ငြိမ်းချမ်းရေး၏ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် အခမ်းအနား ကျင်းပ

ငြိမ်းချမ်းရေး၏ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် အခမ်းအနား ကျင်းပ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် နှစ် ပတ်လည်အခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန်မြို့၊ စမ်း ချောင်းမြို့နယ်၊ ကျွန်းတောကျောင်း တိုက်၌ကျင်းပခဲ့သည်။ နှစ်စဉ်မပျက် ကျင်းပလေ့ရှိသော ဆရာကြီးသခင် ကိုယ်တော် မှိုင်း အောက်မေ့ဖွယ် အခမ်းအနားစာပေအနုပညာရှင်များ လည်း တက်ရောက်ခဲ့ သည်။ ၁၉၅၇ ခုနှစ် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကိုယ်တိုင်ရေး သားသည့် ”ငြိမ်းချမ်းရေးကို ပြန် လည်တည်ဆောက်ရာတွင် တစ်ဦး အပေါ်တစ်ဦး မလို မုန်းထား အာဃာ တတရားများကို ဖယ်ရှား၍ သူမနာ ကိုယ်မနာကိုယ်ချင်းစာမေတ္တာတရား ကို ပွားများကာ မညီမညွတ်မသင့် မတင့် ပဋိပက္ခဖြစ်မှုမှန်သမျှကို ရပ်စဲ ကြရန် အချိန်ကျရောက်လျက်ရှိ ပေပြီ”ဟူသော ဆရာကြီးဦးဆောင် ဖွဲ့စည်းသော ပြည် တွင်းငြိမ်းချမ်းရေး (၈)ဦးကော်မတီ၏ ပန်ကြားချက်ကို ပြန်လည်ဖတ်ကြားခဲ့သည်။ ထို့အပြင် တက်ရောက်လာ သည့် ပုဂ္ဂိုလ်များထဲမှ ကဗျာဆရာ ကြီးဦးအံ့မောင်က ဆရာကြီးဒဂုန် တာရာ၏ ၉၃ နှစ်မြောက်မွေးနေ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ၊ ကဗျာ ဆရာမောင်စိမ်းနီ၊ ကဗျာဆရာ မောင်လင်းရိပ်နှင့် ကဗျာဆရာ မိုးဦး ဆွေညိန်းတို့က ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီး ၃ ပုဒ်ကို ရွတ်ဆိုခဲ့ကြသည်။ ယင်း အပြင် လူငယ်တေးဂီတအဖွဲ့တစ်ခုမှ လည်း ဆရာကြီးသခင် ကိုယ်တော် မှိုင်းအား ရည်စူးရေးစပ်ထား သော ခေတ်ပေါ်သီချင်းနှစ်ပုဒ်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လမ်းပြသူနှင့် သခင် ကိုယ်တော်မှိုင်း သီချင်းတို့ကို သီဆို ဂုဏ်ပြုခဲ့သည်။ ”ဆရာကြီးသခင်ကိုယ်တော် မှိုင်း အမှတ်တရပွဲက ဒီနှစ်နည်း နည်းထူးခြားတယ်။ အရင်နှစ်တွေ တုန်းက တက်ရောက်လာတဲ့ ဧည့် သည်တွေကို မုန့်ဟင်းခါးကျွေး တယ်။ အလာပသလာပ ပြော ကြတာမျိုး ပဲရှိတာ။ လွန်ခဲ့တဲ့ ၅ နှစ် လောက် မတိုင်မီ က ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာရှိတဲ့ ဆရာကြီး ရဲ့အုတ်ဂူမှာလုပ်တုန်းကလည်း သိပ် ထူးထူးခြားခြားမရှိခဲ့ဘူး။ ဒီနှစ် တော့ အလွန်အင်မတန်ငယ်တဲ့လူငယ်တွေက ဆရာကြီးအမှတ်တရသီချင်းတွေဆိုကြ တယ်”ဟုကဗျာဆရာကြီးဦးအံ့မောင် ကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အောက်မေ့ပွဲကို ဆရာကြီးမိသားစု ဝင်များနှင့် ဆရာကြီးအား လေးစား သူများက ဦးဆောင်ကျင်းပခြင်းဖြစ် ပြီး လက်ရှိတွင်ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ မြေးမြစ်တီတွတ် ပေါင်း ၆၂ ဦးရှိကြောင်း သိရသည်။
မိုးမြင့်မြတ်



ဆရာမောင်ဝံသ၊ ဆရာမောင်မိုးသူနှင့် သခင်သိန်းမောင်

ကဗျာဆရာကြီး အံ့မောင်

ဆရာသန်းစိုးနိုင်
ငြိမ်းချမ်းရေး၏ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် အခမ်းအနား ကျင်းပ ငြိမ်းချမ်းရေး၏ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် အခမ်းအနား ကျင်းပ Reviewed by သစ်ထူးလွင် on 12:37 Rating: 5
Powered by Blogger.