ထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သူငယ်ချင်းဖြစ်သူ ထွက်ဆို

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်တောင်ပိုင်းက လမ်းပေါ်မှာ စစ်သားတယောက်ကို သတ်ဖြတ်ခဲ့တဲ့ နှစ်ယောက်ထဲက တယောက် ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဘိုလာဂျို နဲ့ အမြဲတွဲနေတဲ့ သူငယ်ချင်း Abu Nusaybah က ဘီဘီစီကို ပြောကြားရာမှာ လုံခြုံရေး အဖွဲ့တွေက အက်ဒဘိုလာဂျို ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ထပ်တလဲလဲ ကမ်းလှမ်းခဲ့ပြီး သတင်း အချက်အလက်တွေလည်း တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေ မရသေးဘဲ အဲဒီလို ပြောကြားလိုက်ပြီးတဲ့နောက် နူဆေးဘက်ဟာ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

မနှစ်က နှစ်ကုန်ခါနီး အချိန်လောက်မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့တွေက အက်ဒ်ဘိုလာဂျိုကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ဗြိတိန်က လုံခြုံရေး အဖွဲ့တွေက သူ့ဆီ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာနက်ဆေးဘက်က ပြောပါတယ်။

ကင်ညာမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရစဉ် အတွင်း ကိုယ်ခန္ဓာရော လိင်ပိုင်း အရပါ မတရား ပြုကျင့် ခံခဲ့ရတယ်လို့ အက်ဒ်ဘိုလာဂျိုက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စစ်သား သတ်သူ နှစ်ယောက်ထဲက အက်ဒဘိုလာဂျိုရဲ့ သူငယ်ချင်း Abu Nusaybah

ဘူတာတွင်ရထားစောင့်နေသူ မိန်းကလေးငယ်အား သားမယားပြုကျင့်

၂၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၃၀၀ အချိန် မ----- (၁၅)နှစ်၊ (ဘ) ဦးတင်ဝင်း၊ မော်လမြိုင်မြို့နေသူသည် ကြည့်မြင်တိုင်ဘူတာတွင် ရန်ကုန် - ပြည် ရထားစီးရန်စောင့်နေစဉ် ထွန်းလွင်(ခ)ဆံရှည် ပါ(၅)ဦးမှ မီးရထားတွဲဟောင်းပေါ်ခေါ်ဆောင်၍ အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ကြောင်းတိုင်တန်းသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ကာ ညောင်တုန်းမြို့နယ်နေ ထွန်းလွင်(ခ) ဆံရှည် (ဘ) ဦးစိန်ဝင်း၊ စမ်းချောင်းမြို့နယ်နေသူများ ဖြစ်သည့် ဇင်မင်းအောင် (ဘ) ဦးသန်းစိုး၊ ရန်နိုင်လင်း(ဘ)ဦးပွကြီး၊ ဇော်ထက်အောင်(ခ)၀ုကျိ(ခ)မျာက်ကြီး (ဘ) ဦးကိုထွေး တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တရားခံ အောင်ခိုင်ဇော် အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။


စမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တွင် တိုက်ပြို၍ (၃)ဦးသေ (၁)ဦး ဒဏ်ရာရ

၂၅.၅.၂၀၁၃ ရက်နေ့ ၀၉၁၀ အချိန် စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ရှင်စောပုလမ်း၊ တိုက်အမှတ်(၁)နေ ကိုဖြိုး ပိုင်ဆိုင်သည့်လုံးချင်း နှစ်ထပ်တိုက်(အိမ်ဟောင်းဖျက်ခွင့်တင်ထားဆဲ) အား အင်ဂျင်နီယာဦးအေးသိန်းမှ တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့် အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျရာ ရှိန်းကို (၂၂)နှစ်၊ ပုသိမ်မြို့၊ မိုးကျော်သူ (၁၇)နှစ်၊ ၀ါးခယ်မမြို့၊ ထွန်းလွင်ဖြိုး (၂၂)နှစ်၊ ၀ါးခယ်မမြို့တို့ (၃)ဦး ဒဏ်ရာများရရှိ သေဆုံးပြီး သီဟမျိုး (၂၀)နှစ်၊ ၀ါးခယ်မမြို့နေသူမှာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရှိကြောင်းနှင့် အဆိုပါ တိုက်ပြိုကျရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ စခန်းမှူးတို့ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပြီး ဖြစ်စဉ်အားစုံစမ်း ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။


မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး

 နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
ရန်ကုန်၊မေ ၂၅

ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါ စီးနင်းလာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦး သည် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု မှ သေဆုံးသူများထဲတွင် သံဃာတော်တော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင်ငံခြားသား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ  ဦးကျော် မိုးအောင်က ဆက်သွယ်ပြော ကြားသည်။

" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိ သလောက်ပဲ၊ လောလောဆယ် တာဝန်ရှိသူတွေရဲ့ စစ် ဆေးချက်အရ ၁၁ ဦးဆုံးသွားတယ်လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။

 AH - Popular Myanmar News Journal


 မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး ။ ဓါတ်ပုံ -  Popular Myanmar News Journal


အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ခွဲစိတ် ဖယ်ရှား

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း  မျိုချခဲ့သူအား အရေးပေါ်ခွဲစိတ်ပြီး   အသက်ကယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၂၂ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် ဖြူးအရှေ့ဘက်ဝဲကြီး ကျေးရွာအုပ်စု ဝဲကြီးတောင်ကမ်းရွာနေ မောင်ရန် နိုင်ထွန်း ၃၅ နှစ် (ဘ) ဦးသန်းထွန်း (လယ်လုပ်)မှာ စိတ်ရောဂါ အခံရှိပြီး အဆိုပါနေ့ နံနက်ပိုင်းက မခံနိုင်အောင် ဝမ်းဗိုက်အောင့်နေသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လေးလက်မနှင့် နှစ်လက်မခွဲ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှား ပေးနိုင်

အိမ်ဖြိုရင်း ပြိုကျလို့ လူတစ်ဦးသေဆုံး

ရန်ကုန်၊မေ၊၂၅

စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း အောင်ချမ်းသာရပ်ကွက် အိမ်အမှတ်(၁) မှာ အိမ်ဖြို ဖျက်ရင်း နဲ့ပြိုကျ မှုကြောင့် လူတစ်ဦး သေဆုံး ပြီး ၃ယောက် ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။

“ဖြစ်တာက ၉နာရီ ၁၀မိနစ် မှာဖြစ်ဖြစ်ချင်းနေရာမှာ တစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။နှစ်ယောက် က ဒဏ်ရာပြင်းထန်တယ်။ “လို့ အောင်ချမ်းသာရပ်ကွက် ရာ အိမ်မှုး ဦးမိုးမြင့်ကပြောပါတယ်။

သေဆုံးသူ ကိုထွန်းလွင်မျိုး ဖြစ်ပြီး ဒဏ်ရာ ရသူတွေကတော့ ကိုရှိန်းကို၊ ကိုမိုးကျော်သူ ၊ကိုသီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအိမ်ကို ဦးနိုင်တိုး အပါအ၀င် မိသားစု ၀င် နှစ်ဦးက ပိုင်ဆိုင်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။

အဆိုပါကိုဖြိုဖျက် တဲ့ နေရာမှာ တာဝန်ယူ ထား တဲ့ အင်ဂျင်နီယာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လဲမို့၊မိုးမြင့်ဇော် (Kumudra)


ရဲတပ်ကြပ်ကြီးတဦးမှ အမျိုးသမီးတဦးအား မုဒိမ်းကျင့်မှုဖြစ်ပွား

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ)ဦးရွှေထွန်း သည် ၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၂၀၀ အချိန် နေအိမ်တွင်ရှိနေစဉ် သူမနှင့်ခင်မင် ရင်းနှီးပြီးနေအိမ်များသို့ အပြန်အလှန်ဝင် ထွက်သွားလာနေသူ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတင့်အောင်ဝင်းသည်  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မင်းဘူးမြို့ မှာ ရိုမီရိုနှင့်ညီများ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ တွင် မေလ(၂၅)ရက်နေ့ နံနက် တစ်နာရီခန့် က ရိုမီရိုနှင့်ညီများ အထွေထွေ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ မီးလောင်မှုကို  မင်းဘူးမီးသတ် ၊ မကွေးမီးသတ်နှင့် အများပြည်သူတို့ မှ ၀ိုင်းဝန်းငြှိမ်း သတ်လျှက် ရှိကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းကို မသိရသေးကြောင်း မင်းဘူးမြို့ ကနေ ကိုလူနီကလေး က သတင်း ပေးပို့ ထားပါတယ်။

မီးလောင်မှု မြင်ကွင်း ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဂျပန်ပေါ် တင်နေတဲ့ အကြွေးတွေ မြန်မာကို လျှော်ပေးနိုင်တော့မလား

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သောကြာနေ့ မနေ့တုန်းက ရောက်ရှိလာပြီး ဒါဟာ ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး ခရီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၊ စစ်အုပ်ချုပ်ရေး ကာလ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး မတိုးတက်ခဲ့ပေမယ့် ဂျပန်ဟာ မြန်မာ ရဲ့ ထိပ်ဆုံးက စီးပွားရေး မိတ်ဖက် ဖြစ်ကြောင်းကို အခု ခရီးစဉ်က ပြသနေတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၃၆နှစ် အတွင်း နိုင်ငံ အကြီးအကဲ အဖြစ် ပထမဆုံး လာရောက်တဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး

လဝက ဝန်ထမ်းများကို တိုက်ခိုက်ခဲ့သူများ စစ်တွေတရားရုံးမှာ အမှုစစ်ဆေး

ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်စလင် လူဦးရေစာရင်းကောက်ခံစဉ် လဝက ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာရတဲ့အထိ ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေထဲက ဦးဆောင်သူတွေလို့ ယူဆရသူ ၇ ဦးကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စစ်တွေခရိုင်၊ တရားရုံးပုံ photo: RFA / Min Thein Aung

မေလ(၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

မေလ(၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ(၂၅)ရက်နေ့ ထုတ် ကြေးမုံသတင်းစာ

မေလ(၂၅)ရက်နေ့ ထုတ် ကြေးမုံသတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ(၂၄)ရက်နေ့ ထုတ် မဇ္ဈိမ သတင်းစာ အတွဲ ၁ အမှတ် ၁

မေလ(၂၄)ရက်နေ့ ထုတ် မဇ္ဈိမ သတင်းစာ အတွဲ ၁ အမှတ် ၁

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လွဲနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လို့ ရအောင်

နေပြည်တော်ကနေ လွိုင်ကော်ကို ပင်းလောင်းလမ်းကနေ 17.05.13 ရက်နေ့က ပြန်ရင်းကြုံခဲ့တာပါ။ အဲဒီလမ်းရဲ့ အကွေ့အများဆုံးဖြစ်တဲ့ 15 ကွေ့၊ နောက်ပြီး ကွေ့အမှတ် 6
မှာထင်တယ်။ ကားအကြီးကြီး တစ်စီးလမ်းလွဲပြီး ကန့်လန့်ခံနေလို့ အဲဒီလမ်းမှာ သွားလာနေတဲ့ကားအားလုံး ခရီးဆက်လို့မရဖြစ်နေတာ ကြုံခဲ့ရတယ်။

နေပြည်တော်ကနေ ကျွန်တော်တို့စီးလားတဲ့ ဒို့ညီနောင်ကားတစ်စီးပဲ လွိုင်ကော်ကလာတဲ့ကားနဲ့ ကားချင်းချိန်းပြီး ခရီးဆက်လို့ရခဲ့တယ်။ ဒါတောင်တော်တော်စောင့်ခဲ့ရတယ်။ ကျန်တဲ့ကားအားလုံးကတော့ တန်းစီစောင့်ကျန်နေခဲ့ကြတယ်။ ဘယ်လောက်ကြာအောင်စောင့်လိုက်ရမှန်းတော့
ကျွန်တော်လည်း မသိဘူး။ ဗိုက်ဆာလို့မှ အနားမှာ ဝယ်စားစရာ ဆိုင်မရှိ၊
ရေဆာလို့မှတောင်းသောက်စရာမရှိ တစ်ကယ့်ကို ဒုက္ခ တော်တော်ရောက်ခဲ့ကြရတယ်။

နောက်ပြီးအဲဒီရက် မုန်တိုင်းရှိပါတယ်ဆိုပြီး ကြော်ငြာထားတဲ့ရက်။ လေမတိုက်ပေမယ့် အဲဒီအရင်တစ်နေ့က မိုးတွေလည်း ရွာထားသေးတယ်။   ကားသမားကိုယ်တိုင်ကိုက
ဒီလောက်ကြီးတဲ့ကားနဲ့ ဒီလောက်ကျဉ်းတဲ့လမ်းကိုမောင်းသင့်သလား၊ နောက်ပြီး
လမ်းကိုထိမ်းသိမ်းဆောင့်ရှောက်နေတဲ့ တတ်သိနားလည်တဲ့ သူတွေကရော
ခွင့်ပြုသင့်သလားဆိုတာကိုပါ။ လွဲနေတယ်ဆိုရင်တော့ အမြန်ဆုံး
အဲဒီအပြုအမူတွေကိုပြင်သင့်ပါတယ်။

တိုးတက်ဖွံဖြိုးလာနေတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့တစ်တွေကလည်း တာဝန်သိစိတ်နဲ့၊
တာဝန်ရှိသူတွေကလည်း တာဝန်ကျေပွန်ရင်းနဲ့ လက်ကမ်းကြို လိုက်ကြရအောင်ပါ။
အများဆုံးဖြတ်လို့ရအောင် အဲဒီနေ့က ရိုက်ခဲ့တဲ့ဓါတ်ပုံတွေပါ တင်ပေးလိုက်ပါတယ်။

မောင်မျိုး(ပြည်)

by Myanmar News Now



ဗြိတိန်မှာ လေယာဉ်တစင်းကို အရေးပေါ်ဆင်းခိုင်း

ဗြိတိန်နိုင်ငံ မန်ချက်စတာ လေဆိပ်ကို ဦးတည် ပျံသန်း လာတဲ့ ခရီးသည်တင် လေယာဉ် တစင်းကို ဗြိတိသျှ လေတပ်က Typhoon တိုက်လေယာဉ် တွေကို စေလွှတ် ကာ စောင့်ကြပ်စေပြီး မြေပြင်ပေါ်ကို ဆင်းသက် စေခဲ့တယ်လို့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။ ပါကစ္စတန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ပါကစ္စတန် နိုင်ငံ လာဟိုး မြို့ကနေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။

"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"

ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese


သိမ်းယူထားတဲ့ လယ်မြေတွေပေါ် ထွန်ယက်တဲ့ တောင်သူတွေကို အာဏာပိုင်များဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာက တောင်သူ ၆ ဦးကို စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ စပါးစိုက်ပျိုးလို့ဆိုပြီး အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တောင်သူတွေကပြောပါတယ်။ တောင်သူ ၆ ဦးကို ဆင်ပေါင်ဝဲမြို့နယ်မှာ အခြေစိုက်တဲ့ က.ပ.စ (၈) စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စက်ရုံ သပိတ်ခေါင်းဆောင်များ ရဲဖက်မှခေါ်ယူ သတိပေးခံရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံငါးရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို အာဏာပိုင်တွေက မနေ့ညနေပိုင်းက ခေါ်ယူသတိပေးခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ် ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေက အလုပ်သမားခေါင်းဆောင်တွေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ခေါ်ယူသတိပေးခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မေလ ၂၅ ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 8

မေလ ၂၅ ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 8

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဗုဒ္ဓနေ့ ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော်၌ ကျင်းပ (ရုပ်/သံ)

မြန်မာ သက္ကရာဇ် ၁၃၇၅ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေ သွန်းလောင်း ပူဇော်ပွဲကို မေလ ၂၄ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မြတ်မှာ ကျင်းပခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




အင်းစိန်မြို့နယ်တွင် အသက် ၅၀ ခန့်ရှိ စိတ်ကျန်းမာရေးမကောင်းသူအားမုဒိမ်းမှုကျူးလွန်

၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ်ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီသွားရောက်ကြည့်စဉ် မိခင်မှာနေအိမ်သို့တစ်ဦးတည်းပြန်သွားခဲ့ပြီး ညနေ ၅ နာရီအချိန်ခန့်တွင် မိခင်မှာ တစ်လမ်းတည်းနေမ------- ၏နေအိမ်သို့ ရောက်ရှိနေကြောင်းသိရ၍ သွား ရောက်ခေါ်ယူရာ မိခင်ဖြစ်သူတွင် နှုတ်ခမ်း၊ ၀ဲပါး၊ ၀ဲလက်ဖျံ နှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများအားတွေ့ရှိသဖြင့် မေးမြန်းရာ မျိုးဦး(ခ)သန်းနိုင်၊ ၂၅ နှစ်၊ (ဘ)ဦးမြ၀င်း အင်းစိန်မြို့နယ်နေသူမှ ACE သဲကွင်းအတွင်းရှိ ခြုံထဲသို့ခေါ်ယူပြီး နှုတ်ခမ်း၊ပါး၊ရင်သားတို့အား ပါးစပ်ဖြင့်စုပ်ကိုက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးပါရန် အင်းစိန်ရဲစခန်းသို့ တိုင်တန်းခဲ့၍ မျိုးဦး(ခ)သန်းနိုင်အား ဖမ်းဆီးစစ်ဆေးလျှက်ရှိ ကြောင်းသတင်း ရရှိပါသည်။

Yangon Police (Facebook)


ခွေးအား မောင်းထုတ်ရာမှ လူသတ်မှုဖြစ်

နေပြည်တော်၊ မေ ၂၄

၂၃-၅-၂၀၁၃ ရက်နေ့ ၁၅၄၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကံသာအုပ်စု၊ ချောင်းခုံ ရွာနေ ဒေါ်ခင်ရီ(၅၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ မကော်နီဆိုသူ ရောက်ရှိ လာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမောင်မြင့်(ခ) ဦးတင်မြင့်(၅၆)နှစ်အား ရွာလယ်တွင် ၀ိုင်းဝန်း ရိုက်နှက်နေကြောင်း ပြောဆိုသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ ဦးမောင်မြင့်မှာ သွေးများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ စုံစမ်းမေးမြန်းချက်အရ ထိုနေ့ ၁၅၃၀ အချိန် ဦးမောင်မြင့်(ခ)ဦးတင်မြင့်သည် တောမှလှည်းဖြင့်ပြန်လာစဉ် တစ်ရွာတည်းနေ ဦးသိန်းမောင်(၅၂)နှစ်၏နေအိမ်ရှေ့အရောက် ဦးမောင်မြင့်နှင့်အတူပါလာသောခွေးမှာ ဦးသိန်းမောင်၏နေအိမ်အတွင်းသို့ ၀င်ရောက်သွားသဖြင့် ဦးသိန်းမောင်နှင့် သားဖြစ်သူမြင့်ဝေ(၂၄)နှစ်တို့က ခွေးအား နေအိမ်ဝိုင်းအတွင်းမှမောင်းထုတ်ခဲ့ကြောင်း၊ ထိုသို့မောင်းထုတ်စဉ် ဦးမောင်မြင့်နှင့် စကားများရန်ဖြစ်ရာမှ ဦးမောင်မြင့်၌ပါလာသည့် ကိုင်းခုတ်ဓါးမအား ဦးသိန်းမောင်တို့သားအဖက လုယူကာ ဦးမောင်မြင့်အားခုတ်သဖြင့် လက်ခုံပြတ်ရှ၊ ၀ဲလက်ကောက်ဝတ် အရိုးပြတ်၊ ယာလက်ကောက်ဝတ်ပြတ်ရှ၊ ယာလက်ဖျံရိုးပြတ်ရှ၊ ဦးခေါင်းထိပ်တည့်တည့်ပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် ဦးသိန်းမောင်နှင့် မြင့်ဝေ တို့အား လယ်ဝေးမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် (Facebook)


ရထားစက်ခေါင်းအမိုးပေါ်မှခုန်ချ၍သေဆုံး

နေပြည်တော်၊ မေ ၂၄

၂၃-၅-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် အမှတ်(၅၅)အဆန် မန္တလေး-မြစ်ကြီးနား အမြန် ရထားသည် မြစ်ကြီးနားမြို့နယ်၊ မရမ်းဘူတာနှင့် မလိခဘူတာကြား၊ မိုင်တိုင်အမှတ်(၇၀၂/၅) အရောက်တွင် ပထမတန်းတွဲ(၁)၊ ခုံအမှတ်(၂၃)၌ စီးနင်းလိုက်ပါလာသည့် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်နေ ဦးကိုကိုကြီး(၃၅)နှစ်မှာ ရထားစက်ခေါင်းအမိုးပေါ်မှခုန်ချခဲ့သဖြင့် ရထားလုံခြုံရေးတပ်ဖွဲ့ဝင်များက ရထားအားရပ်တန့်ကြည့်ရှုခဲ့ရာ ဦးကိုကိုကြီးတွင် ဦးခေါင်းနောက်စေ့(၇)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲနဖူး(၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ဖျံပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခြေထောက်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသောကြောင့် မြစ်ကြီးနားမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် (Facebook)


မြေစာများပြိုကျ၍ ရေမဆေးကျောက်ရှာသူများ သေဆုံးဒဏ်ရာရ

နေပြည်တော်၊ မေ ၂၄

၂၃-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ““ခိုင်လုံ””ကျောက်မျက်ကုမ္ပဏီလုပ်ကွက်၊ အမြင့်ပေ(၄၀)ခန့်ရှိ မြေစာပုံဟောင်းမှမြေစာများ ရုတ်တရက် ပြိုကျသဖြင့် မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသည့် ဖားကန့်မြို့နယ်၊ သာယာကုန်း ကျေးရွာနေ အောင်ကျော်ညွန့်(၄၂)နှစ်မှာ ယာဘက်ရင်အုံပွန်းပဲ့၊ ၀ဲဘက်နားထင်ပွန်းပဲ့ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ ရွာမရပ်ကွက်နေ ခင်မောင်ထွေး(၃၀)နှစ်မှာ ယာဘက်ပုခုံးပွန်းပဲ့၊ ယာဘက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။ သို့ဖြစ်၍ သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူခင်မောင်ထွေးတို့အား လုံးခင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည် (Facebook)


ဒလတွင်သိမ်းဆည်းခံ လယ်မြေဧက၂၀၀ ပြန်ရရှိရန် ဆန္ဒထုတ်ဖော်

ရန်ကုန်မြို့တော် တစ်ဖက်ကမ်းရှိ ဒလမြို့နယ်အတွင်း အိမ်ရာစီမံကိန်း အတွက် အစိုးရက သိမ်းဆည်းထားသော လယ်မြေ ဧက၂၀၀ ခန့်ကို လယ်ယာမြေစုံစမ်းရေး ကော်မရှင်က အမြန်ဆုံး စိစစ်ဖော်ထုတ်ပေး ရန် လယ်သိမ်းခံ လယ်သမားများက ဒလမြို့ သမ္ဗန်ဆိပ်ကွင်း၌ မေလ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်လာဈေးမြင့်တက်မှု ဗဟိုဘဏ် ၀င်ထိန်းမည်မဟုတ်

ပြည်တွင်းမှာ လတ်တလော နိုင်ငံခြားသုံးငွေ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက် လာရခြင်းက ဈေးကွက်ရဲ့ သဘော သဘာဝဖြစ်တဲ့ ၀ယ်လိုအား မြင့်တက်လာ ခြင်းကြောင့် ဖြစ်တဲ့အတွက် ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ထိန်းကျောင်းမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်တာဝန် ရှိသူတဦးက ပြောပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်