ကန့်ဘလူ ဆားတောင်ပြင်ဒေသခံ ၁၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ပစ်


Nov 8,2022

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ဆားတောင်ပြင်ဒေသတွင် စစ်ဘေးရှောင်နေသော အမျိုးသား ၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့အထိုင် ခမရ ၃၆၃ စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၇ နာရီတွင်  ဆားတောင်ပြင်‌ဒေသဘက်သို့ ရောက်ရှိလာပြီး ပြည်သူ ၁၈ ဦးကို ကနဦး ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၁၄ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“၃ ရက်နေ့မှာ စစ်ဘေးရှောင်တောတိုက်က ၁၈ဦးကိုဖမ်းလာတယ်။ အားလုံးက အမျိုးသားတွေပဲ ၃ရက်နေ့မှာ ၂ဦးကို အရင်ဆုံးပြန်လွှတ်ပေးတယ်။ ပြီးတော့ ၅ ရက်နေ့ညနေမှာ ၂ဦးကို ပြန်လွှတ်ပေးတယ်။ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ ကျန်တဲ့ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေကို မတရားညှင်းပန်းနှိပ်စက်တယ်။ နေတစ်နေကုန်လှန်းတယ် ရိုက်တယ် စစ်ဆေးတယ်။ အဲ့လိုတွေလုပ်တယ် နောက်ဆုံးတော့ သတ်ပစ်လိုက်တယ် သတ်ပစ်ပြီးမီးပုံရှို့လိုက်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။


Kachin News Group 

ကန့်ဘလူ ဆားတောင်ပြင်ဒေသခံ ၁၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ပစ် ကန့်ဘလူ ဆားတောင်ပြင်ဒေသခံ ၁၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ပစ် Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.