မိုင်တိုင် ၃၄၉/၅ နှင့် ၆ ကြား ယာဉ်တိုက်မှု ဖြစ်ပွား တစ်ဦး သေဆုံး




၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက် နံနက် ၀၆း၀၀ အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၉/၅ နှင့် ၃၄၉/၆ ကြား (အသွားလမ်း)တွင် ယာဉ်အမှတ် YGN 4D/4285 TERRANO (ခဲရောင်)ယာဉ်သည် ဦးနိုင်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် 5F/×××× Canter အပြာရောင် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

TERRANO ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၄င်းယာဉ်ပေါ်ပါလာသူ ဦးထဲမောင် မှာ နေရာတွင် သေဆုံးသွားပါသည်။

အဆိုပါယာဉ်မတော်တဆမှုကို စကားအင်း အမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction
မိုင်တိုင် ၃၄၉/၅ နှင့် ၆ ကြား ယာဉ်တိုက်မှု ဖြစ်ပွား တစ်ဦး သေဆုံး  မိုင်တိုင် ၃၄၉/၅ နှင့် ၆ ကြား ယာဉ်တိုက်မှု ဖြစ်ပွား တစ်ဦး သေဆုံး Reviewed by သစ်ထူးလွင် on 03:19 Rating: 5
Powered by Blogger.