နိုင်ငံကူး ​လက်မှတ် ​အသေးစိတ်ကို ​သြစတြေးလျ ​လူဝင်မှုကြီးကြပ်ရေးဌာနက ​ပေါက်ကြားခဲ့တာလို့ ​ဆိုပါတယ်။

အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားရဲ့ ​နိုင်ငံကူးလက်မှတ်သာမက ​ရုရှားသမ္မတ ​ဘလာဒီမီယာ ​ပူတင်၊ ​ဂျာမနီ ​ဝန်ကြီးချုပ် ​Angela ​Merkel ​လို ​ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ​ပတ်စ်ပို့ ​အချက်အလက်တွေ ​ပေါက်ကြားသွားတာပါ။

ပတ်စ်ပို့နံပတ်တွေ၊ ​မွေးသက္ကရာဇ်တွေ၊ ​ဗီဇာအချက်အလက်တွေကို ​သြစတြေးလျ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​အာရှဖလား ​ဘောလုံးအဖွဲ့ချုပ်ရဲ့ ​ပွဲဖြစ်မြောက်ရေး ​ကော်မတီကို ​ပို့ပေးခဲ့တာပါ။

လူဝင်မှုကြီးကြပ်ရေးဌာနက ​အမှုထမ်းက ​မှားယွင်းစွာ ​ပို့ခဲ့မိတာဖြစ်ပြီး ​အဲဒီ ​အချက်အလက်တွေ ​မှားပို့မိပြီဆိုတာကို ​လက်ခံတဲ့လူက ​သိရှိတဲ့အတွက် ​တခြားလူတွေရဲ့ ​လက်ထဲ ​ထပ်မံ ​ဖြန့်ချီတာမျိုးတွေ ​မလုပ်ပဲ ​လက်ခံသူက ​ဖျက်လိုက်ပြီလို့ ​လူဝင်မှုကြီးကြပ်ရေးက ​ဖြေရှင်းထား ​ပါတယ်။

နေရပ်လိပ်စာတွေ၊ ​ဘဏ်စာရင်း ​အချက်အလက်တွေ ​မပါတဲ့အတွက် ​နိုင်ငံခေါင်းဆောင်တွေအတွက် ​အသက်အန္တရာယ် ​မဖြစ်လောက်ဘူးလို့ ​သြစတြေးလျက ​ယူဆခဲ့ပါတယ်။

နောက်နောင်ကျရင် ​အဲဒီလို ​အမှားမျိုး ​ထပ်မဖြစ်ရအောင် ​အရေးကြီးတဲ့ ​ပုဂ္ဂိုလ်တွေရဲ့ ​အကြောင်းပါဝင်တဲ့ ​အီးမေးလ်တွေကို ​ပို့မယ့် ​ကိစ္စမှာ ​အပြောင်းအလဲ ​လုပ်လိုက်ပြီလို့ ​သြစတြေးလျ ​နိုင်ငံက ​အဲဒီအချိန်တုန်းက ​တုန့်ပြန်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးမှု တစ်ခုအတွင်း ဦးနိုင်ဟံသာကို တွေ့ရစဉ် (Credit: ABC) 
တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲနိုင်ဖို့ ​ရေးဆွဲထားတဲ့ ​မူကြမ်းကို ​မူအားဖြင့် ​သဘောတူခဲ့ကြပေမယ့် ​ဘယ်အချိန်မှာ ​လက်မှတ် ​ထိုးမလဲ ​ဆိုတာ ​မသိရသေးပါဘူး။

ဒီသဘောတူညီချက်က ​အပစ်အခတ်ရပ်စဲရေး ​ဆွေးနွေးမှုအတွက် ​မူဘောင်တွေ ​ချမှတ်ပေးတာ ​ဖြစ်ပြီး ​နိုင်ငံရေးဆွေးနွေးမှု ​ဖြစ်လာစေမယ့် ​ခြေလှမ်းတစ်လှမ်း ​ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေး ​ကိုယ်စားလှယ် ​ဦးလှမောင်ရွှေကတော့ ​မြန်မာအစိုးရအနေနဲ့ ​ဘာမှ ​ဆွေးနွေးစရာမလိုတော့ပဲ ​လက်မှတ်ထိုးဖို့ ​အသင့်ဖြစ်ပြီလို့ ​အေအက်ဖ်ပီကို ​ပြောပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ​ဘယ်အချိန်မှာ ​ဆွေးနွေးမှုတွေ ​လုပ်မလဲ ​ဆိုတာ ​ပြောဆိုထားခြင်း ​မရှိသေးပါဘူး။

အခုလောလောဆယ် ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့ ​၁၄ ​ဖွဲ့နဲ့ ​အပစ်အခတ် ​ရပ်စဲရေးယူထားတာဖြစ်ပြီး ​တအောင်းပလောင်အဖွဲ့နဲ့ ​ကချင် ​ကေအိုင်အေ ​အဖွဲ့နဲ့တော့ ​အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ် ​မထိုးနိုင်သေးပါဘူး။

မြန်မာစစ်တပ်က ​၂၀၀၉ ​ခုနှစ်က ​ကိုးကန့်တပ်ကို ​တိုက်ထုတ်ထားတာကြောင့် ​ဒီကိစ္စမှာ ​ကိုးကန့်ကို ​ထည့်မပြောထားပေမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်တွေကတော့ ​အနာဂတ်မှာ ​ပြုလုပ်မယ့် ​ဆွေးနွေးပွဲအတွင်း ​ကိုးကန့်ကိစ္စကိုပါ ​ထည့်သွင်းဖို့ ​ဆန္ဒရှိနေတယ်လို့ ​တိုင်းရင်းသားဘက်က ​ဦးနိုင်ဟံသာက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း သမ္မတရှေ့မှောက် သဘောတူလက်မှတ်ထိုး


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား ဒီကနေ့  ပဏာမ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပတဲ့  အန်စီအေ သဘောတူစာချပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၈ ရက်မြောက်နေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ  သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ အခုလို နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အတွက် ၀မ်းသာ ကြောင်းလည်း ဒီလက်မှတ်ရေးထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ပဏာမ သဘောတူညီချက်ရထားတဲ့ စာချုပ်မူကြမ်းကို  သက်ဆိုင်ရာ ခေါင်းဆောင်တွေထံ  နှစ်ဖက်စလုံးက  ပြန်လည်တင်ပြပြီး   တပြည်လုံးအပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။

အဆိုပါ စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့  ယူပီဒဗလျူစီအဖွဲ့နဲ့  တိုင်းရင်းသားတွေဘက်က နိုင်ဟံသာ ဦးဆောင်တဲ့ အန်စီစီတီအဖွဲ့တို့အကြား    မတ် ၁၇ ရက်နေ့ ကတည်းက ရန်ကုန်မှာ  စတင် ဆွေးနွေးခဲ့ကြတာပါ။

သီတင်းတပတ်ကြာရပ်နားပြီး မနေ့က ပြန်ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ အန်စီအေ အပစ်ရပ်စာချုပ်မူကြမ်းပါ အခန်းပေါင်း ၇ ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ်ပါအချက် အားလုံးကို နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ပညာရေးဆန္ဒပြမှုမှာပါသူ အမှုပေါင်း ၃၈ မှုစွဲချက်တင်

အမှုပေါင်း (၃၈) မှုခန့်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဗကသအဖွဲ့က ကိုနန္ဒစစ်အောင်။ (ဓာတ်ပုံ- ကိုကျော်နိုင်ဦး)
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်လည်းဖြစ်၊ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်တဦး လည်းဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည်လည်မှု ပုဒ်မတွေ အပါအ၀င် အမှုပေါင်း (၃၈) မှုနဲ့ တရားစွဲ ဆိုထားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှုနဲ့ မြို့နယ်တိုင်းကနေ တရားစွဲဆိုခဲ့သလို လက်ပံတန်းမြို့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက်လည်း ၀ရမ်းထုတ်ထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့ကတော့ ရန်ကုန်မြို့မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့အပါအ၀င် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို ဖမ်းဆီးပြီး အမှုပေါင်း (၃၈) မှုလောက်နဲ့ စွဲချက်တင်ထားကြောင်း ဖခင်ဖြစ်သူရှေ့နေ ဦးဌေးက ပြောပါတယ်။

“၃၈ မှုလောက်ရှိတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ မနေ့က ဆယ်မိနစ် ကျနော်တို့ တွေ့ခွင့်ရပါတယ်။ အဓိက-ကတော့ ဆန္ဒထုတ်ဖော်တဲ့အမှုတွေမှာ မြို့နယ်အလိုက် စွဲတာတွေလည်းပါတယ်ပေါ့နော်၊ ကျန်တဲ့ဟာကတော့ လက်ပံတန်းမှာ အခု ကျန်တဲ့ကျောင်းသားများနည်းတူ စွဲထားတဲ့ပုဒ်မတွေနဲ့ နောက်ဆုံး သူတို့ လှည်းတန်းမှာ ဆန္ဒထုတ်ဖော်တာပေါ့နော်၊ ၁၀ ရက်နေ့က အဲဒီကိစ္စရယ်၊ နောက် ၂၇ ရက်နေ့က ပန်းပဲတန်းမှာ နောက်ဆုံး ဆန္ဒ ထုတ်ဖော်တဲ့ကိစ္စတွေပေါ့နော်၊ ကျန်တဲ့ဟာတွေကတော့ ၂ ပိုင်းအတွင်းက လူငယ်တွေ ဆန္ဒထုတ်ဖော်တာတွေမှာ သူလည်းပါတဲ့အခါကျတော့- ဒါပေမယ့် သူ့ခေါင်းစဉ်နဲ့ အဲဒါတွေက အမှုဖွင့်ထားတယ်လို့ သူကပြောပါတယ်။ ကျန်တဲ့ဟာတွေက မြို့နယ်တွေ ဖြတ်ကျော်တဲ့အလိုက်လည်း ဖွင့်တယ်လို့ ပြောပါတယ်။ အမှုတွေကတော့ သူ့အသက်ထက်တောင် များနေပါတယ်။”

တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုကို ဖော်ဆောင်နေတဲ့ အစိုးရသစ်လက်ထက်မှာ ကျောင်းသားတွေအေါ် အခုလို စွဲချက်တင်တာက မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

“တည်ဆဲအစိုးရကနေ အဲလိုပေါ့- ပြင်းထန်စွာပေါ့နော်၊ အမှုပေါင်း မြောက်များစွာနဲ့အရေးယူတာကတော့ ဒါ ကျောင်းသားတွေအပေါ်မှာ စိန်ခေါ်လိုက်သလို အာဃာတပြင်းပြင်းနဲ့ ဆောင်ရွက်လိုက်ပုံက အားလုံး ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် အံ့အားသင့်စရာ ဖြစ်ရပ်ဖြစ်သွားပါတယ်။ ပညာရေးဥပဒေပြင်ဆင်မှု အပေါ်မှာ ဒီလို ပြင်းထန်စွာ ရိုက်နှက်ဖြိုခွင်းတယ်၊ အမှုများစွာနဲ့ အရေးယူတာတွေဟာ ဒါဟာ တည်ဆဲအစိုးရရဲ့အနှစ်သာရကို သူက ပုံဖော်စေတယ် ပေါ့နော်၊ ဘယ်လိုမှ ဟန်ဆောင်လို့မရတဲ့ပုံပေါ်တာ။ တဘက်ကလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုဆိုတာ တဖွဖွပြောပေမယ့် နည်းဗျူဟာအရဆိုရင်… မဟာဗျူဟာအရဆိုရင် ချေမှုန်းရေးဖြစ်နေပါတယ်။ အဲဒါသည်ပင်လျှင် စဉ်းစားစရာပေါ့နော်။ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ဥပဒေဘောင်အတွင်းက ဆွေးနွေးဖို့ ကြိုးစားရင်းနဲ့ ချေမှုန်းခံရတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ ဥပဒေပြင်ဖို့ ဆက်ပြီးတော့ သူတို့ကိုယ်တိုင် လိုက်လျောလိုက်ရတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် …..power တခုတည်းနဲ့ မရဘူး၊ smart power ပါ ရတယ်ဆိုပါတော့။ အားလုံးကို ကျောင်းသားတွေက သင်ခန်းစာပေးလိုက်ပြီပေါ့။”

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း အမိန့်တွေချတဲ့အခါ တပေါင်းတည်းချနိုင်တယ်လို့ ဥပဒေပြဌာန်းချက်မှာ ပါပေမယ့် နိုင်ငံရေး၊ လယ်သမား အရေး၊ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတိုင်းကို ပြစ်ဒဏ်တွေ ချတဲ့အခါမှာ အမြင့်ဆုံးပြစ်ဒဏ်တွေချသလို အမှုတမှုချင်းအလိုက် ပြစ်ဒဏ်ချမှတ်တာတွေ ရှိနေကြောင်းလည်း ရှေ့နေ ဦးဌေးက ပြောပါတယ်။

“အမိန့်တွေချရင် တပေါင်းတည်းခံစားခွင့်တွေ ဥပဒေအရရှိပါတယ်။ ဒါပေမယ့် အခုထိကတော့ အဲဒီလို တပေါင်းတည်း ခံစားခွင့်ပေးတာတွေကလည်း မတွေ့ရဘူးပေါ့နော်။ ဒီလို ဥပဒေအရေးယူပြန်တော့လည်း သူက ပြစ်ဒဏ်က အမြင့်ဆုံးချတယ်။ ဆိုလိုတာက ကျန်တဲ့ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်မှုတွေက အဲဒီလောက် အပြစ်မကြီးပါဘူး။ မြန်မာနိုင်ငံမှာက နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ပုဒ်မတွေက ပြစ်ဒဏ်က ကြီးနေတာ။ ဒါကြောင့်မို့လည်း ရာဇ၀တ်မှုတွေ များနေတာပေါ့။ ”

မြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဌာနက လက်ပံတန်းကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးကြောင်းနဲ့ ကျောင်းတက်ဆဲ ကျောင်းသားတွေနဲ့ အမျိုးသမီး၊ အမျိုးသား (၅၀) ကို ပြန်လွှတ်ပေးခဲ့ပြီးကြောင်း ပြောပါတယ်။ မတ်လ (၂၅) ရက်နေ့တုန်းကတော့ ကျောင်းသားနဲ့ ၀န်းရံအင်အားစုတွေထဲက (၆၉) ဦးကို ပုဒ်မ (၅) ခုနဲ့ လက်ပံတန်းတရားရုံးကနေ စွဲချက်တင်ခဲ့ပြီး နောက်ထပ် (၁၁) ဦးကို ပုဒ်မ (၃) ခုနဲ့ စွဲချက်တင်ထားပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ကျောင်းတက်ဆဲ ကျောင်းသားတချို့ ရှိပေမယ့် ပြန်လည်လွတ်မြောက်လာတာတော့ မရှိသေးပါဘူး။

ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင်တွေဟာ ကျောင်းတက်နေဆဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ အကျဉ်းထောင်က လွတ်မြောက်လာချိန်ကစလို့ ကျောင်းပြန်တက်ခွင့် မရကြတော့ပါဘူး။ အခု ကိုနန္ဒစစ်အောင်ကလည်း ရန်ကင်း ပညာရေးကောလိပ်မှာ ဒီပလိုမာတက်နေတဲ့ ကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေပြီးချိန် ၂၀၀၃ ခုနှစ်၊ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းစဉ်မှာပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပါတယ်။ သူပြန်လွတ်လာချိန်ကစပြီး အခုချိန်ထိ ကျောင်းပြန်တက်ခွင့်မရတော့ကြောင်း မိသားစုက ပြောပါတယ်။

 လက်ရှိမှာတော့ ဗကသများအဖွဲ့ချုပ်မှာ ဦးဆောင်ကျောင်းသားတဦးဖြစ်ပြီး ပညာရေး ဥပဒေ ပြင်ဆင်ပြောင်းလဲနိုင်ရေး လှုပ်ရှားဆောင်ရွက်နေသူ တဦးလည်းဖြစ်ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

တွဲဖက်လေယာဉ်မှူးဟာ သေကြောင်းကြံစည်မှုနဲ့ ဆေးကုသမှုခံယူခဲ့ရ


ပြင်သစ်နိုင်ငံ တောင်ပိုင်း အဲ့လ်ပ်စ် တောင်တန်းပေါ် ပျက်ကျသွားခဲ့တဲ့ Germanwings လေယာဉ်က တွဲဖက်လေယာဉ်မှူး အဲန်ဒရေယာ လူးဘစ်ဇ်ဟာ လေယာဉ်မှူးမဖြစ်ခင်က သေကြောင်းကြံဖို့ ကြိုးစားမှုနဲ့ အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရဘူးတယ်လို့ စုံစမ်းရေးအရာရှိတွေက တနင်းလာနေ့က ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ သေကြောင်းကြံစည်ဖို့ ကြိုးစားတာမျိုး မတွေ့ရဘူးလို့ ဆရာဝန်ဆေးမှတ်တမ်းတွေကို ကိုးကားပြီး ဒူဆယ်ဒေါ့မြို့က အစိုးရရှေ့နေ ခရစ်စတော့ ကဲန်ပါးက ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ အသံသွင်း မှတ်တမ်း Black Box တွေကနေ ရရှိခဲ့တဲ့ အချက်တွေ ပေါ်မူတည်ပြီး တွဲဖက်လေယာဉ်မှူးက လေယာဉ် ပျက်ကျအောင် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့
ယူဆရကြောင်း ပြင်သစ် အစိုးရရှေ့နေတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲန်ဒရေယာ လူးဘစ်ဇ်ဟာ ၂၀၀၈ ခုနှစ်မှာ Lufthansa လေကြောင်းလိုင်းမှာ လေယာဉ်မှူးသင်တန်း စတင်တက်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လေယာဉ်မှူး ဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ စိတ်ကျရောဂါ ခံစားခဲ့ရတဲ့အတွက် ၁ နှစ်ခွဲလောက် ဆေးကုသမှု ခံယူခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

Germanwings လေယာဉ် ပျက်ကျခဲ့ရာမှာ လိုက်ပါသွားခဲ့သူ အယောက် ၁၅၀ လုံးသေဆုံးခဲ့ပြီးတဲ့နောက် သေဆုံးခဲ့သူ အယောက် ၈၀ ရဲ့DNA ကို သီးခြားစီ ရရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ထိုင်းနိုင်ငံတကာ လေကြောင်းပျံသန်းမှု အန္တရာယ်ရှိကြောင်း ကုလသုံးသပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘုမိ လေယာဉ်ကွင်းက ခရီးသည်တင်လေယာဉ်များ။
ကုလသမဂ္ဂရဲ့နိုင်ငံတကာ အရပ်ဘက်လေကြောင်း ပျံသန်းမှု အဖွဲ့အစည်းကြီး ICAO က ထိုင်းနိုင်ငံပိုင် လေကြောင်းတွေဟာ နိုင်ငံတကာ လေကြောင်းပျံသန်းမှု ခရီးစဉ်တွေပိတ်ဆို့မှုကို ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ သိသာတဲ့ ဘေးအန္တရာယ် စိုးရိမ်မကင်းဖြစ်မှုတွေ ရှိတယ်လို့ တနင်္လာနေ့က ကြေညာခဲ့တဲ့အတွက် ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ ထိုင်းအစိုးရကကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ICAO ရဲ့အခုလို အနုတ်လက္ခဏာဆောင်တဲ့ သုံးသပ်မှုကြောင့် ဂျပန်နဲ့တောင်ကိုရီးယားတို့က ထိုင်းနိုင်ငံက နောက်ထပ် လေယာဉ် ပျံသန်းမှုတွေကို ပိတ်ဆို့ဖို့ အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

ICAO ကထိုင်းနိုင်ငံရဲ့လေယာဉ်ပျံသန်းမှုကို အဆင့် (၁) ကနေ (၂) ကိုလျှော့ချမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအပါအ၀င် အခြား နိုင်ငံတွေကလည်း အလားတူအရေး ယူဆောင်ရွက်ဖို့ အလားအလာရှိနေပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားတို့ လေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ်ပိုင်အကဲဖြတ်မှုတွေ မပြုလုပ်ဘဲ ICAO ရဲ့ တွေ့ရှိချက်တွေပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။

ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ထိုင်းခရီးသည်လေယာဉ်ပျံသန်းမှုဌာနကို အထူးသဖြင့် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အခုလို ICAO ရဲ့အကဲဖြတ်စစ်ဆေး တွေ့ရှိချက်နဲ့ ပတ်သက်ပြီး လက်ရှိလေယာဉ်ပျံသန်း မှုတွေကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဧပြီလလယ်ရှိ ထိုင်းသင်္ကြန်ကျချိန်မှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရီးသွားအေဂျင်စီ ကြိုတင်ရောင်းချထားတဲ့ လေယာဉ်လက်မှတ်တွေကို ထိခိုက်မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ချီလီတွင် ကန္တာရအတွင်း ရေကြီးမှုကြောင့် ၁၄ ဦးသေဆုံး


ဆန်တီရာဂို မတ် ၃ဝ

လွန်ခဲ့သောအပတ်က ချီလီ နိုင်ငံမြောက်ပိုင်း အတာကမာဒေသ တွင် ရုတ်တရက် ရေလွှမ်းမှုဖြစ်ပြီး နောက် လူ ၁၄ ဦးသေဆုံးပြီး ၂ဝ ပျောက်ဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောခဲ့သည်။

ကမ္ဘာမြေကြီး၏ အခြောက်သွေ့ ဆုံးနေရာတစ်ခုဖြစ်သည့် အဆိုပါ ဒေသတွင် လွန်ခဲ့သော အင်္ဂါနေ့က စတင်ခဲ့သော မိုးကြောင့် ရေလွှမ်း မှုမှာ နှစ်ပေါင်း ၈ဝ အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း သိရ သည်။

လူ ၁၁ဝဝဝ မှာ ရေလွှမ်းမှု ဒဏ်ကို ခံစားခဲ့ရပြီး လူ ၄၅ဝဝ ကို နေစရာနေရာများ စီစဉ်ပေးခဲ့ရ သည်။

ပြည်ထဲရေးဝန်ကြီးက မြို့ တစ်ခုလုံးသောက်သုံးရေ ပြတ်လပ် မှုနှင့်ကြုံတွေ့နေရကြောင်း ပြောခဲ့ သည်။

ကျွန်တော်တို့ နိုင်ငံသည့် ဤပြဿနာကို ကျော်လွှားနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားရမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောခဲ့သည်။

မိုးအကြီးအကျယ် ရွာသွန်းမှု ကြောင့် အန်ဒီးစ်ဒေသတွင် မြစ်ရေ လျှံမှုများ ဖြစ်ပွားခဲ့သည်။

ကန္တာရမြို့ဖြစ်သော ချန်နရယ် တွင် မိုးအကြီးအကျယ်ရွာသွန်းမှု ကြောင့် မြစ်ရေလျှံခြင်းဖြစ်ကာ လမ်း များပေါ်တွင် ရွှံ့များမြင်မကောင်း အောင် ဖုံးအုပ်ခဲ့သည်။

တာရာအမရီလာတွင်လည်း ကယ်ဆယ်ရေး လုပ်သားများက မိုင်းတွင်းအလုပ်သမား ၁၃ ဦးကို ကယ်ဆယ်ခဲ့သည်။

ထို့အပြင် လူ ၂ဝ ပျောက်ဆုံး မှုကိုလည်း ဆက်လက်ရှာဖွေလျက်ရှိ သည်။ ဗစ်တာဇာမိုရာဒေသတွင် လူ ထောင်ပေါင်းများစွာသည် အိမ်များကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

တာချီလိတ်၌ ပျောက်သွားသည့် (၆)နှစ်အရွယ် မိန်းကလေး (၄)ရက်မြောက်မှာ အသေတွေ့ရှိ


တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိရသော်လည်း သေဆုံးနေကြောင်း သိရသည်။

အသက်(၆)နှစ်ရှိ မနန်းဖွေးဟွမ်သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ်အမှတ် (၂/၁၇၈)နေတွင် မတ်လ(၂၇)ရက် ည(၇း၃၀)နာရီ အချိန်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၎င်းပျောက်နေမှုနှင့် ပတ်သက်၍ မိသားစုဝင်များမှ ကလေးအား အပူတပြင်းရှာဖွေခဲ့ကြပေမဲ့လည်း (၄)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းမှာ ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မယ်ဆိုင်ချောင်း ထိုင်းဘက်ကမ်းတွင် သေဆုံးနေလျက်ဖြင့် တွေ့ရှိရသည်။

"ကလေးရဲ့ လည်ပင်းမှာ ကြိုးချည်ထားတာကို တွေ့ရတယ်၊ သူ့ရဲ့အလောင်းကို အိတ်နဲ့ထည့်ပြီး ချောင်းမှာလာပစ်ထားတဲ့ သဘောပဲ၊ ကလေးအလောင်းထည့်ထားတဲ့ အထုပ်ကို ချောင်းမှာ ရေကစားနေတဲ့ ကလေးတွေက တွေ့တာ.."ဟု အလောင်းအား မယ်ဆိုင်ဆေးရုံသို့ သယ်ဆောင်ပေးသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ကလေးရဲ့အလောင်းကို မြန်မာဘက် ကမ်းမှာ တွေ့တာမဟုတ်ဘဲ ထိုင်းဖက်ကမ်းမှာ တွေ့တာဖြစ်တဲ့ အတွက်ကြောင့် မယ်ဆိုင်ရဲကလည်း စစ်ဆေးမှုတွေ လုပ်မယ်ဆိုတာနဲ့ ကျွန်တော်တို့လည်း မယ်ဆိုင်ချောင်းကနေ မယ်ဆိုင်ဆေးရုံမှာ ပို့ပေးထားခဲ့ပါတယ်.."ဟု အဆိုပါအဖွဲ့မှ ပြောပြသည်။

ကလေးအလောင်းအား စတင်တွေ့ရှိရာတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ရဲတပ်ဖွဲ့ အပါအ၀င် ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီးနောက် မယ်ဆိုင်ဆေးရုံသို့ သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၀င်များ မှလည်း သွားရောက်ခဲ့ကြသည်။

‪TachileikNewsAgency‬
‪‎TachileikOnlineNews‬
http://www.tachileik.net

ဆန္ဒပြကျောင်းသားတွေအပေါ် အရေးယူမှု မြန်မာကို အမေရိကန် ဝေဖန်

ဒီမိုကရေစီပညာရေး တောင်းဆိုရင်း၊ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ထိုင်သပိတ်ဆင်နွဲခဲ့ကြတဲ့ ကျောင်းသားများ။ (ဓာတ်ပုံ-Soe Nyein Oo Poet-fb)

မြန်မာနိုင်ငံမှာ ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ရင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေကို အာဏာပိုင်တွေက ရာဇ၀တ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တဲ့ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် ပြည်ထောင်စု ကပြောလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ လက်ပံတန်းတို့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ဖြစ်ရပ်တွေကို တရားနည်းလမ်းတကျနဲ့ ဘက်လိုက်မှုကင်းတဲ့  စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်း မတ်လ (၃၀) ရက်နေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အစိုးရက ရာဇ၀တ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလိုမျိုးစွဲချက်တင်လိုက်တာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း၊ သူတို့ကိုချက်ချင်း လွှတ်ပေးဖို့  အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ်မှာ မြန်မာအစိုးရက ရာဇ၀တ်ပြစ်မှုနဲ့ စွဲချက်တွေတင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာစုဝေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ နိုင်ငံအတွင်းမှာ လူမှုရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဦးတည်ချက်တွေ ဖော်ဆောင်ရေးမှာ ထင်သာမြင်သာရှိမှု၊ တာဝန်ယူတတ်မှုနဲ့ တရားနည်းလမ်းတကျ ဖြစ်နိုင်မှုတို့က အရေးကြီးလှပါတယ်။”

သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်သူ (၆၅)  ဦးကို လက်ပံတန်းမြို့မှာ မတ်လ (၂၅) ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအဖြစ် ရဲအာဏာပိုင်တွေဘက်ကနေ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူ အုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

မတ်လ (၅) ရက်နဲ့ (၁၀) ရက် နေ့တွေက ပညာရေးဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲအာဏာပိုင်တွေ၊ တာဝန်တံဆိပ် လက် ပတ်နီ ၀တ်ထားသူတွေက ကျောင်းသူတွေအပါအ၀င် ဆန္ဒပြသူတွေကို အင်အားသုံးချုပ်နှောင်ဖမ်းဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွင်း ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို  စုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာအစိုးရကို အမေရိကန်ကတိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

“မတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းပြီး ယုံကြည်ကိုးစားမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက်တိုက်တွန်းပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပြီး အင်အားအလွန်အကျွံအသုံးပြုခဲ့တဲ့ လုံခြုံရေးတပ်တွေအပါအ၀င် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ အားလုံးကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်။ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်မှသာ နိုင်ငံအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပြင် စိတ်ဝမ်းကွဲမှုတွေ မနက်ရှိုင်းစေရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။”

ဒီအတောအတွင်း  နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂဌာနချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ နယူးရောက်မြို့ကိုရောက်နေတဲ့  လူ့အခွင့်အရေး ရှေ့နေကြီးဦးအောင်သိန်းကလည်း  လက်ပံတန်းကျောင်းသားသပိတ် အပါအ၀င် လက်ပံတောင်းက တောင်သူတွေရဲ့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နှင်းဖြိုခွဲရာမှာ တရားဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း တင်ပြဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“လတ်တလော ပူပူနွေးနွေးဖြစ်နေတဲ့ အဲဒီလက်ပံတောင်းတောင် ကိစ္စနဲ့ ဒေါ်ခင်ဝင်းပေါ့လေ - အဲဒီကိစ္စနှစ်ခုရယ်၊ နောက်ဆုံးအခု လက်ပံတန်းမြို့နယ်မှာဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ကျောင်းသားတွေကိစ္စ - အဲဒါတွေကို ကျနော်တို့ တင်ပြဆွေးနွေးကြတယ်ခင်ဗျ။ ကျနော်တို့ တင်ပြဆွေးနွေးတဲ့အချက်အလက်တွေမှာ ကျနော်တို့က အာဏာပိုင်တွေရဲ့ မတရားပြုကျင့်မှုတွေ လုပ်နေတယ်။ ကျနော်တို့ဆီမှာက နိုင်ငံ့အကြီးအကဲ သမ္မတကိုယ်တိုင်က ယခု လက်ပံတန်းမြို့နယ်မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ ဥပဒေနဲ့ညီညွတ်ပါတယ်လို့ ပြောနေတဲ့အချက်အလက်တွေဟာ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့အချက်အလက်တွေဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိတယ်။”

ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာအာဏာပိုင်တွေကို ပြန်ပြီးတရားစွဲဆိုထားတဲ့ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏလည်း နယူးရောက်မြို့ကိုရောက်ရှိနေတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ် စောင့်ကြည့် နေပြီး လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါတယ်။

မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အစိုးရက ရာဇ၀တ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလိုမျိုးစွဲချက်တင်လိုက်တာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း၊ သူတို့ကိုချက်ချင်း လွှတ်ပေးဖို့အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ်မှာ မြန်မာအစိုးရက ရာဇ၀တ်ပြစ်မှုနဲ့ စွဲချက်တွေတင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံ အတွင်းမှာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ နိုင်ငံအတွင်းမှာ လူမှုရေး တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဦးတည်ချက်တွေ ဖော်ဆောင်ရေးမှာ ထင်သာမြင်သာရှိမှု၊ တာဝန်ယူတတ်မှုနဲ့ တရားနည်းလမ်းတကျ ဖြစ်နိုင်မှုတို့က အရေးကြီးလှပါတယ်။”

သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်သူ (၆၅)ဦးကို လက်ပံတန်းမြို့မှာ မတ်လ (၂၅) ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအဖြစ် ရဲအာဏာပိုင်တွေဘက်ကနေ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူ အုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

မတ်လ (၅) ရက်နဲ့ (၁၀) ရက် နေ့တွေက ပညာရေးဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲအာဏာပိုင်တွေ၊ တာဝန်တံဆိပ် လက် ပတ်နီ ၀တ်ထားသူတွေက ကျောင်းသူတွေအပါအ၀င် ဆန္ဒပြသူတွေကို အင်အားသုံးချုပ်နှောင်ဖမ်းဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွင်း ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကိုစုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာအစိုးရကို အမေရိကန်ကတိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

“မတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းပြီး ယုံကြည်ကိုးစားမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက်တိုက်တွန်းပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပြီး အင်အားအလွန်အကျွံအသုံးပြုခဲ့တဲ့ လုံခြုံရေးတပ်တွေအပါအ၀င် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ အားလုံးကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်။ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်မှသာ နိုင်ငံအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပြင် စိတ်ဝမ်းကွဲမှုတွေ မနက်ရှိုင်းစေရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။”

ဒီအတောအတွင်းနိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂဌာနချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ နယူးရောက်မြို့ကိုရောက်နေတဲ့လူ့အခွင့်အရေး ရှေ့နေကြီးဦးအောင်သိန်းကလည်းလက်ပံတန်းကျောင်းသားသပိတ် အပါအ၀င် လက်ပံတောင်းက တောင်သူတွေရဲ့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နှင်းဖြိုခွဲရာမှာ တရားဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း တင်ပြဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“လတ်တလော ပူပူနွေးနွေးဖြစ်နေတဲ့ အဲဒီလက်ပံတောင်းတောင် ကိစ္စနဲ့ ဒေါ်ခင်ဝင်းပေါ့လေ - အဲဒီကိစ္စနှစ်ခုရယ်၊ နောက်ဆုံးအခု လက်ပံတန်းမြို့နယ်မှာဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ကျောင်းသားတွေကိစ္စ - အဲဒါတွေကို ကျနော်တို့ တင်ပြဆွေးနွေးကြတယ်ခင်ဗျ။ ကျနော်တို့ တင်ပြဆွေးနွေးတဲ့အချက်အလက်တွေမှာ ကျနော်တို့က အာဏာပိုင်တွေရဲ့ မတရားပြုကျင့်မှုတွေ လုပ်နေတယ်။ ကျနော်တို့ဆီမှာက နိုင်ငံ့အကြီးအကဲ သမ္မတကိုယ်တိုင်က ယခု လက်ပံတန်းမြို့နယ်မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ ဥပဒေနဲ့ညီညွတ်ပါတယ်လို့ ပြောနေတဲ့အချက်အလက်တွေဟာ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့အချက်အလက်တွေဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိတယ်။”

ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာအာဏာပိုင်တွေကို ပြန်ပြီးတရားစွဲဆိုထားတဲ့ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏလည်း နယူးရောက်မြို့ကိုရောက်ရှိနေတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ် စောင့်ကြည့် နေပြီး လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာကြက်ခြေနီ စေတနာ့ဝန်ထမ်း သေဆုံးမှု ကုလအထူးဝမ်းနည်း


ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း ကြက်ခြေနီယာဉ်တန်း အပစ်ခံရမှုမှာ ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ကြက်ခြေနီဝန်ထမ်းတဦး ဆုံးပါးခဲ့တာနဲ့ ပတ်သက်လို့ အထူး ၀မ်းနည်း ကြေကွဲရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး Renata Dessalien က ပြောကြောင်း ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က တနင်္လာနေ့မှာ ပြောပါတယ်။

“ကိုးကန့်ဒေသမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေနတ်ဒဏ်ရာ ရရှိခဲ့တဲ့ ဦးမိုးကျော်သန်း သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် အထူး ၀မ်းနည်းကြေကွဲရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေးမှူး Renata Dessallien က ပြောပါတယ်။ စစ်မက် ဖြစ်ပွားနေတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်သားတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးတဲ့သူတွေ ထိခိုက်မှု မရှိအောင် ပါဝင်ပတ်သက်နေသူအားလုံးက သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ တခြားသူတွေကို အကူအညီပေးတဲ့အတွက် အဲဒီ အကူအညီပေးတဲ့သူတွေရဲ့ အသက်အန္တရာယ် မဖြစ်သင့်ကြောင်း Renata Dessallien က ပြောတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောသွားတာပါ။”

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က ၀န်ထမ်း ဦးမိုးကျော်သန်းဟာ ကိုးကန့်ဒေသမှာ ပြင်းထန်စွာ ရခဲ့တဲ့ ဒဏ်ရာတွေကို ဆေးရုံ သုံးခုပြောင်းပြီး တလခွဲနီးပါး ကုသခဲ့ပြီးနောက် သောကြာနေ့က မန္တလေးဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပြီး မိခင်၊ ဇနီးဖြစ်သူနဲ့အတူ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ မိသားစုရှိရာ ကွမ်လုံမြို့မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

မိုင်တိုင် ၃၄၉/၅ နှင့် ၆ ကြား ယာဉ်တိုက်မှု ဖြစ်ပွား တစ်ဦး သေဆုံး




၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက် နံနက် ၀၆း၀၀ အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၉/၅ နှင့် ၃၄၉/၆ ကြား (အသွားလမ်း)တွင် ယာဉ်အမှတ် YGN 4D/4285 TERRANO (ခဲရောင်)ယာဉ်သည် ဦးနိုင်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် 5F/×××× Canter အပြာရောင် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

TERRANO ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၄င်းယာဉ်ပေါ်ပါလာသူ ဦးထဲမောင် မှာ နေရာတွင် သေဆုံးသွားပါသည်။

အဆိုပါယာဉ်မတော်တဆမှုကို စကားအင်း အမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction

ရွှေည၀ါ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ

ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ဖူးမြင်ရစဉ်။ RFA
ဗုဒ္ဓဘာသာတရားတော်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ဟောကြားတဲ့အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ရွှေည၀ါဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်တဲ့စာဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပတဲ့ ၄၇ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့တာ လို့ ဆိုပါတယ်။ ဒီစာထုတ်ပြန်လိုက်ကြောင်းကြား သိရပေမဲ့  ခုချိန်အထိ လက်ထဲကို စာမရောက်သေးဘူး လို့ ရွှေည၀ါဆရာတော်က မိန့်ကြားပါတယ်။

အဲဒီစာမှာ ရွှေည၀ါဆရာတော် ဦးပညာသီဟကို သဃာ့နာယကအဖွဲ့ရဲ့ ဆိုဆုံးမတာကို နာခံမူမရှိသူ ‘ဒုဗ္ဗစ’ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားသလို ဓမ္မကထိကဂုဏ်အင်္ဂါနဲ့ မညီတဲ့အတွက် တရားဟောခြင်းကို ပိတ်ပင်ကြောင်း ရေးသားထားပါတယ်။

ရွှေည၀ါဆရာတော်ကို နိုင်ငံတော်သံဃာ့နာယကအဖွဲ့က အလားတူပိတ်ပင်တဲ့အမိန့်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလက တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။

RFA Burmese
http://www.rfa.org/burmese

သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူ တိုက်ခန်းပြန် အတောင်းခံရ

မစုပုံချစ် ပုံ/Photo: Su Pon Chit Facebook
ကိုယ်ခန္ဓာမသန်စွမ်းပေမဲ့ ပညာထူးချွန်သူ မစုပုံချစ်ကို သက်ဆိုင်ရာက နေထိုင်ခွင့်ပေးထားတဲ့ တိုက်ခန်းကနေ မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်နေတဲ့ ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင် ခဲ့ပြီးတဲ့နောက် အခုလို အမိန့်ထုတ်ပြန်ခဲ့တာလို့ မစုပုံချစ်က ပြောပါတယ်။

"ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ညီမလိုက်တယ်၊ ဖေဖော် ဝါရီ ၉ ရက်နေ့မှာ သတင်းစာမှာပါတယ်၊ ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ ဒုတိယအကြိမ်စာထုတ်တယ်၊ ညီမ ကတော့ ပတ်သက်မှုရှိတယ်လို့ထင်ပါတယ်၊ သူတို့ရဲ့ အကြောင်းပြချက်ကို သူတို့ပဲသိမှာပေါ့နော်၊ ညီမက သူတို့အကူအညီတောင်းတဲ့ ကိစ္စတွေအကုန်လုံးကို ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီအထိ ညီမလုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ ညီမ ဒီဇင်ဘာ ၇ ရက်နေ့မှာ အိမ်ပြန်တယ်၊ ဒီဇင်ဘာ ၈ ရက်နေ့မှာ ညီမကို ဒီလိုသိမ်းတဲ့အတွက်ကြောင့်မို့ ညီမခုချိန်အထိ နားမလည်နိုင်သေးဘူး၊ သူတို့လုပ်ခိုင်းတဲ့ အလုပ်တွေ လုပ်ပေးပြီးတဲ့အချိန်မှာပဲ သူတို့ကညီမကို အိမ်ခန်းကို ပြန်အပ်နှံခိုင်းတာပေါ့နော်"

သူ့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဝင်းထဲမှာ နေထိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
မစုပုံချစ် ဟာ ကြို့ကုန်းနည်းပညာတက္ကသိုလ်မှာ ဘွဲ့လွန်ပညာသင်ကြားနေဆဲဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်ကလည်း မဟာသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တိုက်ခန်းကိုပြန်လည်ပေးအပ်ဖို့ ပထမအကြိမ် သတိပေးစာထုတ်ပြန်ပြီးကတည်းက မစုပုံချစ်က ညောင်တုန်းမြို့မှာ မိဘတွေနဲ့အတူ ပြန်လည်နေထိုင်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Solar Impulse 2 လေယာဉ် တရုတ်ပြည် ရောက်

မန္တလေးမြို့ ကနေ ထွက်သွားတဲ့ Solar လေယာဉ်
နေရောင်ခြည် စွမ်းအင်သုံး Solar Impulse 2 လေယာဉ် ဟာ မြန်မာနိုင်ငံ ကနေ အခုအခါ တရုတ် နိုင်ငံ Chongqing မြို့ကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မန္တလေးမြို့ ကနေ မနက်လင်းအားကြီး တနာရီလောက်မှာ စထွက် လာတဲ့Solar Impulse 2 လေယာဉ် ဟာ Chongqing မြို့မှာ ခဏလေး နားပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းက နန်ဂျင်းမြို့ဆီ သွားဖို့ စီစဉ် ထားတာပါ။ ဒါပေမယ့် ရာသီ ဥတု အခြေအနေ သိပ်မကောင်း တာကြောင့် မနေ့ညက Chongqing မြို့မှာပဲ ခရီးတထောက် နားဖို့ ဖြစ်သွား ခဲ့ရပါတယ်။

မြန်မာနိုင်ငံ မှာလည်း ရာသီဥတု အခြေအနေ ကြောင့် သီတင်း တပတ်ကျော် နားခဲ့ရပါတယ်။

Solar Impulse 2 လေယာဉ် ကို မြန်မာနိုင်ငံမှာ လက်ခံ နေရာ ချထားဖို့ စီစဉ် ဆောင်ရွက် ပေးခဲ့တဲ့ FMI နဲ့ Yoma Strategic Holdings ကုမ္ပဏီ က Project Manager Arne Lugeon က ဒီလေယာဉ် မြန်မာ နိုင်ငံမှာ ဆိုက်နားခွင့် ရခဲ့တဲ့ အချိန် ကာလ အတွင်း မြန်မာ ပြည်သူ တွေအတွက် အသိပညာတွေ ဝေမျှပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ FMI နဲ့ Yoma Strategic Holdings ကုမ္ပဏီရဲ့ အစီအစဉ် နဲ့ မန္တလေးမြို့နဲ့ အနီးတဝိုက် မြို့တွေက တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေကို ဖိတ်ကြားပြီး Solar Impulse 2 လေယာဉ်နဲ့ ပတ်သက်လို့ စီမံကိန်းရဲ့ ရည်ရွယ်ချက်တွေကို လေယာဉ်မှူးတွေက ရှင်းလင်း ပြောပြတာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဓိကကတော့ လောင်စာဆီ မသုံးပဲ လေယာဉ်ပျံသန်းနိုင်တယ် ဆိုတဲ့အကြောင်း ဆန်းသစ်တီထွင်မှုကို ပြချင်တာရယ်၊ နောက်တခုက ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ထပ်ခါတလဲလဲ ပြန်အသုံးပြုနိုင်တဲ့ နေရောင်ခြည်လို စွမ်းအင်တွေကို အသုံးပြုခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာတွေကို ရှင်းလင်း ပြောပြနိုင်ခဲ့ပါတယ်လို့ ပြောပါတယ်။

အခုအခါ Solar Impulse 2 လေယာဉ် မြန်မာနိုင်ငံကနေ ထွက်ခွာ သွားပြီ ဖြစ်ပေမယ့် နေရောင်ခြည် အသုံးပြုပြီး လျှပ်စစ်မီး တွေ ရနိုင်မယ့် စီမံကိန်းတခုကို JJ Pun ကုမ္ပဏီ ကနေ တံတားဦးမြို့နယ်က ငါးဇင်ရိုင်း ရွာလေးမှာ မေလပိုင်း လောက်မှာ စတင် အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ရှိတယ် လို့လည်း သူက ပြောပါတယ်။

Solar Impulse 2 လေယာဉ် ဟာ အခုဆိုရင် ခရီးအစ အဘူ ဒါဘီ မြို့ကနေ စထွက်လာတာ ဆိုရင် ရက်ပေါင်း ၂၀ ရှိသွားပါပြီ။ ကမ္ဘာကို တပတ် ပတ်ပြီးတဲ့ ၅လကြာ အချိန် အတွင်း ကျန်တဲ့ ခရီးတထောက် နိုင်ငံ တွေမှာလည်း အခုလို အသိ ပညာတွေ ဝေမျှပေးနိုင်မယ်လို့ လေယာဉ်မှူးတွေက မျှော်လင့်နေပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

တပ်မတော်က ကန့်ကွက်တဲ့ ကာတွန်း ကိစ္စ မြန်မာတိုင်းမ် တုံ့ပြန်

''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်း နေပြီတဲ့'' ''လယ်မြေတွေ သိမ်းလို့ အားမ ရသေးဘူးနဲ့ တူပါရဲ့''
မြန်မာတိုင်းမ် ဂျာနယ် ၂၅-၃၁ မတ်လ ၂၀၁၅ တွင် ပါရှိတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်က လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ သရော်စာ ကာတွန်း တခုကို တပ်မတော်က ကန့်ကွက်ကြောင်း အစိုးရ သတင်းစာ တွေမှာ ဖော်ပြ ပါရှိခဲ့ပြီးနောက် မြန်မာတိုင်းမ်က အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ကာတွန်းကတော့ ''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်းနေပြီတဲ့'' လို့ တယောက်က ပြောတာကို နောက်တယောက်က ''လယ်မြေတွေ သိမ်းလို့ အားမရသေးဘူးနဲ့ တူပါရဲ့'' ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

တပ်မတော် ဘက်တော့ ဒါကို လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရည်ရွယ် ရေးဆွဲတယ် ဆိုပြီး ကန့်ကွက်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာတိုင်းမ် အယ်ဒီတာချုပ် ဦးသီဟစော ကတော့ ဒီကာတွန်းဟာ တပ်မတော် ဘက်က ထင်သလို မဟုတ်ပါဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်ကနေ သတင်းစာက တဆင့် ဖော်ပြ ကန့်ကွက်တာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်တယ်လို့လည်း ဦးသီဟစောက ပြောပါတယ်။

ရေးတဲ့ သူက ရည်ရွယ်ချက် တမျိုး ဖြစ်ပြီး၊ ဖတ်ရှုသူက တမျိုး နားလည်မှုတွေ မဖြစ်အောင် နောင်ကို သတိထား ဖော်ပြသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ