ဇူလိုင်လ (၁)ရက်နေ့ ထုတ် မှုခင်းသတင်း ဂျာနယ် အတွဲ-၁၉၊ အမှတ်-၃၄

ဇူလိုင်လ (၁)ရက်နေ့ ထုတ် မှုခင်းသတင်း ဂျာနယ် အတွဲ-၁၉၊ အမှတ်-၃၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇွန်လ (၂၉)ရက်နေ့ ထုတ် The Messenger News Journal Vol.၆,No.4

ဇွန်လ (၂၉)ရက်နေ့ ထုတ် The Messenger News Journal Vol.၆,No.4

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



 

ဇွန်လ (၂၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၄ အမှတ် ၉

ဇွန်လ (၂၈)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၄ အမှတ် ၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇူလိုင်လ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

ဇူလိုင်လ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



 

ဇွန်လ (၃၀)ရက်နေ့ ထုတ် The Messenger Daily Newspape

ဇွန်လ (၃၀)ရက်နေ့ ထုတ် The Messenger Daily Newspaper

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖွဲ့စည်းပုံပြင်ရေး ကျောင်းသားတွေ ဆန္ဒပြ


လွှတ်တော်ထဲ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက် လွှတ်တော်မှာ မအောင်မမြင် ဖြစ်ခဲ့တဲ့နောက်၊ အခုလို ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

လွှတ်တော်တွင်းမှာ လူထုက ရွေးကောက် တင်မြှောက်တာမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ပေးထားတဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲထားတာ မဟုတ်ဘဲ လူတစု၊ တဖွဲ့ရဲ့ ကောင်းစားရေးကို အခြေခံ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်လို့ ဒါကို လက်မခံနိုင်ဘူးလို့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒြုပကြတဲ့ ဦးဆောင် ကျောင်းသားတွေက ပြောပါတယ်။ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ စံနှုန်းစံညွှန်းတွေနဲ့ မညီသ၍ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုသွားမယ်လို့ ဦးဆောင် ဆန္ဒပြ ကျောင်းသားလူငယ်တဦးဖြစ်တဲ့ ကိုရဲဇာနည်က ပြောပါတယ်။

“အဓိကကဗျာ - ဖွဲ့စည်းပုံပြင်ဆင်ရေးကာလမှာ ကျနော်တို့က ပြည်သူ့ဆန္ဒ၊ ပြည်သူကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြောနေတယ်ဗျာ။ အဲဒီကာလမှာ ကျနော်တို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါ့ဗျာ ပြည်သူ့ဆန္ဒနဲ့အညီ မပြင်ဘဲနဲ့ လွှတ်တော်တခုလုံးကနေ ကန့်ကွက်နေတယ်ဗျာ။ အထူးသဖြင့် ရွေးကောက်ခံ မဟုတ်ဘဲနဲ့၊ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအရ မတရားယူထားတဲ့ တပ်မတော် ၂၅% က ပြည်သူ့ဆန္ဒနဲ့အညီ မဟုတ်ဘဲနဲ့ တဦးတယောက်၊ တဖွဲ့တစည်းရဲ့၊ သူတို့အားထားရမယ့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ပြည်သူ့ဆန္ဒကို ငြင်းပယ်နေတာကိုတော့ ကျနော်တို့ လက်သင့် မခံနိုင်ဘူးလေ။ အဲဒီတော့ ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို ကြိုးစားတာပေါ့။ ရုန်းကန်ကြတာပေါ့။”

ညနေ ၃ နာရီလောက်ကစပြီး သိမ်ကြီးဈေးကနေ ဆူးလေအထိ ကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ပြီး လမ်းလျှောက် ချီတက်ခဲ့ကြတာမှာ အာဏာပိုင်တွေဘက်က အင်အားသုံး ဟန့်တားတာတွေ ရှိခဲ့တယ်လို့လည်း ကိုရဲဇာနည်က ပြောပြပါတယ်။

“လမ်းမှာကျနော်တို့ သုံးခါလောက် အပိတ်ခံရတယ်။ လမ်းမှာဆိုရင် ဒိုင်းတွေနဲ့ ရဲတွေက အင်အားသုံးပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးပြီးတော့ အကြမ်းဖက်ပုံစံမျိုး ပြုလုပ်တယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့ ဖောက်ထွက်လာခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့ ပြတဲ့အချိန်မှာ ကျောင်းသူတွေ အများကြီး ပါတယ်ဗျာ။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြတာလို့ ပြောတဲ့အခါမှာ ကျနော်တို့ ထွက်မယ်ဆိုတော့ တွန်းထားတယ်ဗျာ။ ရုန်းရင်းဆန်ခတ်ပဲဗျ။ ကိုယ်ထိလက်ရောက် ရှိလား မရှိလားတော့ စဉ်းစားသာကြည့်တော့။ ကျနော်တို့ အမျိုးသမီးတွေ ပါတယ်ဗျာ။ ကျောင်းသူတွေ။ ကျနော် ပြောချင်တာကတော့ အင်အားသုံးတာပေါ့ဗျာ။ ရဲအင်အား နှစ်တန်း သုံးတန်းလောက်ကို ထားပြီးတော့လေ။ ဒိုင်းက တတန်း၊ လူက တတန်း၊ နောက်မှာ လူနောက်တတန်း။ နှစ်တန်း သုံးတန်းလောက်ကို ထားပြီး ဒီလိုမျိုး အင်အားသုံးပြီးတော့ ကျနော်တို့ကို လုပ်တာ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်တာဗျာ။ ကျနော်တို့ကတော့ ဒီလိုပဲ ခံစားရတယ်။”

ဆန္ဒမပြခင်တုန်းကရော ဒီဆန္ဒပြပွဲအတွက် အာဏာပိုင်တွေဆီမှာ ကြိုတင်ပြီးတော့ ခွင့်ပြုချက် ယူခဲ့တာမျိုးတွေ ရှိသလား။

“ကျနော်တို့က အဲဒီခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က အယုံအကြည် မရှိဘူးဗျ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးဆိုတာ ဒါတွေလုပ်လို့ရပါတယ်။ ငြိမ်းချမ်းစွာ စုဝေးလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဟောပြောလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဖွဲ့စည်းပိုင်ခွင့် ရှိတယ်ဆိုတာ ဒါ နိုင်ငံသားအခွင့်အရေးဗျ။ မူလအခွင့်အရေးဗျ။ အဲဒါကို ကျနော်တို့က စုဖွဲ့ပါမယ်ဆိုပြီး သွားပြီးတော့ ခွင့်ပြုမိန့် တောင်းပြီးမှ လုပ်ရတယ်ဆိုတာ ကျနော်တို့ နိုင်ငံသား အခွင့်အရေးကို အဲဒီလိုမျိုး လုပ်ရမယ့်အရာ မဟုတ်ဘူးလို့ ကျနော်ကတော့ ထင်တယ်။ အဲဒီအတွက် ကျနော်တို့ ကျောင်းသားတွေ တောက်လျှောက်လုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှန်သမျှ ကျနော်တို့ ခွင့်ပြုချက်တင်တယ်ဆိုတာ အယုံအကြည်မရှိတဲ့အတွက် တင်မှာမဟုတ်ဘူးလေ။”

ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုရဲဇာနည် ပြောသွားတာပါ။ လောလောဆယ်မှာတော့ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျောင်းသားဆန္ဒပြသူတွေကို အရေးယူတာမျိုး၊ ဖမ်းဆီးတာမျိုး မကြားရသေးပါဘူး။

လက်ရှိ ဖွဲ့စည်းပုံ အခြေဥပဒေမှာ လူထုက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သားကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတာကြောင့် စစ်တပ်ရဲ့ ပါဝင်ချုပ်ကိုင်မှု အခန်းကဏ္ဍကို ဖယ်ရှားပေးဖို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ စစ်အစိုးရ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်က လွှတ်တော်မှာ ၂၅% နေရာယူထားတာအပြင် တခြား ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ၊ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဒါကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေသလို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် ၇၅% ထောက်ခံချက် မရခဲ့တာကြောင့် ဒီအဆိုပြုချက် လွှတ်တော်တွင်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

မခင်ဖြူထွေး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရသေ့တောင်မြို့နယ်မှဒေသခံများ တိုက်နယ်ဆေးရုံရရှိရေး ဆန္ဒထုတ်ဖေါ်


ဇွန်လ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ တိုက်နယ်ဆေးရုံတစ်ခုရရှိရေး အတွက်ဒေခံများက ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်တန်းတိုက်နယ်အုပ်စုတွင် ကျေးရွာပေါင်း ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်နှင့် သွားလာရခက်ခဲ့ ကာ ဒေသခံများ၏ ကျန်းမာရေးအတွက် များစွာထိခိုက်လျက်ရှိကြောင်းလည်းသိရသည်။

“ ဒီတိုက်နယ်မှာ ဆေးရုံမရှိတဲ့အတွက် ဒေသခံတွေအများကြီး ကျန်းမာရေးအတွက် ဒုက္ခရောက်ကြရတယ်။ နာမကျန်းလို့ ရသေ့တောင်ကိုသွားဆေးကုမယ်ဆိုရင် ဘုတ်နဲ့ ၅ နာရီ လောက်မောင်းရတယ်။ အထက်ကို တင်ပြတာလဲကြာပြီ၊ ဒါပေမဲ့အခုထိကျမလာအတဲ့အတွက် ကျွန်တော်တို့အခုလို ဆန္ဒဖေါ်ထုတ်ရတာ ဖြစ်တယ်။ တစ်ချို့ လူနာတွေဆိုရင် ဆေးရုံကိုသွားရင်းနဲ့ လမ်းမှာသေဆုံးသွားရတာတွေလဲရှိတယ်”ဟု ဆန္ဒဖေါ်ထုတ်မှုကို ဦးဆောင်သူ ဦးမောင်သောင်းချေကပြောသည်။


လက်ရှိကျောက်တန်းတိုက်နယ်ကျေးရွာများတွင် ကျေးလက်ဆေးပေးခန်းသာရှိပြီ မြို့ကိုသွားရန်ရေလမ်းကို သာအထိကသွားလာနေရကြောင်းနှင့် မိုးရာသီဖြစ်သည်အတွက်ပို၍ သွားလာရခက်ခဲ့နေကြကြောင်း၊ ကျောက်တန်း တိုက်နယ်တွင် လူဦးရေ ၃၅၀၀၀ ကျော်ခန့်နေထိုင်လျက်ရှိရာ တိုက်နယ်ဆေးရုံ တစ်ခုမဖြစ်အနေလို အပ်နေကြောင်း လည်းသိရသည်။

“ကျွန်တော်တို့ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှာ ရွာပေါင်း ၄၃ ရွာရှိပါတယ်။ လူဦးရေအားဖြင့် ၃၅၀၀၀ ကျော်ရှိတယ်။


အဲဒီမှာ ဆေးပေးခန်းတစ်ခုတည်းသာရှိတယ်။ ဒါ့ကြောင့်ကျွန် တော်တို့ဒေသမှာကျန်းမာရေး စောင့်ရှောက်မှုအဓိကလိုအပ်နေတဲ့အတွက် ဆေးရုံတစ်ရုံလျှောက်ထားတာ သုံးနှစ်ခန့် ရှိပါပြီ။ အဲဒါ အခုထိဘာမှမရရှိသေးတဲ့အတွက် အစိုးကမသိလို့လား။

ဒါမှမဟုတ် ပြည်နယ်ကပဲခုထားလို့လားဆိုတာကို အခုထိ သိရသေးတဲ့အတွက် အခုလို ဆန္ဒထုတ်ဖေါ် လိုက်ရတာပါ”ဟု ဆန္ဒထုတ်ဖေါ်မှုတွင်ပါဝင်သူ ဒေသခံတစ်ဦးကလည်း ပြောသည်။

ယင်းဆန္ဒဖေါ်ထုတ်မှုတွင် လူအင်းအား ၂၀၀ ကျော်ခန့်ပါဝင်ခဲ့ကြပြီး၊ နေ့လည် ၁၂ နာရ်ီမှစတင်ခဲ့ကြကာ နေ့လည် ၁ နာရီအချိန်၌ ပြီးဆုံးခဲ့ကြကြောင်းလည်းသိရသည်။

မောရဇော်(ကျောက်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မှတ်ပုံတင်မရှိသော တိုင်းရင်းသားများအားလုံး မဲပေးခွင့်ရရှိမည်


မြန်မာနိုင်ငံအရပ်ရပ်ရှိ မှတ်ပုံတင် မရှိဘဲ နေထိုင်ခဲ့သော ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲကြီးကာလ အတွင်း လွတ်လပ်သော မဲပေးခွင့်တရပ် ရရှိကြမည်ဖြစ်ကြာင်း မြန်မာနိုင်ငံအနှံ့ အပြားတွင် မဲရုံတထောင်ကျော်ကို ကြား နေစောင့်ကြည့်မည့် အဖွဲ့ခေါင်းဆောင် ဦးစိုင်ကျော်စွာမြင့်က ပြောကြားသည်။

ဆန္ဒမဲပေးနိုင်သော မြန်မာနိုင်ငံ အနှံ့အပြားတွင်နေထိုင်သော ဒေသခံများ စွာမှာ မှတ်ပုံတင်ကို မိဘဘိုးဘွားများက အစ မပြုလုပ်ခဲ့ဘဲနေထိုင်သူ များစွာရှိနေ ပြီး ထိုသူများတွင် ကျေးလက်နေပြည်သူ များစွာပါဝင်နေကြောင်း၊ အဆိုပါမြန်မာ နိုင်ငံအတွင်း မျိုးဆက်သုံးဆက်နေထိုင်ပြီး သူများနှင့် ဘိုးဘွားအစဉ်အဆက်နေထိုင် ခဲ့သော်လည်း မှတ်ပုံတင်မရှိဘဲ နေထိုင်သူ များအနေဖြင့် ရပ်ကျေးကော်မတီသုံးရပ်က ထောက်ခံပါက ထိုသူများ၏ဆန်္ဒအရ မိမိတို့ ကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်လောင်းကို မဲပေးခွင့်ရရှိကြမည်ဖြစ် ကြောင်းလည်း သိရသည်။

““ကျွန်တော်တို့ဒေသမှာ နိုင်ငံခြား ထွက် အလုပ်လုပ်တဲ့သူသာ မှတ်ပုံတင် လုပ်ကြတာပါ။ အချို့ဆိုရင် အသက်သုံး ဆယ်ကျော်တာတောင် မှတ်ပုံတင်မရှိသူ တွေ အများကြီးရှိပါတယ်။ အချို့နေရာများ တွင် အသက်တရာကျော်ရှိနေသူတွေ တောင် အများကြီးရှိပါတယ်။ သူတို့တွေမှာ မှတ်ပုံတင်မရှိကြဘူး။

သူတို့တွေကလည်းဘယ်မှမသွားကြပါဘူး””ဟု မြေလတ် ဒေသနေ ပြည်သူများစွာထံက ပြောဆိုကြ သည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူများစွာ ကို အလွယ်တကူမဲပေးနိုင်ရန် ပြည်ထောင် စုအစိုးရက ကျေးလက်ဒေသများအထိ နိုင်ငံသားစိစစ်ဆေးကတ်ပြားများ ငွေ ၆ ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း နေရာ များစွာတွင် ကျပ် ၂၅၀၀ မှ ကျပ် ၃ ထောင်အထိ ပေးနေရသောကြောင့်အဆိုပါငွေကြေးကိုအပိုမသုံးချင်သော နိုင်ငံသားများအနေဖြင့် မှတ်ပုံတင်ကတ် ပြားများ မလုပ်ကြကြောင်းလည်း သိရ သည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ ၃၃ သန်းကျော်ရှိမည်ဟု ရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူများက ခန့်မှန်းထားသော် လည်းအများစုမှာ ရွေးကောက်ပွဲကို စိတ် မ၀င်စားဘဲရှိနေပြီးထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတနိုင်ငံတည်း မဟုတ်ဘဲသြစတြေးလျနိုင်ငံကလွဲပြီးကမ်္ဘာ့နိုင်ငံများတွင်မဲပေးချင်သူအရေအတွက် ကျဆင်း နေကြောင်းလည်း စာရင်းဇယားသုတသန ပြုချက်များအား ရည်ညွှန်းလျက် ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အင်ဒိုနီးရှား လေယာဉ်ပျက်ကျ၊ ၁၀၀ ကျော် သေဆုံးနိုင်

ပျက်ကျရာမှာ နေအိမ် ၂ လုံးနဲ့ ဟိုတယ် တစ်လုံးကို ဝင်တိုက်ခဲ့။ 
 အင်ဒိုနီးရှား နိုင်ငံ၊ မက်ဒန် မြို့က လူနေ ရပ်ကွက်ထဲကို စစ်သုံး ပို့ဆောင်ရေး လေယာဉ် တစ်စီး ပျက်ကျ ခဲ့ရာမှာ သေဆုံးသူ တစ်ရာကျော် အထိ ရှိနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဟာကျူလီ C-130 အမျိုးအစား စစ်လေယာဉ် ပျက်ကျစဉ်မှာ အိမ် ၂ လုံးနဲ့ ဟိုတယ် တစ်လုံးကို ဝင်တိုက်ပြီးနောက် မီးလောင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပျက်ကျတဲ့ နေရာကို အင်ဒိုနီးရှား လေတပ် အကြီးအကဲ Agus Supriatna လာရောက် ကြည့်ရှုခဲ့ရာမှာ သူက လေယာဉ်ပေါ် ပါသူ ၁၁၃ ယောက် ရှိပြီး အသက်ရှင်သူ မရှိကြောင်း အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

နည်းပညာပိုင်း ပြဿနာတွေ ရှိတဲ့အတွက် စခန်းကို ပြန်လှည့်ဖို့ အဲဒီ စစ်လေယာဉ်မှူးက ခွင့်တောင်းခဲ့ပြီးနောက် လေယာဉ်ကို ပြန်လှည့်ရာမှာ ခုလို ပျက်ကျခဲ့တာလို့ လေတပ် အကြီးအကဲက ပြောပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မီးတောက်နဲ့ မီးခိုးတွေ ကြားမှာ လုပ်ဆောင်နေဆဲ ဖြစ်ပြီး ခုချိန်အထိ အလောင်း ၅၀ ခန့်ကိုသာ ပြန်လည် တွေ့ရှိရ ပါသေးတယ်။

မက်ဒန် မြို့ပေါ်ကို အခုလို လေယာဉ် ပျက်ကျတာဟာ ၁၀ နှစ်အတွင်း ဒုတိယ အကြိမ် ဖြစ်ပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာ လတုန်းကလည်း ဘိုအင်း ၇၃၇ လေယာဉ် တစ်စီး လူနေ ရပ်ကွက်ပေါ် ပျက်ကျခဲ့လို့ လူ ၁၄၃ ယောက် သေဆုံးခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese



ခြေ/ဥ ပြင်ဆင်ရေးမဲခွဲမှု ရှုံးနိမ့်ခဲ့ခြင်းကို လွှတ်တော်တွင်း အားရ၀မ်းသာ လက်ခုပ်ထတီးကြသည့် တပ်ကိုယ်စားလှယ် ၂၅% ကို မကျေနပ်၍ ဆန္ဒပြ ခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်ဆို


လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်း နှုတ်ထွက်ပေးရေး အဓိက ဦးတည်ကာ တောင်းဆိုခဲ့ကြသည့် စုပေါင်း ဆန္ဒဖော်ထုတ်ပွဲအား ဇွန်၃၀ရက် နေ့ လည့် ၃နာရီခန့်က ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေခန်းမရှေ့အထိ တကသကျောင်းသား များ ကဦးဆောင်ကာ အနီးအနားရှိ ပြည်သူအချို့မှ ပါဝင်ခဲ့ကြောင်း သိရသည်။

ဇွန်လ၂၅ရက်နေ့က လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံတွင်ပါဝင်သည့် ဥပဒေ ၆ခု ကိုပြင် ဆင်ရန် မဲခွဲဆုံးဖြတ်ရာတွင် တစ်ခု သာ အောင်မြင်ခဲ့ သည့်အတွက် လွှတ်တော်တွင်းက တပ်ကိုယ်စားလှယ်များက အားရ၀မ်း သာ လက်ခုပ်ထတီးကြခြင်းကို မကျေနပ်ကြောင်း အဆိုပါဆန္ဒပြပွဲ တွင်ပါဝင်သည့် ဒီမိုကေ ရစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင် က ပြောသည်။

"ကျွန်တော်နိုင်ငံရဲ့အခြေခံဥပဒေပြင်ဆင်ရေးက အရေးကြီးပါတယ်။ အရေးကြီးတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ မဲခွဲတဲ့နေရာမှာ တပ်မတော်သားကိုယ် စားလှယ်တွေက ပြည်သူကို မျက်နှာမထောက်ဘဲ တစ်ဦးတစ်ယောက် အကျိုးအတွက် ပဲ မဲပေးတဲ့အပြင်အားပါးတရ လက်ခုပ်တီးသွားတဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတောင်းဆို တာဖြစ်တယ်"ဟု ၄င်းကဆိုသည်။


“အဓိကက ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က အားလုံးကိုချုပ် ကိုင်ချင်နေလို့ပါ။ ဒါကြောင့် လွှတ်တော်ထဲမှာ ပြည်သူကို တကယ် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရှား ပါးပြီး နေရာတွေ ကို ပြည်သူအတွက် ကိုယ်စားမပြုတဲ့ လူတွေအတွက် ပေးထားရတော့ ဒီမိုကရေစီကို အစစ်မှန် သွားနိုင်မှာ မဟုတ်ဘူး”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင် သူ ကျောင်းသား တစ်ဦးဖြစ်သည့် ကိုရဲဇာနည်ထွန်းက ပြောသည်။


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအပါ အဝင် ပြည်သူလူထုတောင်းဆိုသည့် အချက်များစွာ မရရှိခဲ့ခြင်းမှာ လွှတ်တော်ထဲတွင် တပ်မတော်သား(၂၅)ရာခိုင်နှုန်း ပါဝင်နေရခြင်းသည် အဓိကဖြစ်ပြီး ပြည်သူ အား အမှန်တကယ်ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ ပေါ်ထွက်လာရေးမှာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

“လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေမရှိဘူး။ ဒါကြောင့် ပြည်သူတွေ လိုချင်တာတွေ၊ ကျောင်းသား တွေ လိုချင်တာတွေ ဖြစ်လာ မှာမဟုတ် ဘူး။ ပြည်သူတွေ၊ ကျောင်းသားတွေ လိုချင် တာဖြစ်လာဖို့ဆိုရင် လွှတ် တော် ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေရှိနေမှဖြစ်မယ်။”ဟု ဆန္ဒပြရာ တွင်ပါဝင်သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ လုံခြုံရေးအင်အား (၁၀၀ )၀န်းကျင် တာဝန်ယူ ခဲ့သည်။ ဆန္ဒပြရာ လမ်းတစ်လျောက်တွင်ရဲတပ်ဖွဲ့မှ ၃ကြိမ်ထက်မနည်း အင်းအားသုံး တားဆီးခြင်း ခံရပြီး အတားအဆီး များကို လာရောက်ကြည်ရူ အားပေး သည့် ပြည်သူများ အကူအညီဖြင့် ကျော်ဖြတ် ကာ၃:၄၀ ခန့်တွင်ဆူးလေခန်း မရှေ့ပလက်ဖောင်းကိုရောက် ရှိပြီး ဟောပြောခြင်းများ ပြုလုပ်ပြီး ညနေ၄နာရီခွဲ
ခန့် တွင်အေးချမ်းစွာ လူစုခွဲသွားကြောင်း သိရသည်။

သတင်း -စိုင်းဟန်၊ MMK
ဓာတ်ပုံ- စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

အိမ်ခန်းအတွင်းထားရှိသော ဓါတ်ဆီပုံးကို မီးစွဲလောင်ရာမှ ၂ ဦးသေဆုံး


ဇွန် (၃၀) လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ တွင် ဇွန်လ ၂၉ ရက်၊ ည ၁၀ နာရီခန့် က ရပ်ကွက် (၁) နယ်မြေ (၁)၊ ပါရမီ လမ်းသွယ် (၁၀) ရှိ သွပ်မိုး၊ထရံကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ အိမ်ရှင်အမျိုးသမီးနှင့် သူမ၏သားဖြစ်သူ တို့ မှာ မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သော သွပ်မိုး၊ထရံကာနေအိမ်တွင် ဒေါ်တင်စိုး (၃၅) နှစ် (ဘ) ဦးမြတ်မိုး၊ အ၀တ်လျှော်၊ ဗမာ/ဗုဒ္ဓ သည် သားဖြစ်သူ မောင်နှစ်ဆန်းအောင် (၁၂) နှစ် (ဘ) ဦးမင်းဇော်၊ အထက (၁) (၅)တန်းနှင့် သမီးဖြစ်သူ မစိုးသန္တာထွန်း (၁၅) နှစ် (ဘ) ဦးမင်းဇော်၊ အထက (၁) (၈) တန်း တို့ နှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပုံ ကို သမီးဖြစ်သူ မစိုးသန္တာထွန်းက ပြောပြချက်အရ ဒေါ်တင်တင်စိုးမှ ဘုရားစဉ်အား မီးထွန်းရာမှ နံရံအား မီးကူးစက် လောင်ကျွမ်းပြီး အနီးတွင်ထားရှိသော ဆိုင်ကယ်ဆီဖြည့်ရန်ဖြစ်သည့် ဓါတ်ဆီ(၂)ဂါလံပါ ဓါတ်ဆီပုံးအား မီးကူးစက် လောင်ကျွမ်းကာ ဒေါ်တင်တင်စိုးနှင့် မောင်နှစ်ဆန်းအောင် တို့ အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မစိုးသန္တာ ထွန်းလည်း ကြောက်လန့် တကြားဖြင့် ထွက်ပြေးခဲ့ကြောင်း၊ ဒေါ်တင်တင်စိုးနှင့် သားဖြစ်သူ မောင်နှစ်ဆန်းအောင် မှာမူ အသက်ဘေးမှလွတ်အောင် မပြေးနိုင်တော့ဘဲ မီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုကို လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူး၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့ မရဲစခန်းမှူး၊ မြို့ နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ ရောက်ရှိခဲ့ပြီး မီးငြိမ်းသတ်ခဲ့ရာ ၁၀း၂၀ ခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့  မိခင်နှင့်မောင် မီးလောင်ကျွမ်းသေဆုံးခဲ့ပြီး နေစရာအိမ်ပါ ဆုံးရှုံးခဲ့ရသူ မစိုးသန္တာထွန်းအား လူသားချင်း စာနာထောက်ထားသောအားဖြင့် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး ဦးစီးကာ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးရုံး၊ ရုံးအဖွဲ့ များ၊ လားရှိုးမြို့ မရဲစခန်းမှူး၊ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးတို့ က ငွေကျပ် ၃၁၆၀၀၊ ဆန် (၂) အိတ်၊ နှင့် (၅)ဂါလံပါ စားဆီတစ်ပုံးကို လက်ရောက်ပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/lashio.news.city

ဂရိကြွေးမြီကြောင့် စတော့ဈေးတွေ ကျဆင်း

(Credit: AFP) 
ဂရိနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ကြွေးမြီကိစ္စကြောင့် ​နိုင်ငံအတော်များများမှာ ​စတော့ဈေးကွက်တွေ ​ကျဆင်းနေပါတယ်။

အမေရိကန်၊ ​ဥရောပနဲ့ ​သြစတြေးလျနိုင်ငံမှာ ​ဈေးကွက်တွေ ​ထိုးချခဲ့ပြီး ​အရင်နှစ် ​အောက်တိုဘာ ​နောက်ပိုင်း ​အဆိုးဝါးဆုံး ​ဖြစ်ပါတယ်။

ဂရိမှာ ​ဖြစ်နေတဲ့ ​ကိစ္စက ​တရုတ်ကိုပါ ​သွယ်ဝိုက်ပြီး ​ထိခိုက်နေပါတယ်။

ဂရိနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ကိစ္စက ​သြစတြေးလျကိုပါ ​ထိခိုက်နိုင်ပေမယ့် ​အနည်းအကျဉ်းသာ ​ထိခိုက်မယ်လို့ ​ပညာရှင် ​တစ်ဦးက ​သုံးသပ်ပါတယ်။

တရုတ်နိုင်ငံမှာ ​ငွေရေးကြေးရေး ​ပြဿနာဖြစ်လာရင်တော့ ​သြစတြေးလျအတွက် ​ပိုအထိနာမှာ ​ဖြစ်ပါတယ်။

အဲဒါကြောင့် ​တရုတ်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​စီးပွားရေး ​ကျဆင်းမှုကို ​အနီးကပ် ​စောင့်ကြည့်ဖို့ ​စီးပွား ​ပညာရှင်တွေက ​သြစတြေးလျ ​အစိုးရကို ​တိုက်တွန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဂျပန် bullet train ပေါ်မှာ သေကြောင်းကြံမီးရှို့မှုကြောင့် လူ ၂ ဦးသေဆုံး


ဂျပန်နိုင်ငံ Shinkansen bullet train အမြန်ရထားတစီးပေါ်မှာ မိမိကိုယ်ကို မီးတင်ရှို့ခဲ့သူ အမျိုးသားတဦးနဲ့ နောက်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။

မိမိကိုယ်ကို မီးရှို့ခဲ့သူ အမျိုးသားဟာ ရထားရဲ့ ပထမဆုံးတွဲပေါ်မှာ သူ့ကိုယ်သူ လောင်စာဆီလောင်းခဲ့တာလို့ ဂျပန် ရထားဌာနက ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

လူပေါင်း ၁၀၀၀ လောက်ပါတဲ့ အဆိုပါ ရထားဟာ တိုကျိုမြို့ကနေ အိုဆာကာ မြို့ကို သွားနေတာဖြစ်ပြီး ဒေသအချိန် မနက် ၁၁ နာရီခွဲခန့် အိုဒါဝါယာ မြို့အနီးအရောက်မှာ အခင်းဖြစ်ပွားပြီး အရေးပေါ် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန် ရုပ်မြင်သံကြားမှာတော့ ရပ်ထားတဲ့ ရထားတွဲအတွင်း မီးခိုးငွေ့တွေ ပြည့်နေတာကို ပြသခဲ့ပါတယ်။


အနည်းဆုံး လူ ၆ ယောက်လောက် ဒဏ်ရာရရှိသွားပြီး တိုကျို- အိုဆာကာ ပြေး bullet ရထား အားလုံးကို ရပ်နားခဲ့ရတယ်လို့ မီးသတ်ဝန်ထမ်းတွေက ပြောပါတယ်။

ဂျပန်အာဏာပိုင်တွေက အဆိုပါ မီးရှို့အဆုံးစီရင်သူနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုခြင်း မရှိပေမယ့် ကိုယ့်ကိုယ်ကို သတ်သေမှုလို့ ယူဆထားကြပါတယ်။

ဂျပန် bullet train တွေဟာ တစ်နာရီကို ၁၉၅ မိုင်နှုန်းအထိ မြန်ပြီး အန္တာရယ်ကင်း စိတ်ချရတဲ့အတွက် ကမ္ဘာမှာ နာမည်ကြီးပြီး ရထားစတင်ဆွဲခဲ့ချိန်ကစပြီး နှစ် ၅၀ ကျော်ကာလအတွင်း အသေအပျောက် မှတ်တမ်းတခုမှ မရှိခဲ့ဘူးလို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အင်ဒိုနီးရှား လေယာဉ်တစ်စီး ပျက်ကျ၊ အနည်းဆုံး လူ ၃၀ သေဆုံး


 အင်ဒိုနီးရှားနိုင်ငံ Medan မြို့တော်က လူနေရပ်ကွက်ပေါ်ကို အင်ဒိုနီးရှားလေတပ် ပို့ဆောင်ရေး လေယာဉ်တစ်စီး ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ စစ်လေယာဉ်ဟာ အိမ်နှစ်လုံးနဲ့ ကားတစ်စီး ပေါ်ပျက်ကျခဲ့ပြီး မီးတောက်လောင်ခဲ့တယ်လို့ ဒေသတွင်း ရုပ်မြင်သံကြားက ဖော်ပြပြီး စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် Fuad Basya ကတော့ လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာ ပျက်ကျတာဖြစ်ပြီး လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၁၂ ဦးပါရှိတယ်လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့အလောင်းတွေကို လေယာဉ်ပျက် နေရာက ပြန်လည်ရှာဖွေ တွေ့ရှိတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျရာ နေရာမှာ မီးတောက်တွေနဲ့ မီးခိုးတွေ ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဖွဲ့စည်းပုံပြင်ဆင်ပေးရေး တကသကျောင်းသားတွေ ဆန္ဒပြ (ရုပ်/သံ)


လွှတ်တော်အသီးသီးမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကိုယ်စားပြုနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့နဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးဖို့ ဒီနေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ ကျောင်းသား ကျောင်းသူတွေက ရန်ကုန်မြို့ သိမ်ကြီးဈေးကနေ ဗန္ဓုလပန်းခြံရှေ့အထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အနော်ရထာလမ်းမပေါ်မှာ နှစ်နေရာ တားခဲ့ကြပါတယ်။

Photo - အောင်သိင်္ခ/RFA
RFA Burmese


ဇွန်လ ၃၀ ရက်နေ့ တကသကျောင်းသားများဆန္ဒပြ မြင်ကွင်း
Posted by RFA Burmese on Tuesday, June 30, 2015

ကျည်ဆန်ရထားပေါ် အမျိုးသာတဦး မီးရှို့သတ်သေမှုကြောင့် လူ ၂ ဦး သေဆုံး


တိုကျို မှ အိုဆာကာသို့ ဦးတည်မောင်းနှင်သော ကျည်ဆန်ရထားပေါ်တွင် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေရာမှ လူ ၂ ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

 သတင်းများအရ ဇွန် ၃၀ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က နိုဇိုမီ ၂၂၅ ရှင်ကန်ဆန် ရထားပေါ်၌ အမျိုးသားတဦး မိမိကိုယ်ကို ဆီတမျိုးဖြင့်လောင်း၍ မီးတင်ရှို့ ခဲ့ကြောင်း သိရသည်။

 တာဝန်ရှိသူများက မီးကို အလျင်အမြန် ငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆိုပါအမျိုးသား သေဆုံးခဲ့သည်ဟု NHK သတင်းအရ သိရသည်။

 ယင်းဖြစ်ရပ်ကြောင့် ရထားကို ကာနာဂါဝါဒေသ အိုဒါဝါရာမြိုကတွင် နာရီအနည်းငယ်ကြာ ရပ်နားခဲ့ရသည်။

သေဆုံးသူအမျိုးသားသည် ရထား၏ပထမတွဲတွင် လိုက်ပါခဲ့သူဖြစ်၍ အရည်တမျိုးကို ၎င်း၏ကိုယ်ပေါ်နှင့် အနီးတ၀ိုက်တွင် လောင်းချပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း ရထား၏ ပထမတွဲနှင့် ဒုတိယတွဲကြားရှိ သန့်စဉ်ခန်းအနီးတွင် အသက် ၅၀ အရွယ် အမျိုးသမီးတဦး နှလုံးရပ်တန့်၍ လဲကျသေဆုံးသွားခဲ့ရကြောင်း သိရသည်။

 ထို့ပြင် လူ ၄ ဦး မီးခိုးမွှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အခြား ၇ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

၎င်းအမျိုးသားသည် မသေဆုံးမီ ကိုယ်ပေါ်သို့ ဆီများလောင်းချပြီး ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနေသည်ကို ဟန့်တားသူအမျိုးသမီးအား ဘေးကင်းရာသို့ထွက်သွားရန် ပြောခဲ့ကြောင်း ယင်းအမျိုးသမီးက ပြောသည်။

သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးကြောင်း၊ စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

NHK
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တံတားထိုးခွင့်အတည်ပြုလိုက်မှုကြောင့် ဒလမြို့နယ်ရှိမြေဈေးနှုန်းများမြင့်တက်


ဒလ ဇွန် ၂၉

ရန်ကုန်-ဒလတံတားထိုးခွင့် အတည်ပြုလိုက်မှုကြောင့် တွံတေး-ဒလကားလမ်းမကြီးဘေးဝဲယာရှိ မြေဈေးများမှာ အနိမ့်ဆုံးငွေကျပ် သိန်း ၃၅ဝ မှ ငွေကျပ်သိန်း ၄ဝဝဝ ကျော်အထိ အကွက်လိုက်ဈေးနှုန်း မြင့်တက်လျက်ရှိနေကြောင်း ဒလ မြို့ပေါ်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။

တံတားတည်ဆောက်မှုစီမံကိန်း အပိုင်းအရ ရန်ကုန်မြို့ ဘုန်းကြီး လမ်းဘက်အခြမ်းမှ တစ်ဖက်ကမ်း ကူးကာ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်ကိုဖြတ်သန်း၍ ဒလနာရီ စင်လမ်းအတိုင်း တစ်လမ်း၊ ဒလ မြို့ထဲဘက်သို့တစ်လမ်း၊ တွံတေး ဘက်သို့တစ်လမ်းဖြင့် လမ်းသုံးခု ဖြာဆင်းကာ တည်ဆောက်သွား မည်ဖြစ်ပြီး ကနဦးလျာထားချက် မှာ ထိုစီမံကိန်းကို ငါးနှစ်ကြာမည် ဟု နေပြည်တော်ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒလမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၏ ဇွန်လပထမပတ် ကကျင်းပခဲ့သော ဒလမြို့နယ် အတွင်း တွေ့ဆုံပွဲမှသိရသည်။

ဒလမြို့နယ်ရှိအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်တစ်ဦးက''ဒလ မှာမြေဈေးတွေမြင့်တက်လာတာ ကတော့ ရန်ကုန်နဲ့ဒလကို တံတား ထိုးမယ်ဆိုပြီး လွှတ်တော်ကိုတင် သွင်းလိုက်တဲ့အချိန်ကစပြီး ရန်ကုန် မြို့ပေါ်က မြေအရောင်းအဝယ် သမားတွေ ရောက်လာပါတယ်။ သူတို့က တံတားစီမံကိန်းနဲ့နီးတဲ့ ကျန်စစ်သား၊ တပင်ရွှေထီး၊ ညောင်ကုန်း၊ ရာဇသင်္ကြန်ရပ်ကွက် နဲ့အခြားရပ်ကွက်တော်တော်များ များကိုစရန်ငွေကြိုတင်ပေးချေမှု တွေပြုလုပ်လာကြတာပါ။ အရင်က မြေကွက်ပေ၂ဝx၆ဝ တစ်ကွက်ကို သူတို့ အရောင်းအဝယ်သမား တွေက ငွေကျပ်သိန်း ၁၂ဝ နဲ့ သိန်း ၁၆ဝကြားပေးလာတာကနေ ဒီစီမံ ကိန်းလဲ လုပ်မယ်ကြားကြတော့ ကျပ်သိန်း ၃ဝဝနဲ့ ၃၅ဝကြား ပေး လာကြပြီး အရောင်းအဝယ်ဖြစ် နေတာကိုတွေ့ရပါတယ်'' ဟုပြော သည်။

ယခုလ ဒုတိယပတ်က တွံတေး-ဒလလမ်းပေါ်ရှိ ပေ ၅ဝ x၆ဝ ခြံနှစ်ကွက်တွဲကို ကျပ်သိန်း ၈၆ဝဝ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ကနောင်လမ်းမကြီးရုံး ရှေ့လမ်းတွင် ပေ ၅ဝx၆ဝ တစ် ကွက်ကို ကျပ်သိန်း ၂၅ဝဝဖြင့် ဈေးခေါ်နေကြကြောင်းသိရသည်။ ရာဇသင်္ကြန်နှင့် ညောင်ကုန်းရပ် ကွက်များတွင်လည်း ယခင်က ပေ ၂ဝx၆ဝ တစ်ကွက်ကို ဈေးနှုန်း ကျပ်သိန်း၁၈ဝသာရှိခဲ့ရာမှ ယခု အခါကျပ် ၃၅ဝ ဝန်းကျင်ခန့် မြင့်တက်လျက်ရှိကြောင်း၊ လက်ရှိ ဒလမြို့နယ်တစ်ဖက်ကမ်းမှ လူဦး ရေသုံးသောင်းကျော်ဝန်းကျင်မှာ ရန်ကုန်တစ်ဖက်ကမ်းသို့လာရောက် အလုပ်လုပ်ကိုင်နေကြကြောင်းသိရ သည်။

မောင်စိန်ဝင်း
The Union Daily
http://uniondaily.net

အထပ်မြင့်တိုက်ပေါ်မှ လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး


မန္တလေး ဇွန် ၃၀

ယနေ့ညနေ သုံးနာရီဆယ့်ငါးမိနစ် အချိန်က မန္တလေးမြို့၊ ၈၄လမ်း၊ ၃၉x၄၀ကြားရှိ ဆောက်လက်စ အထပ်မြင့် တိုက်တလုံး၏ အပေါ်ထပ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး ခဲ့ကြောင်း သိရသည်။

အသက်၄၇နှစ်အရွယ်ရှိ ရေပိုက်ဆင်လုပ်သား ဦးသောင်းမြင့်မှာ အဆိုပါ အဆောက်အဦး၏ အပေါ်ဆုံးထပ်မှ လေးလွှာသို့ပြုတ်ကျခဲ့ကာ ဦးခေါင်းအုတ်ဆက်ကွဲ၊ နှာခေါင်းသွေးထွက်၊ ဖူးရောင်၊ ခါးရိုး၊ တင်ပါးသွေးထွက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ လာရောက်စစ်ဆေးနေသည့် ရဲအရာရှိတစ်ဦး၏ ရဲမှတ်တမ်းရေးသား ဖော်ပြချက်များအရ သိရသည်။

ဆောက်လုပ်ရေး ဆိုက်တာဝန်ရှိသူ အင်ဂျင်နီယာတစ်ဦးက မိမိမှာ အခင်းဖြစ်ပြီးမှ
ရောက်လာခြင်းဖြစ်သောကြောင့် ဘာမှ ရေရေရာရာ မပြောနိုင်သေးကြောင်း ပြောသည်။

အဆိုပါ အထပ်မြင့်တိုက်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာအမှတ် ၃.၂၁၉/၄၇၇ခွင့်ပြုချက်ဖြင့် ၁၂.၃.၂၀၁၄က စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး
အင်ဂျင်နီယာဦးစန်းကြူက တာဝန်ယူဆောက်လုပ်နေသည့် မြေအောက်ထပ်+အာစီ၂၇ထပ်ရှိ အဆောက်အဦးဖြစ်သည်။

ယခုကဲ့သို့ ဆောက်လုပ်ရေး လုပ်သား သေဆုံးခြင်းမှာ သုံးဦးမြောက်ဖြစ်ပြီး
ပထမတစ်ဦးမှာ တိုက်အပေါ်ထပ်မှ သစ်သားတုံး ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး
ဒုတိယတစ်ဦးမှာ ဂဟေဆော်ရာမှ သေဆုံးခြင်း ဖြစ်ကြောင်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ရပ်ကွက်နေပြည်သူများက ပြောသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily

အကြမ်းဖက်မှု သံသယဖြစ်သူကို တူနီးရှားဖမ်းဆီး

တူနီးရှား ကမ်းခြေမှာ လေးဘီး ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ ရဲတချို့ကို တွေ့ရစဉ် (Credit: Reuters) 
 တူနီးရှားနိုင်ငံ ​ကမ်းခြေ ​တစ်ခုမှာ ​အရင်တစ်ပတ်က ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက် ​တိုက်ခိုက်မှုနဲ့ ​ဆက်စပ်ပြီး ​တူနီးရှား ​အစိုးရက ​ပထမဆုံးအကြိမ် ​ဖမ်းဆီးမှု ​လုပ်လိုက်ပါတယ်။

နိုင်ငံခြားသားတွေ ​အသွားအလာများတဲ့ ​ကမ်းခြေမှာ ​အကြမ်းဖက်မှု ​ဖြစ်ခဲ့ရာက ​လူပေါင်း ​၃၉ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ဖမ်းဆီးမှုအတွင် ​ဘယ်နှစ်ယောက် ​ပါဝင်သလဲဆိုတာ ​မပြောပေမယ့် ​လူအတော်များများကို ​ဖမ်းဆီးခဲ့တယ်လို့ ​ပြည်ထဲရေးရာဝန်ကြီး ​Najem ​Gharsalli ​က ​ပြောပါတယ်။

ဒါက ​ပထမဆုံးအကြိမ် ​ဖမ်းဆီးခြင်းဖြစ်ပြီး ​အဲဒီလူတွေဟာ ​အကြမ်းဖက်မှု ​ပြုလုပ်တဲ့ ​ကွန်ယက်အဖွဲ့ဝင်တွေ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

တူနီးရှား ​ပြည်ထဲရေး ​ဝန်ကြီးဌာန၊ ​ဂျာမနီ၊ ​ပြင်သစ်နဲ့ ​ဗြိတိန်နိုင်ငံတို့ ​ပူးပေါင်းထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာ ​ပြောဆိုထားတာပါ။

အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ငွေကြေး ​ထောက်ပံ့တာပဲ ​ဖြစ်ဖြစ်၊ ​ဘယ်လိုနည်းနဲ့ပဲ ​ဖြစ်ဖြစ် ​အကူအညီ ​ပေးခဲ့သူတွေကို ​ဖမ်းဆီးအရေးယူမယ်လို့လည်း ​ပြောလိုက်ပါတယ်။

အကြမ်းဖက် ​သမားတွေကို ​လစ်ဗျားနိုင်ငံက ​ဂျီဟတ်ဒစ် ​တွေရဲ့ ​စခန်းမှာ ​သင်တန်းတက်ခဲ့ဖူးသလားဆိုတာ ​စုံစမ်းနေတယ်လို့လည်း ​တူနီးရှား ​အစိုးရက ​ပြောပါတယ်။

တက္ကသိုလ်ကျောင်းသား ​Seifeddine ​Rezgui ​က ​အကြမ်းဖက်မှု ​သင်တန်း ​ရယူခဲ့တယ်ဆိုတာကို ​အာဏာပိုင်တွေက ​အတိအကျ ​ပြောဆိုနေပါတယ်။

အခုဆိုရင် ​လုံခြုံရေးသမား ​တစ်ထောင်လောက်ကို ​ကမ်းခြေတွေမှာ ​နေရာချထားပြီလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ပြည်နယ်အစိုးရအဖွဲ့မှ ပယ်ချခဲ့သောပုဒ်မအား ပြည်ထဲရေးဝန်ကြီး ဌာနမှ ခွင့်ပြု


ဂျွန်လ ၂၉ ရက် ၂၀၁၅

သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပယ်ချခဲ့သော အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့် ရှောက်ရေး ဥပဒေ ပုဒ်မ (၃) အား ပြည်ထဲရေးဝန်ကြီး ဌာနမှ တရားစွဲဆို ခွင့်ပြုလိုက် သည် ဟုသတင်းရရှိသည် ။

ရပ်စောက်မြို့နယ်ရဲစခန်းမှ သစ်မှောင်ခို ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆည်းခံ ထားသော တရားခံများအား အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်ေ စာင့်ရှောက်ရေးဥပဒေ ပုဒ်မ (၃) အရတရားစွဲဆိုရာတွင် သျှမ်းပြည်နယ်အစိုးရ အဖွဲ့မှယင်းပုဒ်မအားပယ်ချခဲ့ သော်လည်း ပြည်ထဲရေးဝန်ကြီး (ပြည်ထောင်စု) ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို မှ ဇွန်လ (၂၅) ရက်နေ့က တရားစွဲဆိုခွင့်ပြုလိုက်ကြောင်းတာဝန်ရှိ သူများထံမှသိရသည် ။

" ကျနော်တို့ကတော့ အပက(၃) နဲ့တရားစွဲတယ်ဆိုတာ ဥပဒေလုပ်ထုံး လုပ်နည်း နဲ့အညီ ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ် " ဟု ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ ရပ်စောက်မြို့မ ရဲစခန်းမှ ရဲမှူး ခင်မောင်ဝင်း ကပြောကြားသည် ။

သျှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် မတ်လ(၂၃)ရက်နေ့က သစ်တော ဦးစီးဌာနနှင့် ပြည်နယ်ဗဟို ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော တရားမ၀င် အင်သစ်အမျိုးအစားအလုံးရေ (၅၅) လုံး ၊ တန်ချိန် (၂၈.၆၅၄) တန် အမှုကိစ္စနှင့် ပတ်သက်၍ မြို့ နယ် ရဲစခန်းမှတရားခံအား အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) အရ တရားစွဲဆို နိုင်ရေးအတွက် သျှမ်းပြည် နယ်အစိုးရအဖွဲ့ထံတင်ပြရာတွင် ယင်းပုဒ်မအားပယ်ချရန် သျှမ်းပြည် နယ်အစိုးရအဖွဲ့မှ ညွန်ကြားထားသော်လည်း ပြည်ထဲ ရေးဝန်ကြီး ဌာနမှ တရားစွဲဆိုခွင့် ပြုလိုက်ခြင်းဖြစ်သည် ။

မတ်လ(၂၄) ရက် နေ့ကသစ်တောဦးစီးဌာနနှင့် ပြည်နယ်ဗဟို ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိ သော သစ်လုံး များအား တိုင်းတာအပ်နှံရန် ဆောင်ရွက်နေစဉ် (ဦးစိုးလွင် AD/AE သစ်ထုတ် လုပ်ရေးကုမ္ပဏီ) ၏ညီဖြစ်သူ ဦးစိုးခိုင်နှင့် အပေါင်း အပါ ၄ ဦးမှ ရဲအုပ်အ ဆင့်ရှိသူကို ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်း တို့ ကြောင့် ဦးစိုးခိုင်နှင့် အပေါင်းအပါ (၅) ဦးအား ရပ် စောက်မြို့မရဲစခန်းမှ ပြည်သူပိုင်ပစ္စည်း ကာကွယ် ရေး အက်ဥပဒေပုဒ်မ ၆(၁) ၊ ပြည်သူ့ ၀န်ထမ်းကို ပြင်းထန်စွာနာကျင်စေမှု ပုဒ်မ ၃၃၃ နှင့် တစ်ဦးတည်း မဟုတ်ပဲပူး ပေါင်းပါ ၀င်ရိုက်နှက်မှု ပုဒ်မ ၁၄၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ ခြင်းဖြစ်သည် ။

သျှမ်းပြည်နယ်အတွင်း အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်ေ စာင့် ရှောက်ရေး ဥပဒေပုဒ်မ(၃) နှင့် အရေးယူခဲ့သည့်အမှု ပေါင်း (၁၄) မှုရှိခဲ့ ကြောင်း တာဝန်ရှိသူများ ထံမှဆက်လက်သိရှိရပါသည် ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

လှေစီးဒုက္ခသည်တွေ စခန်းထဲက ထွက်ပြေးနေ


ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပြို လှေစီး ဒုက္ခသည် စခန်း ထဲ ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ လူ ၅ ဦး ထပ် မံ ထွက် ပြေး သွား ပြန် တဲ့ အတွက် ထွက်ပြေးသူ အရေ အတွက် ဟာ အခုဆို ရင် ၁၀ ဦး ကျော် နေပြီ ဖြစ် ပါတယ်။

ဘင်္ဂလေားဒေ့ရှ် နိုင်ငံ ဘက် ကနေ ပြန်လည် လက်ခံ ယူဖို့ စိစစ် နေဆဲ လှေစီး ဒုက္ခသည် ၅၀၀ ကျော် ထဲ ကနေ အခု လို ထွက် ပြေး နေကြတာ ဖြစ် ပါတယ်။

စိစစ် နေတဲ့ အချိန် ဟာ ၁ လ ကျော် နေပြီ ဖြစ်ပြီး ဒုက္ခသည် တွေ အနေနဲ့ လှေပေါ် မှာ လည်း ၃ လ လောက် ကြာမြင့်ခဲ့ ပြီးသူ တွေ ဖြစ်တာ မို့ အိမ်ပြန် လိုစိတ် နဲ့ ထွက် ပြေး ကြတာ ဖြစ်နိုင် တယ်လို့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင် က ဘီဘီစီ ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန် လွှဲ ပေး ခဲ့တာ ၁၈၇ ဦး ရှိ ပြီး ဖြစ်ပါတယ်။

ကယ်ဆယ်ရေး စခန်း ဖြစ်လို့ တင်းတင်းကြပ်ကြပ် စောင့်ကြပ် တာ မျိုး မလုပ် တဲ့ အတွက် အခုလို ထွက် ပြေး နိုင်တာ ဖြစ်တယ် လို့ လည်း ဦးခင်မောင်လွင် က ဆိုပါတယ်။

အခု လို ထွက် ပြေး မှု တွေ ရှိ နေတာ ကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင် တွေ ကို လည်း အကြောင်း ကြားထား တယ်လို့ လည်း ပြောပါတယ်။

ကပ္ပလီ ပြင် ထဲ မှာ လှေစီး ဒုက္ခသည် တွေ အရေး ဖြစ် ပေါ် လာခဲ့တဲ့ နောက် မြန်မာ နိုင်ငံ ရေပိုင် နက် ထဲ ကနေ ကယ်ဆယ် မှု ၂ ကြိမ် ပြုလုပ် ခဲ့တာ မှာ လူ အရေအတွက် အားဖြင့် ၉၀၀ ကျော် ကို ကယ်ဆယ် နိုင် ခဲ့ ပြီး တောင်ပြို စခန်း မှာ လက်ခံ ထားတာ ဖြစ် ပါတယ်။

ဒီ ထဲ ကမှ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန် လွှဲ ပေး ခဲ့တာ ၁၈၇ ဦး ရှိ ပြီး မြန်မာ နိုင်ငံ ထဲ က ထွက်ခွာ ခဲ့ ကြတဲ့ ၁၉၅ ယောက် ကိုတော့ သူတို့ ရဲ့ ရပ်ရွာ တွေ ကို ပြန် လည် ပို့ ဆောင် ခဲ့ ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် တောင်ပြို စခန်းထဲ မှာ ဒုက္ခသည် ၅၀၀ ကျော် ဆက်လက် ရှိနေဆဲ ဖြစ် ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်ပြည်နယ်က ရခိုင်လုပ်သား ၅၀၀ကျော် နေရပ်ပြန်ပို့

 ကချင်ပြည်နယ်မှာ အလုပ်လုပ်နေကြတဲ့ ရခိုင်ရွှေ့ပြောင်းလုပ်သားတွေ ဇွန်လ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့ကနေ ရခိုင်ပြည်နယ်ကို ပြန်ကြစဉ် Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ တနိုင်း-ဟူးကောင်းဒေသက စိုက်ခင်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော်ကို မြစ်ကြီးနားမြို့ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ထံ ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။

ရခိုင်လုပ်သားတွေဟာ အလုပ်အကိုင် အဆင်မပြေတာကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် နေရပ်ကိုပြန်ပို့တာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ရခိုင်ရိုးရာစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဖြူသာချေ က ပြောပါတယ်။

"ရွေ့ပြောင်းသွားလာနေတော့ ကျောင်းနေဖို့လည်းခက်ခဲတယ်၊ ပြီးရင်တောထဲတောင်ထဲဆိုတော့ ကျန်းမာရေး စသည်အားဖြင့် ပြီးရင်အလုပ်ဆိုရင်လည်း တစ်ပတ်မှာ သုံးရက်တောင်ပြည့်အောင်မရှိဘူး၊ ကိုင်းခုတ်တဲ့သူတို့ ငှက်ပျောခြံတွေမှာ လုပ်ကိုင်ကြတယ်၊ တချို့ရာဘာခြံတွေမှာ စသည်အားဖြင့် လုပ်ကိုင်နေကြတယ်၊ အခက်အခဲပေါင်းစုံ ကြုံတွေ့ရတယ်ခင်ဗျ၊ ပညာရေး ကျန်းမာရေး လူမှုရေးပေါ့ အားလုံးအစစအရာရာ ယိုယွင်းတာပေါ့ခင်ဗျာ"

အရင်က ရခိုင်ရွှေ့ပြောင်းလုပ်သား ၉၀၀ ကျော်ကို ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် ကျန်တဲ့ ၄၀၀ လောက်က အလုပ်ရှင်တွေနဲ့ ဈေးဆိုင်တွေကနေ ချေးယူထားတဲ့ ငွေကြေးတွေ ပြန်လည်မဆပ်နိုင်တာကြောင့် နေရပ်ကို မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

အိမ်ထောင်စု ၁၅၀ နီးပါးက လူဦးရေ ၅၀၀ ကျော်ကို မြစ်ကြီးနားမြို့ကနေ စစ်ကိုင်းတိုင်းဒေသကြီး ရွာထောင်ဘူတာကို သီးသန့်မီးရထားနဲ့ စတင်ပို့ဆောင်တာဖြစ်ပြီး အဲ့ဒီကတဆင့် မော်တော်ကားတွေနဲ့ မကွေး-အမ်း တောင်ကြားလမ်းကနေ စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။

အခုလိုပို့ဆောင်တာဟာ ရခိုင်ရိုးရာစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ ကချင်၊ ရခိုင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ကနေ ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ အရေအတွက်ဟာ တစ်သိန်းကျော် လောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ကချင်ပြည်နယ်ထဲမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအားလုံး ပြန်လာချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မီကြာဆိုတောင်က မိုးခေါ်ပွဲ

 မိုးတွင်းချိန်ခါ ရောက်ပြီဟု ဆိုသော်လည်း ကယားပြည်နယ်၏ နေရာတော်တော် များများတွင် မိုးမရွာသည့် အတွက် သီးနှံစပါးစိုက်ပျိုးသည့် တောင်သူ လယ်သမားများ ဒုက္ခရောက်နေကြရသည်။

ရေတွင်းရေကန်များသည်လည်း ခမ်းခြောက်လာသည့်အတွက် သောက်သုံးရေများ ရရှိရန်လည်း ခက်ခဲ လာကြရသည့်အထိ ကျေးရွာတော်တော်များများနှင့် မြို့ပေါ်များတွင် ကြုံတွေ့နေကြရသည်။

မီကြာဆိုတောင်က မိုးခေါ်ပွဲ (ဓါတ်ပုံ-ကေတီ)
မိုးတွင်းချိန်ခါ သီးနှံများအချိန်မှီစိုက်ပျိုးနိုင် ရန်အတွက်ဆိုပြီး လွိုင်ကော်မြို့နယ် ကျေးရွာအုပ်စု အချို့ရှိ တောင်သူလယ်သမားများသည် ဇွန်လ(၃)ရက်နေ့တွင် လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာ အုပ်စုရှိ နိုးကိုးစံပြကျေးရွာအရှေ့ဖက် မီကြာဆို တောင်ထိပ်တွင် မိုးခေါ်ပွဲကို ရိုးရာကျင်းပပြုလုပ်ခဲ့ပါသည်။

ကရင်နီလူမျိုးတို့သည် တောစောင့်နတ် ၊ တောင်စောင့်နတ်ရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် လူသားတို့ကို အနှောက်အယှက်ပေးစေသည့် နတ်ဆိုးများ ၊ အန္တာရာယ်များကို ဖယ်ရှားပေးရန် ကာကွယ်ပေးရန် လူသားတို့၏ဥယျာဉ်၊ ခြံ၊ လယ်ယာမြေများ၊ တောင်ယာမြေများကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန် တောင်းပန်ပူဇော်ရခြင်းဖြစ်သည်။

"ဒီပူဇော်ပသခြင်းကိုလုပ်တာ အဓိက မိုးခေါ်တာပေါ့။ စိုက်ပျိုးရာသီရောက်နေပြီလေ မိုးက ရွာသွန်းမှုမရှိသေးဘူး။ အဲတော့ အချိန်မှီထွန်ယက်စိုက်ပျိုးနိုင်ရန် ရေလိုအပ်တယ် ၊ မိုးလိုအပ်တယ်။

ဒါကြောင့် ကျေးရွာတွင် စုပေါင်းပြီး မိုးခေါ်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ မိုးခေါ်ပွဲဆိုပေမယ့် တောတောင် ၊ ရေ၊မြေ ထိန်းသိမ်းခြင်းလည်းပါတာပေါ့" ဟု နိုးကိုးကျေးရွာအုပ်စု၊ နိုးကိုးစံပြကျေးရွာမှ ကေထျိုးဘိုးကော်မတီဝင် ဦးနျားရယ်ပြောပါသည်။

မီကြာဆိုတောင်က မိုးခေါ်ပွဲ (ဓါတ်ပုံ-ကေတီ)
ယခင်နှစ်တွေဆိုလျင် မေလ အလယ်ပိုင်းတွင် မိုးရွာသွန်းပြီး စိုက်ရန်ပျိုးရန်ပြင်ဆင်နေကြပြီဖြစ်သည်။ ယခုနှစ်မှာတော့ မိုးရွာသွန်းမှုမရှိသေးသလို ထွန်ယက်စိုက်ပျိုးရန်လည်း လယ်တွေမှာ ရေမရှိသေးသည့်အတွက် ဘာမှလုပ်ဆောင်ခြင်းမရှိသေးကြောင်း ဦှးနျားရယ်က ပြောသည်။

ထို့ကြောင့် မိုးခေါ်ပွဲတွင် မိမိတို့ ယုံကြည်ရာ နတ်မင်းကြီးကိုပူဇော်ရန် ၀က်တစ်ကောင်၊ ကျွဲတစ်ကောင်နှင့် ကြက်တစ်ကောင် ပူဇော်ပသကြသည်။ မိုးလေ၀သကောင်းမွန်ရန်၊ တိုင်းပြည်အေးချမ်းသာယာရန်နှင့် ကျန်းမာရေးကောင်းမွန်ရန် စသဖြင့် ဆုတောင်းကြခဲ့ကြသည်။

မီကြာဆို တောင်ထိပ်တွင် ပြုလုပ်သည့် မိုးခေါ်ပွဲ ဆုတောင်ကြရာ ယခုနှစ်အတွက် အဖက်ဖက်က ကောင်းမွန်သည့် လက္ခဏာပြနေကြောင်း နိုးကိုးကျေးရွာအုပ်စုရှိ ကေထျိုးဘိုးဂေါပက အဖွဲ့ဝင် အသက်(၇၀)အရွယ်ရှိ ဦးဈားရယ်က ဆိုပါသည်။

"အခုပူဇော်ပသတာက ကျန်းမာရေးနှင့် တိုင်းပြည်ကတော့ ကောင်းမွန်တဲ့လက္ခဏာပြတယ်။ ကောင်းမွန်တယ်ပေါ့။ ဘာမှ အထစ်အနာအဆာမရှိဘူး။ မိုးကျတော့ မြောက်ပိုင်းမှာ မိုးရွာသွန်းတာ များမယ်။ တောင်ပိုင်းကတော့ မိုးပိုနည်းမယ်။ မြောက်ပိုင်းက မိုးရွာတယ်ဆိုတာလည်း တောင်ပိုင်းကို စီးဆင်းလာမှာပါ ရေတွေက။ မိုးကရွာကိုရွာမယ်။ ဒါပေမယ့် နည်းနည်းတော့ နောက်ကျတယ်" ဟု ဦးဈားရယ်က ပြောသည်။

မီကြာဆိုတောင်က မိုးခေါ်ပွဲ (ဓါတ်ပုံ-ကေတီ)
ထိုမိုးခေါ်ဆုတောင်းပွဲတွင် နိုးကိုးကျေး ရွာအုပ်စုနှင့် ဒေါပေါ်ကလဲ ကျေးရွာ အုပ်စုရှိ ကျေးရွာများ(လူဦးရေ ငါးဆယ်ကျော်တက်ရောက်) စုပေါင်းလုပ်ကြ့ပီး ၎င်းတောင်ပေါ်တွင် (၅)နှစ်တကြိမ်ပုံမှန် ကျင်းပလျက်ရှိကြောင်း သိရပါသည်။

ထို့ပြင်တောင်ပေါ်တွင် မိုးခေါ်ပွဲပြုလုပ်လာသည်မှာ ဘိုးဘွားဘီဘင်လက်ထက်က လုပ်ဆောင်လာကြတာဖြစ် သလိုတောင်ပေါ်ရှိ ထွက်ရှိသော အသီးအနှံသည် အခြားနေရာဒေသမှ ထွက်ရှိသောအသီးအနှံထက် ပိုပြီးအရသာ ရှိကြောင်း နှင့် တောင်ပေါ်တွင် မိုးခေါ်ပွဲပြုလုပ်ပြီး ဆိုသည်နှင့်တပြိုင်တည်း မိုးပုံမှန်ရွာသွန်းလျက်ရှိကြောင်း သိရပါသည်။

တချို့ကျေးရွာများတွင်မူ ရေရရှိရေးအတွက် ရေစောင့်နတ်များကို ပူဇော်ကြသည်။ ရေထွက်ပေါက် များမှ စတင်ရရှိသည့်နေရာများတွင် ပူဇော်ပသခြင်း၊ မြစ်ရေ၊ ချောင်းရေများမှ ရရှိသည့်နေရာများတွင် ပူဇော်ပသ ခြင်းများကို ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ပူဇော်ပသမှုများ ပြုလုပ်လျက်ရှိကြသည်။

Written by ဖြိုးဝေအောင်
 ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org

ပွာတိုရီကို အကြွေးပြဿနာ မကူညီနိုင်လို့ အမေရိကန်ငြင်း

အကြွေး ဒေါ်လာ ၇၂ ဘီလျံ ကို ပြန်မဆပ် နိုင် ဖြစ်နေတယ် လို့  ပွာတိုရီကို အုပ်ချုပ်ရေး မှုး အလဟန်းဒြို ဂါစီယာ ပတ်ဒီးလား က ထုတ်ဖော် ပြော။ 
ဂရိ ကြွေးမြီ ပြဿနာ လိုပဲ နိုင်ငံတကာ ဘဏ္ဍာရေး အပေါ် ဖိအားဖြစ်လာ စေတာ ကတော့ ပွာတိုရီကို ရဲ့ ဘဏ္ဍာရေး အကြပ်အတည်း ပဲ ဖြစ်ပါတယ်။

ကာရစ်ဘီယန် ကျွန်း နိုင်ငံ ပွာတိုရီကိုဟာ အမေရိကန် ရဲ့ အစောင့်ရှောက် ခံ ပိုင်နက် မြေ တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် ပွာတိုရီကို ပြန်မဆပ် နိုင် ဖြစ်နေရတဲ့ နိုင်ငံတကာ ကြွေးမြီ တွေ နဲ့ပတ်သက်ပြီး ဝင်ရောက် ကယ်ဆယ်ဖို့ အစီအစဉ် မရှိ ဘူး လို့ အမေရိကန် အစိုးရ က ပြောလိုက် ပါတယ်။

ပွာတိုရီကို ဟာ တင်ရှိနေတဲ့ အကြွေး ဒေါ်လာ ၇၂ ဘီလျံ ကို ပြန်မဆပ် နိုင် ဖြစ်နေတယ် လို့ ပွာတိုရီကို အုပ်ချုပ်ရေး မှုး အလဟန်းဒြို ဂါစီယာ ပတ်ဒီးလား က ထုတ်ဖော် ပြော ထား ပါတယ်။

ဂရိ ကြွေးမြီ ပြဿနာ ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု တွေ ကို ကိုင်တွယ်နိုင် အောင် ကြိုးစား နေကြရတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်း တွေ အပေါ် မှာ အခု ပွာတိုရီကို အကြပ်အတည်း က လည်း ဖိအားတွေ ပိုပြီး ဖြစ်လာစေ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဥရောပခေါင်းဆောင်တွေ ဝေဖန်မှုကို ဂရိတုန့်ပြန်

ဂရိ ကို သာ ယူရို ငွေကြေး ဈေးကွက် နိုင်ငံတွေ အုပ်စု ကနေ ထုတ် လိုက် ရင် နောက် ဆက် တွဲ ထိခိုက် နိုင် မှာ တွေ က အင်မတန် ကြီး လို့ ဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆီးပရပ်စ် က ပြော
ဂရိ နိုင်ငံ ရဲ့ ကြွေးမြီ ပြဿနာ ကို ဂရိ အစိုးရ ကိုင်တွယ် ပုံ နဲ့ ပတ်သက်ပြီး ဥရောပ ခေါင်းဆောင် တွေ ရဲ့ ဝေဖန် မှု ကို ဂရိ ဝန်ကြီး ချုပ် အလက်ဆီ ဆီးပရပ်စ် က ပြန်လည် တုန့်ပြန် လိုက် ပါတယ်။

တစ်နာရီ ကြာ ပြုလုပ်ခဲ့တဲ့ ရုပ်မြင်သံကြား တွေ့ဆုံ မေးမြန်းခန်း မှာ မစ္စတာ ဆီးပရပ်စ် ဟာ ဂရိ ရဲ့ မြီရှင် တွေ အနေနဲ့ ဂရိ ကို ယူရို ငွေကြေး ဈေးကွက် နိုင်ငံတွေ အုပ်စု ကနေ ထုတ် ပစ် မယ် လို့ သူ မယူဆ ဘူး ဆိုပြီး ပြောပါတယ်။

တကယ်လို့ ဂရိကိုသာ ထုတ်လိုက်ရင် နောက်ဆက်တွဲ ထိခိုက်နိုင်မှာ တွေက အင်မတန် ကြီး လို့ ဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆီးပရပ်စ် က ပြောပါတယ်။

နိုင်ငံတကာ မြီရှင် တွေ အကြံပြု ထားတဲ့ ဂရိ ဘဏ်တွေ ကို ကယ်ဆယ်ရေး အစီအစဉ် သစ် ကို လက်ခံရမလား ဆိုတာ ကို ဆုံးဖြတ် နိုင်ဖို့ ပြုလုပ်မယ့် ဂရိ ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲ ကနေ ထွက်ပေါ် လာမယ့် ရလာဒ် အပေါ် မူတည် ပြီး မြီရှင် တွေ နဲ့ အကြား နောက်ထပ် ညှိနှိုင်း မှု တွေ ပြုလုပ် မှာ ဖြစ်တယ် လို့ မစ္စတာ ဆီးပရပ်စ် က ဆိုပါတယ်။

ဥရော ပ ခေါင်းဆောင် တွေ ကတော့ ဂရိ အစိုးရ ရဲ့ လုပ်ရပ် တွေ ဟာ ဥရောပ တစ်ခု လုံးရဲ့ အနာဂတ် ကို အန္တရာယ် ဖြစ် အောင် တွန်းပို့ နေတယ် ဆိုပြီး သတိပေး ထားပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ဆီးပရပ်စ် ကတော့ အဲဒီလို စွပ်စွဲ ပြစ်တင် မှု တွေ ဟာ ဂရိ အပေါ် အကြပ်ကိုင် ခြိမ်းခြောက် နေကြတာ သာ ဖြစ်တယ် လို့ ပြောထား ပြီး ဂရိ နိုင်ငံသား တွေ အနေနဲ့ လည်း စိတ်အေးအေးထားပြီး တည်တည်ငြိငြိမ် ရှိကြ ဖို့ တိုက်တွန်း ထားပါတယ်။

ဒီ အချိန် မှာပဲ ဂရိ နိုင်ငံ အေသင် မြို့တော် မှာ အစိုးရ ကို ထောက်ခံ သူ ထောင်ပေါင်း များစွာ ဟာ ပါလီမန် အဆောက်အဦ ရှေ့ စုဝေးခဲ့ ကြ ပါတယ်။

နောက် လာမယ့် တနင်္ဂနွေ နေ့ ဆန္ဒ ခံယူ ပွဲ ကျရင် ကယ်ဆယ်ရေး အစီအစဉ် သစ် တွေ ကို လက် မခံ ဘူး ဆိုပြီး မဲ ထည့် ကျမှာ ဖြစ်တယ် လို့ အဲဒီ့ သူတွေ က ပြောပါတယ်။

ဒါပမယ့် အစီအစဉ် သစ်တွေ ကို လက်ခံ လိုတဲ့ သူ တွေ ကလည်း အင်္ဂါနေ့ မှာ တန်ပြန် ဆန္ဒပြ ပွဲ တွေ လုပ် ကြ မှာ ဖြစ်ပါတယ်။

ဂရိ အစိုးရ က လောလောဆယ်ဆယ် ကန့်သတ် ထား သလို ဘဏ်တွေ ကနေ တစ်ရက် ကို ယူရို ၆၀ ပဲ ထုတ် ယူ ဖို့ ငွေထုတ် စက်တွေ ရှေ့ တန်းစီ စောင့် နေကြ တဲ့ လူတန်းရှည် ကြီး တွေ ကိုလည်း တွေ့ ရပါတယ်။

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF ရဲ့ ချေးငွေ ပြန်ဆပ် ဖို့ အင်္ဂါနေ့ မှာ ရက် စေ့ ပြီ ဖြစ်ပေမယ့် ဂရိ အစိုး ရ အနေနဲ့ ပြန် ပေးဖို့ ဘယ် လို အစီစဉ် တစုံတရာ မှ ရှိ မနေဘူး ဆိုပြီး ဂရိ က လာတဲ့ သတင်း တွေ က ပြောနေပါတယ်။

အခုလို ဂရိ ကြွေးမြီ ပြဿနာ အကြပ် အတည်း ကြောင့် တကမ္ဘာလုံး အနှံ့ က စတော့ ရှယ်ယာ ဈေးကွက် တွေ မှာ လည်း ယုံကြည် မှု ပျက် ပြား ပြီး ဈေး နှုန်း တွေ ကျဆင်း ခဲ့ ပါတယ်။

အမေရိကန် စတော့ ဈေးကွက် တန်ဖိုးရဲ့ အဓိက အညွှန်းကိန်း ဖြစ်တဲ့ Dow Jones index ဟာ ၂ % နီးပါး တန်ဖိုး ကျပြီး ဈေးပိတ် ခဲ့ရ တဲ့ အတွက် ဂျွန် ၂၉ ရက် တနင်္လာနေ့ ဟာ ဒီနှစ် အတွက် အမေရိကန် ကုန်သွယ်ရေး ရဲ့ အဆိုးဆုံး နေ့ ဖြစ်ခဲ့ ပါတယ်။

ဂျာမနီ ရဲ့ the Dax လည်း ၃.၅% ၊ လန်ဒန် ရဲ့ Footsie မှာလည်း ၂ % တန်ဖိုး အသီးသီး ကျ သွားပါတယ်။

BBC Burmese
http://www.bbc.com/burmese

အကျင့်ပျက်ချစားမှုဖြင့် မြေတိုင်းအား မြေသိမ်းခံ တောင်သူများက ၀ိုင်းဝန်းတိုင်ကြား


ဂျွန်လ ၂၉ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံအုပ်စုရှိ မြေတိုင်း ၀န်ထမ်းအား မြေသိမ်းခံတောင်သူ လယ်သမားများက အကျင့်ပျက်ခြ စားကိုယ်ကျိုးရှာမှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြား စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည် ။

တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူ ၊ ကျောက်နီ၊ နောင် ကား ကျေးရွာ များတွင် ရွာသား များ၏ ဘိုးဘွားစဉ် ဆက်ပိုင် စိုက်ပျိုးမြေများ အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တပ်မှ အဓမ္မ သိမ်းယူပြီး နောက် ပုဂ္ဂလိကပိုင် အဖြစ်တရားမ၀င်ရောင်းချရာတွင် လာဘ်ငွေယူ၍ ပုံစံ(၁၀၅) ပြုလုပ် ပေးခြင်း အပေါ်မြေတိုင်းဝန်ထမ်းများအား ရွာသားများကထိုသို့ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ပြစ်မှုက အများကြီးဘဲ။ ရပခ တိုင်းရုံးက ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ် သားေ တွ သိမ်းယူတဲ့ ရွာသားတွေရဲ့လယ်ယာမြေတွေ ကို ပြန်ပြီးရောင်း ချဖို့အတွက် မြေတိုင်းက ပွဲခ ယူပြီး ကူညီပေးတယ်။ မြေတိုင်းစာရေး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုတယ်။ စစ်တပ်သိမ်းမြေတွေကိုဝယ်ယူတဲ့ မြနဒီကုမ္ပဏီ ကနေ ဒေသခံ တွေကို ဖိနှိပ်ခြိမ်းခြောက် ရာမှာ လဲလာဘ်ငွေယူပြီး ကုမဏီကို ကူညီပေးတယ်။ အဲတာတွေကြောင့် အရေးယူပေးဖို့ ဒေသခံတောင်သူတွေကနေတိုင်ကြားတာဖြစ်ပါတယ်။ - ဟု လယ်မြေအသိမ်းခံရ တောင်သူတဦးကပြောသည်။

ထိုသို့ ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများ ဆုံးရှုံးအောင် အားပေး ကူညီသည့်အပြင် ဒေသခံတောင်သူတဦးဖြစ်သော ဦးအောင်မြင့် အား မိမိကိုယ်ကိုမီးရှို့သတ်သေသည်အထိ ဖြစ်စေသောကြောင့် အကြောင်း ရင်းများအား စုံစမ်းစစ်ဆေးအရေးယူပေးရန် သျှမ်းပြည်နယ်ဝန်ကြီး ချုပ်နှင့် တကွပြည် နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန သို့ တိုင်ကြား ထားကြောင်း ဒေသခံတောင်သူများ ကပြောသည် ။

"ဒီ ဧက ၅၀၀၀ ဟာ မူလက မြေလွှတ်မြေရိုင်း၊ ဖြစ်ပါတယ် သက်ဆိုင်ရာ တပ်ရင်းတပ်စိပ်နဲ့ ဌာန ဆိုင်ရာတွေ ဖော်ထုတ်ခဲ့တဲ့ မြေဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ မြေစာရင်းမှတ် တမ်းမှာလဲဒီလိုပဲ အစဉ်အဆက်မှတ်တမ်း ထားရှိပါတယ် ၊ ဒီဖြစ်ရပ်တွေကခုမှပေါ်တာမ ဟုတ်ပါဘူး ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်စာတွေကျနော်တို့ဆီ ရောက်ပါတယ် ၊ ကာ ကွယ်ရေး ၀န်ကြီးဌာနရဲ့ ပြန် လည် စွန့်လွှတ်တဲ့မြေစာရင်းမှာ ဒါတွေမပါဘူး ၊အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် မြေအဖြစ် ဧကက ၄၀၀၀ ၊လည်ဆည် ကဧက ၁၀၀၀ လေ " ဟု ဂျွန်လ ၂၃ ရက်နေ့က သျှမ်းပြည်နယ်အစိုးရရုံး၌ မြေယာ ကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲပြုလုပ်ရာတွင် ပြည်နယ်လယ်စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဦးက ပြောကြားခဲ့ခြင်းဖြစ်သည် ။

တိုင်ကြားစာတွင် ယခင်တိုင်းရင်းမှူး၊ ဒုတိုင်းရင်းမှူး၊ အရာရှိ အရာခံ အကြပ် တပ်သားများနှင့် မြေစာ ရင်းဝန်ထမ်းများခွဲဝေယူထားသည်ဟုဆိုသော သိမ်းဆည်းခံတောင်သူများ၏ စာရင်းများလည်း ထည့်သွင်းတင်ပြ ထားေ ကြာင်း သိရသည် ။

ယင်းမြေကိစ္စတို့ကြောင့် လယ်မြေအသိမ်းခံရ တောင်သူတဦးဖြစ်ေ သာ တောင်သူဦးမြင့်အောင် ဆိုသူသည် မေလ ၂၁ ရက်နေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

တောင်းဆိုထားသည့် တောင်ယာမြေ ထက်ဝက်ကျော်ကို တပ်မှစွန့်လွတ်ပေး

တပ်သိမ်းမြေတချို့ ပြန်လည်စွန့်လွှတ်လိုက်ကြောင်း အသိပေးရန် ဆိုလျားကူးကျေးရွာသို့ ရောက်ရှိလာသည့် ဒကစမှူး ဗိုလ်မှူးကြီးအေးလွင် နှင့် ဆိုလျားကူးတောင်သူတစ်ဦးဖြစ်သော ကိုတူရယ်တို့အား ဇွန်လ ၂၃ ရက်နေ့တွင် မြင်တွေ့ရစဉ် (ဓါတ်ပုံ-ဆိုလျားကူး ရွာသား (Facebook))
 ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် အမှတ် (၅၃၁) တပ်ရင်းက သိမ်းယူထားသော ဆိုလျားကူး ကျေးရွာတောင်သူများ၏ တောင်ယာမြေများကို ပြန်လည်စွန့်လွတ်ကြောင်း ဇွန်လ ၂၃ ရက်နေ့က ကယား ပြည်နယ်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ဗိုလ်မှုးကြီးအေးလွင်က ဆိုလျားကူးကျေးရွာသို့ လာရောက်ပြောကြားသွားသည်ဟု သိရသည်။

ဆိုလျားကူးရွာမှ ကိုတူရယ်က “ကျတော်တို့တင်ပြထားတာက ဧက ၆၀၀လောက်ပြန်ရ ရမယ်လို့ တင်ပြထားတယ်။ ခုပြန်ရတာက ကျတော်တို့ မျော်လင့်ထားတာထက် ထက်ဝက်လောက်ဘဲရှိတယ်။” ဟု ပြောသည်။

ဧပြီ ၃၀ ရက်တွင် စိုက်ခင်း ဧက ၆၀၀ ကျော်အား စိုက်ပျိုးခွင့် ရရန် တောင်သူများက ပြည်နယ် အစိုးရအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးတို့တွင် တင်ပြတောင်းဆိုထားခဲ့ခြင်းဖြစ်သည်။

တပ်သိမ်းမြေက ၁၂၈၉ ဧကရှိပြီး တောင်သူများ၏ တောင်ယာ အဖြင့် ပြန်လည်ရရှိရေးကို ဧက ၆၀၀ ပြန်တောင်းဆိုထားကြရာ ဧက ၄၉၅ ပြန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်သည့်ကာလတွင် စစ်တပ်မှ တောင်ယာမြေ စွန့်လွတ်ခြင်းသည် နာမည်ကောင်းလိုခြင်သည့်အတွက်ကြောင့်လည်းပါနိုင်သည်ဟု ကရင်နီပြည်တောင်သူများသမ္မဂ ဥက္ကဌ ကိုသဲရယ်က ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်ကလည်း စိုက်ပျိုးချိန် အချိန်မှီ စိုက်ပျိုးနိုင်ရန် အာမခံလက်မှတ် ရေးထိုးပေးမည်ဖြစ်ကြောင်းကိုလည်း ဇွန်လ ၄ ရက်နေ့တွင် ရွာသားများနှင့် အစိုးရရုံးတွင် တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်ဟု သိရသည်။

၁၉၉၆ ခုနှစ်တွင် အမှတ် ၅၃၁ တပ်ရင်းမှ ဆိုလျားကူးတောင်သူများ၏ မြေယာများကို သိမ်းထားခဲ့ခြင်းဖြစ်ပြီး တောင်သူများ တောင်ယာမြေပြန်လည်ရရှိရေးကို ၂၀၁၄ ခုနှစ်မေလတွင် ထွန်တွန်းတိုက်ပွဲများ စတင်ဆင်နွဲခဲ့ကြသည်။

ထို့နောက် စစ်တပ်မှ ပိုင်နက်ကျူးကျော်မှုဖြင့် တောင်သူများကို တရားစွဲဆိုအမှုဖွင့် စီရင်ချက်ချမှတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပေါ် ခဲ့ပြီးနောက် တောင်သူများ မြေယာပြန်လည်ရရှိရေး ဆက်လက်တောင်းဆိုခဲ့ရာ ယခုကဲ့သို့ ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Written by ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ

'' သစ်ခွပန်း လှလှလေးတွေ ရှိတယ်နော အရောင်မျိုးစုံတယ်။ အမျိုးအစားလည်း အစုံရှိတယ်။ တစည်းမှ ၅၀၀ပဲနော ̋ ဆိုပြီး ဒီမော့ဆို၊ မြို့မဈေးအပြင်ဘက် မြက်ခင်းပြင်ပေါ်မှာ သစ်ခွပန်းပင်တွေကို ချထားကာ ဈေးလာသူတွေကို ဆီးကြိုပြောနေတဲ့ အသက် ၅၀ အရွယ်အဒေါ်တယောက်ကို တွေ့ရပါတယ်။
သူမရဲ့ခေါင်းမှာ အနီရောင်ခေါင်းပေါင်း (မြေနီ၍ အရောင်ပြောင်းသွားသော ခေါင်းပေါင်း)ကို ပေါင်းထားပြီး မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျှက် ပန်းရောင်း၍ရသော ငွေများကိုထည့်ရန် အဝါရောင်လွယ်အိတ်ငယ်လေးတလုံးကို လွယ်ထားတဲ့ အဒေါ် ဒေါ်ထရေးဇာပဲ ဖြစ်ပါတယ်။

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ (ဓါတ်ပုံ-ကေတီ)
သူမရဲ့ရှေ့မှာ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင် အစရှိတဲ့ သစ်ခွပန်းတွေကို မြက်ခင်းပြင်ပေါ်မှာ ခင်းရောင်းထားပါတယ်။

သူမတို့ မိသားစုဟာ ပန်းခူးရင်း၊ ပန်းရောင်းရင်းနဲ့ တဖက်တလှမ်း ဝမ်းစာရှာနေကြတဲ့ သူတွေပါ။

ဒေါ်ထရေးဇာနှင့် ဦးရီးချက်(အမည်အရင်းမဟုတ်)တို့မှာ သားသမီး (၇)ယောက်ရှိပါတယ်။ ယခုချိန်မှာ အကြီးဆုံးသားလေးမှာ ၁၇ နှစ်နဲ့ မိသားစုအတွက် အပြင်ထွက်ကာ အလုပ်ရှာနေရပါပြီ။

ကျန်တဲ့မောင်ငယ်ညီမလေးလေးတွေ ကျောင်းစရိတ်ကို မိဘနှင့်အတူ ဝင်ငွေတွေကို ရှာနေရသူပါ။ သူတို့လေးတွေရဲ့ မိသားစုလေးက ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆိုရွာမှာ တဲအိမ်ကလေးနဲ့ နေကြတဲ့ မိသားစုလေးပါ။

မနက်မိုးလင်းတာနဲ့ မယားဖြစ်သူက ခင်ပွန်းအတွက် ထမင်းထုပ်၊ ဟင်းထုပ်၊ ရေဗူးနဲ့ ဓားနဲ့ ထည့်စရာအိတ်တို့ကို နောက်လွယ်ထဲထည့်ပေးပြီး တောင်ပေါ်သို့တက်စေပါတယ်။ ရွာနဲ့အကွာအဝေး ၂နာရီခွဲခရီး သွားပြီး ပန်းခူးရပါတယ်။

ဒီပန်းလေးမရှာခင်မှာ ဦးရီးချက်တို့ဟာ တောထဲတောင်ထဲမှာ ထင်းရူးဆီတွေကို လိုက်တူးရင်း မြို့တက်ရောင်းတဲ့ အလုပ်ကို လုပ်ပါတယ်။

နောက်ပိုင်းမှာ ထင်းရူးဆီတွေက လိုက်ရှာတဲ့သူတွေ များလာတဲ့အတွက် ရှာတဲ့သူတွေကလည်း အဆီတွေကိုပဲ အကုန်ရှာကြတော့ ထင်းရူးဆီတွေ ရှာရတာ ခက်ခဲလာတယ်။

ထင်းရူးဆီခုတ်ရတာရယ်၊ ထမ်းရတာရယ် အရမ်းလေးတယ် ရလာတဲ့ထင်းရူးဆီတွေကို အိတ်ထဲထည့်ပြီး မြို့ပေါ်တက်ရောင်းတော့ တအိတ်ကိုမှ ကံကောင်းရင် ၃၀၀၀ လောက်ပဲရနိုင်ပါတယ်လို့ ဦးရီးချက်က ပြောပြပါတယ်။

ဒါကြောင့် နောက်ပိုင်း ထင်းရူးဆီခုတ်တဲ့အလုပ်ကို မလုပ်တော့ပဲ တခြားအလုပ်ကို ရှာလုပ်ဖို့ ဆုံးဖြတ်လိုက် ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ (ဓါတ်ပုံ-ကေတီ)
ဒီလို အလုပ်တွေ တခုပြီးတခု ပြောင်းလုပ်ရတာကို ကြည့်ခြင်းအားဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်ရပြီး အလုပ်အကိုင်အဆင်မပြေ၊ အလုပ်အကိုင်မရှိတဲ့ အတွက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိနိုင်ပါတယ်။

ထင်းရူးဆီခုတ်ပြီးနောက်ပိုင်း မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေနိုင်မှန်းသိတဲ့ ဦးလေးကြီးက အခြားအလုပ်ပြောင်းလုပ်ဖို့ စဉ်းစားရပါတော့တယ်။

နောက်ထပ်အလုပ်တခုက တောထဲမှာရှိတဲ့ ကြိမ်စေ့တွေကို လိုက်ကောက်ပြီး မြို့တက်ရောင်းရတဲ့အလုပ်ပေါ့။ အဲ့ဒီလို ကြိမ်စေ့တွေကို လိုက်ကောက်ရင်း အသက်မွေးကြရပြန်ပါတယ်။

ဒါပေမယ့် ကြိမ်စေ့ဆိုတာက သူ့ရာသီနဲ့သူ သီးပြီးကြွေကျတဲ့အသီးမျိုး။ သူ့ရာသီကုန်သွားရင်တော့ ကောက်ရောင်းစရာမရှိတော့တဲ့ အသီးမျိုးဖြစ်ပါတယ်။ ကြိမ်စေ့ကို ၁ပုံးကောက်ရဖို့ အချိန်အကြာကြီးပေးရပါတယ်။ အစေ့လည်းသေး၊ အရောင်ကလည်း မြေကြီးဝါရောင်ဆိုတော့ ကောက်ရတာ လက်ဝင်လှပါတယ်။

အဲ့ဒီကြိမ်စေ့ကို ၁ပုံးကောက်ရပြီးရင် တခေါက်ပြန်လှော်ရပါတယ်။ လှော်ပြီးမှ ဈေးထဲသွားရောင်းရတာပါ။ ၁ပုံးလုံးရောင်းကုန်မှ လက်ထဲမှာငွေလေး (၆၀၀၀)ရောက်ရှိလာမှာ ဖြစ်ပါတယ်။ တပတ်မှာမှ ၁ပုံး၊၂ပုံးလောက်ပဲ ကောက်ရရင် မိသားစုဝမ်းရေးအတွက် ဝမ်းစာရေးမလုံလောက်ဘူးလို့ ဦးရီးချက်က ပြောပါတယ်။

“လယ်လုပ်ပြန်ရင်လည်း မိုးကခေါင်၊ ရေကရှားနဲ့ လယ်ယာလုပ်လို့ မရနိုင်ပြန်ပါဘူး။ သူများနဲ့ လိုက်ပြန်ရင်လည်း လုပ်စရာအလုပ် နည်းနည်းပဲရှိလို့ မခေါ်ပြန်ဘူး။ ဒါကြောင့် ထင်းရူးဆီလိုက်ရှာလိုက်၊ ကြိမ်စေ့ကောက်လိုက်နဲ့ပဲ ကျင်လည်ခဲ့ရပါတယ်။” ဟု ဦးရီးချက်က ပြောသည်။

အိမ်ထဲမှာ ကလေးငယ်တွေ ပြေးလိုက်လွှားလိုက်နဲ့ ရှုပ်နေတဲ့ကြား ဦးလေးကအချိန်ပေးပြီး ကျမကိုပြောပြနေရှာပါတယ်။

နောက်ပိုင်း သစ်ခွပန်းလေးတွေ လိုက်ရှာရင်း၊ သစ်ခွပန်းလေးတွေကလည်း ဈေးကောင်းရတော့ မိသားစုအတွက် နည်းနည်းချောင်လည်လာတယ်လို့ဆိုပါတယ်။

တော၊တောင်တွေထဲမှာ သစ်ခွပန်းလေးတွေ ရှာရင်းနဲ့ တခါတလေ ̏ ဝဥ ̋ လေးတွေ၊ ပင်လယ်မြနန်း အစရှိတဲ့ ဆေးဖက်ဝင်ရှားပါး ဥလေးတွေ ရလာတဲ့အချိန်ဆိုရင် အိမ်ကလိုအပ်တဲ့ ဆန်ဆီဆားတွေ ပြန်ဝယ်နိုင်တယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ ဆေးဥလေးတွေနဲ့ သစ်ခွပန်းလေးတွေကို တရုတ်အဝယ်တော်တွေက အိမ်ထိလာရောက်ဝယ်ယူကြပါတယ်။

သစ်ခွပန်းရှာပုံတောမှာလည်း အသက်အန္တာရာယ်ကြားထဲကနေ အလုပ်လုပ်နေရကြရပါတယ်။ ရွာနဲ့ နှစ်နှစ်ရာခွဲလောက်သွားပြီး တောထဲရောက်ရင် သစ်ပင်ပေါ်စ တက်ရပါပြီး ပန်းခူးတဲ့ အချိန်မှာလည်း သတိ၊ ဝိရိယရှိရပါမယ်။ လှမ်းခူးလို့ မှီနိုင်တဲ့အပင်ကို ခူးခဲ့ပါတယ်။ အပင်အခြေအနေကို ကြည့်ပြီးတော့ ခူးရပါတယ်။

သစ်ကိုင်းမခိုင်ရင်တော့ ဝါးနဲ့ ပန်းပင်ကိုလှမ်းထိုးရပါတယ်။ တခါတလေမှာ လှမ်းထိုးရင်း ချောက်ထဲကျသွားတတ်ပါတယ်။

တခါတလေမှာ သစ်ပင်ကို ဖက်တွယ်ပြီးတက်ရတဲ့ အတွက်ကြောင့် ပိုးကောင်ယားတွေ၊ ပုရွက်ဆိတ်နီနီလေးတွေ ကိုက်တဲ့ဒါဏ်ကိုလည်း ခံရပါတယ်။ တချို့ အရမ်းလှနေပေမယ့် ခူးလို့မရတော့တဲ့အတွက်ကြောင့် လက်လွှတ်လိုက်ရပါတယ်။

ကံကောင်းတဲ့ နေ့ရက်တွေမှာ နေ့လည်နဲ့တင် ပန်းလှလှလေးတွေ အများကြီးရလာတတ်ပြီး နေ့တပိုင်းနဲ့တင် အိမ်ပြန်လို့ရတဲ့ နေ့ရက်တွေရှိသလို ရှာမရပဲ ညမိုးချုပ်၊ တခါတလေ တောထဲမှာညအိပ်ခဲ့ရတဲ့ နေ့တွေလည်းရှိခဲ့ပါတယ်။ ထိုသို့ ရှာမရတဲ့နေ့တွေဆိုရင် အိမ်မပြန်ပဲ မိသားစုဝမ်းရေးအတွက်ရအောင်ရှာပြီး နောက်နေ့မှအိမ်ပြန်ရတဲ့ နေ့တွေ ရှိခဲ့ဖူးကြောင်း ပန်းရှာသူ ဦးလေးက ပြောပြပါတယ်။

မိသားစုအတွက် စားဝတ်နေရေး၊ ကလေးအတွက် ကျောင်းစရိတ် အစစ အရာရာအတွက် သစ်ခွပန်းရှာတာက အထောက်အကူဖြစ်စေလို့ပါ။

ပန်းခူးရင်း အစာရေစာငတ်ခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွားရတဲ့နေရာတွေက အရမ်းကိုဝေးနေလို့ နေအရမ်းပူနေလို့ ပါလာတဲ့ရေတွေကုန်သွားပြီး ဒီအတိုင်းရေငတ်နေခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့ဖူးပါတယ်။

ပန်းတွေကို တောင်ပေါ်တက်ခူးလိုက်၊ ကျောက်ခဲပေါ်တက်ခူးလိုက်ရနဲ့ အပင်ပေါ်တက်လျှင်လည်း အောက်မှာ ချောက်တွေနဲ့ တော်တော်လေးကို ဂရုစိုက်ရပါတယ်လို့ ဦးလေးက ပန်းခူးရင်း အန္တရာယ်ရှိနေပုံကိုလည်း ကျမကို ရှင်းပြပေးနေပါတယ်။

ပန်းရှာထွက်တဲ့ဦးလေးက ညအချိန် ပန်းခူးပြန်လာပြီး အိမ်ရောက်တဲ့အချိန်မှာ ဇနီးနှင့် သားသမီးဖြစ်သူများက ဝါးနှီးတွေကိုယူပြီး ပန်းပင်များကို အထုံးလိုက် စည်းထားလိုက်ပါတယ်။ မနက်ဖြန် မနက်စောစော ဈေးမှာ အချိန်မှီ သွားရောင်းနိုင်ဖို့အတွက်ပါ။ ဒီးမော့ဆို မြို့မဈေးကိုတော့ ဒေါ်ထရေးဇာက သွားရောက်ပြီးရောင်းချနေကြဖြစ်ပါတယ်။

သူမအတွက် နေရာနီးသော်လည်း ဈေးကောင်းမရရှိနိုင်ပါဘူးလို့ သူမက ကျမကိုပြောပြနေပါတယ်။ အဲ့ဒီအချိန်မှာ ကျမကိုလည်း သူမရဲ့ ပန်းပင်လေးတွေကို ဝယ်ပေးဖို့အဒေါ်က ပြောလိုက်ပါသေးတယ်။ ကျမကလည်း အဒေါ်ဆီက ပန်းပင်လေးတွေဝယ်ပြီး အိမ်မှာပြန်စိုက်ထားလိုက်ပါသေးတယ်။

ဈေးကာင်းမရတာ ဘာလို့လဲဆိုတော့ သူမဟာ ဈေးချိုချိုလေးသာ ရောင်းနေပေမယ့် ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ဈေးဝယ်နေကြတဲ့ သူတွေရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ် လို့ ကျမအနေနဲ့ ထင်မြင်မိပါတယ်။

သူမတို့အနေနဲ့ ဈေးကောင်းရချင်တဲ့အတွက်ကြောင့် လွိုင်ကော်မြို့တွင်းထိတောင် ကားကြုံစီးပြီး မြို့ထဲမှာ လိုက်ရောင်းနေကြရပါတယ်။ ဘာဖြစ်လို့လူတွေနဲ့ပဲ သယ်ရတာလည်းဆိုရင် ဆိုင်ကယ်က Without ဖြစ်နေလို့ပါ။ သူမတို့ရဲ့ ဆိုင်ကယ်လေးကို လိုင်စင်လေးမလုပ်ဆောင်နိုင်တဲ့အတွက် Without နှင့်သာ စီးနေရပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ဆိုင်ကယ်လေးကို မြို့ထဲခေါ်မသွားရဲကြတာပါ။

ရွာကနေ ဒီးမော့ဆိုမြို့ပေါ်ထိပဲ ခင်ပွန်းဖြစ်သူက လိုက်ပို့ပြီး လွိုင်ကော်အထိကို ကြုံရာကား၊ ဆိုင်ကယ်တို့နှင့် လိုက်သွားရပါတယ်လို့ ဦးလေးက သူတို့ရဲ့ အဖြစ်လေးကို ကျမကိုပြောပြနေပါတယ်။

ဒေါ်ထရေးဇာကတော့ လွိုင်ကော်မြို့ထဲမှာရှိတဲ့ ပန်းဝယ်တဲ့ တရုတ်လူမျိုးအိမ်တွေ၊ သူဌေးအိမ်တွေမှာ အဓိက လိုက်ရောင်းပါတယ်။ တရုတ်တွေကလည်း ပန်းပင်လှလှလေး အဖူးလေးနဲ့ အပွင့်လေးနဲ့ အရောင်လှလှလေးကိုမှ ရွေးဝယ်ကြတဲ့အတွက်ကြောင့် ပန်းပင်လှလှလေးတွေ ပန်းဆန်းဆန်းလေးတွေ တောထဲက ရလာရင် တရုတ်တွေဆီကိုပဲ လာရောင်းကြတာများပါတယ်။

ရောင်းလို့မကုန်တဲ့ ပန်းတွေကိုကျတော့ အိမ်မှာပဲပြန်ယူလာကြပါတယ် ပြီးမှ အနီးအနားမှာ ပြန်လိုက်ရောင်းကြပါတယ် လို့ အဒေါ်ထရေးဇာက ပြောပြပါတယ်။

အချို့သော တရုတ်အဝယ်တော်တွေက အိမ်အထိလာဝယ်ကြတဲ့သူတွေ ရှိတဲ့အတွက်ကြောင့် တခါတလေ သူတို့လာနိုင်မလားဆိုပြီး သူတို့အတွက် ချန်ထားခဲ့ပါတယ်။

အဝယ်တော်တွေက ပန်းအရောင်အဆင်း လှတဲ့ဟာ၊ ထူးဆန်းတဲ့ပန်းတွေကိုပဲ အဝယ်များတဲ့အတွက်ကြောင့် ပန်းရှာရတာ တနေ့တခြားတောနက်ထဲ ရောက်သွားကြရပါတယ်။

သူတို့လိုပဲ ပန်းတွေ ရှာပြီးတဖက်တလမ်း ဝမ်းစာရှာနေကြတဲ့သူတွေလည်း ရှိနေတာကြောင့် ပန်းမျိုးစိတ်တွေလည်း ရှားပါးလာခဲ့ပါတယ်။ ခုချိန်မှာ ဦးရီးချက်တို့မှာ ဝှါရီရွာဟောင်း၊ လတိန်စတဲ့ အနောက်ပဒေါင်(ရှမ်းနယ်စပ်)ရွာမှာ ရှိတဲ့ တောင်ပေါ်တွေမှာ သွားရောက်ခူးခဲ့ကြရပါတယ်။

သူတို့လေးတွေလည်း ပန်းပင်တွေကို ဟိုတောဝင် ဒီတောင်တက်နဲ့ ဒေသတွေလည်း စုံလာသလို ပန်းပင်တွေလည်း မရှိသလောက် ရှားလာနေပါပြီ။ တဖြေးဖြေးနဲ့ ဒေသစုံလာပြီ ပန်းတွေလည်း မရှိတော့ဘူး လို့ ဦးရီးချက်က ပြောပြပါတယ်။

တဖက်မှာလည်း အစိုးရပိုင်းဆိုင်ရာ ဥပဒေများသတ်မှတ်ထားတာတွေရှိသလို ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဘက်မှာလည်း ဒေသသစ်တောထွက်ပစ္စည်းတွေ ထိန်းသိမ်းတဲ့ ဥပဒေတွေ ထုတ်ပြန်ထားတာတွေရှိနေပါတယ်။

သူတို့မိသားစုလေးတွေလည်း အခုချိန်မှာတော့ ပန်းရှာတဲ့အလုပ်က တဖက်တလမ်းကူညီပေး နိုင်တယ်ဆိုပေမယ့်လို့ ရေရှည်မှာ ဘယ်အချိန်ထိ သူတို့ဒီအလုပ် လုပ်နိုင်မလဲဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။

ကျေးလက်ဒေသတွေဘက်မှာ နေထိုင်တဲ့သူတွေအတွက် ရေရှည်အလုပ်အကိုင်ရရှိဖို့နဲ့ ဒေသထွက်အသီးအနှံတွေ ဈေးကွက်မှာ နေရာရဖို့က သက်ဆိုင်ရာ အစိုးရက ကူညီနိုင်မှသာလျှင် ဝမ်းစာရေး ရုန်းကန်ရှာဖွေစားသောက်နေတို့လိုလူတွေအတွက် အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

Written by မူအက်စတာ
 ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org

အမေရိကန် ထောက်လှမ်းရေး အကြောင်း ဖွင့်ချတဲ့ ၀ီကီလိခ်စ် တွေ ထွက်လာပြန်


အမေရိကန် ကနေ ပြင်သစ် အစိုးရ ဝန်ကြီးတွေ ကို စောင့်ကြည့် ထောက်လှမ်း ခဲ့တာ ကို ဖော်ပြနေတယ် ဆိုတဲ့ နောက်ထပ် စာရွက်စာတမ်း အထောက်အထားတွေ ကို Wikileaks အဖွဲ့က ထုတ်ပြန် လိုက် ပါတယ်။

ပြင်သစ်ရဲ့ ပြန်ပ ပို့ကုန် ကုန်သွယ်ရေး စာချုပ် နဲ့ အစိုးရ ဘတ်ဂျက် ကိစ္စတွေ ကို သိရဖို့ အတွက် ပြင်သစ် ဝန်ကြီး ၂ ဦး အပါအဝင် တခြား ပြင်သစ် ထိပ်တန်း အရာရှိ တွေ ကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့ NSA က လျှို့ဝှက် ထောက်လှမ်းခဲ့တာ တွေ ကို အခု စာရွက် စာတမ်းတွေ က ဖော်ပြ နေတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အနောက်ဘက် ကမ်းခြေ ဒေသ မှာ ပစ်ခတ်မှုဖြစ်


အနောက်ဘက် ကမ်းခြေ ဒေသ မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှု တွေ ထဲ၊ အစ္စရေးလ် ၄ ဦး ဒဏ်ရာ ရသွားပြီး၊ အဲဒီထဲ က တစ်ဦး ဒဏ်ရာ ပြင်းထန် တယ် လို့ ဆိုပါတယ်။

ကားပေါ် ကနေ လှမ်း ပစ် ပြီး ပြေး သွားတာ ဖြစ်နိုင်တယ် လို့ အစ္စရေး အရေး ပေါ် ကယ်ဆယ်ရေး ဌာန က ပြောပါတယ်။

အစောပိုင်းတုန်း ကလည်း၊ ဂျရူဆလမ် မြို့တော် နဲ့ အနောက်ဘက်ကမ်းခြေ မြို့ Bethlehem အကြား က စစ်ဆေးရေး ဂိတ် မှာ အစ္စရေး အမျိုးသမီး စစ်သည် တစ်ဦး လည်ပင်းကို ဓားနဲ့ အထိုးခံခဲ့ ရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

မြန်မာစစ်ဦးစီးအရာရှိချုပ် ( လေ) ရာထူးဖယ်ရှားခံရ


မြန်မာအစိုးရက အဆင့်မြင့် လေတပ်အရာရှိတဦးကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့အကြောင်း သမ္မတရုံးအရာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားတဲ့ကိစ္စဟာ တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ကို ဗုံးဆံတွေ ကျသွားခဲ့တဲ့အပေါ် တရုတ်အစိုးရက ဖိအားပေးလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့စစ်ရေးကို လေ့လာနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးကို ရာထူးကဖယ်ရှားပြီး ဗိုလ်မှူးချုပ်မောင်မောင်ကျော်နဲ့ အစားထိုးခန့်ထား လိုက်တာဟာ ဒီကိစ္စမှာ အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အရေးမယူဘဲ ဗိုလ်ချုပ်ဝေလွင်ကို ဖြုတ်ပစ်တာဖြစ်တယ်လို့ ၀ါရှင်တန်ဒီစီမြို့က မြန်မာစစ်သံရုံးမှာ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါတယ်။

“ကျနော်ပထမဦးဆုံးပြောချင်တာက အခုလက်ရှိ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးက ပြောရရင် ထိုးအကျွေးခံရတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ တပ်မတော်မှာ အစဉ်အဆက်ပေါ့လေ၊ ကျနော်တို့ရှိစဉ်ကတည်းက အခုထိပါပဲ။ တပ်မတော်စစ်လေယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ စစ်လေယာဉ်ပျံတွေသုံးတာနဲ့ပတ်သက်ပြီးလို့ရှိရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ပဲလုပ်ရပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ လေတပ်စစ်ဆင်ရေးတွေ လုပ်တဲ့အခါမှာ အောက်က ဗိုလ်ချုပ်လွင်ဦးတို့အပိုင်း၊ ဗိုလ်ချုပ်လွင်ဦးရဲ့အထက်မှာ ဗိုလ်ချုပ်ကြီးတယောက်ရှိပါတယ်။ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ သူတို့အပိုင်းကနေပြီးတော့ ဆင့်ကဲ ဆင့်ကဲ တင်ပြပြီးတော့မှ အမိန့်တောင်းခံပြီးတော့မှ ပစ်ခတ်ခွင့်ရပါတယ်။ တကယ့်တကယ် တာဝန်ရှိတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပါပဲ။”

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းက ကြံခင်းတခုထဲကို ဗုံးဆံကျခဲ့တဲ့အတွက် အဲဒီ ဗုံးဆံတွေထိမှန်ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့ရသလို မေလလယ်တုန်းက နောက်ထပ်တကြိမ် ဗုံးဆံတွေကျခဲ့တဲ့အတွက် တရုတ်နိုင်ငံသားအပါအ၀င် နယ်စပ်မှာရှိနေတဲ့ မြန်မာနိုင်ငံသား တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲဒီ ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က အစောပိုင်းမှာ ငြင်းဆိုခဲ့တာတွေ ရှိခဲ့သလို တရုတ်ဘက်က တောင်းပန်ခိုင်းတာတွေလည်း ရှိခဲ့တာပါ။

ဒါပေမယ့် တရုတ်နိုင်ငံအတွင်းကို လက်နက်ကြီးကျည်တွေ၊ ဗုံးဆံတွေ ဒုတိယအကြိမ် ကျသွားပြီးတဲ့နောက်မှာတော့ တရုတ်ဘက်က သတိပေးပြောဆိုတာတွေ ရှိလာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေး လေ့ကျင့်တာတွေပါ လုပ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကိုစေလွှတ်ပြီး တောင်းပန် တာနဲ့ တာဝန်ရှိသူတွေကို အရေးယူတာတွေ လုပ်ဆောင်မယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အခုလို ဗိုလ်ချုပ် ဝေလွင်ကို ရာထူးကဖယ်ရှားပစ်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

စစ်အစိုးရလက်ထက်က တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ခဲ့ပေမယ့် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေး တဖြည်းဖြည်း ဆိုးရွားလာနေတာကြောင့် မြန်မာအစိုးရအနေနဲ့ တခြားဒေသတွင်းက နိုင်ငံတွေကို ပြန်လည် ချဉ်းကပ်လာတာ တွေကို တွေ့ရတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က သုံးသပ်ပါတယ်။

တရုတ် - မြန်မာဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ရှိနေတဲ့ချိန်မှာပဲ ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဇူလိုင်လဆန်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို သွားမယ့်ကိစ္စဟာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိစ္စ ဆွေးနွေးဖို့ထက် ပိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုကြဖို့ ရှိတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

“အဓိက ကတော့ အိန္ဒိယနယ်စပ်မှာရှိတဲ့ နာဂသူပုန်နဲ့ ကသည်းသောင်းကျန်းသူကို အကြောင်းပြပြီးတော့မှ အိန္ဒိယပြည်က စစ်ရေးအရ အကူအညီတောင်းခံလိမ့်မယ်။ အိန္ဒိယလက်နက်ကလည်း သိပ်ဆိုးတဲ့လက်နက်တော့ မဟုတ်ဘူးဗျ။ အိန္ဒိယလက်နက်ကလည်း တချိန်က ရုရှားလက်နက်တွေ ကောင်းကောင်းကို သုံးခဲ့တဲ့နိုင်ငံပဲ။ တရုတ်ကို …သုံးနိုင်တဲ့နိုင်ငံကြီး…လက်နက်တွေဖြစ်တာကိုး။ လက်နက်ကိစ္စကတော့ ပါမယ်လေ။ ဘော်ဒါ ကိစ္စလည်းပါမယ်။ …နိုင်ငံရေးကိစ္စလည်းပါမယ့် အနေအထားမျိုးတွေ့ရပါတယ်။ ရှင်းရှင်းပြောရင်တော့ မိုဒီတို့ ဘာတို့နဲ့ သွားတွေ့ထားပြီးတော့မှ သူတို့ ထိတွေ့ထားတဲ့အနေအထားမျိုးတော့ လိုက်လုပ်နေတယ်လို့ ကျနော်မြင်တယ်။ ဒုတိယသမ္မတ (ဦး) ဉာဏ်ထွန်းက ရုရှားသွားတယ်ဗျာ။ အခု (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် အိန္ဒိယသွားတယ်။ တကယ်တော့ နယ်စပ်ဘော်ဒါကိစ္စလေးနဲ့ ဒီလောက်ကြီး ရေးကြီးခွင်ကျယ်လုပ်ပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် သွားစရာမလိုဘူးဗျ။ ကျနော် သိသလောက်ကတော့လေ။”

တကယ်တော့ ဦးသိန်းစိန်အစိုးရ တက်လာပြီးကတည်းက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်မှု လုပ်ငန်းတွေအပေါ် လူထုရဲ့ အမြင်တွေ ပြောင်းလဲလာပြီး အဲဒီလုပ်ငန်းတွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေလည်း တဖြည်းဖြည်း များလာနေတာကြောင့် တရုတ်အစိုးရ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာလူထုရဲ့ ထောက်ခံမှုရရှိနေတဲ့ အတိုက်အခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ကြားလိုက်တာ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တရုတ်က မကြိုက်တော့ဘူး။ မကြိုက်တော့ဘူးဆိုတာကလည်း အဓိကက ဒီစစ်အစိုးရပေါ့လေ။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်ကရော၊ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်ကတော့ လုပ်ချင်တာလုပ်လို့ရတာပေါ့လေ။ အခု (ဦး) သိန်းစိန်လက်ထက်မှာရော၊ တကယ့်တကယ်ကျတော့ ရေရှည်ကျရင် ပြည်သူလူထုရဲ့ထောက်ခံမှု မရတဲ့အခါမှာ တရုတ်ရဲ့အကျိုးစီးပွားတွေကလည်း ပြည်သူလူထု ထောက်ခံမှုမရရင်- ဒါ အတွေ့အကြုံရှိခဲ့ပြီးပြီ။ ၁၉၆၇ ခုနှစ်၊ တရုတ်-ဗမာ အရေးအခင်းဖြစ်တာတို့၊ လူတွေ မကျေနပ်လို့ရှိရင် သူ့ရဲ့အကျိုးစီးပွားတွေလည်း ပျက်စီးမှာပဲ။ မကြိုက်တဲ့အစိုးရ ကို သူမထောက်ခံချင်တော့လို့ - ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူထုကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကို ကောင်းမလားဆိုပြီးတော့မှ ဗြောင်ပဲ ပြန်ထောက်ခံပြတဲ့ အနေအထားမျိုးလို့ မြင်တယ်လေ။ လက်ရှိ နိုင်ငံရေးအခြေအနေအရတော့ ရွေးကောက်ပွဲအခြေအနေမှာ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ အားလုံးကတော့ စောင့်ကြည့်တဲ့အနေအထားမျိုး ရှိတယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် တရုတ်နဲ့ လက်ရှိ စစ်အစိုးရတပိုင်းပေါ့လေ-အစိုးရနဲ့တော့ ယခင်လို အဆင်မပြေတော့တာတော့ အမှန်ပါပဲ၊ ကိုဇော်ဝင်းလှိုင်ရဲ့။”

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် လက်ခံတွေ့ဆုံတာဟာလည်း နိုင်ငံတော် အကြီးအကဲ မဟုတ်တဲ့ ဧည့်သည်တယောက်ကို တရားဝင် လက်ခံတွေ့ဆုံရိုး အစဉ်အလာမရှိတဲ့ တရုတ်နိုင်ငံအတွက် ဒါဟာ ထူးခြားတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။

မကြာခင် လပိုင်းအတွင်း တိုင်းပြည်အတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ ဒေသတွင်း နိုင်ငံတွေအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှုရနိုင်အောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ သိသာ ထင်ရှားနေတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

FIFA အမျိုးသမီး ကမ္ဘာ့ဘောလုံး ဆီမီးဖိုင်နယ် အမေရိကန်နဲ့ဂျာမနီ ကန်မည်


ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဖိုင်နယ် အကြိုဗိုလ်လုပွဲစဉ်တွေကို အင်္ဂါနေ့ညနေမှာ စတင်ကစားကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံဆုရှင်တွေဖြစ်ခဲ့ဖူးကြတဲ့ အမေရိကန်၊ ဂျာမနီ၊ ဂျပန် သုံးသင်းနဲ့အတူ အင်္ဂလန်အသင်းတို့ အကြို ဗိုလ်လုပွဲစဉ်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၉၁ နဲ့ ၁၉၉၉ ကရခဲ့တဲ့ အမေရိကန်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂၀၀၃ နဲ့ ၂၀၀၇ က ရခဲ့တဲ့ ဂျာမနီအသင်းတို့ Montreal မြို့မှာ ပထမအကြိုဗိုလ်လုပွဲကို အင်္ဂါနေ့ညနေ ဒေသစံတော်ချိန် ၇ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက် ဂျာမနီအသင်းက ဂိုးအများဆုံးသွင်းထားပြီး အမေရိကန်အသင်းကတော့ ၁ ဂိုးတည်းပေးထားရတာကြောင့် အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားပါတယ်။ အမေရိကန် ဂိုးသမား Hope Solo က ပြိုင်ပွဲတွေမှာ မိနစ်ပေါင်း ၄၂၃ မိနစ် အချိန်အတွင်း တဂိုးမှ အ၀င်မခံရ အောင် ကာကွယ်နိုင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ချန်ပီယံ ဂျပန် အသင်းနဲ့ အင်္ဂလန်အသင်းတို့ကတော့ Edmonton မြို့မှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ကစားကြမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲစဉ်ကို တက်ရတာဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲစဉ်တွေမှာ နိုင်တဲ့အသင်းနှစ်သင်းကတော့ လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ Vancouver မြို့မှာ ဗိုလ်လုရမှာဖြစ်ပါတယ်။ တတိယနေရာအတွက် ဇူလိုင် ၄ ရက် စနေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ဆော်ဒီကို ဒုံကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟူသီအဖွဲ့ပြော


 ဆော်ဒီ အာရေဗျ နိုင်ငံ ရီယာ့ဒ် နယ်ထဲ က ဒုံးကျည်စခန်းကို ပစ်မှတ်ထားပြီး Scud ဒုံးကျည် တစ်စင်း နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ် လို့ ယီမင် နိုင်ငံ က ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေ က ပြောပါတယ်။

ယီမင် မြို့တော် ဆားနား မှာတော့ စစ်ဆေးရုံ ရဲ့ နောက် မှာ ကားဗုံး ကွဲ ခဲ့ပြီး လူ ၃၀ ဝန်းကျင် ဒဏ်ရာ ရသွားတယ် လို့ သတင်းတွေ ထွက် လာပါတယ်။

အဲဒီ့ ကားဗုံးဟာ၊ ဟူသီ ခေါင်းဆောင် တွေ ရဲ့ နေအိမ် တွေ ကို ပစ်မှတ် ထား ဖောက်ခွဲ ခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က သူတို့ လုပ်ဆောင် တာ ဆိုပြီး ကြေညာ ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မိုင်ဒါဇိုလမ်ကို သေဒဏ်စီရင်ရာမှာ ဆက်အသုံးပြုနိုင်


အမေရိကန် ပြည်ထောင်စု အတွင်း သေဒဏ် စီရင် ရာမှာ အသုံးပြု နေတဲ့ အငြင်းပွားဖွယ် ဆေးဝါး မိုင်ဒါဇိုလမ် ကို ဆက်လက် အသုံးပြုဖို့ အမေရိကန် တရားရုံးချုပ် က ခွင့် ပြုလိုက် ပါတယ်။

မိုင်ဒါဇိုလမ် အသုံးပြု ပြီး စီရင် ခဲ့တဲ့ သေဒဏ် တော်တော် များများ မှာ အဆင်မပြေ မှု တွေ ရရှိခဲ့ ကြပါတယ်။

ဥက္ကလာဟိုးမား ပြည်နယ် အကျဉ်းထောင် ထဲ က အကျဉ်းသား ၃ ဦး ကနေ မိုင်ဒါဇိုလမ် အသုံးပြု မှု ကို ပယ်ဖျက်ဖို့ လျှောက်ထားလာတဲ့ အမှု ဟာ တရားရုံးချုပ် မှာ ၅မဲ-၄မဲ နဲ့ ရှုံးနိမ့် သွားတာ ဖြစ်ပါတယ်။

ဥက္ကလာဟိုးမား အပါအဝင် ပြည်နယ် ၃ ခု မှာ ဆေးထိုးသတ် တဲ့ သေဒဏ် စီရင် မှု တွေ မှာ သေဒဏ် စီရင် ခံရသူ ကိုမာ ဝင် သလိုမျိုး အိပ်ပျော် သွားဖို့ ရည်ရွယ်ပြီး မိုင်ဒါဇိုလမ် ကို အသုံးပြု နေပါတယ်။

မနှစ် က ဖြစ်ရပ် တစ်ခု မှာ ဆိုရင် မိုင်ဒါဇိုလမ် အသုံးပြု တဲ့ သေဒဏ် စီရင် မှု တစ်ခု အတွင်း အကျဉ်းသား ဟာ ဝက်ရူးပြန် သလို မျိုး ခြေလက် တွေ ကွေးကောက် ပြီး မိနစ် ၂၀ လောက် ကိုယ်ခန္ဓာ ပြင်းပြင်းထန်ထန် တုန်ယင် ခဲ့ပြီး တဲ့နောက် နှလုံး ရောဂါ နဲ့ သေဆုံး သွား ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မိုင်ဒါဇိုလမ် အသုံးပြု မှု ကို ပယ်ဖျက်ဖို့ လျှောက်ထားလာတဲ့ အမှု ဟာ တရားရုံးချုပ် မှာ ၅မဲ-၄မဲ နဲ့ ရှုံးနိမ့်။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ