ကေအိုင်​အေသ​ဘောတူညီချက်မရဘဲ အပစ်ရပ်​ရေး​လက်မှတ်ထိုး​ရန် အစိုး​ရ ကိုယ်စား​လှယ်လွှတ်မည်ဟုဆို



ကချင်ပြည်နယ်အစိုး ​ရဟာ ​ကေအိုင်အိုနဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ကို ​ကေအိုင်အို​ခေါင်း​ဆောင်​တွေဘက်က လက်မှတ်ထိုး​ပါမယ်လို့​ ကတိစကား​မရ​သေး​တဲ့​အကြား​က လူငါး​ဆယ့်​ရှစ်ဦး​လွှတ်ပြီး​ လက်မှတ်ထိုး​ပွဲလုပ်ဖို့​ အ​ကြောင်း​ကြား​လာတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
အဲဒီထဲမှာ အစိုး​ရဘက်က အပစ်ရပ်​ရေး​ဆောင်ရွက်တဲ့​ ဗိုလ်မှူး​ကြီး​သန်း​အောင်အပါအဝင် ကချင်ပြည်နယ်အစိုး​ရ အဖွဲ့​ဝင် ​လေး​ငါး​ဦး​လည်း​ ပါတယ်လို့​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။
“ဟုတ်တယ် သူတို့​ အဲဒါ စာရင်း​နဲ့​တောင် ​ပေး​လာကြတယ်။ သူတို့​က​တော့​ ဒီ​နေ့​ မနက် ထင်တယ် လာမယ်။ လက်မှတ်ထိုး​ရ​အောင် သူတို့​က ​ပြောကြတယ်။ သူတို့​က သိတဲ့​အတိုင်း​ပဲ ဒီအတိုင်း​ လွယ်လွယ်နဲ့​ လက်မှတ်ထိုး​ဖို့​ စီစဉ်​နေကြတဲ့​ သ​ဘော ထင်တယ်ဗျာ။ လူအား​လုံး​က ၅၈ ဦး​ရဲ့​ နာမည် စာရင်း​ ပို့​လိုက်တယ်ဆို​တော့​ အဲဒါ သူတို့​လည်း​ အုပ်စုလိုက် လာမှာ​ပေါ့​။ အဲဒီ လက်မှတ်ထိုး​ပွဲမှာ ဆန္ဒနဲ့​ အမှန်တကယ် ဖြစ်သင့်​တာက​တော့​ တခြား​စီပါ။ အမှန်တကယ်ဖြစ်သင့်​တာက ညှိနှိုင်း​စရာ​တွေ အများ​ကြီး​ ရှိပါ​သေး​တယ်။”
ကေအိုင်အိုအ​ နေနဲ့​က​တော့​ အပစ်အခတ်ရပ်စဲ​ရေး​လက်မှတ်မထိုး​ခင်မှာ နှစ်ဘက် အပြန်အလှန်​ဆွေး​နွေး​ရမယ့်​ကိစ္စ​တွေ အများ​ကြီး​ရှိ​သေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။
ဇွန်လ ၉ ရက်မှာ ပြန်စတင်တဲ့​ ​ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ တိုက်ပွဲဖြစ်ကတည်း​က အပစ်ရပ်​ရေး​အတွက် ကချင်ပြည်နယ်အစိုး​ရဖွဲ့​ထား​တဲ့​ ဗိုလ်မှူး​ကြီး​သန်း​အောင် ဦး​ဆောင် ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ​ကေအိုင်အိုဘက်က ဒုစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်ဦး​ဆောင်တဲ့​အဖွဲ့​ တကြိမ်​တွေ့​ဆုံခဲ့​ပါတယ်။ ကျန်အကြိမ်​တွေကို​တော့​ ​အောက်​ခြေကိုယ်စား​လှယ်​တွေ ​စေလွှတ်တာရှိသလို အပြန်အလှန်စာ​ရေး​နေကြပါတယ်။
ကေအိုင်အိုဘက်က အပစ်ရပ်​ရေး​အတွက်လိုအပ်ချက်သုံး​ချက်ကို တင်ပြပါတယ်။ ဒါ​တွေက​တော့​ (၁) ​ကေအိုင်အိုတဖွဲ့​တည်း​မဟုတ်ဘဲ တနိုင်ငံလုံး​အပစ်ရပ်ရန်။ (၂) နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖြေရှင်း​ရန်ဆိုတဲ့​ အချက်နှစ်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပါတယ်။ (၃)ဥပမာအား​ဖြင့်​ တရုတ်နိုင်ငံလို ကြား​နေနိုင်ငံတခုခု​ရှေ့​မှာ ​ဆွေး​နွေး​ရ​အောင် စတာ​တွေကို တင်ပြပါတယ်။ အစိုး​ရဘက်က​တော့ ကချင်တပ်​တွေကို အပစ်ရပ်ခိုင်း​တာ၊​ စခန်း​တွေကို မတိုက်ဖို့၊​ ယာယီအပစ်ရပ်​ရေး​လက်မှတ်ထိုး​ရေး​​တွေဖြစ်ပါတယ်။
မ​နေ့​က​တော့​ ​ကေအိုင်အိုက သူတို့​မူလရပ်တည်ချက်နှစ်ရပ်ထဲက အ​သေး​စိတ်နှစ်ချက်ကို ထပ်မံတင်ပြခဲ့​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ အပစ်ရပ်​ရေး​လက်မှတ်ထိုး​တဲ့​အခါ အပစ်ရပ်​ရေး​ကို အဓိပ္ပာယ်​ဖော်တဲ့​ သ​ဘောတူချက်တခုကို ထပ်မံထိုး​ဖို့​နဲ့​ သမ္မတဦး​သိန်း​စိန်က ဒီကိစ္စကို တာဝန်ယူဖို့​ ဆိုတာကို ​ကေအိုင်အိုက ကမ်း​လှမ်း​ခဲ့​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။
“နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ​ရပ်စဲ​ရေး​ သ​ဘောတူညီချက်အ​ပေါ် နား​လည် အဓိပ္ပာယ်ဖွင့်​ဆိုချက်ဆိုတဲ့​ဟာ ကျ​နော်တို့​ ထည့်​လိုက်တယ်။ နိုင်ငံအတွင်း​ရှိ ပစ်ခတ်တိုက်ခိုက်မှုများ​အား​လုံး​ ရပ်ဆိုင်း​ပြီး​ ငြိမ်း​ချမ်း​ရေး​ရရှိရန် ​ဆောင်ရွက်မှု နိုင်ငံ​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အစီအစဉ်များ​ကို နိုင်ငံ​တော်အစိုး​ရမှ ရက်​ပေါင်း​ ၁၅ ရက်အတွင်း​ ​ကြေညာချက် ထုတ်ပြန်​ပေး​ရန် လိုအပ်ပါသည် ဆိုတဲ့​ အချိန် အကန့်​အသတ်​လေး​ တခု ​ပေါ့​နော်၊​ အဲဒါ ထည့်​လိုက်တယ်။ ဒါက​တော့​ ဒီနိုင်ငံ​တော်အစိုး​ရက​နေ အမှန်တကယ်ပဲ ဒီ ပြည်တွင်း​မှာ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုရင် ဒါက သူတို့​ လုပ်နိုင်တဲ့​ ကိစ္စ​တွေပဲ။ အဲဒါကို ကျ​နော်တို့​တောင်း​ဆိုတာ ရှိတယ်။”
အခုလို ​ကေအိုင်အိုဘက်က ​ခေါင်း​ဆောင်​တွေက အပစ်ရပ်​ရေး​ သ​ဘောတူလက်မှတ်ထိုး​ဖို့​ကိစ္စကို ​ဆွေး​နွေး​စရာ​တွေကျန်​သေး​တဲ့​အတွက် ချက်ချင်း​ လက်မှတ်မထိုး​နိုင်​သေး​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။

 တိုင်းရင်းသားဒေသအချို့တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ အိတ်ဖွင့်စာပေးပို့

တိုင်းရင်းသားဒေသအချို့တွင် တပ်မတော်နှင့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပေါ်နေသော ပဋိပက္ခ
များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့်စာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။  အဆိုပါ အိတ်ဖွင့်ပေးစာကို ဇူလိုင်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ကာ ပဋိပက္ခများနှင့် ပြဿနာများကို နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်
တည်ဆောက်ရမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းထားပါသည်။

အိတ်ဖွင့်ပေးစာကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့သို့ လိပ်မူပြီး ရေးသားထားခြင်း ဖြစ်ပါသည်။

ပေးပို့စာ၌ "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့်ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ကြောင်း၊ ယင်း တိုင်းရင်းသားများ အားလုံးသည်
နှစ်ပရိစ္ဆေဒများစွာကပင် တစ်မြေတည်းနေ တစ်ရေတည်းသောက် အတူနေထိုင်ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြောင်း၊ ထို့ကြောင့်  တိုင်းရင်းသား  လူမျိုးစု အားလုံး
ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန်အရေးကြီးကြောင်း" စသဖြင့် အစချီရေးသားခဲ့ပြီး၊ "ယခုအခါ ကချင်၊ ရှမ်း၊ ကရင်နှင့် မွန်စသည့် ပြည်နယ်များတွင်
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိနေရပါသည်။ ယင်း ပဋိပက္ခများကြောင့် သေကြေဆုံးရှုံး
ပျက်စီးမှုများ ၀မ်းနည်းဖွယ်ရာ ဖြစ်ပွားလျက်ရှိသည့် အပြင် တန်ဖိုကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်းလုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရပါသည်။
ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြသည့် အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ်ရှိနေပါသည်" ဟု ဆက်လက်ဖော်ပြခဲ့ပါသည်။

ထို့နောက် ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည်ဆိုလျှင် နှစ်ဦးနှစ်ဖက် အကျိုးဆုတ်ယုတ်မှုများသာ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို စစ်ရေးနည်းဖြင့် တည်ဆောက်၍ မရနိုင်ပါကြောင်း၊ နိုင်ငံရေးနည်းလမ်း ဖြစ်သော ဆွေနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်း ကြမှသာလျှင် ပြည်ထောင်စုကြီး
အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ရရှိမည်ဖြစ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့်သွားနိုင်သည့် အန္တရာယ်ရှိတတ်ကြောင်း ဆက်လက်ရေးသားထားပါသည်။

ထို့အတွက်ကြောင့် ပြည်ထောင်စုသား အချင်းချင်း အကြား ဖြစ်ပေါ်နေသော ပြဿနာများကို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်
ယုံကြည်လေးစားမှုတို့ဖြင့် ဖြေရှင်းကြမည်ဆိုလျှင် ပြေလည်မှုရရှိကြပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းတည်ငြိမ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းတည်ငြိမ်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့ပါသည်။
ထိုသို့ရေးသားခဲ့ပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်
အတွင်း မှီတင်းနေထိုင်နေကြသော တိုင်းရင်းသားလူမျိုးအားလုံး၏  အကျိုးစီးပွားများကို ရှေးရှု၍ ယခုဖြစ်ပွားနေသော ပဋိပက္ခများကို
ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ကြောင်း ရေးသားခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို
ပံ့ပိုးရန်အတွက် မိမိအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အိတ်ဖွင့်ပေးစာကို
အဆုံးသတ်ထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တရားဝင်လမ်းကြောင်းမှ ပေးပို့ထားပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော ပုဂ္ဂိုလ်များကို
ဆက်သွယ်ရန်လမ်းကြောင်း မရှိသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးမှတစ်ဆင့် ထုတ်ပြန်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ
ဦးအုန်းကြိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
 

ထိုင်း ရွေးကောက်ပွဲ အနိုင်ရသူများကို ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးပိတ် အတည်ပြုပေး

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နောက်ဆုံးသုတ် ၉၄ ယောက်ကို အမတ်တွေအဖြစ် အတည်ပြုပေးပြီးနောက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ဟာ အောက်လွှတ်တော်ကျင်းပဖို့အတွက် လမ်းကြောင်း ရှင်းပေးခဲ့ပါတယ်။ ရှပ်နီ အမာခံခေါင်း ဆောင် ကျတုပေါန်အပေါ် ဆိုင်းငံ့ထားတာကို ရုတ်သိမ်းပေးဖို့ကိုတော့ ငြင်းဆန်ထားတုန်း ပါပဲ။
လိုအပ်တဲ့အမတ်ဦးရေ ၄၇၅ ယောက်ထက် ပိုတဲ့ အမတ်ဦးရေ ၄၉၅ ယောက်ကို အတည်ပြုပေးပြီးဖြစ်တာကြောင့် အ ခြေခံဥပဒေလိုအပ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အောက်လွှတ် တော်ဟာ လမ်းကြောင်းပေါ်ကို စတင်ရောက်လာနေပါပြီ။ ပထမအကြိမ်အစည်းအဝေးကို တနင်္လာနေ့မှာ စတင် ကျင်းပ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖွေ့ထိုင်းပါတီစာရင်းက လွှတ်တော်ကိုယ်စားလှယ်လောင်း မစ္စတာကျတုပေါန် ကိုတော့ အမတ်အဖြစ်အတည်မပြုသေးဘဲ ဆိုင်းငံ့ထားတုန်းဖြစ်ပြီး သူ့ရဲ့ရှပ်နီလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ နတ်သာဝတ် ဆိုင်ခွားနဲ့ ဖယာ့ပ်ဖန်ကိတ်တို့ကိုတော့ တနေ့က အတည်ပြုလိုက်ပါပြီ။ နောင်ခိုင်မဲဆန္ဒနယ် အမှတ် ၂ နဲ့ ဆူခိုထိုင်း မဲဆန္ဒနယ် အမှတ် ၃ မှာ ပြန်လည်ရွေးကောက်ပွဲလုပ်ပြီး တင်မြှောက်ရမယ့် အမတ် ၂ ယောက်နဲ့ ယာလ မဲဆန္ဒနယ် အမှတ် ၂ က မဲပြန်လည်ရေတွက်ပြီး အတည်ပြုပေးရမယ် အမတ် ၁ ယောက်၊ စုစုပေါင်း ကျန်နေတဲ့ အမတ် ၃ နေရာကိုတော့ တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ပါမယ်။
ဇူလိုင် ၂၈၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

မြန်မာပရိသတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲပျက်

ကမ္ဘာဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ယနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရာ မြန်မာအသင်း ၂ ဂိုးရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဗူး၊ ပုလင်း၊ ခဲ၊ ချွန်ထက်သော အရာများနှင့် ပစ်ပေါက်သည့် အတွက် ပွဲပျက်သွားသည်။

soccermyanmar_com
ယခုလဆန်းပိုင်းက သုဝဏ္ဏကွင်းတွင် ပြုလုပ်သည့် မြန်မာ-မွန်ဂိုးလီးယား ပွဲကို အားပေးနေသည့် မြန်မာပရိသတ် (ဓာတ်ပုံ-soccermyanmar.com)
ပွဲစပြီး ၂၁ မိနစ်တွင် အိုမန်အသင်းမှ ကျောနံပါတ် ၂၀ က အဖွင့်ဂိုးကို သွင်းယူလိုက်သည့် အတွက် အိုမန်က တဂိုးအသာဖြင့် ဦးဆောင်နေပြီး ၃၇ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ပေးခံရသည်။

ပရိသတ် အားပေးသံများ ပိုမို ဆူညံလာပြီး မကြာမီ ကွင်းအတွင်းသို့ ပစ်ပေါက် တိုက်ခိုက်မှုများ  ဖြစ်ပေါ်လာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကွင်း လေးဘက်လေးတန်ရှိ လုံခြုံရေး ရဲများကိုပါ ရေသန့်ဗူးများ၊ ထီးများ၊ ချွန်ထက်သော၊ မာကျော အရာများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ထိုပစ်ပေါက်မှုကြောင့် အရန်ခုံတန်းတွင် ထိုင်နေသည် အိုမန်ဘောလုံးသမားတဦး၏ ဦးခေါင်းကို ထိခိုက်မိသွားသည်။ ဒိုင်လူကြီး၊ နှစ်ဘက် နည်းပြ တချို့ နှင့် လူ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း The Voice ဂျာနယ် အင်တာနက်စာမျက်နှာရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက တားမြစ်သော်လည်း ထိုပရိသတ်တို့က ဆက်လက် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသို့သော ဆူပူမှုများကြောင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကို မြန်မာဘောလုံး အသင်းခံရဖွယ်ရှိသည်၊ မြန်မာဘောလုံးအသင်း အိမ်ကွင်း ကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိသည့် အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်ဟု ဦးဇော်ဇော်က The Voice ဂျာနယ်ကို ပြောသည်။

အိုမန်မြေပေါ်တွင် ပထမအကျော့ ကစားစဉ်က မြန်မာအသင်း၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ရသည့်အတွက် ယခု အိမ်ကွင်းတွင် ပရိသတ်၏ အားဖြင့် အနိုင်ကစားရန် မျှော်လင့်ထားပြီး ပရိသတ်များလည်း တခဲနက် အားပေးရန် နေ့လယ် ၁၂နာရီ ၀န်းကျင်ကပင် ကွင်းအတွင်း ၀င်ရောက် နေယူထားခဲ့ကြသည်။

ပရိသတ် ကွင်းလုံးပြည့်သွားသည်အပြင် ပွဲမစခင်ကတည်းကပင် လက်မှတ်အတုများ ပျံ့နေသည်အတွက် ကွင်းလျှံထွက်သွားသည်။ မီးရှုးစင်ပေါ်အထိ တက်ရောက်ကြည့်ရှု ပေးရသူများပင် ရှိခဲ့သည်။

မြန်မာအသင်း ကွင်းထဲသို့ ၀င်လာစဉ် ပရိသတ်က "မြန်မာ၊ မြန်မာ" ဟူသော ကြွေးကြော်သံများကို ကွင်းလုံးညံအောင် ဟစ်အော်ကာ နိုင်ငံတော်သီချင်းကို သီဆို အားပေးသံများဖြင့် ဆူညံနေသည်ကို မြန်မာ့ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့ရသည်။ ရုတ်ရုတ်သဲသဲဖြစ်ချိန်တွင် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို ရပ်လိုက်သည်။

ယခုအခါ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အိုမန်အသင်း အား  အနိုင်ပေးလိုက်သဖြင့် အိုမန် အသင်းသည် နှစ်ပွဲပေါင်း ၄ဂိုးပြတ်ဖြင့်  အနိုင်ရသွားပြီ ဖြစ်သည်။
 

လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို စစ်ဆေး

လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော ကြော်ငြာများကို ပုံနှိပ်ဖော်ပြခြင်းမပြုရန် တားမြစ်

သင်ဇာဝင့်ကျော် ရဲ့  အရက်ကြော်ငြာ
သောက်ရေသန့် (PH 7) တံ ဆိပ်ဖြင့် ကုမ္ပဏီတစ်ခုမှ ထုတ်လုပ် သော ကြော်ငြာတစ်ခုတွင် ကြော် ငြာပါ မော်ဒယ်အမျိုးသမီး ၂ ဦး၏ ဝတ်စားဆင်ယင်မှုနှင့် ကိုယ် နေဟန်ထားတို့အရလည်းကောင်း၊ PH 7 ဟု ဖော်ပြထားသော်လည်း ကြော်ငြာတွင်ပါဝင်သည့် စာတမ်း အရလည်းကောင်း ပြင်ပတွင် ၄င်း တံဆိပ်နှင့်ရောင်း ချနေသည့် အရက် ကြော်ငြာသဖွယ်ဖြစ်နေသဖြင့် ပုံနှိပ် ဖော်ပြခွင့် မပြုကြောင်း သတင်း ရရှိသည်။ ”တကယ်တော့ အားကစား ဂျာနယ်တွေဆိုတာ လူမှုရေးဦးတည် ချက်ထဲမှာပါဝင်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အဓိက အထောက်အကူဖြစ်တဲ့ စာစောင် တွေပါ။ ဒီလိုစာစောင်တွေမှာ ကျန်း မာရေးကို ထိခိုက်စေတဲ့၊ ကြံ့ခိုင်ရေး ကို ပျက်ယွင်းစေတဲ့အဖျော်ယမကာ နဲ့တံဆိပ်တူသောက်ရေသန့်ကို ခုတုံး လုပ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ရင် ဘယ်လိုမှ မသင့်လျော်တဲ့ ဝတ်စား ဆင်ယင်မှု၊ ကိုယ်နေဟန်ထားတွေ နဲ့ အမျိုးသမီးတွေကို ဗန်းပြပြီး ယမကာကြော်ငြာတွေမှာ ထည့် သွင်းလေ့ရှိတဲ့စာသားတွေ ထည့်  ဖော်ပြပြီး ကြော်ငြာတာမျိုးကို ခွင့် မပြုပါဘူး။ ဖော်ပြလာရင်လည်း လို အပ်သလို အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန် ရှိသူတစ်ဦးကပြောကြား သွားသည်။ အဆိုပါ ပုဂ္ဂိုလ်က ”အရက်၊ ဘီယာ၊ ဆေးလိပ်ကြော်ငြာတွေကို လုံးဝဖော်ပြခွင့်မပြုတော့တာ ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရ်ီလ ၁ ရက်နေ့က တည်းက ဖြစ်ပါ တယ်။ အဲဒီတုန်းက စာအုပ်၊ စာစောင်တွေပြင်ဆင်ချိန် ရအောင် ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာတစ်ကြိမ်၊ အောက် တိုဘာလ ၂၃ ရက်နေ့မှာတစ်ကြိမ် ကြိုတင်အသိပေးကြေညာပြီးမှ ဆောင်ရွက်ခဲ့တာပါ” ဟု ဆိုသည်။ ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် စာပေစိစစ်နှင့် မှတ်ပုံ တင်ဌာန၌ ကျင်းပပြုလုပ်ခဲ့သော စိစစ်သုံးသပ်တင်ပြရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးတွင်လည်း မြန်မာ့ ယဉ်ကျေးမှုရှုထောင့်အရလည်း ကောင်း၊ တစ်မျိုးသားလုံး စိတ်ဓာတ် နှင့် အကျင့် စာရိတ္တမြင့် မားရေးအတွက် လည်းကောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကောင်း ပုံနှိပ်ဖော်ပြရန် မသင့်လျော် သည့် ကြော်ငြာများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ”အရက်၊ ဘီယာတွေ ထုတ် လုပ်တဲ့ ကုမ္ပဏီက အခြားလူသုံး ကုန်ပစ္စည်းတွေ ကြော်ငြာတဲ့အခါ ကြော်ငြာတဲ့ကုန်ပစ္စည်းနဲ့ မသက် ဆိုင်တဲ့အမျိုးသမီးပုံတွေ ဗန်းပြ ကြော်ငြာတာမျိုး၊ အရက်၊ ဘီယာ နဲ့ပတ်သက် ဆက်နွှယ်မှုရှိစေနိုင်တဲ့ ပုံ၊စာသားတွေထည့်ကြော်ငြာတာမျိုး နဲ့ ပရိသတ်ကို မလှည့်စားသင့်ပါ ဘူး။ ဒါတွေကို ပုံနှိပ်မီဒီယာမှတင် တားမြစ်ရမှာမဟုတ်ဘဲနေရာအနှံ့မှာ ရှိနေတဲ့ Billboard တွေ၊ Vinyl Sign Board တွေမှာလည်း ထိန်းချုပ်တားမြစ်ပေးသင့်ပါတယ်။ ဒီလိုကုမ္ပဏီတွေပါဝင်ဖွဲ့စည်းထားတဲ့ င်္ဃြဃှု  လိုအသင်းကြီးကပါ စီး ပွားရေးဆိုင်ရာ ကျင့်ဝတ်များ၊ လုပ် ထုံးလုပ်နည်းများကို ကျယ်ကျယ် ပြန့်ပြန့် အသိပေးမြှင့်တင်မှုလုပ်ပေး မယ်ဆိုရင်တော့ ပိုပြီးထိရောက် အောင်မြင်မှာ အမှန်ပဲ” ဟု စိစစ် သုံးသပ်တင်ပြရေးအဖွဲ့ ညှိနှိုင်းအ စည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။ ”အရင်တုန်းက လက်ဖက် ရည်ဆိုင်တွေ များသလောက် အခု အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ များလာပြီး လူတွေရဲ့ ကျန်းမာရေး ကို ထိခိုက်ရုံမကဘဲ စာရိတ္တပါ ချို့ ယွင်းလာကြတာ ဒီကြော်ငြာတွေရဲ့ သက်ရောက်မှုက ဘယ်လောက် တောင်ရှိသလဲဆိုတာ တွေးကြည့် စရာတောင်မလိုပါဘူး” ဟု ၄င်းက ဆိုသည်။ အဆိုပါကြော်ငြာ ပုံနှိပ်ဖော်ပြခဲ့ သည့် ဂျာနယ် ၂ စောင်ကိုလည်း  သတိပေးခဲ့ပြီး အသိပေး ကြေညာ ချက်အား စာပေစိစစ်နှင့် မှတ်ပုံ တင်ဌာနက ဇူလိုင် ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်းနှင့် ချိုးဖောက်ပါက ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရှိန်လွန်လာသော ပဲခူးမြစ်ရေကြောင့် လယ်ဧကထောင်ကျော်ပျက်

အရှိန်လွန်လာသော ပဲခူးမြစ်ရေကြောင့် လယ်ဧကထောင်ကျော်ပျက်
ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)
၎ ရက်တာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေကြီးကာ မြေနိမ့်ရပ်ကွက်အချို့သို့ ရေဝင်ရောက် လာသောကြောင့် အိမ်ထောင်စု ၂ဝဝ ကျော် ဘေးကင်း ရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး လယ်ဧက ၁၂ဝဝ ကျော် စိုက်ထားသမျှ ပျက်စီးခဲ့ရသည်ဟုသိရသည်။ ဇူလိုင် ၂၁ ရက်တွင် ပဲခူးမြို့ရှိ  ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းဂနိုင်း မြောက်ပိုင်းနှင့် ကျောက်ကြီးစုရပ်ကွက်တို့သို့ ရေများစတင်ဝင်ရောက် လာခဲ့ပြီး ၂၂ ရက်နေ့တွင်လည်း ရေဆက်တက်လာသဖြင့် နေအိမ်တွင် မည်သို့မှနေထိုင်၍မရတော့သော ကျွန်းသာယာရပ်ကွက်သားများမှာ ရေဘေးကင်းရာ ဘုန်းကြီးကျောင်းများသို့ ၂၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ပစ္စည်းမမက်နိုင်၊ လူလွတ်ရွှေ့ ပြောင်းကျန်ရပ်ကွက် ၃ ခုတွင် အိမ်ကြီးအိမ်ကောင်း နှစ်ထပ်အိမ်များသဖြင့် အပေါ်ထပ်တွင် နေထိုင်ကြ၍ရသောကြောင့် မပြောင်းရွှေ့ရသော်လည်း ကျွန်းသာယာရပ်ကွက်မှာ အခြေခံလူတန်းစားများပြီး တစ်ထပ်အိမ်ဖြင့်သာ နေထိုင်ကြရသောကြောင့် ရွှေ့ပြောင်းရခြင်းဖြစ်သည်။ ရေလွတ်ရာ ပြောင်းရွှေ့ကြသူများမှာ အဝတ်အစားနှင့် အိုးခွက်ပန်းကန် တစ်နိုင်သာ ယူဆောင်သွားကြပြီး ကျန်ပစ္စည်းများကို ထုပ်ပိုးကာ အိမ်ခေါင်တိုင်များတွင် ချည်ထားခဲ့ရသည်ကို တွေ့ရသည်။”ဒီနေ့ မနက် နောက်ထပ် အိမ်ထောင်စု ၄ဝ လောက် ဘုန်းကြီးကျောင်း ထပ်ရောက်လာတယ်။ ၂၃ ရက်နေ့က လူ ၁ဝ ယောက်ကို ထမင်းထုပ် ၄ ထုပ်ပဲရတယ်။ ဒီနေ့တော့ ရပ်ကွက်တွေက ထမင်းထုပ်လာပို့မယ်ပြောတယ်။ တစ်ယောက်တစ်ထုပ်တော့ရမယ်ထင်တယ်။ ဆန်ရှိတဲ့လူတွေက ဘုန်းကြီးကျောင်းမှာ ချက်စားကြတယ်” ဟု ကျွန်းသာယာရပ်ကွက်မှ ရေဘေးသင့်ပြည်သူတစ်ဦးက ဇူလိုင် ၂၄ ရက်နေ့ မနက်တွင် ပြောသည်။
လယ်တွေ ရေမြုပ်
ပဲခူးမြို့ဝန်းကျင်ရှိ လယ်ဧက ၁၂ဝဝ ကျော်သို့ ဇူလိုင် ၂၁ တွင် ရေစတင်ဝင်ခဲ့သည်။ မိုးရေ၊ ချောင်း ရေများ စုပြုံဝင်ရောက်ခြင်းကြောင့် ဇူလိုင် ၂၄ တွင် လုံးဝနစ်မြုပ်ကာ စိုက်ထားသောစပါးပင်များ ရေမြုပ်ပျက်စီးခဲ့ရပြီဟု ပဲခူးမြို့နယ် ဘုရားသုံးဆူရွာမှ လယ်သမားတစ်ဦးက ပြောသည်။”အကုန် ကုန်ပါပြီဗျာ။ ဘာစကားမှ မပြောချင် လောက်အောင် စိတ်ဆင်းရဲနေရပါပြီ” ဟု အောက်စီးတီးရွာမှ လယ်သမားတစ်ဦးက ဆိုသည်။ရေကျသွားပြီး ၂ လကြာမှသာ စပါးမျိုး ပြန်ချရမည်ဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၅ဝဝဝဝခန့် ထပ်ကုန်ကျမည်ဟု သိရသည်။”တစ်ဧကကို ပျိုး ၂ တင်းခွဲ ကုန်တယ်။ မျိုးစရိတ်က ကျပ် ၁ဝဝဝဝ။ ပျိုးနုတ်ခ၊ ကောက် စိုက်ခနဲ့ဆို စုစုပေါင်း ကျပ်၅ဝဝဝဝ ပေါ့။ မနှစ်က မိုးစပါးလည်း ရှုံးတယ်။ နွေမှာစိုက်တဲ့ပဲလည်း ရှုံးတယ်။ အခု လုပ်နေတာက စပါးပေးနဲ့ ငွေချေးပြီး လုပ်ထားတာ။ အခု ထပ်ရှုံးပြန်ပြီဗျာ။ ပထမအကြွေးက မကျေ သေးဘူး။ နောက်အကြွေး ထပ်ယူရဦးမယ်လေ။ ကျွန်တော်တို့ဆီမှာ ကုမ္ပဏီအထောက်အပံ့တွေလည်း ဘာမှမရဘူး”ဟု ဘုရားသုံးဆူရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ရေလွှမ်းခံရသော လယ်မြေများမှာ မြို့ဦးခင်၊ ဘုရားသုံးဆူ၊ စီစ ကုံး၊ ကရင်ပိုင်း၊ စာလေးကွင်း၊ ကွေ့တန်းရှည်၊ အထက်စီးတီးနှင့် အောက်စီးတီးရွာဝန်းကျင်မှ လယ် များဖြစ်သည်ဟု ၄င်းက ပြောသည်။”အဆိုးဆုံးကတော့ ဘုရားသုံးဆူနားက ရိုးကိုပိတ်ပြီး စက်သုံးဆီဆိုင်ဖွင့်လိုက်တာပဲ။ ရိုးကိုပိတ်လိုက်တော့ ရေက ဆက်မစီးတော့ ဘဲ လယ်ကွင်းတွေထဲ ပြန်ဝင်တယ်။ ဆည်ကကျတဲ့ရေနဲ့ ချောင်းရေပါ ပေါင်းလိုက်တော့ အကုန်မြုပ်ပေါ့” ဟု ၄င်းက ထပ်လောင်းပြောသည်။ယခုနှစ် ရေမြုပ်၍ စပါးစိုက် ထားသမျှ ပျက်ခြင်းသည် အဆိုးရွားဆုံးအနေအထားဖြစ်ကြောင်း၊ ရိုးပိတ်လိုက်ခြင်းအပေါ် ရွာသားများစုပေါင်း၍ သက်ဆိုင်ရာသို့တိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မိသားတစ်စု၏ ရေဘေးဒုက္ခ ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)
ပင်လယ်နဲ့မခြား ပဲခူးလယ်များ ဓာတ်ပုံ-အောင်ဇော်
ရေကြီးခြင်းသည် ငွေစီးခြင်း
ယင်းသို့ ရေကြီးခြင်းကြောင့် ရေဘေးဒုက္ခရောက်သူများနှင့် စိုက် စပါးဆုံးရှုံးခဲ့ခြင်းကြောင့် မှိုင်တွေနေသူများရှိသလို ရေကြီးသဖြင့် နေ့စဉ်ဝင်ငွေကောင်းနေသူများလည်း ရှိသည် ကို တွေ့ရသည်။”ကားတစ်စီးကို ကျပ်၅ဝဝဝနဲ့ တွန်းပေး တယ်။ ၂၄ ရက်နေ့ မနက်မှာ ရေထဲနစ်နေတဲ့ကား များလာလို့ ပိုတွန်းရတယ်။ ၅ ယောက်အဖွဲ့ ၁ဝ ဖွဲ့ကျော်လောက်ရှိတယ်။ ကလေးအဖွဲ့တွေလည်းပါတယ်။ မနက် ၇ နာရီလောက်က စတွန်းတာ။ အခု ၁၁ နာရီ လောက်အထိ ၆ စီးဆိုတော့ ၆ဝဝဝ ရပြီပေါ့။ ကိုယ့်အဖွဲ့ သူ့အဖွဲ့ နားလည်မှုနဲ့ တွန်းကြ တယ်။ ၁ဝ မိနစ်လောက်တော့ တွန်းရတယ်” ဟု ပဲခူးမြို့မှ ကိုတောက်ထွန်းက ပြောသည်။ကျွန်းသာယာရပ်ကွက်ထိပ်ရှိ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင် ပေါင်လယ်လောက် အထိ ရေရှိနေသောကြောင့် ကားအများစုမှာစက်သတ်၍ လူအားဖြင့်တွန်းကြကြောင်း သိရသည်။ထို့ပြင် ပဲခူးမြို့ရှိ ရေလွှမ်းနေရာများတွင် လှေများလည်း အငှား သွက်သည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းမပေါ်မှ ရပ်ကွက်တွင်းသို့ ဝင်သူများနှင့် ဟင်းလျာထွက်ဝယ်သူများမှာ လှေငှားစီးနေရသည်ဟု ပဲခူးမြို့ခံ တစ်ဦးက ဆိုသည်။”တစ်ယောက် ကျပ် ၂ဝဝနဲ့ အိမ်ဝေးရင် နည်းနည်းပိုပေးပေါ့။ လှေက အလှည့်ကျစနစ်နဲ့ ထွက် ကြတယ်။ မနေ့ကတော့ ကျပ် ၆ဝဝဝ ရတယ်” ဟု ကိုထွန်းထွန်း အောင်က ပြောသည်။ကိုထွန်းထွန်းအောင်သည် ပဲခူး ကောလိပ်တက်နေသူ ကျောင်း သားတစ်ဦးဖြစ်ပြီး ကျောင်းပိတ်နေစဉ် မုန့်ဖိုးရရန် လှေအငှားလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် အမျိုးသမီးကြီး အချို့သည်လည်း ဈေးဖိုးရရန်အတွက် လှေထွက်ဆွဲနေကြသည်ဟု ၄င်းက ပြောသည်။ကျွန်းသာယာရပ်ကွက်မှ ရေ ဘေးသင့်ပြည်သူ ယောက်ျားသားအများစုမှာ မိသားစုကို ဘုန်းကြီးကျောင်းတွင် ထားရစ်ခဲ့ကာ မိသားစုဝင်ငွေရရန်အတွက် တံငါလုပ်ငန်းကို ဆောင်ရွက်နေကြရသည်ဟုသိရသည်။ပဲခူး-ရန်ကုန်လမ်းမနှင့် ကျွန်းသာယာရပ်ကွက်ကြားရှိ ပဲခူးမြစ်မှ ခွဲထွက်လာသော ချောင်းတွင် ယကွင်းထောင်ကာ ရသမျှငါးများကို ရောင်းခြင်း၊ ပဲပြုတ်နှင့်လဲခြင်းနှင့် ဆန်နှင့်လဲခြင်းတို့ဖြင့် ဝမ်းစာရှာဖွေနေကြသည်ဟု ကျွန်းသာယာမှ ကိုထွန်းထွန်းဝင်းက ပြောသည်။”ရေတက်တော့ငါးအရများတယ်။ မနေ့က ကျပ် ၈ဝဝဝ  လောက် ရတယ်” ဟု ၄င်းကပြောသည်။ရေဘေးသင့်ပြည်သူ ကိုသိန်းအောင်ကလည်း မိန်းမနှင့် ကလေးအား ဘုန်းကြီးကျောင်းတွင် ထားခဲ့ကာ ဆိုင်ကယ်တက္ကစီ ထွက် ဆွဲလျက်ရှိသည်။ ”အရင်က ၅ဝဝ တန်ခရီးက ၁ဝဝဝ လောက်ဖြစ်သွားတော့ တော်တော်ရတယ်။ ၂၄ ရက်နေ့က ဆီဖိုးဖယ်ပြီး ၁ဝဝဝဝ လောက်ရတယ်”ဟု ကိုသိန်းအောင်ကပြောသည်။

ခါတော်မီ ကားတွန်းဈေးကွက် ဓာတ်ပုံ-အောင်ဇော်
ဒုက္ခကြားမှ ဝမ်းရေးအတွက် ငါးရှာ ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)
ရေပြန်မကျသေး
ဇူလိုင် ၂၅ ရက် မနက်တွင် ရေမကျသေးသည့်အပြင် ပိုမိုတက်လာသည်ဟု ထင်ကြောင်း၊ ၂၇ ရက်နေ့လောက် ရောက်မှသာ ပြန်ကျနိုင်မည်ထင်ကြောင်း ပဲခူးမြို့ခံ တစ်ဦးကပြောသည်။ရန်ကုန်မှ ပဲခူးဘုန်းကြီး ကျောင်းသို့ သွားရောက်ဆေးကုပေးသူ ဆရာဝန်တစ်ဦး က ”၂၄ ရက် မနက် ၇ နာရီလောက်မှာ ဆလွန်း ကားတောင် ဖြတ်လို့မရဘူး။ ညနေပိုင်း ရန်ကုန်ပြန်တော့ ရေကတော် တော်များနေပြီ။ လှေတွေလည်းတွေ့တယ်။ ထမင်းထုပ် တွေ ဝေနေတယ်လို့ကြားတယ်။ ရေဘေးသင့်ပြည်သူ ချင်း ကူညီရိုင်းပင်းကြတာလည်း တွေ့ရတယ်”ဟုဆို သည်။ ပဲခူးမြစ်ရေသည် ဇူလိုင် ၁၅ ရက်နေ့တွင် ပထမအကြိမ်မြင့်တက်ခဲ့သည်။ ဇူလိုင် ၂၃ ညနေတွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၉၁ဝ စင်တီမီတာသို့ စတင် ရောက်ရှိခဲ့သည်။ယင်းသို့ ရေကြီးမှုကြောင့် ပဲခူး အထက-၄၊ အလက-၅၊ အထက-၂ နှင့်မူလတန်းကျောင်းများမှာ ဇူလိုင် ၂၄ မှစကာ ပိတ်ထားခဲ့ရသည်။         ”ရေကျပြီးရင် သန့်ရှင်းရေးလုပ်ရဦးမှာဆိုတော့ နောက် ၅ ရက် လောက် ကျောင်းပိတ်ထားရမယ်နဲ့ တူတယ်”ဟု အထက-၄ မှ ဆရာမတစ်ဦးက ပြောသည်။
အောင်ဇော်
ပဲခူးမြို့မှ လှေတက္ကစီ ဂိတ် ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)

ငြိမ်းချမ်းရေး၏ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် အခမ်းအနား ကျင်းပ

ငြိမ်းချမ်းရေး၏ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် အခမ်းအနား ကျင်းပ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် နှစ် ပတ်လည်အခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန်မြို့၊ စမ်း ချောင်းမြို့နယ်၊ ကျွန်းတောကျောင်း တိုက်၌ကျင်းပခဲ့သည်။ နှစ်စဉ်မပျက် ကျင်းပလေ့ရှိသော ဆရာကြီးသခင် ကိုယ်တော် မှိုင်း အောက်မေ့ဖွယ် အခမ်းအနားစာပေအနုပညာရှင်များ လည်း တက်ရောက်ခဲ့ သည်။ ၁၉၅၇ ခုနှစ် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကိုယ်တိုင်ရေး သားသည့် ”ငြိမ်းချမ်းရေးကို ပြန် လည်တည်ဆောက်ရာတွင် တစ်ဦး အပေါ်တစ်ဦး မလို မုန်းထား အာဃာ တတရားများကို ဖယ်ရှား၍ သူမနာ ကိုယ်မနာကိုယ်ချင်းစာမေတ္တာတရား ကို ပွားများကာ မညီမညွတ်မသင့် မတင့် ပဋိပက္ခဖြစ်မှုမှန်သမျှကို ရပ်စဲ ကြရန် အချိန်ကျရောက်လျက်ရှိ ပေပြီ”ဟူသော ဆရာကြီးဦးဆောင် ဖွဲ့စည်းသော ပြည် တွင်းငြိမ်းချမ်းရေး (၈)ဦးကော်မတီ၏ ပန်ကြားချက်ကို ပြန်လည်ဖတ်ကြားခဲ့သည်။ ထို့အပြင် တက်ရောက်လာ သည့် ပုဂ္ဂိုလ်များထဲမှ ကဗျာဆရာ ကြီးဦးအံ့မောင်က ဆရာကြီးဒဂုန် တာရာ၏ ၉၃ နှစ်မြောက်မွေးနေ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ၊ ကဗျာ ဆရာမောင်စိမ်းနီ၊ ကဗျာဆရာ မောင်လင်းရိပ်နှင့် ကဗျာဆရာ မိုးဦး ဆွေညိန်းတို့က ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီး ၃ ပုဒ်ကို ရွတ်ဆိုခဲ့ကြသည်။ ယင်း အပြင် လူငယ်တေးဂီတအဖွဲ့တစ်ခုမှ လည်း ဆရာကြီးသခင် ကိုယ်တော် မှိုင်းအား ရည်စူးရေးစပ်ထား သော ခေတ်ပေါ်သီချင်းနှစ်ပုဒ်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လမ်းပြသူနှင့် သခင် ကိုယ်တော်မှိုင်း သီချင်းတို့ကို သီဆို ဂုဏ်ပြုခဲ့သည်။ ”ဆရာကြီးသခင်ကိုယ်တော် မှိုင်း အမှတ်တရပွဲက ဒီနှစ်နည်း နည်းထူးခြားတယ်။ အရင်နှစ်တွေ တုန်းက တက်ရောက်လာတဲ့ ဧည့် သည်တွေကို မုန့်ဟင်းခါးကျွေး တယ်။ အလာပသလာပ ပြော ကြတာမျိုး ပဲရှိတာ။ လွန်ခဲ့တဲ့ ၅ နှစ် လောက် မတိုင်မီ က ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာရှိတဲ့ ဆရာကြီး ရဲ့အုတ်ဂူမှာလုပ်တုန်းကလည်း သိပ် ထူးထူးခြားခြားမရှိခဲ့ဘူး။ ဒီနှစ် တော့ အလွန်အင်မတန်ငယ်တဲ့လူငယ်တွေက ဆရာကြီးအမှတ်တရသီချင်းတွေဆိုကြ တယ်”ဟုကဗျာဆရာကြီးဦးအံ့မောင် ကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အောက်မေ့ပွဲကို ဆရာကြီးမိသားစု ဝင်များနှင့် ဆရာကြီးအား လေးစား သူများက ဦးဆောင်ကျင်းပခြင်းဖြစ် ပြီး လက်ရှိတွင်ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ မြေးမြစ်တီတွတ် ပေါင်း ၆၂ ဦးရှိကြောင်း သိရသည်။
မိုးမြင့်မြတ်



ဆရာမောင်ဝံသ၊ ဆရာမောင်မိုးသူနှင့် သခင်သိန်းမောင်

ကဗျာဆရာကြီး အံ့မောင်

ဆရာသန်းစိုးနိုင်

မြန်မာပို့စ်ဂျာနယ် Vol.3, No.28

ရန်ကုန် ကျောက်စိမ်းလုပ်ငန်းရှင်များ ဖားကန့်အထိ ကျောက်အဝယ်ထွက်သဖြင့် အရောင်းသွက်နေ

ရန်ကုန်အခြေစိုက် ကျောက် စိမ်းလုပ်ငန်းရှင်များသည် ကျောက် စိမ်းတူးဖော်ထွက်ရှိရာ ဖားကန့် ဒေသ ကျောက်ဝိုင်းများသို့ တိုက် ရိုက်လာရောက်ဝယ်ယူကြသော ကြောင့် အရောင်းသွက်လျက်ရှိ ကြောင်းသိရ သည်။”အရင်က မန္တလေးကုန်သည် တွေနဲ့ပဲ ချိတ်ဆက်ပြီးလုပ်ကြတယ်။ ခုက ရန်ကုန်ကနေ တိုက်ရိုက် တက် ဝယ်ကြ တော့ ဈေးကွက်ကောင်းနေ တယ်။ ကျောက်မျက်ပြပွဲပြီးက တည်းကဈေးကွက် ကောင်းနေ တယ်။ တရုတ်နှစ်သစ်ကူးကလည်း နီးလာ တော့ နှစ်သစ်ကူးအမီ ဝယ်ကြ တာ လည်းပါတယ်။ ဈေးကွက် တော်တော် ကောင်းနေတယ်” ဟု ဖားကန့် ကျောက်စိမ်းဝယ်ရောင်းလုပ်နေသူ ကုန်သည်တစ်ဦးက ပြော သည်။ဖားကန့်ကျောက်စိမ်းဈေး ကွက်သည် နိုဝင်ဘာလနောက်ဆုံး ပတ်တွင် နေပြည်တော်၌ ကျင်းပ ခဲ့သော ကျောက်မျက်ရတနာပြပွဲ၌ စံချိန်တင်ရောင်းချရမှုအပြီးတွင် အနည်းငယ် လှုပ်ခတ်ခဲ့ပြီး ကျောက် စိမ်းအဓိကဝယ်လက်ဖြစ်သော တရုတ်ကုန်သည်များအပြင် ဗီယက် နမ်ကုန်သည်များကပါ အဝယ်လိုက် လာသောကြောင့် ၄င်းတို့နှင့် တိုက် ရိုက်ချိတ် ဆက် နိုင်သော ရန်ကုန် ကျောက်စိမ်းကုန်သည်များက ဖား ကန့်အထိ လိုက်ဝယ်နေခြင်းဖြစ် ကြောင်း သိရသည်။”ကျောက်သားကတော့ အမျိုး အစားအလိုက် အ ရောင်း အဝယ် ဖြစ်နေပါတယ်။ ကျောက်သား အ မြင့်ထဲမှာဆိုရင် အသားဆန်းနဲ့ ဘော်ဒီသားကတော့ အရောင်းအ ဝယ် အဖြစ်ဆုံးပဲ” ဟု လုံးခင်ရှိ ကျောက်စိမ်းကုန်သည် တစ်ဦးက ပြောသည်။ကျောက်စိမ်း ဘော်ဒီသားတွင် မှန်သား၊ ဖန်သား၊ ရေသားဟူ၍ ၃ မျိုးရှိပြီး ယင်းကျောက်သားများ အနာလွတ်ပါက သိန်းရာဂဏန်းထိ ဈေးရှိကြောင်း သိရသည်။လက်ရှိဖားကန့်ကျောက်စိမ်း ဈေးကွက်အဝယ်လိုက်နေခြင်းမှာ မတ်လတွင် ကျင်းပမည့် ကျောက် မျက်ရတနာပွဲကြီးတွင် ပြသရောင်း ချရန်အတွက် ဝယ်ယူနေကြခြင်း လည်းဖြစ်နိုင်ကြောင်း ရန်ကုန်အခြေ စိုက်ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး က သုံးသပ်သည်။
မင်းထက်စံ

ဖားကန့်မြို့ ဗုံးဆက်တိုက် ပေါက်ကွဲ

ဖါးကန့်ကျောက်စိမ်းမော်၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန
ဖားကန့်မြို့ မှော်ဝန်းအထွက် ဆီဆိုင် အနားမှာ အင်္ဂါနေ့မနက် ၅ နာရီခွဲ အချိန်က ပြင်းထန်တဲ့ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာရမှုကိုတော့ အတည် မပြုနိုင်သေးပါဘူး။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဖားကန့် ရဲစခန်းရှေ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့၊ ကုမ္ပဏီတခု အနားတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရမှု ရှိတယ်လို့တော့ သတင်းမရပါဘူး။ဖားကန့်မြို့မှာ ရေလွှမ်းမိုးမှု ဖြစ်ပွားနေတာနဲ့ တပြိုင်တည်းမှာပဲ ဗုံးပေါက်ကွဲမှုတွေလည်း ဆက်တိုက်လိုလို ဖြစ်ပွားနေတဲ့ အတွက် တနယ်တကျေးက လာရောက် အလုပ်လုပ် ကိုင်ကြသူတခိျု့ နယ်ကို ပြန်သွားကြပြီလို့ ဆိုပါတယ်။ပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့က ဆောင်ရွက်တယ်ဆိုတာ အတိအကျ အသေအချာ မသိရပေမဲ့ လောလောဆယ် ဖြစ်ပွားနေတဲ့ ကချင် နဲ့ အစိုးရ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဒေသခံတွေက ထင်မြင်ယူဆကြပါတယ်။

ရွေးကောက်ပွဲ ပိုကောင်းအောင် ဆောင်ရွက်မယ်လို့ ကော်မရှင် ဥက္ကဌ ပြောဆို

ရှေ့လာမဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြောပါတယ်။
(Photo: AFP)
မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ မဲရုံတခုမှာ မဲပေးရန် စာရင်းပေးနေသူများ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက အခုလို ပြောဆို သွားတာပါ။ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့တဲ့ ချို့ယွင်းချက်တွေကို သင်ခန်းစာ ယူပြီး ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၃၆ ခု က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ပါတီတစ်ခုကို ၂ မိနစ်ခန့် တင်ပြ ခွင့်ရခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ မနက် ၁၀ နာရီလောက်က စပြီး ကျင်းပပြီး ဖိတ်ကြားထားတဲ့ ၃၇ ပါတီ အနက်က ၃၆ ပါတီ တက်ရောက်ခဲ့ကြောင်း၊ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဦးသိန်းတင်အောင်တယောက်သာ တက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင် ၆ ဦးတိုတက်ရောက်ခဲ့ကြောင်း ပြောပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အခြေအနေတွေကို သုံးသပ် တင်ပြ ဆွေးနွေးပြီး တိုင်းရင်းသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တခြား နိုင်ငံရေး ပါတီတွေ ကလည်း ၂၀၁၀ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ နဲ့တခြားအချက်တွေကို တင်ပြ ဆွေးနွးခဲ့ကြ ပါတယ်။ ဆွေးနွေးချက်တွေကို ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြန်လည် ဖြေကြားခဲ့သလို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လှိုင်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပါတယ်။

ဟင်္သာတမြို့ ရေကြီးမှု အခြေအနေမှ လွတ်မြောက်

ဇူလိုင် ၁၈၊ ၁၉ ရက်များတွင် မိုးသည်း ထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ဟင်္သာတမြို့ တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု သတင်းများ ရန်ကုန်တွင် ကြားနေရပါသည်။ ဧရာ ၀တီမြစ်ကမ်းရိုး၏ ဘေးတွင် တာရိုးများ ပတ်လည် ကာရံထားပြီးမြို့တည်ထားသော ဟင်္သာတမြို့ တွင် ရေကြီးသည်ဟု ဆိုသောအခါ အနယ်နယ် အရပ်ရပ်သို့ ရောက်ရှိနေသော ဟင်္သာတမြို့သား များ အပါအ၀င် သတင်းကြားရ သူ မြန်မာနိုင်ငံ သားတော်တော် များများ စိုးရိမ် ပူပန်ခဲ့ရပါသည်။ အဆိုပါ အခြေအနေ များကြောင့် မြန်မာပို့စ် သတင်း ဂျာနယ်မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၏နောက်ဆုံးအခြေအနေကိုတင်ပြ နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရေနစ်မြုပ် မှုအမှန် တကယ် ခံစားခဲ့ရသော ရပ်ကွက် များမှ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသော ဒေသခံ များနှင့် သွားရောက်တွေ့ဆုံရန် အတွက် အဝေးပြေးကား ဂိတ်သို့ခြေဦးလှည့် ခဲ့သည်။
ဧရာဝတီမြစ်ကို တာရိုး   ခံထားသော ဟင်္သာ တမြို့အတွင်းတွင် အိမ်ထောင်စု ၇၆၆၉၂ စု၊ အိမ်ခြေပေါင်း ၇၃၅၅၅ လုံးဖြင့် အခိုင်အမာ ဖွဲ့ စည်းထား သောမြို့ကြီးဆီသို့ အရောက်သွားဖို့ အတွက် ကား လက်မှတ် ဖြတ်ပြီး အဝေးပြေး ကား ဂိတ်မှစတင်ထွက်ခွာ လာရာ သောကြာ၊ ညတစ် နာရီ (စနေနေ့နံနက်) အချိန်တွင် ရန်ကုန် မှ ဟင်္သာတ သို့ရောက်ရှိသည်။ ဟင်္သာတ မြို့သည် နောက်ဆုံး ထုတ်ပြန်ချက် များအရ လူဦးရေ ကျား ၁၅၉၁၃၂ ဦး၊ မ ၁၇၃၈၇၂ ဦးဖြင့် စုစုပေါင်း လူသုံးသိန်းသုံးသောင်းကျော်ရှိကြောင်း လည်း ဟင်္သာတမြို့၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ရုံး၏ စာရင်း ဇယား များက တစ်ဆင့်ထပ်မံသိခဲ့ရပါသည်။
ညအလင်းရောင် အောက်တွင် ရေပြန် လည် ဆင်းနေပြီဖြစ်သော ဟင်္သာတမြို့လယ် အခြေ အနေက မိုးဆက်မရွာတော့ သော်လည်း တစ်မြို့လုံး စိုထိုင်းထိုင်း၊ အငွေ့အသက် ကို ခံစား နေရသည်။
ထိုညတွင်ပင် ဆိုက်ကား တစ်စီးဖြင့် မြန် အောင် အပါအ၀င် အနီးအနား ရှိမြို့တို့မှ လာ ရောက်ပညာ ရင်နို့ သောက်စို့ရာ ဟင်္သာ တက္ကသိုလ် ကြီးဆီသို့ ရောက်ခဲ့သည်။ မိုးရေ အခြေအနေ က ဟင်္သာတ တက္ကသိုလ် ဘေးရှိ အဓိက ရေနုတ် မြောင်းမှ တသွင်သွင် စီးဆင်း လျက်မြို့ပေါ်ရှိ ရေ များကို လျှော့ချ ပေးနေသည်။
လမ်းတစ်လျှောက်တွင် ဟင်္သာတ ဘူတာ ကိုဖြတ်ကျော် ခဲ့သည်။ ရထားသံ လမ်းတစ် လျှောက်တွင် ရေအကြွင်း အကျန်တို့ရှိနေသော် လည်း တဖြည်းဖြည်း လျော့ပါးနေပြီဖြစ်သည်။ ရေကြီးမှုကြောင့် ရထားမဆိုက် သည် မှာ သုံးရက်ရှိ ပြီဖြစ်ကြောင်း တက္ကသိုလ် သို့လိုက်ပို့ ပေးနေ သော အနှေးယာဉ် လုပ်သားကပြောသည်။
ရန်ကုန်မြို့မှ ဟင်္သာတ တက္ကသိုလ်သို့ ကျောင်းသွားတက်သော သင်္ချာ ဒုတိယနှစ် ကျောင်းသားကို အောင်အောင်က “ရေကြီးလို့ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က ကျောင်း လာမ တက်ဖြစ်ဘူး။ အခုမှလာ တက်တာ။ မြန်အောင် က ကျွန်တော့် သူငယ်ချင်းလည်း ရထား လာမရလို့ အခုကျောင်းမလာဖြစ်ဘူး”ဟု မြန်မာပို့စ်သို့ပြော ပါသည်။
စနေနေ့၊ နံနက် ၁၀နာရီအချိန် တွင် ဟင်္သာ တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင် နှင့်တွေ့ဆုံခွင့် ရပါသည်။ ဟင်္သာတမြို့ရေကြီး ရေလျှံမှုနှင့်ပတ်သက်၍ လူအသေအပျောက် မရှိကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများမှာ လည်း အားလုံး အဆင်ပြေ ချောမွေ့ ခဲ့ကြောင်း၊ ဧရာဝတီ တိုင်း ဒေသကြီး ၀န်ကြီး လည်းလာရောက် ကြည့်ရှု စစ်ဆေး ခဲ့ပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါ သည်။
ဆရာ ဦးအောင်ကျော်နိုင် ၏ စီစဉ် ပေးမှု ကြောင့် အမှန်တကယ်ရေ နစ်မြုပ်ရာရပ်ကွက် များမှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးစခန်းတွင် သွားရောက်နေ ထိုင်ခဲ့ရသော မိသားစုဝင် များနှင့် တွေ့ဆုံ ခွင့်ရ ခဲ့ပါသည်။
“ကျွန်တော်တို့မြို့က အားလုံး သိကြတဲ့ အတိုင်း တာရိုး ပတ်လည် ကာရံထားပြီးနေကြ တာ၊ ဧရာဝတီမြစ်ရေ က တာရိုးနှုတ်ခမ်း တစ်ပေ အကွာနားထိမြစ်ရေတက်တဲ့ အချိန်ဆိုရင် ရောက်လာ တက်တယ်။ ဟင်္သာတမြို့သူမြို့သား တွေ ကတော့ လှေတွေ၊ သမ္ဗန်တွေက အပေါ် မှာ၊ လူက အောက်မှာအမြဲလိုလို နေခဲ့ရတော့ မကြောက်ပါ ဘူးဗျာ”ဟု သုံးပင်ကွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ပြောသည်။
သည်းထန်းသော မိုးရေချိန်များကြောင့် ဟင်္သာတမြို့၏မြ၀တီရပ်ကွက်၊ သုံးပင် ကွင်းရပ် ကွက်၊ ကနောင်စု၊ အေးမြသာယာ ရပ်ကွက်တို့ မှာ ရေကြီးမှု ဒဏ်ကို ခံစားခဲ့ရကြောင်း သိရှိရ သည်။
“ရန်ကုန် ရောက် ဟင်္သာတ သားတွေက ရေနစ်မြုပ်ရာ ဒေသကို လာရောက် အကူအညီ ပေးကြပါတယ်”ဟု ၎င်းကဆက်ပြောပါသည်။
ဟင်္သာတမြစ်ရေကြီးမှု အတွက် ဖွင့်လှစ်ခဲ့ သော ကယ်ဆယ်ရေးစခန်း သဗ္ဗသိဒ္ဓိဓမ္မာရုံ၊ ရတနာပုံကျောင်း၊ ဒေါ်စောဂိုဒေါင်၊ အ.လ.က (၂) တို့တွင်လည်း အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေ အောင်ဆောင်ရွက် နိုင်ခဲ့ကြောင်းကို မြ၀တီရပ်ကွက်နှင့် ကနောင်စု ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တို့ကပြောခဲ့သည်။
ရေအနိမ့်ဆုံး အပိုင်းဟုဆိုသော မြ၀တီရပ် ကွက်တွင်ရေနစ်မြုပ်ခဲ့သူတို့အား အိမ်ထောင်စု လူဦးရေအလိုက် ထမင်းထုပ်များ၊ ဆန်များဆက် လက်ဝေငှ နေသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။
၂၁ရက်၊ ၂၂ ရက်များတွင် ရထား ဆိုက် ရောက်ခြင်းမရှိသော်လည်း ဟင်္သာတ တက္ကသိုလ် ကြီးမှာ ဆက်လက်ဖွင့် နေသည်ကိုတွေ့ရသည်။ ဟင်္သာတမြို့ပေါ်တွင် အ.မ.က ကျောင်း စုစုပေါင်း ၁၆ ကျောင်း၊ အထက် တန်း ကျောင်း သုံးကျောင်းရှိရာ ရေကြီးနေသည့် ကာလများ အတွင်း ကျောင်းများအားလုံး ခေတ္တပိတ် ထား ခဲ့ရသည်။ သို့ရာတွင် လက်ရှိ ရေပြန်လည် ကျဆင်း နေသည့် အခြေအနေအရ ၂၅ ရက်၊ တင်္နလာ နေ့တွင် ကျောင်းအားလုံး ပြန်လည်ဖွင့် လှစ်နိုင်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက ပြောပါသည်။
“ ကျွန်မတို့ ဘယ်လို အခက်အခဲတွေပဲဖြစ် ဖြစ် ကျောင်းတွေ ပြန်ဖွင့် တာနဲ့ ကလေးတွေကို ကျောင်းပြန် တက်ခိုင်းမှာပါ”ဟု မြ၀တီရပ်ကွက် မှ ကြုံရာကျပန်းလုပ်ကိုင်စားသောက်သော ကျောင်းသားမိဘတစ်ဦးက အားမာန် အပြည့် ဖြင့်ပြောပါသည်။
၁၈ ရက်မှ စတင်ပြီး ၁၉ ရက်တွင် အသည်း အသန်ရွာ သွန်းခဲ့သော မိုးရေချိန်မှာ ပြီးခဲ့သည် ၂၉ နှစ်က ရရှိခဲ့သော မိုးရေချိန် ၇ လက်မ ကျော် ထက်စံချိန် ပိုများခဲ့သည် ဟုသိရသည်။ မြ၀တီ မိုးလေ၀သမှ တိုင်းတာချက် မှာ ၆ ဒသမ ၅ လက်မရှိသည်ဟု သိရသည်။ နေ့လယ် ၂ နာရီ ရန်ကုန်သို့ အချိန်မီပြန်လည် ပြင်ဆင်နေသည့် အချိန်တွင် ဟင်္သာတမြို့သို့ ရထား ဆိုက်လာပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင် ၁၉ ရက်က စံချိန် တင်ရွာသွန်းခဲ့ သော မိုးကြောင့် မြို့တွင်း ရေလွှမ်း မိုးခံ ခဲ့ရသော ဟင်္သာတ မြို့၏ အချက်ပေး ဥသြသံ ဟုပင်ထင် မြင်မိ ပါတော့ သည်။
ဘသန်း

ကြိုတင်မဲအကြောင်း ရှင်းပြီ

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရခြင်းမှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။

mm-election-2011
၂၀၁၀ ရွေးကောက်ပွဲနေ့က ရန်ကုန်မြို့ရှိ မဲရုံတခုတွင် မဲရေတွက်နေပုံ (ဓာတ်ပုံ - AP)
နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုမှ ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ပါတီတခုကို ၂ မိနစ်စီ တင်ပြ ဆွေးနွေးဖို့ အချိန်ရတော့ အများစုက မဲမသမာမှုတွေကို တင်ပြကြတယ်၊ ဒီတော့ ပြန်ပြီးတော့ သုံးသပ်သွားမယ်၊ နောင် ဒီလို မဖြစ်အောင် လုပ်သွားမယ်ပေါ့၊ ဒီလောက်ပါပဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲသို့ အကဲခတ်အဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းစဉ်ကမူ အာဏာပိုင်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက် ရှိသဖြင့် အကဲခတ်သူများ မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကြံ့ဖွံ့ပါတီဟု လူသိများသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှအပ အစည်းအဝေး တက်ရောက်ကြသော ပါတီ အများစုက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ဖွံပါတီ၏ မဲ မသမာမှု၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ချယ်လှယ်မှုများကို တင်ပြကြကြောင်း၊ သို့သော်လည်း ကော်မရှင်ထံမှ တိကျသော အဖြေ မရခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လက်ခံနိုင်ပေမယ့် ဒီဥပဒေကို ပါတီတချို့က လက်တွေ့ မကျင့်သုံးတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ပြောပြသည်။

အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်အရ ဖွဲ့စည်းထားသော ကော်မရှင်သည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လွတ်လပ်မှုရှိပြီး ဘက်လိုက်မှု ကင်းရှင်းရန် လိုအပ်ကြောင်း၊ အစည်းအဝေးများတွင် ပြောဆိုနေမှုထက် လက်တွေ့ ကျင့်သုံးရန် အရေးကြီးကြောင်း၊ ကော်မရှင်အဖွဲ့ဝင် အများစုသည် ကြံ့ဖွံ့ပါတီဝင်များ ဟု သိရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခုကို နိုင်ငံရေးပါတီများက တာဝန်ယူ ကျင်းပသင့်ကြောင်း ပါတီခေါင်းဆောင်တချို့က အစည်းအဝေးတွင် တင်ပြခဲ့ကြသည်ဟု ဆိုသည်။

“(ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်) ဦးတင်အေးက ဒီကိစ္စကို လွှတ်တော်မှာပဲ တင်ပြ ဆွေးနွေးပါ၊ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြန်ဖြေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ဖွံ့ပါတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ လက်ရှိအချိန်တွင် ဦးတင်အေးက ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားခြင်း မရှိတော့ကြောင်း အစည်းအဝေး တက်ရောက်သူများကို ရှင်းပြခဲ့သည်ဟု သိရသည်။

လွှတ်တော်အစည်းအဝေးများ မည်သည့်အချိန်တွင် ပြန်လည် ကျင်းပမည်ကို မသိရသေးကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို ဩဂုတ်လ ဒုတိယပတ်တွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

၁၉၉၇ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ခရီးထွက်စဉ် ကြားသိခဲ့ရသည့် ကချင်
ဝေါဟာရ တခုကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုက်နှစ်သက်သည့် အတွက် စာကြည်တိုက် အမည်ကို
အောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

“ကချင်ပြည်နယ်ကိုရောက်တော့ ကချင်မလေးတွေက အော်တယ်
dsbagan31ss
ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို သွားရောက် ဖွင့်လှစ်ပေးမည်
တဲ့။ အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ်” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများကိုလည်း မျိုးရိုးအမည် နောက်တွင်တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ
 ဖြစ်သည်ဟု ဦးမြတ်လှက ပြောသည်။ စာကြည့်တိုက် တခုစီအတွက်
ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။

စာအုပ်များတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့ လူ့ငရဲ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးတိုင်း စာကြည့်တိုက်ဖွင့်ပွဲ အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပဲခူးလူငယ်တွေနဲ့ ကျနော်တို့ဒီမှာ အကုန်လုံး စီစဉ်ထားပြီးပြီ လုံခြုံရေးက သူတို့ဆီကလည်း ပါလာမယ် ကျနော်တို့ဆီကလဲ တထပ် ထပ်ဝိုင်းမယ် လုံခြုံရေးကလည်း ကျနော်တို့ အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ်ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး နေအိမ်ပြင်ပ ခရီးစဉ်များ အဖြစ် ယခုလ ၄ ရက်နေ့ကလည်း ပုဂံရှေးဟောင်းမြို့တော်သို့ ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။

ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး
ဈေးသူဈေးသားများနှင့် ဒေသခံ ၃,၀၀၀ ကျော်တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ယခု ဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။

“အခုလည်း ကျနော့်ကို လာမလား လာမလားနဲ့ တော်တော်လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျာအခုတည်းက ကျနော့်ကို လာမေးနေကြတာ အဲဒီနေ့လည်း ဘယ်လောက်လာမလဲမှ မသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ” ဟု ဦးမြတ်လှက ဆိုသည်။

မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာ

“မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ဖျက်စီးနေသူများကို ပြတ်ပြတ်သားသား ရှုံ့ချကြ၊ ဆန့်ကျင်ကြ”

သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းကာကွယ်စောင့်ရှောက်မှုမှာ လေးနက်မှု မရှိဘူး၊ ထိခိုက်မှုကို လျော့ချရန် စနစ်တကျ ပြုလုပ်မှုမရှိဘူးလို့ မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု လုပ်ကိုင်နေတဲ့ အဖွဲ့က စာ မျက်နှာ ၁၀၀ ကျော် ရေးသားထားတဲ့ အစီခံစာကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ယင်းအဖွဲ့ကြီးက သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း ကာကွယ်စောင့်ရှောက်ရေးတွေမှာ ပြည်တွင်းဥပဒေတွေ၊ မူဝါဒတွေ ရှိနေပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားထားတာ၊ တင်းကျပ်သည့် တားမြစ်ချက်တွေရှိနေတာ ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ပြည်သူတွေရဲ့ ပူး ပေါင်းပါဝင်မှုကို မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံရေး ပဋိပက္ခတွေရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေမှာ တရားဥပဒေ၊ စံနှုန်းစံထားတွေ၊ စီမံအုပ်ချုပ်မှုတွေမှာ အားနည်းနေပြီး၊ ထိရောက်စွာ တားစီးမှု မလုပ်နိုင်ခြင်းကြောင့် ပိုမိုဆိုးဝါးသည့် အခြေအနေသို့ တွန်း ပို့ပေးနေကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ သစ်ထုတ်လုပ်ရောင်းချမှုများကို အချိန်ကာလအားဖြင့် ကြာမြင့်လာပြီ ဖြစ်တာကြောင့် သစ်တောရင်းမြစ်တွေ ပျက်စီးနေခြင်း၊ ကျောက်မျက်၊ သဘာဝဓာတ်ငွေ့ အပါအ၀င် သဘာဝသံယာဇာတတွေ အကန့် အသတ်မရှိ တူးဖေါ်ရောင်းချနေတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး ဆုံးရှုံးနေခြင်း၊ ရေကာတာတွေ တည် ဆောက်နေတာတွေကြောင့် ရေခန်းခြောက်တာ၊ မြေပြိုတာ၊ ရေလွှမ်းမိုးတာတွေ ဖြစ်ပေါ်လာတယ်လို့ ထည့်သွင်း ဖော်ပြထားတယ်။ လေဒဏ်၊ မိုးဒဏ်နဲ့ ပင်လယ်ဒီရေတွေကို ဟန့်တားနိုင်ဖို့ ဒီရေတောတွေကိုလည်း ထိန်းသိမ်းတာ မရှိ၊ သစ်တောတွေကိုလည်း ထိမ်းသိမ်းပေးတာမရှိခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေ ရှိနေ ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေတဲ့အတွက် ရာသီဥတုပြောင်းလဲလာကာ ငလျင် လှုပ်၊ မုန်တိုင်းတိုက်၊ ရေကြီး၊ မိုးခေါင် စတဲ့ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေရကြောင်း ဖေါ်ပြထားပါတယ်။

The Voice Weekly No.7/ Vol.32

မြောက်ကိုရီးယား ကိုယ်စားလှယ် နျူကလီးယားအရေး ဆွေးနွေးဖို့ အမေရိကန်ရောက်

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်မ်ကေးဂွမ်န်။
ဓာတ်ပုံ AP
မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်မ်ကေးဂွမ်န်။ ဇူလိုင် ၂၆၊ ၂၀၁၁။
ရပ်တန့်နေတဲ့ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲရဲ့ အနာဂတ်ကိစ္စတွေ ဆွေးနွေးဖို့ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်၊ နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးလည်း ဖြစ်သူဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေပါတယ်။
အမေရိကန် အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ ၂ ရက်အလိုမှာ အဲဒီ စေ့စပ် ညှိနှိုင်းရေးမှူး ကင်မ်ကေးဂွမ်န် (Kim Kye Gwan) ဟာ နယူးယောက်မြို့ကို အင်္ဂါနေ့က ရောက်ရှိခဲ့တာပါ။
မစ္စတာကင်မ် အခုလို ရောက်ရှိမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။ အစကို ပြန်ရောက်သွားစေမယ့် ဆွေးနွေးပွဲရှည်တွေ ပြုလုပ်သွားဖို့ အမေရိကန်တို့ဘက်က စိတ်ဝင်စားခြင်း မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။
ဆင်းရဲနွမ်းပါးနေတဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းပစ်ရင် စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ တခြား အကူအညီပေးမယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ ၆ နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲတွေကို ကျင်းပနေခဲ့တာပါ။
အဲဒီ ဆွေးနွေးပွဲတွေကနေ မြောက်ကိုရီးယားက မကြာခဏ ထွက်သွားလေ့ရှိပြီး နောက်ဆုံးတခေါက်ကတော့ ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ခဲ့တုန်းက ဖြစ်ပါတယ်။ မနှစ်ကတုန်းကတော့ ကိုရီးယားစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုတွေ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

Luc Besson's Aung San Suu Kyi biopic set to premiere at Toronto film festival

Michelle Yeoh in The Lady
Michelle Yeoh as Burmese opposition leader Aung San Suu Kyi in Luc Besson's The Lady, which will premiere in Toronto
The Lady joins Michael Winterbottom's Trishna, Bennett Miller's Moneyball and Roland Emmerich's Anonymous on confirmed list
Luc Besson's Aung San Suu Kyi biopic, The Lady, will have its world premiere at September's Toronto film festival. The news was announced on Twitter by festival co-director, Cameron Bailey (@cameron_tiff).
  1. The Lady
  2. Production year: 2011
  3. Directors: Luc Besson
  4. Cast: David Thewlis, Michelle Yeoh
  5. More on this film
Other confirmed world premieres include Bennett Miller's baseball drama Moneyball (starring Brad Pitt and Jonah Hill), Michael Winterbottom's Trishna (a contemporary remake of Tess of the d'Urbervilles) and Roland Emmerich's Anonymous, a drama based on the theory that Shakespeare's major works may not have been written by the playwright. Joining them will be cancer comedy 50/50 (starring Joseph Gordon-Levitt and Seth Rogan), George Clooney's comedy-drama The Descendants and Terence Davies's The Deep Blue Sea, starring Rachel Weisz and Tom Hiddleston.
Salmon Fishing in the Yemen, an adaptation of Paul Today's best-selling novel by Lasse Hallström, will also premiere, alongside Pawel Pawlikowski's Woman in the Fifth, a Paris-set murder mystery, starring Ethan Hawke and Kristin Scott Thomas.
Festivalgoers will also get a first look at Rodrigo García's Albert Nobbs – in which Glenn Close plays a 19th-century English woman who disguises herself as a male butler – and Fernando Meirelles's sex drama 360, a steamy tale of love across the class divide. Meanwhile, Cameron Crowe will rock up with Pearl Jam Twenty (a video history of the Seattle band) and Bruce Beresford will bring family comedy Peace, Love, & Misunderstanding, which stars Jane Fonda as a hippy grandmother struggling to relate to her conservative lawyer daughter.
The festival opens with the world's first screening of From the Sky Down, a documentary about rock band U2, directed by Davis Guggenheim.

KNU ကို ရှင်းရန် ထိုင်း ဖိအားပေးခံရ

bridge-in-Maesot
ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မပြုရန် မြန်မာ အစိုးရက ထပ်မံ ဖိအားပေးနေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်လွိုင်ဖာ့က ဧရာဝတီကို ယနေ့ ပြောသည်။

နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့် မြ၀တီ-မဲဆောက် တံတားကို မဲဆောက်မြို့ဘက်မှ တွေ့ရပုံ။ တနှစ်ကျော်ကြာ ပိတ်ထားသည့် ဤတံတား ပြန်ဖွင့်ရေးမှာ နယ်စပ်တွင် လှုပ်ရှားနေသော KNU နှင့် ဆက်စပ်နေသည်ဟု ဆိုသည် (ဓာတ်ပုံ - ဧရာဝတီ)

KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု  သတင်းရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟူသော ဗုံးခွဲအကြမ်းဖက်သူများကိုလည်း ဖမ်းဆီးပေးစေလိုကြောင်း မြန်မာအစိုးရက တောင်းဆိုနေသည်ဟု ဆိုသည်။

“မြန်မာ အစိုးရက  ထိုင်းအစိုးရကို  ဒီကိစ္စတွေ အားလုံး ဖြေရှင်းသွားအောင် ဆောင်ရွက်စေချင်တယ်၊ မဲဆောက် - မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပိတ်လိုက်တာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ်” ဟု စမတ် လွိုင်ဖာ့က ဆက်ပြောသည်။

ဖိအားပေးသည့်အတိုင်း ထိုင်းအစိုးရ ဆောင်ရွက်ပေးလျှင်  နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့်  မြ၀တီ မဲဆောက် တံတားကို မြန်မာဘက်က တနှစ်ကျော်ကြာ ပိတ်ထားရာမှ ပြန်ဖွင့်ပေးဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။  

KNU ကမူ ၎င်းတို့ ခေါင်းဆောင်များ ထိုင်းနယ်မြေတွင် အခြေချနေထိုင်ခြင်း မရှိဟု ဆိုသည်။

“ဒုက္ခသည်စခန်းကို ကျနော်တို့က အခြေခံပြီးတော့ အစိုးရစစ်တပ်ကို ပြန်တိုက်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီကို ပြောသည်။

ယခင်နှစ်ကလည်း မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်တို့ နေထိုင်သည့်ဟု ယူဆရသော နေအိမ်တချို့ကို ထိုင်းအာဏာပိုင်တို့က ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာပြည်ရှိ KNU ထိန်းချုပ်နယ်မြေတွင်သာ အခြေချရန် ဖိအားပေးခဲ့သည်။

ဤအတောအတွင်း မဲဆောက်ဒေသ ထိုင်းအာဏာပိုင်တို့၏ လှုပ်ရှားမှုများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

မြန်မာပြည်သား အလုပ်သမား သိန်းနှင့်ချီ ရှိသော မဲဆောက်မြို့တွင် မြန်မာအဖွဲ့အစည်းများ လှုပ်ရှားနေသည်ဟု သိရသည်။

ဒေါ်​အောင်ဆန်း​စုကြည်ဓာတ်ပုံ ဂျာနယ်မျက်နှာဖုံး​ပေါ် ပထမဆုံး​ဖော်ပြခွင့်​ရ


ဒေါ် ​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​တွေ့​ဆုံတဲ့​ သတင်း​ဓာတ်ပုံကို ဒီ​နေ့​ထုတ် ဂျာနယ်အ​တော်များ​များ​ရဲ့​ မျက်နှာဖုံး​မှာ ​ဖော်ပြခွင့်​ပေး​ခဲ့​ပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်ပုံကို မျက်နှာဖုံး​မှာ ​ဖော်ပြခွင့်​ပေး​တာ ပထမဆုံး​ဖြစ်တယ်လို့​ ရန်ကုန်က စာနယ်ဇင်း​ အယ်ဒီတာတဦး​က ​ပြောပါတယ်။
အင်္ဂါ​နေ့​ထုတ် ပြည်သူ့​ခေတ်၊​ ပြည်မြန်မာ၊​ ရန်ကုန်တိုင်း​မ် စတဲ့​ဂျာနယ်​တွေရဲ့​ မျက်နှာဖုံး​မှာ ​ဖော်ပြခွင့်​ရခဲ့​တာ ဖြစ်ပါတယ်။
ပြီး​ခဲ့​တဲ့​ ဗုဒ္ဓဟူး​နေ့​ထုတ် ​ပေါ်ပြူလာနယူး​စ်ဂျာနယ်ရဲ့​ မျက်နှာဖုံး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် အာဇာနည်​နေ့​အခမ်း​အနား​တက်​ရောက်တဲ့​ပုံကို ဦး​အောင်ဆန်း​ဦး​ တက်​ရောက်တဲ့​သတင်း​ ဓာတ်ပုံနဲ့​ အတူ စတင်​ဖော်ပြခွင့်​ပေး​ခဲ့​တာ ဖြစ်ပါတယ်။
အခုလို ​ဖော်ပြခွင့်​ပေး​တာနဲ့​ပတ်သက်ပြီး​ စာ​ရေး​ဆရာ၊​ အယ်ဒီတာ ဆရာ​ကျော်ရင်မြင့်​က “အင်မတန်မှ ဝမ်း​မြောက်စရာ​ကောင်း​တဲ့​ ကြိုဆိုစရာ တခုလို့​ မြင်ပါတယ်။ အဲဒီလို ခွင့်​ပြုချက်​ပေး​တာ အမြဲတမ်း​ဖြစ်​နေဖို့​တော့​ လိုတယ်။ လိုတဲ့​အခါ​ပေး​လိုက်၊​ မလိုတဲ့​အခါ ပြန်ထုတ်သွား​လိုက်ဆိုရင် နည်း​နည်း​ အထင်မြင်လွဲစရာ ဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ ဒီလိုခွင့်​ပြုမယ်ဆိုရင် တ​လျှောက်လုံး​ပဲ ဒီလို လွတ်လွတ်လပ်လပ်ကြီး​ ခွင့်​ပြုတာ ကျ​နော်တို့​ ကြိုဆိုပါတယ်” လို့​ ​ပြောပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည် ​နေအိမ်အကျယ်ချုပ်က လွတ်လာတုန်း​က ဓာတ်ပုံ​တွေကို အချပ်ပိုအဖြစ် ထည့်​သွင်း​ခွင့်​ပြုခဲ့​ပြီး​၊​ ဂျာနယ်​တွေက အဖုံး​တင်ထုတ်​ဝေခဲ့​လို့​ ဂျာနယ် ၉ ​စောင် ​ခေတ္တအပိတ်ခံခဲ့​ရဖူး​ပါတယ်။
အဲ့​ဒီ​ နောက်ပိုင်း​မှာလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်သတင်း​နဲ့​ သတင်း​ဓာတ်ပုံ​တွေကို ဂျာနယ်​တွေရဲ့​ အတွင်း​စာမျက်နှာ​တွေမှာ ​ဖော်ပြခွင့်​ပေး​လိုက်၊​ မ​ပေး​လိုက် လုပ်ခဲ့​တာပါ။

လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖို့ စီစဉ်

ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးကို လာမယ့် သြဂုတ်လ နောက်ဆုံးပတ်မှာ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ အမျိုးသားလွှတ်တော် အမတ်တဦးက RFA ကို ဒီကနေ့ ပြောကြား ပါတယ်။

ပထမအကြိမ် လွှတ်တော်ကို အခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ ကနေ မတ်လ ၃၀ ရက်နေ့ အထိ ကျင်းပခဲ့ပြီး၊ အခု တကြိမ် ခေါ်ယူမယ့် လွှတ်တော်ဟာ အထူး အစည်းအဝေး ဖြစ်တဲ့အတွက် လွှတ်တော် အမတ်တွေကို ၁၅ ရက် ကြိုတင် ဖိတ်ကြားရမှာ ဖြစ်ပါတယ်။ လာမယ့် လွှတ်တော်မှာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် အဆင့် အုပ်ချုပ်ရေးမှူး ရာထူး ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းကို အဓိက ဆွေးနွေးဖွယ် ရှိတယ်လို့ လွှတ်တော် အမတ် တဦးက ပြောပါတယ်။ ဒီအတောအတွင်း ၂၀၁၀ ရွေးကောက်ပွဲ အားနည်းချက်တွေနဲ့ လာမည့် ရွေးကောက်ပွဲတွေ အတွက် အကြံပြုချက် ပါဝင်တဲ့ စာတမ်း တစောင်ကို ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ဝင် ၉ ပါတီက ခေါင်းဆောင်တွေ စုပေါင်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ ဒီကနေ့ ပေးပို့လိုက်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးသိန်းတင်အောင်က ပြောပါတယ်။ လာမည့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို အဆင့်ဆင့်မှာ အဓိက လိုက်နာနိုင်အောင် ဖြစ်ကြောင်း သူက ပြောပါတယ်။ မနက်ဖြန်မှာတော့ တည်ဆဲ နိုင်ငံရေး ပါတီ ၃၇ ဦးက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ နေပြည်တော်မှာ ပထမဆုံး အကြိမ်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ပြည်မြန်မာကုန်တိုက် သတင်း စုစည်းမှု

ကျော်ဇင်မန်း၊ နေလင်း(မြစ်မခ)
နာမည်ကျော် လှည်းတန်းလမ်းစုံထောင့်တွင်ရှိသော အဆောက်အအုံတွင်း မူလဆိုင်ခန်းများတွင် အခြေချလုပ်ကိုင်သူတို့ ကြုံတွေ့နေရသည့် အခြေအနေမှာ ပြစ်ချက်ရှိသူ ရှာမတွေ့နိုင်ပဲ အဆုံးသတ်တွင် လူသားခြင်းစာနာထောက်ထားမှုကသာ အဆုံးအဖြတ်ပေးနိုင်မည့် ဇာတ်လမ်းဖြစ်နေသည်ဟု ပြည်မြန်မာကုန်တိုက်အား ငှားရမ်းခဲ့သူများက ပြောဆိုလျက်ရှိသည်။
အဆိုပါ အဆောက်အအုံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေမှာ တစ်လိမ်၊နှစ်လိမ် ပွေလိမ်ရှုတ်သည့် ဇာတ်လမ်းဟု လေ့လာသူတို့က မှတ်ချက်ပြု ပြောဆိုကြပြီး အခွင့်မရှိပဲ ဆင့်ကဲလက်လွဲမှုက နစ်နာသူများကို ပိုမိုပေါ်ထွက်စေခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

“အဆောက်အအုံက အစိုးရ ၀န်ကြီးဌာနပိုင် အဆောက်အအုံ၊ လက်လွဲရောင်းချခွင့် မရှိပေမယ့် ရောင်းရုံတင်မက ၀ယ်တဲ့သူကလည်း ထပ်ဆင့်အငှားချတာတွေ ရှိခဲ့တယ်။နောက်ဆုံး လေလံစာရင်းထဲပါပြီး လေလံအောင်သူက ဖယ်ခိုင်းချိန်ရောက်တော့ ဇာတ်ရှုတ်မှာ နစ်နာသူတွေ အစီအရီ ထွက်လာတော့တာပဲ”ဟု အဆိုပါ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးကပြောသည်။

အဆိုပါအဆောက်အအုံတွင်း ခါတော်မှီ အကွက်ရွေ့ခံလိုက်ရသူထဲတွင် ကိုတင်စိုး(အမည်လွဲပြောင်းထား) တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ နိုင်ငံပိုင်အဆောက်အအုံများ စာရင်းထဲပါသွားသည်ဆိုသည့် သတင်းထွက်ပေါ်နေသဖြင့် ထိုအဆောက်အအုံတွင်းမှ တစ်ပါးသူများ သောကများနေချိန်တွင် ကိုတင်စိုးက အဆောက်အအုံတွင်းမှ ဆိုင်ခန်းကို ၀ယ်ယူမိသူဖြစ်သည်။ထိုဆိုင်းခန်းကိုဝယ်ယူပြီး သုံးနှစ်ပင် မကြာသေး။ လေလံအောင်ထဲပါသွားပြီး ခုတော့ ဖါယ်ရှားပေးရန် အကြောင်းကြားစာ ထုတ်ခံထားရပြီဖြစ်သည်။ လျော်ကြေး၊ နစ်နာကြေး၊ပြောင်းရွေ့စရိတ် ဘာတခုမှ မရရှိဘဲ ထွက်ပေးခဲ့ရခြင်းဖြစ်ကြောင်း သူက ပြောပြသည်။

လတ်တလောအထိတော့ ကိုတင်စိုးတစ်ယောက် ဖါယ်ရှားပြောင်းရွေ့ပေးရန် မတက်နိုင်သေး။ပြောင်းစရာနေရာလည်း သူ့မှာမရှိ။ မှုံဝါးဝါးနိုင်လှသည့် မျှော်လင့်ချက်ကို ကိုင်စွဲကာ တစ်ရက်မှ ဈေးဦးမပေါက်တော့သည့် အရောင်းဆိုင်ကို မူလနေရာတွင် ဆက်လက်ဖွင့်ထားဆဲ ဖြစ်သည်။

သူ့ပုံစံကြည့်ရသည်မှာ မျှော်လင့်ချက်ကို ကိုင်စွဲထားသော်လည်း မရေရာသည့် လျှောက်လမ်းပေါ်ရောက်နေသူ တစ်ဦးပမာ ဖြစ်နေသည်ကို မျက်ဝန်းများက သက်သေခံလျှက်ရှိနေသည်။

“ပြောင်းစရာနေရာမရှိတော့ဘူးလေ၊ နစ်နာကြေးလေးများရမလားလို့ အသနားခံစာတင်ထားတာပဲ၊ အဲ့တာကိုစောင့်နေကြတာပေါ့၊ တကယ်တော့ကျနော်တို့က နစ်နာနေတာပါ၊ မူရင်းပိုင်ရှင်တွေကတော့ ဆိုင်ခန်းခ ပိုက်ဆံရပြီးပြီဆိုတော့ သူတို့နဲ့ မပတ်သက်သလို နေလို့ရတယ်၊ ကျွန်တော်တို့မှာသာ နစ်နာဆုံးရှုံးနေခဲ့တာ” ဟု ကိုတင်စိုးကပြောသည်။

ထိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့ရသူများမှာကိုတင်စိုးတစ်ယောက်ထဲမဟုတ်။ ကိုတင်စိုးတို့ဘူမိနက်သန်ဖြစ်သည့် အဆိုပါအဆောက်အအုံတွင် ဆိုင်ခန်းပေါင်းတစ်ရာနီးပါးရှိရာ လက်ရှိတွင် တစ်ဆယ်ရာခိုင်နှုန်းကျော်သော ဆိုင်ခန်းးများသာလျှင် ထိုအဆောက်အအုံအနီးတစ်ဝိုက် ပြန်လည်ဖွင့်လှစ်ထားနိုင်ပြီး ကျန်ကိုးဆယ်ရာခိုင်နှုန်းခန့်မှာမူ ဆိုင်နေရာအတည်တကျဖြင့် ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။

တစ်နွယ်ငင်တစ်စင်ပါဆိုသကဲ့သို့ ဆိုင်ခန်းများဖွင့်လှစ်နိုင်ခြင်းမရှိသေးချိန်တွင် ဆိုင်ဝန်ထမ်းအများစုမှာလည်း ၎င်းတို့စားဝတ်နေရေးအတွက်အလုပ်လုပ်ခွင့်ပြန်ရရန်စောင့်မျှော်လျက်ရှိနေကြသည်။
̏ အချို့က ပြန်မဖွင့်နိုင်သေးပေမယ့် ပြန်ဖွင့်နိုင်ရင်အဆင်သင့်ဖြစ်အောင်ဝန်ထမ်းတွေဆက်ခန့်ထားသေးတယ်။ အများစုကတော့ ဘယ်လိုလုပ်ဆက်ခန့်ထားနိုင်ပါတော့မလဲဗျာ ̋ ဟု အဆိုပါအဆောက်အအုံတွင် ဆက်လက်အခြေချနေဆဲဖြစ်သူတစ်ဦးကပြောသည်။

ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် လက်ရှိတွင် နှစ်ရှည်လုပ်ကိုင်မှုကိုထောာက်ထားသည့် အနေဖြင့် ပြောင်းရွေ့စေမှုအတွက် နစ်နာကြေး ရလိုကြောင်းကို သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ သမ္မတထံအထိ စာပို့ထားပြီး တုံ့ပြန်လာမည့် ရလဒ်ကို စောင့်မျှော်နေကြသည့် အခြေအနေဖြစ်နေသည်။လက်တွေ့အခြေအနေတွင်မူ စာချုပ်ပါ အကြောင်းအရာတို့က သူတို့မျှော်လင့်ချက်ကို ကိုင်လှုတ်လျှက်ရှိနေသည်။
ဆိုင်ခန်းပေါင်း တစ်ရာနီးပါးဖြင့် စုပေါင်းထားသည့် အဆိုပါခုနှစ်လွှာအဆောက်အအုံ၏ မူလပိုင်ရှင်မှာ အစိုးရ၀န်ကြီးဌာန တစ်ခုမှဖြစ်ပြီး ၀န်ကြီးဌာကအနေဖြင့် ကာလသတ်မှတ်ချက်ဖြင့် ဆိုင်လုပ်ငန်းရှင်များသို့ ဌားရမ်းလုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။
နောက်ပိုင်း ကာလတာရှည်လာသည့်အခါ ဌားရမ်းလုပ်ကိုင်ခွင့် ရရှိထားသူတို့က လက်လွဲရောင်းချမှုများ ရှိလာခဲ့သည်။

̏အများစုကတော့ အဆောက်အအုံတွင်း ဆိုင်ခန်းတွေ အကြီးစားပြင်ဆင်မှုပြုလုပ်ချိန်မှာ အရောင်းအ၀ယ်ဖြစ်ခဲ့တာပဲ̋ ဟု ထိုအဆောက်အအုံတွင် သက်တမ်းရှည် ဆိုင်ဖွင့်လှစ်ခဲ့သူတစ်ဦးက ပြောသည်။သူတို့ထံတွင် မူရင်ပိုင်ရှင်များထံမှ ၀ယ်ယူထားသော စာချုပ်စာတမ်းများလည်း ရှိကြောင်း ပြောပြသည်။

လွန်ခဲ့သည့် ခြောက်နှစ်တာကာလက အဆောက်အအုံတွင်း ဆိုင်ခန်းများကို ပုံစံတူ တစ်ပြေးညီ ဖြစ်စေရေန် ပြန်လည် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က ပြန်လည်တည်ဆောက်မှုအတွက် ကုန်ကျစရိတ်တို့ကို ကနဦး ဌားရမ်းလုပ်ကိုင်ခွင့် ရသူတို့က ကျခံခဲ့ရခြင်း ဖြစ်ရာ ထိုအခြေအနေက ဆိုင်ခန်းများ လက်လွဲရောင်းချရာတွင် ယုံကြည်မှုကို အထောက်အကူ ဖြစ်စေခဲ့သည်။

“ အကြီးစားပြင်ဆင်မှုအတွက် ကန်ထရိုက်နဲ့လွှဲပြီး ကုန်ကျစရိတ်ကို ဆိုင်ခန်းငှားထားသူတွေက အကုန်ကျခံရတာဆိုတော့ ဌားရမ်းလုပ်ကိုင်ခွင့်ရထားသူတွေကို ပိုင်ရှင်လို့ထင်မှတ်ကြပြီး အဲ့ဒီကာလမှာ အရောင်းအ၀ယ်တော်တော်လေး ဖြစ်ခဲ့တာ” ဟု ကျပ်သိန်း ၇၀ ဖြင့် ဆိုင်ခန်းကို ၀ယ်ယူမိခဲ့သူတစ်ဦးက ပြောသည်။

မူလပိုင်ရှင် ၀န်ကြီးဌာနနှင့် ကနဦး ဌားရမ်းခွင့် ရသူတို့ ချုပ်ဆိုထားသည့် စာချုပ်တွင် ဆိုင်ခန်းမျာား ပြင်ဆင်ရန် လိုအပ်ပါက ဌားရမ်းသူဖက်မှ ကျခံရမည်ဆိုသည့် အချက်အလက်ပါဝင်သော်လည်း အထက်ပါကဲ့သို့ ဆိုင်ခန်းများ တစ်ပြေးညီပုံစံတာူ ဖြစ်စေရန် ပိုင်ရှင်၏ မူဝါဒဖြင့် ပြင်ဆင်တည်ဆောက်မှု အတွက်မူ ငှားရမ်းခွင့် ရထားသူမှ ကျခံရန် အကြောင်းရှိမရှိဆိုသည့် ဆိုင်ရှင်ဆိုင်ငှား          နှင့် ပတ်သတ်သော ဥပဒေကို ဆိုင်ငှားသူတို့ဖက်မှ ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ခဲ့ပုံမရ။

ထိုအချိန်မှ စတင်ပြီး အဆိုပါအဆောက်အအုံတွင်းမှ ဆိုင်ခန်းများအရောင်းအ၀ယ် တွင်ကျယ်ခဲ့သည်မှာ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၇၀ မှ သိန်းတစ်ရာ ၀န်းကျင်အထိ ပေါက်ဈေးရှိလာခဲ့ခြင်းဖြစ်သည်။

ဆိုင်ခန်းဝယ်ယူ သူတို့အနေဖြင့်လည်း ဆိုင်ခန်းများမှာ ၀န်ကြီးဌာနပိုင်ဟု သိရှိထားကြသော်လည်း အကြီးစားပြင်ဆင်မှုတွင် ဌားရမ်းသူတို့မှ ကျခံရခြင်းအပါအ၀င် အရောင်းအ၀ယ်ပြုလုပ်သည့် စာချုပ်ထဲတွင်လည်း အဆောက်အအုံနှင့် တိုက်ရိုက်သက်ဆိုင်သည့် ၀န်ကြီးဌာန ၀န်ထမ်းတစ်ချို့၏ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးထားမှုက အရောင်းအ၀ယ်စာချုပ်ကို ခိုင်မာစေသည်ဟု မှတ်ယူစေခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်စေခဲ့သည်။

ဆိုင်ခန်းတို့၏ လက်လွဲရောင်းချမှုတို့က ထိုမျှနှင့်မရပ်။ဝယ်ယူမိထာားသူတို့က နှစ်ချုပ်တို့ဖြင့် တစ်ဆင့်ပြန်လည်ဌားရမ်း ခဲ့သည်များလည်း ရှိပြန်သည်။ဆိုင်ခန်းများ ပုံမှန်ဌားရမ်းလုပ်ကိုင်ခွင့်ပြုထားသည့် ကာတစ်လျှောက်တွင်တော့ ထိုဇာတ်လမ်းတို့က တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။

သို့သော် ထိုအဆောက်အအုံကို နိုင်ငံပိုင်အဖြစ် လေလံတင်ခဲ့ပြီး လေလံအောင်ခဲ့သူပိုင်ရှင် အပြောင်းအလဲ ဖြစ်လာသည့် တစ်လိမ်၊နှစ်လိမ်ပွေလိမ်ရှုတ်သည့် ဇာတ်ထုတ်က ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ နှစ်ချုပ်ဖြင့် ဌားရမ်းမိထားသူတို့က ငွေကြိုတင်ပေးထားသည်တို့ကို ပြန်မရ။ဝယ်ယူထားမိသူတို့ကလည်း ၀ယ်ယူထားပါသည်  ဆိုသည့် ဆိုသည့် ဆိုင်ခန်းကို လက်လွှတ်လိုက်ရသဖြင့် နှစ်ချုပ်ငှားထားသူတို့ကို ဖြေရှင်းမပေးနိုင်။ဆိုင်ခန်းရောင်းချလိုက်သည့် မူလဌားရမ်းလုပ်ကိုင်ခွင့် ရထားသူတို့ကလည်း ၀န်ကြီးဌာနမှ စာချုပ်ပါအတိုင်း ပြန်လည်သိမ်းဆည်းခြင်းဖြစ်သဖြင့် မတက်နိုင်သည့် အနေအထား။ထိုအချိန်မျိုးတွင် အရောင်းအ၀ယ်ပြုလုပ်စဉ်က သက်သေအဖြစ်ပါဝင်လက်မှတ်ထိုးထားသူတို့မှာလည်း ပေါ်မလာနိုင်တော့။

နောက်ဆုံးတွင် နစ်နာနေသော ဆိုင်ခန်းလက်မဲ့ဖြစ်သူတို့မှာ သမ္မတထံ အသနားခံစာအနေဖြင့် နစ်နာကြေး ရလိုပါကြောင်း စာတင်တောင်းရတော့သည်။
“ ဥပဒေကြောင်းအရ ကြည့်ရင်တော့ လက်ရှိဆိုင်ခန်းလက်လွှတ်လိုက်ရတဲ့ သူတွေမှာ အခွင့်အရေးက နည်းပါလှပါတယ်။ဒါပေမယ့် လူမှုရေး ရှုထောင့်က ကြည့်မယ်ဆိုရင် လက်လွတ်စပါယ် လုပ်ရပ်ကလည်း မသင့်တော်တဲ့ အနေအထားပါ” ဟု ထိုအဖြစ်အပျက်ကို စောင့်ကြည့်လျှက်ရှိသူတစ်ဦးက  မှတ်ချက်ပြုပြောသည်။  အဆုံးသတ်တွင်တော့ လူသားချင်း စာနာထောက်ထားမှုကပင် အဆုံးအဖြတ်ပေးနိုင်တော့မည် ဖြစ်ပါသည်။

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ကန့်ကွက်နေသော်လည်း ရန်ကုန်မြို့ ပြည်မြန်မာ ကုန်တိုက်ဝင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ချိတ်ပိတ်လိုက်ပြီ ဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာနက ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ ကုန်တိုက်ဝင်း တံခါးများကို တနင်္ဂနွေနေ့
ညနေ ၆ နာရီတွင် ပိတ်ပစ်လိုက်ကာ “ ဤအဆောက်အဦးသည် နိုင်ငံတော်ပိုင် အဆောက်အဦး ဖြစ်သည် မည်သူမျှ ကျူးကျော် ဝင်ရောက်ခြင်း မပြုရ ဝင်ရောက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်” ဟု စာကပ်ထားသည်။

သို့သော်လည်း ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်း ၉၈ ခန်းအနက် ဆိုင်ခန်း သုံးခန်းမှာ ဆက်လက် ဖွင့်ထားဆဲ
 ဖြစ်သည်။

“ အစိုးရပိုင်းက တစုံတခု မပြောမချင်း ဒီနေရာက ကျနော်တို့ လုံးဝမဖယ်ဘူး ” ဟု ဆိုင်ခန်းဖွင့်ထားဆဲ ဆိုင်ရှင် တဦးက ပြောသည်။

အထပ် ရှစ်ထပ်ရှိ ကုန်တိုက် အဆောက်အဦးကို မတ်လ တတိယပတ်အတွင်း MMRD Co.Ltd ကုမ္ပဏီနှင့် AA Medical Product Co.Ltd ကုမ္ပဏီတို့မှ ကျပ်သိန်းပေါင်း လေးသောင်း တထောင်ဖြင့် ဝန်ကြီးဌာနမှ လေလံအောင်ခဲ့သည်။ ထို့နောက်ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းခဲ့သည်။

ဆိုင်ခန်းရှင်များမှ နစ်နာမှုအတွက် လျော်ကြေး သို့မဟုတ် နေရာအစားထိုးရရန် ဆိုင်ခန်းရှင်များက အာဏာပိုင်များ၏ ကြားဝင်မှုကို တောင်းဆိုခဲ့သော်လည်း လစ်လျူရှုခံနေရသည်။

ဆိုင်တခန်းချင်းစီအတွက် ကျပ်ငွေ သိန်း ၁၀၀ စီ သို့မဟုတ် ဆိုင်ခန်းအစားထိုး သို့မဟုတ် ဝါတွင်းကာလအတွင်း ဆက်လက် ဖွင့်လှစ်ရောင်းချခွင့် တို့ကို နိုင်ငံတော် သမ္မတ အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးသို့ အသနားခံစာများ ဧပြီ ပထမပတ် ကတည်းက တင်ပြထားကြသည်။

ယခုအချိန်တွင် အစိုးရဌာနဆိုင်ရာ အသီးသီးသို့ အသနားခံစာများ တင်ပြထားသည်မှာ ၁၉ ကြိမ်ရှိပြီဟုလည်း ဆိုင်ခန်းရှင်များက ဆိုကြသည်။

ဆိုင်ခန်းရှင်အချို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး ညွှန်ကြားရေး ဦးစီးဌာန ရုံးသို့ ဆိုင်ခန်းများ သွားရောက် အပ်ပြီး
 ဖြစ်သော်လည်း ကျန်သူများမှ သွားရောက် အပ်နှံခြင်း မရှိသေးဘဲ စောင့်ဆိုင်းနေသည်။

ပြည်မြန်မာကုန်တိုက် လေလံအောင်သူမှ လေလံအောင် ဧရိယာ အကျယ်အဝန်းဖြစ်သည့် ပေ ၈ဝ၊ ပေ ၁၂ဝ အကျယ်အဝန်းအတွင်း သာမက ကျန်ဧရိယာအတွင်းရှိ ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မေလကုန်တွင် ဖိအားပေးခဲ့ခြင်းကြောင့်လည်း လေလံအောင်သူမှာ
 လေလံအောင် ဧရိယာထက် ပိုယူသည်ဟု ဆိုင်ခန်းရှင်များမှ စွပ်စွဲကြသည်။

ကမာရွတ်မြို့နယ် အမှတ် ၈၁၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ထိုပြည်မြန်မာ အဆောက်အဦးကို
 နိုင်ငံပိုင် အဆောက်အဦးများ ရောင်းချရေး ကော်မတီမှ ယခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က လေလံတင်
 ရောင်းချခဲ့ခြင်း ဖြစ်သည်။

၁၃၊ ၂၊ ၂ဝ၁၁ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြချက်အရ လေလံတင်သည့် အဆောက်အဦးမှာ ရှစ်ထပ်အမြင့်ရှိ ပြည်မြန်မာ ကုန်တိုက်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ပေ ၁၂ဝ၊ ပေ ၈ဝ ဖြစ်သည်။

ပြည်မြန်မာကုန်တိုက် ပရဝဏ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁,၉၄၂၇.၇၆ ဧရိယာ စတုရန်းပေရှိသည်ဟု ဆိုင်ခန်းရှင်များက မဇ္ဈိမကို ပြောကြသည်။

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၆၄

ကချင်တိုက်ပွဲကြောင့် ဒုက္ခသည် တိုးပွား

kachin_refugees_watching_KIA_cable_channel
E-mail Print
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအတွင်း အရပ်သား အများအပြား လိုင်ဇာ၊ မိုင်ဂျာယမ် စသည့် ဒေသများသို့ ထပ်မံ ထွက်ပြေးနေကြကြောင်း သိရသည်။


ကချင် လွတ်လပ်ရေး တပ်မတော် ( KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသတ၀ိုက်သို့ သွားရောက် ခိုလှုံသူ ၁၆၀၀၀ ကျော် ရှိနေရာမှ ယခု အရေအတွက် နှစ်သောင်းဝန်းကျင် ရှိနေသည်ဟု  သိရသည်။

“ပြီးခဲ့တဲ့ ၂ ရက် အတွင်းမှာ ဗန်းမော်ဒေသ နဲ့ မြစ်ကြီးနားဘက်က ဒုက္ခသည်တွေ ထောင်ချီပြီး ထွက်ပြေးလာကြတယ်” ဟု လိုင်ဇာရှိ ကချင် စစ်ပြေးဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ ကိုလာရစ်က ဧရာဝတီကို ပြောသည်။

စစ်ပြေးသူများထဲတွင် ပူတာအိုခရိုင်၊ မိုးညှင်းခရိုင်တို့မှ ပြည်သူများလည်း ပါဝင်သည်ဟု ကိုလာရစ်က ဆက်ပြောသည်။

စစ်ပြေး ဒုက္ခသည်များအတွက် KIA အပါအ၀င် ဒေသခံအဖွဲ့တချို့၊ ဘာသာရေးအဖွဲ့ တချို့က လုပ်ဆောင်ပေးနေသော်လည်း  နေထိုင် စားသောက်ရေးအတွက် ခက်ခဲနေကြောင်း၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ အကူအညီများ မရရှိသေးကြောင်း သိရသည်။

ယူနန်ပြည်နယ် အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒုက္ခသည်များအတွက်  ဆေးဝါးတချို့ လှုဒါန်းခဲ့ကြောင်း ကိုလာရစ်က ဆိုသည်။

ဇူလိုင် ၁၉ ရက်နှင့် ၂၀ တို့၌ လိုင်ဇာမြို့ အနောက်ဘက်ရှိ ကေအိုင်အေ စခန်းတခုသို့ အစိုးရတပ်က အမြောက်များဖြင့် ပစ်ခတ်ပြီး နောက်ပိုင်း ထိုဒေသရောက်  ဒုက္ခသည် အများအပြား နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရာ တရုတ်အာဏာပိုင်များက လက်ခံခဲ့ကြောင်း သိရသည်။

ဤအတောအတွင်း အစိုးရတပ်က  ၀ိုင်းမော်မြို့နယ် အတွင်းမှ ဂါးရာယန်၊ ကဇူး၊ တဘတ်ချောင်း စသည့် ကျေးရွာတို့တွင် နေထိုင်သူများအား ရွာမှ ထွက်ခွာကြရန် အမိန့်ထုတ်ထားသည်ဟု သိရကြောင်း KIA ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။

“အိမ်ခြေ တထောင်ကျော် ၀န်းကျင် ရှိပါတယ်၊ ဒီလူတွေကို ဒီနေ့ အပြီး ရွာကနေ ဖယ်ခိုင်းထားတယ်၊ မြေလှန် စစ်ဆင်ရေး လုပ်တဲ့ သဘော ထင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက KIA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တကြိမ် တွေ့ဆုံ စကားပြောခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက်  သဘောတူညီမှု  မရကြသေးပေ။

“အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့ပေမယ့် ဘာမှ ရေရေရာရာ မရှိခဲ့ပါဘူး၊ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေဆဲပါ၊ အစိုးရဘက်က စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်လာပါတယ်”ဟု  ဦးလနန်က ဆက်ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် အစိုးရက  KIA သို့ စာတစောင် ပို့လာပြီး ထိုစာတွင် ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော အခြအနေများအတွက် ဆွေးနွေးရန် ရေးသားထားကြောင်း သိရသည်။

“ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ချင်တယ်၊ သူတို့က ကချင်ဒေသ တခုပဲ လုပ်ချင်နေတယ် ဆိုတော့ သဘောတူညီမှု မရသေးဘူးပေါ့” ဟု ဦးလနန်က ဆိုသည်။

စေ့စပ်ဆွေးနွေးရေးအတွက် ကချင်ပြည်နယ်အစိုးရက အဓိက လုပ်ဆောင်နေကြောင်း၊ KIA ကမူ  ခိုင်မာသော အာမခံချက်များ ရနိုင်ရေးအတွက် ဗဟိုအစိုးရ ကိုယ်စားပြုသူများနှင့်သာ ဆွေးနွေးလိုကြောင်း  ဦးလနန်က ရှင်းပြသည်။

KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားခဲ့သည်။ ၁၉၉၄ တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာသည်။

ကထစမှူး ဗိုလ်ချုပ် တင်ငွေ အနားပေးခံရ

ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကို ဇူလိုင်လ ၂၂ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်မှ သိရသည်။


ဗိုလ်ချုပ်တင်ငွေကို မည်သည့် ပြစ်ချက်ကြောင့် တာဝန်မှ ရပ်စဲသည်ကိုမူ တိတိကျကျ မသိရသေးသော်လည်း စစ်ဘက်နှင့်နီးစပ်သူတဦးက ယခင် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည်အတွက် အရေးယူခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“မန္တလေးက အရင်မြေကွက်တွေ ချပေးတဲ့ကိစ္စတွေနဲ့ သက်ဆိုင်နေတယ်” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် တင်ငွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး ယမန်နှစ် သြဂုတ်လ တပ်တွင်းအပြောင်းအလဲတွင် အလယ်ပိုင်းတိုင်း တိုင်းမှူးမှ ကစထမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးခြင်းခံရသည်။

ကစထမှူး တာဝန်ထမ်းဆောင်ချိန်ကို သြဂုတ်လမှ စတင်ရေတွက်လျှင် တနှစ်ပင် မပြည့်သေးပေ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့ပြီးနောက် အရေးယူခံရသည့် ဒုတိယမြောက် အဆင့်မြင့် စစ်ဘက်အရာရှိကြီးဖြစ်သည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် အနားပေးခဲ့သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် ဗိုလ်မှူးချုပ် ထွန်းသန်းသည် ရန်ကုန်တိုင်းအတွင်းရှိ မြေယာတချို့နှင့် ပတ်သက်၍ လာဘ်စားခဲ့သည့်အတွက် ဟု သိရသည်။

ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။

တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးကိုလည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်လ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သေးသည်။

Myanmar's Suu Kyi holds rare talks with minister

By Aung Hla Tun
YANGON (Reuters) - Myanmar opposition leader Aung San Suu Kyi held a rare meeting with a government minister on Monday, raising the prospect of a thaw in relations between the Nobel Peace laureate and the country's new military-backed leadership.
Suu Kyi, who was only informed about the meeting on Sunday, talked for just over an hour with Labour Minister Aung Kyi at a state guesthouse in what was the first known contact between the 66-year-old and a member of the new, nominally civilian government.
In a joint statement, both parties said they were positive and satisfied with the meeting, in which they had discussed issues that would be of benefit to Myanmar's people.
Suu Kyi, the figurehead of the fight against military dictatorship in Myanmar, already knew Aung Kyi, having met him on nine occasions since 2007 while she was in detention and he was a minister liaising between her and the junta.
Aung Kyi dismissed suggestions those meetings were a waste of time and said he hoped for further dialogue with Suu Kyi.
"There were some benefits from previous meetings and we expect better results from these talks," Aung Kyi told reporters.
With Suu Kyi beside him, Aung Kyi read a joint statement to the media.
"Discussions were focussed on possibilities for cooperating in the interests of the people," he said. "This included the rule of law and overcoming disunity, and matters that will benefit the public."  
A new government took office in April, ending 49 years of direct military rule over the former British colony. Since her release from seven years of house arrest last November, Suu Kyi has made repeated calls for dialogue with the new rulers.
SIGNS OF PROGRESS
Nyan Win, a spokesman for the National League for Democracy (NLD), Suu Kyi's active but officially disbanded party, said the political climate had changed and the government's invitation to Suu Kyi indicated some progress.
Suu Kyi has been careful not to antagonise the government since her release and did not criticise a November 7 election regarded at home and abroad as a sham that ensured the same regime stayed in power behind a veneer of democracy.
The government and military appear to have backed off from their tough stance towards Suu Kyi, occasionally criticising her in state-run media but allowing her freedom to travel and meet with diplomats, journalists and supporters.
Analysts say the government is aware that any move against Suu Kyi would anger the international community and rule out the possibility of Western sanctions being lifted in the near future.
Dialogue with Suu Kyi could be a move by Myanmar's reclusive leaders, many of them former military officers, to show foreign governments they are ready to engage.
Christopher Roberts, a Southeast Asia specialist at Australian National University, said the meeting was probably more than a publicity stunt.
"It comes as part of a collective pattern of behaviour by the government that has potential for incremental improvements," he said.
"Myanmar is trying to build a system and image of a real government and I think it wants to normalise things. Not only have its leaders met U.S., Australian and U.N. representatives, they've allowed them to meet Suu Kyi, too.
"It will do these things, as long as they don't undermine security or stability," Roberts added.
(Writing and additional reporting by Martin Petty; Editing by Alan Raybould)

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်းနှင့် သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြကြောင်း တွေ့ဆုံဆွေးနွေးမှု အပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့သည် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီ မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့
တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီဒီယာများနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။
မီဒီယာများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ် အထိ လာရောက် တွေ့ဆုံခဲ့ပါသည်။
ဤသို့ တွေ့ဆုံမှုအတွက် နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိခဲ့ကြပါသည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို
ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြပါသည်''ဟူ၍ ဖြစ်ပါသည်။
ထို့နောက် မီဒီယာများအား မေးခွန်းသုံးခု မေးမြန်းမှု ပြုခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသတင်းထောက် တစ်ဦး၏ မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ''tangible (result) မထွက်ဘူးလို့ ပြောလို့မရပါဘူး။ယခင် ကိုးကြိမ် ကျွန်တော်တို့ တွေ့ဆုံခဲ့ပြီးကြပါပြီ။ အခု တွေ့ဆုံမှုကတော့ အဲဒီရလဒ်များဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ် ထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ''ကျွန်တော်တို့ ဒီတွေ့ဆုံမှုတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသတင်းထောက် တစ်ဦး၏ မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် ပြည်တွင်းမီဒီယာများ ကိုယ်စား မေးခွန်းတစ်ခု မေးမြန်းခွင့် ပြုခဲ့ရာတွင် ပြည်တွင်းသတင်းထောက် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးရန် တောင်းဆိုခဲ့ပြီး မေးမြန်းခဲ့ရာ အဆိုပါ မေးမြန်းမှုအပေါ်
ဒေါ်အောင်ဆန်းစုကြည်က ''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေကို မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊
ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။ ဒါပဲ မျှော်လင့်ပါတယ်''ဟု ဖြေကြားခဲ့သည်။  
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။
၎င်းတို့ နှစ်ဦးကြား ယခု တွေ့ဆုံ ဆွေးနွေးမှုမှာ (၁၀)ကြိမ်မြောက် ဖြစ်ပြီး ယခင် အစိုးရ လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ဆက်ဆံရေး ၀န်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။
ယင်းကဲ့သို့ ဆက်ဆံရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ကိုးကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်

Weekly Eleven News Journal Vol(6) No(43)

DVB entertainment မှ ချွတ်ချော်တဲ့ လွှတ်တော် အပိုင်း ၁ ၊ ၂

ရယ်ကြမယ်ဟေ့ အားပါးတရ :P လွှတ်တော်မှာ ဘာတွေ ဆွေးနွေးကြပါသလဲ.. အမတ်တွေ ဘယ်လိုပုံစံ ဖြတ်သန်းခဲ့ကြပါသလဲ ..စတာတွေကို ဟာသဇတ်လမ်း လုပ်ထားတဲ့ "ချွတ်ချော်တဲ့ လွှတ်တော် " .. အမျိုးသမီးများအဖွဲ့ ချုပ် ( မြန်မာနိုင်ငံ) က စီစဉ်ပြီး Rambo 4 မှာ သရုပ် ဆောင်ထားတဲ့ (လူကြမ်း :P) မင်းသားကြီး မောင်မောင်ခင် - ပန်းသီး - ကြယ်သီး - ဇီးသီး တို့ နှင့် အတူ အနုပညာ မောင်နှမ များစွာ ပါဝင်ပါတယ်..

Clinton: Indonesia can be democratic role model

Indonesian Foreign Minister Marty Natalegawa, right, and U.S. Secretary of State Hillary Rodham Clinton shake hands after their joint press conference at a Joint Commission meeting between the two countries at the Ayodhya Hotel in Nusa Dua, Bali, Indonesia, Sunday, July 24, 2011. Photo: Saul Loeb, Pool / AP
BALI, Indonesia (AP) — U.S. Secretary of State Hillary Rodham Clinton is urging Indonesia to promote democracy in Myanmar and countries in the Middle East and North Africa in the throes of upheaval. She says its successful transition from dictatorship and status as a vibrant Muslim-majority democracy make it an ideal role model for both Myanmar and the Arab world.
In meetings with senior Indonesian officials on Sunday in Bali, Clinton said the country's recent history "provides an example for a transition to civilian rule and building strong democratic institutions." She said Indonesia has made significant strides toward democracy and shown that Islam and democracy can co-exist.
"In the year of the Arab Spring, there has never been a better moment for Indonesians to share what they learned from their own transition to democracy with the people of Egypt, Tunisia, and other nations that are now on that same difficult journey," Clinton said.
Indonesia, a nation of more than 237 million people, was ruled since the end of World War II by dictators Sukarno and Suharto. Suharto was ousted in a popular uprising in 1998. The world's most populous Muslim nation, Indonesia emerged from decades of authoritarian rule just over 10 years ago.
Its history could show the Asian nation of Myanmar the way toward democracy.
"Indonesia's own recent history provides an example for a transition to civilian rule and building strong democratic institutions," Clinton said during a news conference with Indonesian Foreign Minister Marty Natalegawa.
Myanmar's new civilian government, which took over late last year after a half-century of military rule, needs to make "concrete, measurable progress" in bringing about democratic reforms if it wants to win the confidence of the international community, Clinton said earlier in the week.
That includes releasing more than 2,000 political prisoners and holding meaningful dialogue with its political opponents.

မြန်မာကို ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ အဆင်သင့် မဖြစ်သေး

ဟီလာရီ ကလင်တန်  နဲ့ မာတီ နာတာလေဂါဝါ 
အာဆီယံအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံကို ပေးရေး မပေးရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့က မဆုံးဖြတ်နိုင်သေးဘူးလို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါ (Marty Natalegawa) က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူဖို့ တကယ်ပဲ အသင့်ဖြစ်နေပြီလား ဆိုတာကို လက်ခံနိုင်လောက်တဲ့ အဆင့်ရောက်ဖို့ လိုသေးတဲ့အတွက် အခုနောက်ဆုံး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက် မချတာ ဖြစ်တယ်လို့ ဝန်ကြီး နာတာလေဂါဝါက တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
အာဆီယံ ဒေသတွင်း လုံခြုံရေး စည်းဝေးပွဲ လာတက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဂျကာတာမြို့တော်မှာ တွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောသွားတာပါ။
အဖွဲ့ဝင်နိုင်ငံတွေ အားလုံး တသားတည်း ဖြစ်နိုင်မယ့် စီးပွားရေး အသိုင်းအဝိုင်းကြီးအဖြစ် ၂၀၁၅ ခုနှစ် မကုန်ခင် ဖော်ဆောင်နိုင်အောင် ရည်ရွယ်ထားတာမို့ ဒီ့မတိုင်ခင် ၁ နှစ်အလို ၂၀၁၄ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံက ယူမှာကို စိတ်ချလက်ချ ရှိသလားဆိုတဲ့ အပေါ်မှာ ဆွေးနွေးစရာတွေ အများကြီး ရှိသေးတယ်လို့လည်း သူက ပြောကြားသွားပါတယ်။
ဒီမိုကရေစီ ဖော်ဆောင်ရေးကို မြန်မာနိုင်ငံက လုပ်နေဆဲပဲလို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါက ပြောကြားသွားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဘက်က သဘာဝကျတဲ့ အကြံပြုချက်တွေ၊ စိုးရိမ်ချက်တွေကို ပြန်လည် တုံ့ပြန်နိုင်မယ့် သူတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာပြည်သူတွေ လက်တွေ့ ခံစားနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့လည်း အမေရိကန်က ဆက်လက် ဖိအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ