ကေအိုင်​အေသ​ဘောတူညီချက်မရဘဲ အပစ်ရပ်​ရေး​လက်မှတ်ထိုး​ရန် အစိုး​ရ ကိုယ်စား​လှယ်လွှတ်မည်ဟုဆို



ကချင်ပြည်နယ်အစိုး ​ရဟာ ​ကေအိုင်အိုနဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ကို ​ကေအိုင်အို​ခေါင်း​ဆောင်​တွေဘက်က လက်မှတ်ထိုး​ပါမယ်လို့​ ကတိစကား​မရ​သေး​တဲ့​အကြား​က လူငါး​ဆယ့်​ရှစ်ဦး​လွှတ်ပြီး​ လက်မှတ်ထိုး​ပွဲလုပ်ဖို့​ အ​ကြောင်း​ကြား​လာတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။
အဲဒီထဲမှာ အစိုး​ရဘက်က အပစ်ရပ်​ရေး​ဆောင်ရွက်တဲ့​ ဗိုလ်မှူး​ကြီး​သန်း​အောင်အပါအဝင် ကချင်ပြည်နယ်အစိုး​ရ အဖွဲ့​ဝင် ​လေး​ငါး​ဦး​လည်း​ ပါတယ်လို့​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။
“ဟုတ်တယ် သူတို့​ အဲဒါ စာရင်း​နဲ့​တောင် ​ပေး​လာကြတယ်။ သူတို့​က​တော့​ ဒီ​နေ့​ မနက် ထင်တယ် လာမယ်။ လက်မှတ်ထိုး​ရ​အောင် သူတို့​က ​ပြောကြတယ်။ သူတို့​က သိတဲ့​အတိုင်း​ပဲ ဒီအတိုင်း​ လွယ်လွယ်နဲ့​ လက်မှတ်ထိုး​ဖို့​ စီစဉ်​နေကြတဲ့​ သ​ဘော ထင်တယ်ဗျာ။ လူအား​လုံး​က ၅၈ ဦး​ရဲ့​ နာမည် စာရင်း​ ပို့​လိုက်တယ်ဆို​တော့​ အဲဒါ သူတို့​လည်း​ အုပ်စုလိုက် လာမှာ​ပေါ့​။ အဲဒီ လက်မှတ်ထိုး​ပွဲမှာ ဆန္ဒနဲ့​ အမှန်တကယ် ဖြစ်သင့်​တာက​တော့​ တခြား​စီပါ။ အမှန်တကယ်ဖြစ်သင့်​တာက ညှိနှိုင်း​စရာ​တွေ အများ​ကြီး​ ရှိပါ​သေး​တယ်။”
ကေအိုင်အိုအ​ နေနဲ့​က​တော့​ အပစ်အခတ်ရပ်စဲ​ရေး​လက်မှတ်မထိုး​ခင်မှာ နှစ်ဘက် အပြန်အလှန်​ဆွေး​နွေး​ရမယ့်​ကိစ္စ​တွေ အများ​ကြီး​ရှိ​သေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။
ဇွန်လ ၉ ရက်မှာ ပြန်စတင်တဲ့​ ​ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ တိုက်ပွဲဖြစ်ကတည်း​က အပစ်ရပ်​ရေး​အတွက် ကချင်ပြည်နယ်အစိုး​ရဖွဲ့​ထား​တဲ့​ ဗိုလ်မှူး​ကြီး​သန်း​အောင် ဦး​ဆောင် ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ​ကေအိုင်အိုဘက်က ဒုစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ် ဂွမ်​မော်ဦး​ဆောင်တဲ့​အဖွဲ့​ တကြိမ်​တွေ့​ဆုံခဲ့​ပါတယ်။ ကျန်အကြိမ်​တွေကို​တော့​ ​အောက်​ခြေကိုယ်စား​လှယ်​တွေ ​စေလွှတ်တာရှိသလို အပြန်အလှန်စာ​ရေး​နေကြပါတယ်။
ကေအိုင်အိုဘက်က အပစ်ရပ်​ရေး​အတွက်လိုအပ်ချက်သုံး​ချက်ကို တင်ပြပါတယ်။ ဒါ​တွေက​တော့​ (၁) ​ကေအိုင်အိုတဖွဲ့​တည်း​မဟုတ်ဘဲ တနိုင်ငံလုံး​အပစ်ရပ်ရန်။ (၂) နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ဖြေရှင်း​ရန်ဆိုတဲ့​ အချက်နှစ်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပါတယ်။ (၃)ဥပမာအား​ဖြင့်​ တရုတ်နိုင်ငံလို ကြား​နေနိုင်ငံတခုခု​ရှေ့​မှာ ​ဆွေး​နွေး​ရ​အောင် စတာ​တွေကို တင်ပြပါတယ်။ အစိုး​ရဘက်က​တော့ ကချင်တပ်​တွေကို အပစ်ရပ်ခိုင်း​တာ၊​ စခန်း​တွေကို မတိုက်ဖို့၊​ ယာယီအပစ်ရပ်​ရေး​လက်မှတ်ထိုး​ရေး​​တွေဖြစ်ပါတယ်။
မ​နေ့​က​တော့​ ​ကေအိုင်အိုက သူတို့​မူလရပ်တည်ချက်နှစ်ရပ်ထဲက အ​သေး​စိတ်နှစ်ချက်ကို ထပ်မံတင်ပြခဲ့​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ အပစ်ရပ်​ရေး​လက်မှတ်ထိုး​တဲ့​အခါ အပစ်ရပ်​ရေး​ကို အဓိပ္ပာယ်​ဖော်တဲ့​ သ​ဘောတူချက်တခုကို ထပ်မံထိုး​ဖို့​နဲ့​ သမ္မတဦး​သိန်း​စိန်က ဒီကိစ္စကို တာဝန်ယူဖို့​ ဆိုတာကို ​ကေအိုင်အိုက ကမ်း​လှမ်း​ခဲ့​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။
“နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ​ရပ်စဲ​ရေး​ သ​ဘောတူညီချက်အ​ပေါ် နား​လည် အဓိပ္ပာယ်ဖွင့်​ဆိုချက်ဆိုတဲ့​ဟာ ကျ​နော်တို့​ ထည့်​လိုက်တယ်။ နိုင်ငံအတွင်း​ရှိ ပစ်ခတ်တိုက်ခိုက်မှုများ​အား​လုံး​ ရပ်ဆိုင်း​ပြီး​ ငြိမ်း​ချမ်း​ရေး​ရရှိရန် ​ဆောင်ရွက်မှု နိုင်ငံ​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အစီအစဉ်များ​ကို နိုင်ငံ​တော်အစိုး​ရမှ ရက်​ပေါင်း​ ၁၅ ရက်အတွင်း​ ​ကြေညာချက် ထုတ်ပြန်​ပေး​ရန် လိုအပ်ပါသည် ဆိုတဲ့​ အချိန် အကန့်​အသတ်​လေး​ တခု ​ပေါ့​နော်၊​ အဲဒါ ထည့်​လိုက်တယ်။ ဒါက​တော့​ ဒီနိုင်ငံ​တော်အစိုး​ရက​နေ အမှန်တကယ်ပဲ ဒီ ပြည်တွင်း​မှာ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုရင် ဒါက သူတို့​ လုပ်နိုင်တဲ့​ ကိစ္စ​တွေပဲ။ အဲဒါကို ကျ​နော်တို့​တောင်း​ဆိုတာ ရှိတယ်။”
အခုလို ​ကေအိုင်အိုဘက်က ​ခေါင်း​ဆောင်​တွေက အပစ်ရပ်​ရေး​ သ​ဘောတူလက်မှတ်ထိုး​ဖို့​ကိစ္စကို ​ဆွေး​နွေး​စရာ​တွေကျန်​သေး​တဲ့​အတွက် ချက်ချင်း​ လက်မှတ်မထိုး​နိုင်​သေး​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။
ကေအိုင်​အေသ​ဘောတူညီချက်မရဘဲ အပစ်ရပ်​ရေး​လက်မှတ်ထိုး​ရန် အစိုး​ရ ကိုယ်စား​လှယ်လွှတ်မည်ဟုဆို ကေအိုင်​အေသ​ဘောတူညီချက်မရဘဲ အပစ်ရပ်​ရေး​လက်မှတ်ထိုး​ရန် အစိုး​ရ ကိုယ်စား​လှယ်လွှတ်မည်ဟုဆို Reviewed by သစ်ထူးလွင် on 21:01 Rating: 5
Powered by Blogger.