တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးမှု တစ်ခုအတွင်း ဦးနိုင်ဟံသာကို တွေ့ရစဉ် (Credit: ABC) 
တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲနိုင်ဖို့ ​ရေးဆွဲထားတဲ့ ​မူကြမ်းကို ​မူအားဖြင့် ​သဘောတူခဲ့ကြပေမယ့် ​ဘယ်အချိန်မှာ ​လက်မှတ် ​ထိုးမလဲ ​ဆိုတာ ​မသိရသေးပါဘူး။

ဒီသဘောတူညီချက်က ​အပစ်အခတ်ရပ်စဲရေး ​ဆွေးနွေးမှုအတွက် ​မူဘောင်တွေ ​ချမှတ်ပေးတာ ​ဖြစ်ပြီး ​နိုင်ငံရေးဆွေးနွေးမှု ​ဖြစ်လာစေမယ့် ​ခြေလှမ်းတစ်လှမ်း ​ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေး ​ကိုယ်စားလှယ် ​ဦးလှမောင်ရွှေကတော့ ​မြန်မာအစိုးရအနေနဲ့ ​ဘာမှ ​ဆွေးနွေးစရာမလိုတော့ပဲ ​လက်မှတ်ထိုးဖို့ ​အသင့်ဖြစ်ပြီလို့ ​အေအက်ဖ်ပီကို ​ပြောပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ​ဘယ်အချိန်မှာ ​ဆွေးနွေးမှုတွေ ​လုပ်မလဲ ​ဆိုတာ ​ပြောဆိုထားခြင်း ​မရှိသေးပါဘူး။

အခုလောလောဆယ် ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့ ​၁၄ ​ဖွဲ့နဲ့ ​အပစ်အခတ် ​ရပ်စဲရေးယူထားတာဖြစ်ပြီး ​တအောင်းပလောင်အဖွဲ့နဲ့ ​ကချင် ​ကေအိုင်အေ ​အဖွဲ့နဲ့တော့ ​အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ် ​မထိုးနိုင်သေးပါဘူး။

မြန်မာစစ်တပ်က ​၂၀၀၉ ​ခုနှစ်က ​ကိုးကန့်တပ်ကို ​တိုက်ထုတ်ထားတာကြောင့် ​ဒီကိစ္စမှာ ​ကိုးကန့်ကို ​ထည့်မပြောထားပေမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်တွေကတော့ ​အနာဂတ်မှာ ​ပြုလုပ်မယ့် ​ဆွေးနွေးပွဲအတွင်း ​ကိုးကန့်ကိစ္စကိုပါ ​ထည့်သွင်းဖို့ ​ဆန္ဒရှိနေတယ်လို့ ​တိုင်းရင်းသားဘက်က ​ဦးနိုင်ဟံသာက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး Reviewed by သစ်ထူးလွင် on 15:29 Rating: 5
Powered by Blogger.