ဟင်္သာတမြို့ ရေကြီးမှု အခြေအနေမှ လွတ်မြောက်

ဇူလိုင် ၁၈၊ ၁၉ ရက်များတွင် မိုးသည်း ထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ဟင်္သာတမြို့ တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု သတင်းများ ရန်ကုန်တွင် ကြားနေရပါသည်။ ဧရာ ၀တီမြစ်ကမ်းရိုး၏ ဘေးတွင် တာရိုးများ ပတ်လည် ကာရံထားပြီးမြို့တည်ထားသော ဟင်္သာတမြို့ တွင် ရေကြီးသည်ဟု ဆိုသောအခါ အနယ်နယ် အရပ်ရပ်သို့ ရောက်ရှိနေသော ဟင်္သာတမြို့သား များ အပါအ၀င် သတင်းကြားရ သူ မြန်မာနိုင်ငံ သားတော်တော် များများ စိုးရိမ် ပူပန်ခဲ့ရပါသည်။ အဆိုပါ အခြေအနေ များကြောင့် မြန်မာပို့စ် သတင်း ဂျာနယ်မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၏နောက်ဆုံးအခြေအနေကိုတင်ပြ နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရေနစ်မြုပ် မှုအမှန် တကယ် ခံစားခဲ့ရသော ရပ်ကွက် များမှ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသော ဒေသခံ များနှင့် သွားရောက်တွေ့ဆုံရန် အတွက် အဝေးပြေးကား ဂိတ်သို့ခြေဦးလှည့် ခဲ့သည်။
ဧရာဝတီမြစ်ကို တာရိုး   ခံထားသော ဟင်္သာ တမြို့အတွင်းတွင် အိမ်ထောင်စု ၇၆၆၉၂ စု၊ အိမ်ခြေပေါင်း ၇၃၅၅၅ လုံးဖြင့် အခိုင်အမာ ဖွဲ့ စည်းထား သောမြို့ကြီးဆီသို့ အရောက်သွားဖို့ အတွက် ကား လက်မှတ် ဖြတ်ပြီး အဝေးပြေး ကား ဂိတ်မှစတင်ထွက်ခွာ လာရာ သောကြာ၊ ညတစ် နာရီ (စနေနေ့နံနက်) အချိန်တွင် ရန်ကုန် မှ ဟင်္သာတ သို့ရောက်ရှိသည်။ ဟင်္သာတ မြို့သည် နောက်ဆုံး ထုတ်ပြန်ချက် များအရ လူဦးရေ ကျား ၁၅၉၁၃၂ ဦး၊ မ ၁၇၃၈၇၂ ဦးဖြင့် စုစုပေါင်း လူသုံးသိန်းသုံးသောင်းကျော်ရှိကြောင်း လည်း ဟင်္သာတမြို့၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ရုံး၏ စာရင်း ဇယား များက တစ်ဆင့်ထပ်မံသိခဲ့ရပါသည်။
ညအလင်းရောင် အောက်တွင် ရေပြန် လည် ဆင်းနေပြီဖြစ်သော ဟင်္သာတမြို့လယ် အခြေ အနေက မိုးဆက်မရွာတော့ သော်လည်း တစ်မြို့လုံး စိုထိုင်းထိုင်း၊ အငွေ့အသက် ကို ခံစား နေရသည်။
ထိုညတွင်ပင် ဆိုက်ကား တစ်စီးဖြင့် မြန် အောင် အပါအ၀င် အနီးအနား ရှိမြို့တို့မှ လာ ရောက်ပညာ ရင်နို့ သောက်စို့ရာ ဟင်္သာ တက္ကသိုလ် ကြီးဆီသို့ ရောက်ခဲ့သည်။ မိုးရေ အခြေအနေ က ဟင်္သာတ တက္ကသိုလ် ဘေးရှိ အဓိက ရေနုတ် မြောင်းမှ တသွင်သွင် စီးဆင်း လျက်မြို့ပေါ်ရှိ ရေ များကို လျှော့ချ ပေးနေသည်။
လမ်းတစ်လျှောက်တွင် ဟင်္သာတ ဘူတာ ကိုဖြတ်ကျော် ခဲ့သည်။ ရထားသံ လမ်းတစ် လျှောက်တွင် ရေအကြွင်း အကျန်တို့ရှိနေသော် လည်း တဖြည်းဖြည်း လျော့ပါးနေပြီဖြစ်သည်။ ရေကြီးမှုကြောင့် ရထားမဆိုက် သည် မှာ သုံးရက်ရှိ ပြီဖြစ်ကြောင်း တက္ကသိုလ် သို့လိုက်ပို့ ပေးနေ သော အနှေးယာဉ် လုပ်သားကပြောသည်။
ရန်ကုန်မြို့မှ ဟင်္သာတ တက္ကသိုလ်သို့ ကျောင်းသွားတက်သော သင်္ချာ ဒုတိယနှစ် ကျောင်းသားကို အောင်အောင်က “ရေကြီးလို့ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က ကျောင်း လာမ တက်ဖြစ်ဘူး။ အခုမှလာ တက်တာ။ မြန်အောင် က ကျွန်တော့် သူငယ်ချင်းလည်း ရထား လာမရလို့ အခုကျောင်းမလာဖြစ်ဘူး”ဟု မြန်မာပို့စ်သို့ပြော ပါသည်။
စနေနေ့၊ နံနက် ၁၀နာရီအချိန် တွင် ဟင်္သာ တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင် နှင့်တွေ့ဆုံခွင့် ရပါသည်။ ဟင်္သာတမြို့ရေကြီး ရေလျှံမှုနှင့်ပတ်သက်၍ လူအသေအပျောက် မရှိကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများမှာ လည်း အားလုံး အဆင်ပြေ ချောမွေ့ ခဲ့ကြောင်း၊ ဧရာဝတီ တိုင်း ဒေသကြီး ၀န်ကြီး လည်းလာရောက် ကြည့်ရှု စစ်ဆေး ခဲ့ပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါ သည်။
ဆရာ ဦးအောင်ကျော်နိုင် ၏ စီစဉ် ပေးမှု ကြောင့် အမှန်တကယ်ရေ နစ်မြုပ်ရာရပ်ကွက် များမှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးစခန်းတွင် သွားရောက်နေ ထိုင်ခဲ့ရသော မိသားစုဝင် များနှင့် တွေ့ဆုံ ခွင့်ရ ခဲ့ပါသည်။
“ကျွန်တော်တို့မြို့က အားလုံး သိကြတဲ့ အတိုင်း တာရိုး ပတ်လည် ကာရံထားပြီးနေကြ တာ၊ ဧရာဝတီမြစ်ရေ က တာရိုးနှုတ်ခမ်း တစ်ပေ အကွာနားထိမြစ်ရေတက်တဲ့ အချိန်ဆိုရင် ရောက်လာ တက်တယ်။ ဟင်္သာတမြို့သူမြို့သား တွေ ကတော့ လှေတွေ၊ သမ္ဗန်တွေက အပေါ် မှာ၊ လူက အောက်မှာအမြဲလိုလို နေခဲ့ရတော့ မကြောက်ပါ ဘူးဗျာ”ဟု သုံးပင်ကွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ပြောသည်။
သည်းထန်းသော မိုးရေချိန်များကြောင့် ဟင်္သာတမြို့၏မြ၀တီရပ်ကွက်၊ သုံးပင် ကွင်းရပ် ကွက်၊ ကနောင်စု၊ အေးမြသာယာ ရပ်ကွက်တို့ မှာ ရေကြီးမှု ဒဏ်ကို ခံစားခဲ့ရကြောင်း သိရှိရ သည်။
“ရန်ကုန် ရောက် ဟင်္သာတ သားတွေက ရေနစ်မြုပ်ရာ ဒေသကို လာရောက် အကူအညီ ပေးကြပါတယ်”ဟု ၎င်းကဆက်ပြောပါသည်။
ဟင်္သာတမြစ်ရေကြီးမှု အတွက် ဖွင့်လှစ်ခဲ့ သော ကယ်ဆယ်ရေးစခန်း သဗ္ဗသိဒ္ဓိဓမ္မာရုံ၊ ရတနာပုံကျောင်း၊ ဒေါ်စောဂိုဒေါင်၊ အ.လ.က (၂) တို့တွင်လည်း အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေ အောင်ဆောင်ရွက် နိုင်ခဲ့ကြောင်းကို မြ၀တီရပ်ကွက်နှင့် ကနောင်စု ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တို့ကပြောခဲ့သည်။
ရေအနိမ့်ဆုံး အပိုင်းဟုဆိုသော မြ၀တီရပ် ကွက်တွင်ရေနစ်မြုပ်ခဲ့သူတို့အား အိမ်ထောင်စု လူဦးရေအလိုက် ထမင်းထုပ်များ၊ ဆန်များဆက် လက်ဝေငှ နေသည်ကိုလည်းမြင်တွေ့ခဲ့ရသည်။
၂၁ရက်၊ ၂၂ ရက်များတွင် ရထား ဆိုက် ရောက်ခြင်းမရှိသော်လည်း ဟင်္သာတ တက္ကသိုလ် ကြီးမှာ ဆက်လက်ဖွင့် နေသည်ကိုတွေ့ရသည်။ ဟင်္သာတမြို့ပေါ်တွင် အ.မ.က ကျောင်း စုစုပေါင်း ၁၆ ကျောင်း၊ အထက် တန်း ကျောင်း သုံးကျောင်းရှိရာ ရေကြီးနေသည့် ကာလများ အတွင်း ကျောင်းများအားလုံး ခေတ္တပိတ် ထား ခဲ့ရသည်။ သို့ရာတွင် လက်ရှိ ရေပြန်လည် ကျဆင်း နေသည့် အခြေအနေအရ ၂၅ ရက်၊ တင်္နလာ နေ့တွင် ကျောင်းအားလုံး ပြန်လည်ဖွင့် လှစ်နိုင်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက ပြောပါသည်။
“ ကျွန်မတို့ ဘယ်လို အခက်အခဲတွေပဲဖြစ် ဖြစ် ကျောင်းတွေ ပြန်ဖွင့် တာနဲ့ ကလေးတွေကို ကျောင်းပြန် တက်ခိုင်းမှာပါ”ဟု မြ၀တီရပ်ကွက် မှ ကြုံရာကျပန်းလုပ်ကိုင်စားသောက်သော ကျောင်းသားမိဘတစ်ဦးက အားမာန် အပြည့် ဖြင့်ပြောပါသည်။
၁၈ ရက်မှ စတင်ပြီး ၁၉ ရက်တွင် အသည်း အသန်ရွာ သွန်းခဲ့သော မိုးရေချိန်မှာ ပြီးခဲ့သည် ၂၉ နှစ်က ရရှိခဲ့သော မိုးရေချိန် ၇ လက်မ ကျော် ထက်စံချိန် ပိုများခဲ့သည် ဟုသိရသည်။ မြ၀တီ မိုးလေ၀သမှ တိုင်းတာချက် မှာ ၆ ဒသမ ၅ လက်မရှိသည်ဟု သိရသည်။ နေ့လယ် ၂ နာရီ ရန်ကုန်သို့ အချိန်မီပြန်လည် ပြင်ဆင်နေသည့် အချိန်တွင် ဟင်္သာတမြို့သို့ ရထား ဆိုက်လာပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင် ၁၉ ရက်က စံချိန် တင်ရွာသွန်းခဲ့ သော မိုးကြောင့် မြို့တွင်း ရေလွှမ်း မိုးခံ ခဲ့ရသော ဟင်္သာတ မြို့၏ အချက်ပေး ဥသြသံ ဟုပင်ထင် မြင်မိ ပါတော့ သည်။
ဘသန်း
ဟင်္သာတမြို့ ရေကြီးမှု အခြေအနေမှ လွတ်မြောက် ဟင်္သာတမြို့ ရေကြီးမှု အခြေအနေမှ လွတ်မြောက် Reviewed by သစ်ထူးလွင် on 11:47 Rating: 5
Powered by Blogger.