အင်ဒိုနီးရှား လေယာဉ်တစ်စီး ပျက်ကျ၊ အနည်းဆုံး လူ ၃၀ သေဆုံး


 အင်ဒိုနီးရှားနိုင်ငံ Medan မြို့တော်က လူနေရပ်ကွက်ပေါ်ကို အင်ဒိုနီးရှားလေတပ် ပို့ဆောင်ရေး လေယာဉ်တစ်စီး ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ စစ်လေယာဉ်ဟာ အိမ်နှစ်လုံးနဲ့ ကားတစ်စီး ပေါ်ပျက်ကျခဲ့ပြီး မီးတောက်လောင်ခဲ့တယ်လို့ ဒေသတွင်း ရုပ်မြင်သံကြားက ဖော်ပြပြီး စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် Fuad Basya ကတော့ လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာ ပျက်ကျတာဖြစ်ပြီး လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၁၂ ဦးပါရှိတယ်လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့အလောင်းတွေကို လေယာဉ်ပျက် နေရာက ပြန်လည်ရှာဖွေ တွေ့ရှိတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျရာ နေရာမှာ မီးတောက်တွေနဲ့ မီးခိုးတွေ ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အင်ဒိုနီးရှား လေယာဉ်တစ်စီး ပျက်ကျ၊ အနည်းဆုံး လူ ၃၀ သေဆုံး  အင်ဒိုနီးရှား လေယာဉ်တစ်စီး ပျက်ကျ၊ အနည်းဆုံး လူ ၃၀ သေဆုံး Reviewed by သစ်ထူးလွင် on 18:42 Rating: 5
Powered by Blogger.