စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်


မဲခေါင်၊ နိုဝင်ဘာ ၈

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ရန်ကုန် အနာက်ပိုင်းခရိုင် ပ.က.ဖ တပ်ရင်း၊ တပ်ခွဲ (၁)၊ တပ်စု (၁)၊ တပ်စိပ် (၁) နဲ့ PDF- Sanchaung တို့ ပူပေါင်း ဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ယခုလို ဖာက်ခွဲ တိုက်ခိုက်ရခြင်းမှာ မိမိတို့ နယ်မြေအားလုံး လုံးဝ အုပ်ချုပ်ခွင့် မရရှိစေရေး အတွက် အုပ်ချုပ်ရေး ပစ်မှတ်ကို ဖြိုဖျက်တိုက်ခိုက်တာ ဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်ရှိတဲ့ အဆောက်အဦများ၊ ရုံးစိုက်ရာ နေရာများနဲ့ ဝေးရာ ရှောင်ရှားဖို့ သတိပေးလိုပြီး PDF- San chaung အနေနဲ့ ပြည်သူများရဲ့ ထောက်ပံ့ကူညီမှုနဲ့ တော်လှန်ရေး ပြီးဆုံးတဲ့အထိ အကြမ်းဖက် စစ်ကောင်စီ တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


MeKong News - မဲခေါင်သတင်း

စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.