အမြန်လမ်း မိုင်တိုင်အမှတ်(၂၉၃/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက် ၄ ဦး ဒဏ်ရာရ


တိုက်ရော့ပြုတ်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲသို့ထိုးကျတိမ်းမှောက်

နေပြည်တော်၊ မတ် ၃၁

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၉၃/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကန်သာရပ်နေ ကျော်ဝင်း(၂၈)နှစ်မောင်းနှင် လာသော 2C/xxxx တိုယိုတာဆလွန်းမီးခိုးရောင်ယာဉ်သည် တိုက်ရော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် မြေသားလမ်းဘေးရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်း ကျော်ဝင်း ပါ ကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး ကျော်ဝင်းအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

အမြန်လမ်း မိုင်တိုင်အမှတ်(၂၉၃/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက် ၄ ဦး ဒဏ်ရာရ အမြန်လမ်း မိုင်တိုင်အမှတ်(၂၉၃/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက် ၄ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 18:54 Rating: 5
Powered by Blogger.