ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို ဩဂုတ်လ ဒုတိယပတ်တွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

၁၉၉၇ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ခရီးထွက်စဉ် ကြားသိခဲ့ရသည့် ကချင်
ဝေါဟာရ တခုကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုက်နှစ်သက်သည့် အတွက် စာကြည်တိုက် အမည်ကို
အောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

“ကချင်ပြည်နယ်ကိုရောက်တော့ ကချင်မလေးတွေက အော်တယ်
dsbagan31ss
ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို သွားရောက် ဖွင့်လှစ်ပေးမည်
တဲ့။ အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ်” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများကိုလည်း မျိုးရိုးအမည် နောက်တွင်တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ
 ဖြစ်သည်ဟု ဦးမြတ်လှက ပြောသည်။ စာကြည့်တိုက် တခုစီအတွက်
ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။

စာအုပ်များတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့ လူ့ငရဲ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးတိုင်း စာကြည့်တိုက်ဖွင့်ပွဲ အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပဲခူးလူငယ်တွေနဲ့ ကျနော်တို့ဒီမှာ အကုန်လုံး စီစဉ်ထားပြီးပြီ လုံခြုံရေးက သူတို့ဆီကလည်း ပါလာမယ် ကျနော်တို့ဆီကလဲ တထပ် ထပ်ဝိုင်းမယ် လုံခြုံရေးကလည်း ကျနော်တို့ အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ်ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး နေအိမ်ပြင်ပ ခရီးစဉ်များ အဖြစ် ယခုလ ၄ ရက်နေ့ကလည်း ပုဂံရှေးဟောင်းမြို့တော်သို့ ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။

ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး
ဈေးသူဈေးသားများနှင့် ဒေသခံ ၃,၀၀၀ ကျော်တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ယခု ဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။

“အခုလည်း ကျနော့်ကို လာမလား လာမလားနဲ့ တော်တော်လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျာအခုတည်းက ကျနော့်ကို လာမေးနေကြတာ အဲဒီနေ့လည်း ဘယ်လောက်လာမလဲမှ မသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ” ဟု ဦးမြတ်လှက ဆိုသည်။
ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည် ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည် Reviewed by သစ်ထူးလွင် on 11:40 Rating: 5
Powered by Blogger.