တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကားထဲ၌ ပစ်ခတ်ခံရ


တာချီလိတ် မတ် ၃၁

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် မတ် ၃၀ ရက် သန်းခေါင်ကျော်က ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ ရွှေမိသားစု ဟိုတယ်ရှေ့ရှိ ဦးအားဂျာ ရေဆေးခုံကားဝင်းအတွင်း ထိုင်းနိုင်ငံ ပူလီလန်မြို့နေ အသက် (၄၉ နှစ်) အရွယ်ရှိ နိုင်းကိုးမင်းသည် မော်တော်ကားအတွင်း ထိုင်လျှက်အနေအထားဖြင့် သေဆုံးနေသည်။ သေဆုံးသူ၏ ဦးခေါင်းဝဲချိုစောင်းတွင် ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ နောက်စေ့ယာ ဖောက်ထွက်ဒဏ်ရာ (၁) ချက်၊ ယာရင်ညွန့်ဖောက်ဝင် ဒဏ်ရာ (၁) ချက်၊ နောက်စေ့ယာ ဖောက်ထွက် ဒဏ်ရာ (၁)ချက် ၊ ၀ဲလက်မောင်းဖောက်ဝင် ဒဏ်ရာ (၁) ချက်၊ ယာနံဘေးဖောက်ထွက် ဒဏ်ရာ (၁) ချက်တို့ဖြင့် စုစုပေါင်း သေနတ်ဒဏ်ရာ (၆) ချက် ဒဏ်ရာရရှိခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် မတ် ၂၂ ရက်က ပြန်ပေးဆွဲမှုတစ်ခု၊ မတ် ၂၇ ရက်တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေပြီး မတ် ၃၀ ရက်ညနေခင်းတွင် ကလေးငယ်၏ရုပ်အလောင်းအား မယ်ဆိုင်ချောင်း အတွင်းတွေ့ရှိမှု၊ ယခုတဖန် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှု စသည့် မှုခင်းများ ရက်ဆက် ဖြစ်ပွား လျှက်ရှိကြောင်း သိရှိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကားထဲ၌ ပစ်ခတ်ခံရ တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကားထဲ၌ ပစ်ခတ်ခံရ Reviewed by သစ်ထူးလွင် on 16:33 Rating: 5
Powered by Blogger.