![]() |
ပုံ - မြို့လှ KPDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်) |
ကသာ - နိုဝင်ဘာ ၈၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ချောင်းဝကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မြို့လှ KPDF အဖွဲ့က စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း သိရသည်။
စစ်သည်အင်အား ၇၀ ကျော်ဝန်းကျင်ပါ တပ်မ ( ၇၇ ) စစ်ကောင်စီစစ်ကြောင်းအား လေယာဉ်ဗုံးတစ်လုံးနှင့် လက်လုပ်မိုင်း ၇ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ထွက်လာတုန်းက ၇၇ ယောက်ပါတာ။ အတိအကျရေထားတာ။ ရွာထဲဝင်တော့ ၇၀ အတိပဲ ဝင်လာတယ်။ ၇ ယောက်ပွဲချင်းပြီးသေတယ်” ဟုပြောသည်။
လေယာဉ်ဗုံးဆိုသည်မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ရာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးကို ပြန်လည်ပြင်ဆင်အသုံးပြုခြင်းဖြစ်ပြီး ၎င်းမိုင်းအမျိုးအစားမှာ သာမန်လက်လုပ်မိုင်းများထက် ပြင်းအားပိုမိုသာလွန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခြင်း ရှိ၊ မရှိကိုမူ The 74 Media က သီးခြားအတည်မပြုနိုင်သေးပါ။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း အဆိုပါ တပ်မ ( ၇၇ ) စစ်ကောင်စီစစ်ကြောင်းအား မြို့လှ KPDF အဖွဲ့က ကသာမြို့နယ် ချောင်းဝကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကြောင်း သိရသည်။
The 74 Media a
![လေယာဉ်ဗုံးအသုံးပြုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးဟုဆို](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCN6HLJEyA0nnoOBwZLcWmGYp1OCNfIMZdacorYhpJJh9wdJOFbVInIDO_ucgAam0VsaZ4DLN7WOaIzBa_2lfOebqchML3wyj4xYRxb5WBQ5K5xeal1cGCMuI3s8TYHzM9mTi8uqlVEXmhL-EHVdFcIu7TIA60r7FnA-KzrVKtW5nAAqxSdTd8D3tNw/s72-w640-c-h526/9.jpg)
No comments:
Post a Comment