ရန်ကုန် ကျောက်စိမ်းလုပ်ငန်းရှင်များ ဖားကန့်အထိ ကျောက်အဝယ်ထွက်သဖြင့် အရောင်းသွက်နေ

ရန်ကုန်အခြေစိုက် ကျောက် စိမ်းလုပ်ငန်းရှင်များသည် ကျောက် စိမ်းတူးဖော်ထွက်ရှိရာ ဖားကန့် ဒေသ ကျောက်ဝိုင်းများသို့ တိုက် ရိုက်လာရောက်ဝယ်ယူကြသော ကြောင့် အရောင်းသွက်လျက်ရှိ ကြောင်းသိရ သည်။”အရင်က မန္တလေးကုန်သည် တွေနဲ့ပဲ ချိတ်ဆက်ပြီးလုပ်ကြတယ်။ ခုက ရန်ကုန်ကနေ တိုက်ရိုက် တက် ဝယ်ကြ တော့ ဈေးကွက်ကောင်းနေ တယ်။ ကျောက်မျက်ပြပွဲပြီးက တည်းကဈေးကွက် ကောင်းနေ တယ်။ တရုတ်နှစ်သစ်ကူးကလည်း နီးလာ တော့ နှစ်သစ်ကူးအမီ ဝယ်ကြ တာ လည်းပါတယ်။ ဈေးကွက် တော်တော် ကောင်းနေတယ်” ဟု ဖားကန့် ကျောက်စိမ်းဝယ်ရောင်းလုပ်နေသူ ကုန်သည်တစ်ဦးက ပြော သည်။ဖားကန့်ကျောက်စိမ်းဈေး ကွက်သည် နိုဝင်ဘာလနောက်ဆုံး ပတ်တွင် နေပြည်တော်၌ ကျင်းပ ခဲ့သော ကျောက်မျက်ရတနာပြပွဲ၌ စံချိန်တင်ရောင်းချရမှုအပြီးတွင် အနည်းငယ် လှုပ်ခတ်ခဲ့ပြီး ကျောက် စိမ်းအဓိကဝယ်လက်ဖြစ်သော တရုတ်ကုန်သည်များအပြင် ဗီယက် နမ်ကုန်သည်များကပါ အဝယ်လိုက် လာသောကြောင့် ၄င်းတို့နှင့် တိုက် ရိုက်ချိတ် ဆက် နိုင်သော ရန်ကုန် ကျောက်စိမ်းကုန်သည်များက ဖား ကန့်အထိ လိုက်ဝယ်နေခြင်းဖြစ် ကြောင်း သိရသည်။”ကျောက်သားကတော့ အမျိုး အစားအလိုက် အ ရောင်း အဝယ် ဖြစ်နေပါတယ်။ ကျောက်သား အ မြင့်ထဲမှာဆိုရင် အသားဆန်းနဲ့ ဘော်ဒီသားကတော့ အရောင်းအ ဝယ် အဖြစ်ဆုံးပဲ” ဟု လုံးခင်ရှိ ကျောက်စိမ်းကုန်သည် တစ်ဦးက ပြောသည်။ကျောက်စိမ်း ဘော်ဒီသားတွင် မှန်သား၊ ဖန်သား၊ ရေသားဟူ၍ ၃ မျိုးရှိပြီး ယင်းကျောက်သားများ အနာလွတ်ပါက သိန်းရာဂဏန်းထိ ဈေးရှိကြောင်း သိရသည်။လက်ရှိဖားကန့်ကျောက်စိမ်း ဈေးကွက်အဝယ်လိုက်နေခြင်းမှာ မတ်လတွင် ကျင်းပမည့် ကျောက် မျက်ရတနာပွဲကြီးတွင် ပြသရောင်း ချရန်အတွက် ဝယ်ယူနေကြခြင်း လည်းဖြစ်နိုင်ကြောင်း ရန်ကုန်အခြေ စိုက်ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦး က သုံးသပ်သည်။
မင်းထက်စံ
ရန်ကုန် ကျောက်စိမ်းလုပ်ငန်းရှင်များ ဖားကန့်အထိ ကျောက်အဝယ်ထွက်သဖြင့် အရောင်းသွက်နေ ရန်ကုန် ကျောက်စိမ်းလုပ်ငန်းရှင်များ ဖားကန့်အထိ ကျောက်အဝယ်ထွက်သဖြင့် အရောင်းသွက်နေ Reviewed by သစ်ထူးလွင် on 12:07 Rating: 5
Powered by Blogger.