ရွေးကောက်ပွဲ ပိုကောင်းအောင် ဆောင်ရွက်မယ်လို့ ကော်မရှင် ဥက္ကဌ ပြောဆို

ရှေ့လာမဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြောပါတယ်။
(Photo: AFP)
မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ မဲရုံတခုမှာ မဲပေးရန် စာရင်းပေးနေသူများ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက အခုလို ပြောဆို သွားတာပါ။ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့တဲ့ ချို့ယွင်းချက်တွေကို သင်ခန်းစာ ယူပြီး ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၃၆ ခု က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ပါတီတစ်ခုကို ၂ မိနစ်ခန့် တင်ပြ ခွင့်ရခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ မနက် ၁၀ နာရီလောက်က စပြီး ကျင်းပပြီး ဖိတ်ကြားထားတဲ့ ၃၇ ပါတီ အနက်က ၃၆ ပါတီ တက်ရောက်ခဲ့ကြောင်း၊ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဦးသိန်းတင်အောင်တယောက်သာ တက်ရောက်ခြင်း မရှိခဲ့ကြောင်း၊ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင် ၆ ဦးတိုတက်ရောက်ခဲ့ကြောင်း ပြောပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အခြေအနေတွေကို သုံးသပ် တင်ပြ ဆွေးနွေးပြီး တိုင်းရင်းသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တခြား နိုင်ငံရေး ပါတီတွေ ကလည်း ၂၀၁၀ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ နဲ့တခြားအချက်တွေကို တင်ပြ ဆွေးနွးခဲ့ကြ ပါတယ်။ ဆွေးနွေးချက်တွေကို ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြန်လည် ဖြေကြားခဲ့သလို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လှိုင်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ