ဆော်ဒီကို ဒုံကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟူသီအဖွဲ့ပြော


 ဆော်ဒီ အာရေဗျ နိုင်ငံ ရီယာ့ဒ် နယ်ထဲ က ဒုံးကျည်စခန်းကို ပစ်မှတ်ထားပြီး Scud ဒုံးကျည် တစ်စင်း နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ် လို့ ယီမင် နိုင်ငံ က ရှီအာ မွတ်ဆလင်မ် သူပုန် ဟူသီ တွေ က ပြောပါတယ်။

ယီမင် မြို့တော် ဆားနား မှာတော့ စစ်ဆေးရုံ ရဲ့ နောက် မှာ ကားဗုံး ကွဲ ခဲ့ပြီး လူ ၃၀ ဝန်းကျင် ဒဏ်ရာ ရသွားတယ် လို့ သတင်းတွေ ထွက် လာပါတယ်။

အဲဒီ့ ကားဗုံးဟာ၊ ဟူသီ ခေါင်းဆောင် တွေ ရဲ့ နေအိမ် တွေ ကို ပစ်မှတ် ထား ဖောက်ခွဲ ခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က သူတို့ လုပ်ဆောင် တာ ဆိုပြီး ကြေညာ ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ဆော်ဒီကို ဒုံကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟူသီအဖွဲ့ပြော  ဆော်ဒီကို ဒုံကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟူသီအဖွဲ့ပြော Reviewed by သစ်ထူးလွင် on 09:53 Rating: 5
Powered by Blogger.