ခြေ/ဥ ပြင်ဆင်ရေးမဲခွဲမှု ရှုံးနိမ့်ခဲ့ခြင်းကို လွှတ်တော်တွင်း အားရ၀မ်းသာ လက်ခုပ်ထတီးကြသည့် တပ်ကိုယ်စားလှယ် ၂၅% ကို မကျေနပ်၍ ဆန္ဒပြ ခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်ဆို


လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်း နှုတ်ထွက်ပေးရေး အဓိက ဦးတည်ကာ တောင်းဆိုခဲ့ကြသည့် စုပေါင်း ဆန္ဒဖော်ထုတ်ပွဲအား ဇွန်၃၀ရက် နေ့ လည့် ၃နာရီခန့်က ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေခန်းမရှေ့အထိ တကသကျောင်းသား များ ကဦးဆောင်ကာ အနီးအနားရှိ ပြည်သူအချို့မှ ပါဝင်ခဲ့ကြောင်း သိရသည်။

ဇွန်လ၂၅ရက်နေ့က လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံတွင်ပါဝင်သည့် ဥပဒေ ၆ခု ကိုပြင် ဆင်ရန် မဲခွဲဆုံးဖြတ်ရာတွင် တစ်ခု သာ အောင်မြင်ခဲ့ သည့်အတွက် လွှတ်တော်တွင်းက တပ်ကိုယ်စားလှယ်များက အားရ၀မ်း သာ လက်ခုပ်ထတီးကြခြင်းကို မကျေနပ်ကြောင်း အဆိုပါဆန္ဒပြပွဲ တွင်ပါဝင်သည့် ဒီမိုကေ ရစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင် က ပြောသည်။

"ကျွန်တော်နိုင်ငံရဲ့အခြေခံဥပဒေပြင်ဆင်ရေးက အရေးကြီးပါတယ်။ အရေးကြီးတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ မဲခွဲတဲ့နေရာမှာ တပ်မတော်သားကိုယ် စားလှယ်တွေက ပြည်သူကို မျက်နှာမထောက်ဘဲ တစ်ဦးတစ်ယောက် အကျိုးအတွက် ပဲ မဲပေးတဲ့အပြင်အားပါးတရ လက်ခုပ်တီးသွားတဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတောင်းဆို တာဖြစ်တယ်"ဟု ၄င်းကဆိုသည်။


“အဓိကက ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က အားလုံးကိုချုပ် ကိုင်ချင်နေလို့ပါ။ ဒါကြောင့် လွှတ်တော်ထဲမှာ ပြည်သူကို တကယ် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရှား ပါးပြီး နေရာတွေ ကို ပြည်သူအတွက် ကိုယ်စားမပြုတဲ့ လူတွေအတွက် ပေးထားရတော့ ဒီမိုကရေစီကို အစစ်မှန် သွားနိုင်မှာ မဟုတ်ဘူး”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင် သူ ကျောင်းသား တစ်ဦးဖြစ်သည့် ကိုရဲဇာနည်ထွန်းက ပြောသည်။


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအပါ အဝင် ပြည်သူလူထုတောင်းဆိုသည့် အချက်များစွာ မရရှိခဲ့ခြင်းမှာ လွှတ်တော်ထဲတွင် တပ်မတော်သား(၂၅)ရာခိုင်နှုန်း ပါဝင်နေရခြင်းသည် အဓိကဖြစ်ပြီး ပြည်သူ အား အမှန်တကယ်ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ ပေါ်ထွက်လာရေးမှာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

“လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေမရှိဘူး။ ဒါကြောင့် ပြည်သူတွေ လိုချင်တာတွေ၊ ကျောင်းသား တွေ လိုချင်တာတွေ ဖြစ်လာ မှာမဟုတ် ဘူး။ ပြည်သူတွေ၊ ကျောင်းသားတွေ လိုချင် တာဖြစ်လာဖို့ဆိုရင် လွှတ် တော် ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေရှိနေမှဖြစ်မယ်။”ဟု ဆန္ဒပြရာ တွင်ပါဝင်သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ လုံခြုံရေးအင်အား (၁၀၀ )၀န်းကျင် တာဝန်ယူ ခဲ့သည်။ ဆန္ဒပြရာ လမ်းတစ်လျောက်တွင်ရဲတပ်ဖွဲ့မှ ၃ကြိမ်ထက်မနည်း အင်းအားသုံး တားဆီးခြင်း ခံရပြီး အတားအဆီး များကို လာရောက်ကြည်ရူ အားပေး သည့် ပြည်သူများ အကူအညီဖြင့် ကျော်ဖြတ် ကာ၃:၄၀ ခန့်တွင်ဆူးလေခန်း မရှေ့ပလက်ဖောင်းကိုရောက် ရှိပြီး ဟောပြောခြင်းများ ပြုလုပ်ပြီး ညနေ၄နာရီခွဲ
ခန့် တွင်အေးချမ်းစွာ လူစုခွဲသွားကြောင်း သိရသည်။

သတင်း -စိုင်းဟန်၊ MMK
ဓာတ်ပုံ- စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ခြေ/ဥ ပြင်ဆင်ရေးမဲခွဲမှု ရှုံးနိမ့်ခဲ့ခြင်းကို လွှတ်တော်တွင်း အားရ၀မ်းသာ လက်ခုပ်ထတီးကြသည့် တပ်ကိုယ်စားလှယ် ၂၅% ကို မကျေနပ်၍ ဆန္ဒပြ ခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်ဆို ခြေ/ဥ ပြင်ဆင်ရေးမဲခွဲမှု ရှုံးနိမ့်ခဲ့ခြင်းကို လွှတ်တော်တွင်း အားရ၀မ်းသာ လက်ခုပ်ထတီးကြသည့် တပ်ကိုယ်စားလှယ် ၂၅% ကို မကျေနပ်၍ ဆန္ဒပြ ခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်ဆို Reviewed by သစ်ထူးလွင် on 19:27 Rating: 5
Powered by Blogger.