ဂရိကြွေးမြီကြောင့် စတော့ဈေးတွေ ကျဆင်း

(Credit: AFP) 
ဂရိနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ကြွေးမြီကိစ္စကြောင့် ​နိုင်ငံအတော်များများမှာ ​စတော့ဈေးကွက်တွေ ​ကျဆင်းနေပါတယ်။

အမေရိကန်၊ ​ဥရောပနဲ့ ​သြစတြေးလျနိုင်ငံမှာ ​ဈေးကွက်တွေ ​ထိုးချခဲ့ပြီး ​အရင်နှစ် ​အောက်တိုဘာ ​နောက်ပိုင်း ​အဆိုးဝါးဆုံး ​ဖြစ်ပါတယ်။

ဂရိမှာ ​ဖြစ်နေတဲ့ ​ကိစ္စက ​တရုတ်ကိုပါ ​သွယ်ဝိုက်ပြီး ​ထိခိုက်နေပါတယ်။

ဂရိနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ကိစ္စက ​သြစတြေးလျကိုပါ ​ထိခိုက်နိုင်ပေမယ့် ​အနည်းအကျဉ်းသာ ​ထိခိုက်မယ်လို့ ​ပညာရှင် ​တစ်ဦးက ​သုံးသပ်ပါတယ်။

တရုတ်နိုင်ငံမှာ ​ငွေရေးကြေးရေး ​ပြဿနာဖြစ်လာရင်တော့ ​သြစတြေးလျအတွက် ​ပိုအထိနာမှာ ​ဖြစ်ပါတယ်။

အဲဒါကြောင့် ​တရုတ်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​စီးပွားရေး ​ကျဆင်းမှုကို ​အနီးကပ် ​စောင့်ကြည့်ဖို့ ​စီးပွား ​ပညာရှင်တွေက ​သြစတြေးလျ ​အစိုးရကို ​တိုက်တွန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဂရိကြွေးမြီကြောင့် စတော့ဈေးတွေ ကျဆင်း  ဂရိကြွေးမြီကြောင့် စတော့ဈေးတွေ ကျဆင်း Reviewed by သစ်ထူးလွင် on 19:02 Rating: 5
Powered by Blogger.