အကြမ်းဖက်မှု သံသယဖြစ်သူကို တူနီးရှားဖမ်းဆီး

တူနီးရှား ကမ်းခြေမှာ လေးဘီး ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ ရဲတချို့ကို တွေ့ရစဉ် (Credit: Reuters) 
 တူနီးရှားနိုင်ငံ ​ကမ်းခြေ ​တစ်ခုမှာ ​အရင်တစ်ပတ်က ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက် ​တိုက်ခိုက်မှုနဲ့ ​ဆက်စပ်ပြီး ​တူနီးရှား ​အစိုးရက ​ပထမဆုံးအကြိမ် ​ဖမ်းဆီးမှု ​လုပ်လိုက်ပါတယ်။

နိုင်ငံခြားသားတွေ ​အသွားအလာများတဲ့ ​ကမ်းခြေမှာ ​အကြမ်းဖက်မှု ​ဖြစ်ခဲ့ရာက ​လူပေါင်း ​၃၉ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ဖမ်းဆီးမှုအတွင် ​ဘယ်နှစ်ယောက် ​ပါဝင်သလဲဆိုတာ ​မပြောပေမယ့် ​လူအတော်များများကို ​ဖမ်းဆီးခဲ့တယ်လို့ ​ပြည်ထဲရေးရာဝန်ကြီး ​Najem ​Gharsalli ​က ​ပြောပါတယ်။

ဒါက ​ပထမဆုံးအကြိမ် ​ဖမ်းဆီးခြင်းဖြစ်ပြီး ​အဲဒီလူတွေဟာ ​အကြမ်းဖက်မှု ​ပြုလုပ်တဲ့ ​ကွန်ယက်အဖွဲ့ဝင်တွေ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

တူနီးရှား ​ပြည်ထဲရေး ​ဝန်ကြီးဌာန၊ ​ဂျာမနီ၊ ​ပြင်သစ်နဲ့ ​ဗြိတိန်နိုင်ငံတို့ ​ပူးပေါင်းထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာ ​ပြောဆိုထားတာပါ။

အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ငွေကြေး ​ထောက်ပံ့တာပဲ ​ဖြစ်ဖြစ်၊ ​ဘယ်လိုနည်းနဲ့ပဲ ​ဖြစ်ဖြစ် ​အကူအညီ ​ပေးခဲ့သူတွေကို ​ဖမ်းဆီးအရေးယူမယ်လို့လည်း ​ပြောလိုက်ပါတယ်။

အကြမ်းဖက် ​သမားတွေကို ​လစ်ဗျားနိုင်ငံက ​ဂျီဟတ်ဒစ် ​တွေရဲ့ ​စခန်းမှာ ​သင်တန်းတက်ခဲ့ဖူးသလားဆိုတာ ​စုံစမ်းနေတယ်လို့လည်း ​တူနီးရှား ​အစိုးရက ​ပြောပါတယ်။

တက္ကသိုလ်ကျောင်းသား ​Seifeddine ​Rezgui ​က ​အကြမ်းဖက်မှု ​သင်တန်း ​ရယူခဲ့တယ်ဆိုတာကို ​အာဏာပိုင်တွေက ​အတိအကျ ​ပြောဆိုနေပါတယ်။

အခုဆိုရင် ​လုံခြုံရေးသမား ​တစ်ထောင်လောက်ကို ​ကမ်းခြေတွေမှာ ​နေရာချထားပြီလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက်မှု သံသယဖြစ်သူကို တူနီးရှားဖမ်းဆီး  အကြမ်းဖက်မှု သံသယဖြစ်သူကို တူနီးရှားဖမ်းဆီး Reviewed by သစ်ထူးလွင် on 11:50 Rating: 5
Powered by Blogger.