အိမ်ခန်းအတွင်းထားရှိသော ဓါတ်ဆီပုံးကို မီးစွဲလောင်ရာမှ ၂ ဦးသေဆုံး


ဇွန် (၃၀) လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ တွင် ဇွန်လ ၂၉ ရက်၊ ည ၁၀ နာရီခန့် က ရပ်ကွက် (၁) နယ်မြေ (၁)၊ ပါရမီ လမ်းသွယ် (၁၀) ရှိ သွပ်မိုး၊ထရံကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ အိမ်ရှင်အမျိုးသမီးနှင့် သူမ၏သားဖြစ်သူ တို့ မှာ မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သော သွပ်မိုး၊ထရံကာနေအိမ်တွင် ဒေါ်တင်စိုး (၃၅) နှစ် (ဘ) ဦးမြတ်မိုး၊ အ၀တ်လျှော်၊ ဗမာ/ဗုဒ္ဓ သည် သားဖြစ်သူ မောင်နှစ်ဆန်းအောင် (၁၂) နှစ် (ဘ) ဦးမင်းဇော်၊ အထက (၁) (၅)တန်းနှင့် သမီးဖြစ်သူ မစိုးသန္တာထွန်း (၁၅) နှစ် (ဘ) ဦးမင်းဇော်၊ အထက (၁) (၈) တန်း တို့ နှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပုံ ကို သမီးဖြစ်သူ မစိုးသန္တာထွန်းက ပြောပြချက်အရ ဒေါ်တင်တင်စိုးမှ ဘုရားစဉ်အား မီးထွန်းရာမှ နံရံအား မီးကူးစက် လောင်ကျွမ်းပြီး အနီးတွင်ထားရှိသော ဆိုင်ကယ်ဆီဖြည့်ရန်ဖြစ်သည့် ဓါတ်ဆီ(၂)ဂါလံပါ ဓါတ်ဆီပုံးအား မီးကူးစက် လောင်ကျွမ်းကာ ဒေါ်တင်တင်စိုးနှင့် မောင်နှစ်ဆန်းအောင် တို့ အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မစိုးသန္တာ ထွန်းလည်း ကြောက်လန့် တကြားဖြင့် ထွက်ပြေးခဲ့ကြောင်း၊ ဒေါ်တင်တင်စိုးနှင့် သားဖြစ်သူ မောင်နှစ်ဆန်းအောင် မှာမူ အသက်ဘေးမှလွတ်အောင် မပြေးနိုင်တော့ဘဲ မီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုကို လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူး၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့ မရဲစခန်းမှူး၊ မြို့ နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ ရောက်ရှိခဲ့ပြီး မီးငြိမ်းသတ်ခဲ့ရာ ၁၀း၂၀ ခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့  မိခင်နှင့်မောင် မီးလောင်ကျွမ်းသေဆုံးခဲ့ပြီး နေစရာအိမ်ပါ ဆုံးရှုံးခဲ့ရသူ မစိုးသန္တာထွန်းအား လူသားချင်း စာနာထောက်ထားသောအားဖြင့် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး ဦးစီးကာ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးရုံး၊ ရုံးအဖွဲ့ များ၊ လားရှိုးမြို့ မရဲစခန်းမှူး၊ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးတို့ က ငွေကျပ် ၃၁၆၀၀၊ ဆန် (၂) အိတ်၊ နှင့် (၅)ဂါလံပါ စားဆီတစ်ပုံးကို လက်ရောက်ပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/lashio.news.city
အိမ်ခန်းအတွင်းထားရှိသော ဓါတ်ဆီပုံးကို မီးစွဲလောင်ရာမှ ၂ ဦးသေဆုံး  အိမ်ခန်းအတွင်းထားရှိသော ဓါတ်ဆီပုံးကို မီးစွဲလောင်ရာမှ ၂ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 19:17 Rating: 5
Powered by Blogger.