တွဲဖက်လေယာဉ်မှူးဟာ သေကြောင်းကြံစည်မှုနဲ့ ဆေးကုသမှုခံယူခဲ့ရ


ပြင်သစ်နိုင်ငံ တောင်ပိုင်း အဲ့လ်ပ်စ် တောင်တန်းပေါ် ပျက်ကျသွားခဲ့တဲ့ Germanwings လေယာဉ်က တွဲဖက်လေယာဉ်မှူး အဲန်ဒရေယာ လူးဘစ်ဇ်ဟာ လေယာဉ်မှူးမဖြစ်ခင်က သေကြောင်းကြံဖို့ ကြိုးစားမှုနဲ့ အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရဘူးတယ်လို့ စုံစမ်းရေးအရာရှိတွေက တနင်းလာနေ့က ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ သေကြောင်းကြံစည်ဖို့ ကြိုးစားတာမျိုး မတွေ့ရဘူးလို့ ဆရာဝန်ဆေးမှတ်တမ်းတွေကို ကိုးကားပြီး ဒူဆယ်ဒေါ့မြို့က အစိုးရရှေ့နေ ခရစ်စတော့ ကဲန်ပါးက ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ အသံသွင်း မှတ်တမ်း Black Box တွေကနေ ရရှိခဲ့တဲ့ အချက်တွေ ပေါ်မူတည်ပြီး တွဲဖက်လေယာဉ်မှူးက လေယာဉ် ပျက်ကျအောင် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့
ယူဆရကြောင်း ပြင်သစ် အစိုးရရှေ့နေတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲန်ဒရေယာ လူးဘစ်ဇ်ဟာ ၂၀၀၈ ခုနှစ်မှာ Lufthansa လေကြောင်းလိုင်းမှာ လေယာဉ်မှူးသင်တန်း စတင်တက်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လေယာဉ်မှူး ဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ စိတ်ကျရောဂါ ခံစားခဲ့ရတဲ့အတွက် ၁ နှစ်ခွဲလောက် ဆေးကုသမှု ခံယူခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

Germanwings လေယာဉ် ပျက်ကျခဲ့ရာမှာ လိုက်ပါသွားခဲ့သူ အယောက် ၁၅၀ လုံးသေဆုံးခဲ့ပြီးတဲ့နောက် သေဆုံးခဲ့သူ အယောက် ၈၀ ရဲ့DNA ကို သီးခြားစီ ရရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တွဲဖက်လေယာဉ်မှူးဟာ သေကြောင်းကြံစည်မှုနဲ့ ဆေးကုသမှုခံယူခဲ့ရ တွဲဖက်လေယာဉ်မှူးဟာ သေကြောင်းကြံစည်မှုနဲ့ ဆေးကုသမှုခံယူခဲ့ရ Reviewed by သစ်ထူးလွင် on 11:08 Rating: 5
Powered by Blogger.