မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော ကြော်ငြာများကို ပုံနှိပ်ဖော်ပြခြင်းမပြုရန် တားမြစ်

သင်ဇာဝင့်ကျော် ရဲ့  အရက်ကြော်ငြာ
သောက်ရေသန့် (PH 7) တံ ဆိပ်ဖြင့် ကုမ္ပဏီတစ်ခုမှ ထုတ်လုပ် သော ကြော်ငြာတစ်ခုတွင် ကြော် ငြာပါ မော်ဒယ်အမျိုးသမီး ၂ ဦး၏ ဝတ်စားဆင်ယင်မှုနှင့် ကိုယ် နေဟန်ထားတို့အရလည်းကောင်း၊ PH 7 ဟု ဖော်ပြထားသော်လည်း ကြော်ငြာတွင်ပါဝင်သည့် စာတမ်း အရလည်းကောင်း ပြင်ပတွင် ၄င်း တံဆိပ်နှင့်ရောင်း ချနေသည့် အရက် ကြော်ငြာသဖွယ်ဖြစ်နေသဖြင့် ပုံနှိပ် ဖော်ပြခွင့် မပြုကြောင်း သတင်း ရရှိသည်။ ”တကယ်တော့ အားကစား ဂျာနယ်တွေဆိုတာ လူမှုရေးဦးတည် ချက်ထဲမှာပါဝင်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အဓိက အထောက်အကူဖြစ်တဲ့ စာစောင် တွေပါ။ ဒီလိုစာစောင်တွေမှာ ကျန်း မာရေးကို ထိခိုက်စေတဲ့၊ ကြံ့ခိုင်ရေး ကို ပျက်ယွင်းစေတဲ့အဖျော်ယမကာ နဲ့တံဆိပ်တူသောက်ရေသန့်ကို ခုတုံး လုပ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ရင် ဘယ်လိုမှ မသင့်လျော်တဲ့ ဝတ်စား ဆင်ယင်မှု၊ ကိုယ်နေဟန်ထားတွေ နဲ့ အမျိုးသမီးတွေကို ဗန်းပြပြီး ယမကာကြော်ငြာတွေမှာ ထည့် သွင်းလေ့ရှိတဲ့စာသားတွေ ထည့်  ဖော်ပြပြီး ကြော်ငြာတာမျိုးကို ခွင့် မပြုပါဘူး။ ဖော်ပြလာရင်လည်း လို အပ်သလို အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန် ရှိသူတစ်ဦးကပြောကြား သွားသည်။ အဆိုပါ ပုဂ္ဂိုလ်က ”အရက်၊ ဘီယာ၊ ဆေးလိပ်ကြော်ငြာတွေကို လုံးဝဖော်ပြခွင့်မပြုတော့တာ ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရ်ီလ ၁ ရက်နေ့က တည်းက ဖြစ်ပါ တယ်။ အဲဒီတုန်းက စာအုပ်၊ စာစောင်တွေပြင်ဆင်ချိန် ရအောင် ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာတစ်ကြိမ်၊ အောက် တိုဘာလ ၂၃ ရက်နေ့မှာတစ်ကြိမ် ကြိုတင်အသိပေးကြေညာပြီးမှ ဆောင်ရွက်ခဲ့တာပါ” ဟု ဆိုသည်။ ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် စာပေစိစစ်နှင့် မှတ်ပုံ တင်ဌာန၌ ကျင်းပပြုလုပ်ခဲ့သော စိစစ်သုံးသပ်တင်ပြရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးတွင်လည်း မြန်မာ့ ယဉ်ကျေးမှုရှုထောင့်အရလည်း ကောင်း၊ တစ်မျိုးသားလုံး စိတ်ဓာတ် နှင့် အကျင့် စာရိတ္တမြင့် မားရေးအတွက် လည်းကောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကောင်း ပုံနှိပ်ဖော်ပြရန် မသင့်လျော် သည့် ကြော်ငြာများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ”အရက်၊ ဘီယာတွေ ထုတ် လုပ်တဲ့ ကုမ္ပဏီက အခြားလူသုံး ကုန်ပစ္စည်းတွေ ကြော်ငြာတဲ့အခါ ကြော်ငြာတဲ့ကုန်ပစ္စည်းနဲ့ မသက် ဆိုင်တဲ့အမျိုးသမီးပုံတွေ ဗန်းပြ ကြော်ငြာတာမျိုး၊ အရက်၊ ဘီယာ နဲ့ပတ်သက် ဆက်နွှယ်မှုရှိစေနိုင်တဲ့ ပုံ၊စာသားတွေထည့်ကြော်ငြာတာမျိုး နဲ့ ပရိသတ်ကို မလှည့်စားသင့်ပါ ဘူး။ ဒါတွေကို ပုံနှိပ်မီဒီယာမှတင် တားမြစ်ရမှာမဟုတ်ဘဲနေရာအနှံ့မှာ ရှိနေတဲ့ Billboard တွေ၊ Vinyl Sign Board တွေမှာလည်း ထိန်းချုပ်တားမြစ်ပေးသင့်ပါတယ်။ ဒီလိုကုမ္ပဏီတွေပါဝင်ဖွဲ့စည်းထားတဲ့ င်္ဃြဃှု  လိုအသင်းကြီးကပါ စီး ပွားရေးဆိုင်ရာ ကျင့်ဝတ်များ၊ လုပ် ထုံးလုပ်နည်းများကို ကျယ်ကျယ် ပြန့်ပြန့် အသိပေးမြှင့်တင်မှုလုပ်ပေး မယ်ဆိုရင်တော့ ပိုပြီးထိရောက် အောင်မြင်မှာ အမှန်ပဲ” ဟု စိစစ် သုံးသပ်တင်ပြရေးအဖွဲ့ ညှိနှိုင်းအ စည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။ ”အရင်တုန်းက လက်ဖက် ရည်ဆိုင်တွေ များသလောက် အခု အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ များလာပြီး လူတွေရဲ့ ကျန်းမာရေး ကို ထိခိုက်ရုံမကဘဲ စာရိတ္တပါ ချို့ ယွင်းလာကြတာ ဒီကြော်ငြာတွေရဲ့ သက်ရောက်မှုက ဘယ်လောက် တောင်ရှိသလဲဆိုတာ တွေးကြည့် စရာတောင်မလိုပါဘူး” ဟု ၄င်းက ဆိုသည်။ အဆိုပါကြော်ငြာ ပုံနှိပ်ဖော်ပြခဲ့ သည့် ဂျာနယ် ၂ စောင်ကိုလည်း  သတိပေးခဲ့ပြီး အသိပေး ကြေညာ ချက်အား စာပေစိစစ်နှင့် မှတ်ပုံ တင်ဌာနက ဇူလိုင် ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်းနှင့် ချိုးဖောက်ပါက ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော ကြော်ငြာများကို ပုံနှိပ်ဖော်ပြခြင်းမပြုရန် တားမြစ် မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော ကြော်ငြာများကို ပုံနှိပ်ဖော်ပြခြင်းမပြုရန် တားမြစ် Reviewed by သစ်ထူးလွင် on 13:28 Rating: 5
Powered by Blogger.