Maysak ဆူပါ မုန်တိုင်း အန္တရာယ် စိုးရိမ်နေကြ

Maysak မုန်းတိုင်းက ဆူပါ မုန်တိုင်းဖြစ်မယ်။ (Credit: ABC licensed) 
ပစိဖိတ်ဒေသကနေ ​တဆင့် ​ဖိလစ်ပိုင်နိုင်ငံထဲကို ​အင်အားပြင်းတဲ့ ​ဆိုင်ကလုန်းမုန်တိုင်း ​ဝင်ရောက်နိုင်တဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

Maysak ​လို့ ​ခေါ်တဲ့ ​ဆိုင်ကလုန်းဟာ ​မကြာသေးခင်တုန်းကပဲ ​Vanuatu ​နိုင်ငံကို ​ဖျက်ဆီးခဲ့တဲ့ ​Pam ​ဆိုင်ကလုန်းလောက် ​အင်အားပြင်းမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အခုလောလောဆယ် ​ပစိဖိတ်ဒေသက ​ကျွန်းနိုင်ငံတွေကတော့ ​အနီးကပ် ​စောင့်ကြည့်မှုတွေ ​ပြုလုပ်နေကြပါတယ်။

မကြာခင်မှာ ​ဆူပါ ​မုန်တိုင်းအသွင် ​ပြောင်းလဲလာနိုင်ပြီး ​တစ်နာရီကို ​လေတိုက်နှုန်း ​၂၇၀ ​ကီလိုမီတာ ​ရှိနိုင်တာကြောင့် ​အပျက်အစီးတွေ ​များနိုင်တယ်လို့ ​ခန့်မှန်းကြတာပါ။

အခုလောလောဆယ် ​အမေရိကန်ပိုင် ​Guam ​ကျွန်းက ​အာဏာပိုင်တွေက ​Micronatia ​ပြည်ထောင်စုနိုင်ငံရဲ့ ​အစိတ်အပိုင်းဖြစ်တဲ့ ​Yap ​နိုင်ငံမှာ ​မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ ​သတိပေးထားပါတယ်။

Maysak ​မုန်တိုင်းဟာ ​Pam ​မုန်တိုင်းလောက် ​ပြင်းထန်မယ်လို့ ​ခန့်မှန်းထားပါတယ်။

Pam ​မုန်တိုင်းဒဏ် ​ခံနေရတဲ့ ​Vanuatu ​နိုင်ငံမှာတော့ ​ပြန်လည်ထူထောင်ရေးတွေ ​လုပ်နေပြီး ​သြစတြေးလျ ​စစ်သား ​အယောက် ​၅၀၀ ​က ​အကူအညီတွေ ​ပေးနေပါတယ်။

ရေရှည်မှာတော့ ​အစားအစာနဲ့ ​သောက်ရေသန့်အကူအညီတွေ ​လိုအပ်မယ်လို့လည်း ​ကုလသမဂ္ဂက ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Maysak ဆူပါ မုန်တိုင်း အန္တရာယ် စိုးရိမ်နေကြ Maysak ဆူပါ မုန်တိုင်း အန္တရာယ် စိုးရိမ်နေကြ Reviewed by သစ်ထူးလွင် on 18:14 Rating: 5
Powered by Blogger.