အစိုးရ စစ်သားများလူနေ အိမ်တွေမှာ လိုက်နေ၍ အင်ခါးဂါးကျေးရွာသားများ ကြောက်ရွံ့နေ

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အင်ခါးဂါးကျေးရွာတွင် ဒုဗိုလ်မှူးကြီး အောင်အောင် ဦးဆောင် သော အင်အား (၃၅) ယောက်ရှိ ခ.လ.ရ (၄၆) တပ်ဖွဲ့များနှင့် ဦးရင်ထန်ဆင်ဦးဆောင်သော ရ၀မ်ပြည်သူ့စစ် (၁၀) ယောက်တို့သည် ရွာတွင် ရှိ လူနေအိမ်များတွင်လိုက် နေကြသောကြောင့် ရွာသားများကြောက် ရွံ့နေရ ကြောင်းရွာသား တစ်ဦးထံမှ သိရှိရပါသည်။

အစိုးရတပ်နှင့် ရ၀မ်ပြည်သူ့စစ်တို့သည် ရွာရှိ နေအိမ်များ အောက်တွင် ကတုတ်ကျင်းများတူးထားပြီး နေ့ည နေထိုင်ကြကြောင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် စိုက်ခင်းများမှ အသီးအနှံ၊ ဟင်းသီးဟင်ရွက်များ ကိုလည်း အခကြေးငွေမပေးပဲ လုယက်စားသောက် နေကြကြောင်း၊ အနီး ပတ်ဝန်းကျင် သွားစရာရှိပါကလည်း ရွာသားများကို အကာအကွယ် ဖြင့်အသုံးပြုခေါ်ဆောင်သွားကြကြောင်း၊ ကျေးရွာလူကြီးများမှ ရွာ အပြင်စစ်တပ် သို့ပြောင်းရွေ့ပေးရန် တောင်းပန် ကြသော်လည်း “တစ်ရွာလုံးမီးရှိုပစ်မည်၊ တစ်ရွာလုံး မသာဖြစ်ချင်သလား” ဟု ကျိန်းမောင်းခြောက်လှန့် လိုက်သောကြောင့် ရွာသားများ အလွန်ကြောက်လန့်စွာ နေနေ ကြကြောင်း သိရသည်။

             အင်ခါးဂါးကျေးရွာသည် (၂၀၁၃) ခုနှစ် စက်တင်ဘာလမှစ၍ အစိုးရတပ်နှင့် ရ၀မ်ပြည်သူ့စစ်တို့ စိုးမိုး ထားသော ကျေးရွာဖြစ်သည်။

  ငွါးလေး

BY THIT HTOO LWIN
အင်ခါးဂါးကျေးရွာ ရောက် စစ်သားများအား တွေ့ ရစဉ် 


မဟာချိုင်တွင် အလုပ်သမား ထောင်နှင့်ချီ မှတ်ပုံတင်

 ထိုင်းစစ်ကောင်စီ အစိုးရက တရားမ၀င် အလုပ်သမားများ မှတ်ပုံတင်ပေးရေး အစီအစဉ်ကို စမွတ်စခွန် ခရိုင် မဟာချိုင်မြို့မှာ ဒီကနေ့ စတင် ဆောင်ရွက်ပေးနေပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ လာရောက်မှတ်ပုံ တင်နေကြပါတယ်။

အိမ်နီးချင်း မြန်မာ ၊ လော နဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက တရားမ၀င်အလုပ် သမားတွေ ကို တရားဝင် အထောက် အထားတွေ ထုတ်ပေးမယ်လို့ ထိုင်းအမျိုး သားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီက  ဇွန်လ ၂၅ ရက်နေ့ မှာ ကြေညာပြီးတဲ့နောက် ပထမဦးဆုံး စမွတ်စခွန်ခရိုင် မဟာချိုင်မှာ စတင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အလုပ်သမားတွေကို ဒီကနေ့မနက် ၈ နာရီလောက်ကနေစပြီး  မှတ်ပုံတင်ပြုလုပ်ပေးနေ တယ်လို့  အခြေအနေကို  သွားရောက်ကြည့် ရှုခဲ့သူ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“one stop service (တနေရာတည်းအပြီး ၀န်ဆောင်မှုပေးတဲ့စနစ်) လို့ ပြောတဲ့အတိုင်းပဲ ပြီးဆုံးတဲ့အထိ သေချာလုပ်ပေးတာ မြင်တွေ့ရပါတယ်။ အလုပ်သမားတဦးဟာ  သက်ဆိုင်ရာ နံပါတ်အလိုက် အဆင့်ဆင့် ၆ ဆင့်သွားရပြီး ပြီးဆုံးတဲ့အခါ အပန်းရောင်ကတ်ကလေးရလာပါတယ်။ ကျောဘက်မှာက အစိမ်းရောင်ပါ။ တဦးကို ၂ နာရီလောက်ပဲ ကြာပါတယ်။ လုပ်ကိုင်ပုံစနစ်တွေလည်း တအားဖြောင့်ဖြူး မှန်ကန်တာကို ကျနော်တို့တွေ့ရတယ်။”

ဝန်ဆောင်ခက အသက် ၁၈ နှစ်ပြည့်ပြီးသူ အလုပ်သမားတဦးအတွက်  ပုံစံ ၃၈/၁ နေထိုင်ခွင့်လက်မှတ် ဘတ် ၈၀၊ ကျန်းမာရေးဆေးစစ်ခနဲ့ အာမခံခ ဘတ် ၁၀၀၀၊ အလုပ်လုပ်ခွင့်လက်မှတ် ၂၂၅ ဘတ် နဲ့ စုစုပေါင်း ၁၃၀၅ ဘတ် ကုန်ကျပြီး ကလေးတွေအတွက်တော့ အလုပ်လုပ်ခွင့်လက်မှတ်မပါတဲ့အတွက် ၁၀၈၀ ဘတ်ပဲ ကုန်ကျတယ်လို့ သူကဆက်ပြောပါတယ်။

ဒီလက်မှတ်ဟာ ယာယီနေထိုင်ခွင့် ရက်ပေါင်း ၆၀ အတွက်သာဖြစ်ပြီး  နောက်ထပ် နိုင်ငံသားစိစစ်ရေး နဲ့ ယာယီနိုင်ငံကူး လက်မှတ် နဲ့  အလုပ်သမားမှတ်ပုံတင်ကတ်တွေ ထပ်လုပ်ရမှာဖြစ်ပါတယ်။

ဒီကနေ့ မှတ်ပုံလာတင်သူတွေဟာ မြန်မာနိုင်ငံသားအများစုဖြစ်ပြီး ခန့်မှန်းခြေ ၃ ထောင်ကျော်ရှိကြောင်း၊ တာဝန်ရှိသူတွေကို မေးမြန်းချက်အရ တနေ့ကို လူ ၂ ထောင်လုပ်ပေးနိုင်မယ်လို့ သိရပြီး ရက် ၃၀ အတွင်းသာ လုပ်ပေးသွားမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

အခုလို မှတ်ပုံတင်ခွင့်ရတဲ့အတွက် ကြောက်စိတ်တွေ လျော့ပါးသွားပြီလို့ ဒီကနေ့ သွားရောက်မှတ်ပုံတင်ခဲ့သူ  မခင်စိုးခိုင်က သူ့အတွေ့အကြုံကို ခုလိုပြန်ပြောပြပါတယ်။

“စိတ်ချမ်းသာသွားတာပေါ့ မပြေးရတော့ဘူးပေါ့/ အရင်ကဆို သွားစရာရှိလည်း မသွားရဲမလာရဲဘူးလေ။ အလုပ်နဲ့အခန်းနဲ့ပဲ။ အခုကျတော့လည်း ဒီကတ်ပြားလေးရပြီဆိုတော့ လွတ်လွတ်လပ်လပ်နေရပြီလို့ ထင်ပါတယ်။”

ဒီမှတ်ပုံတင်ကြေးဟာ အစိုးရအနေနဲ့ သက်သာအောင် လျှော့ပေါ့ထားတယ်ဆိုပေမယ့်လည်း အလုပ်ရှင်မရှိသူတွေမှာတော့ အခြားထိုင်းလူမျိုးတွေကို ငှားရမ်းလုပ်ခိုင်းရတဲ့အတွက် ၃ ထောင်ကျော် ပေါက်ဈေးရှိကြောင်း၊ ဒီမတိုင်ခင်က သူတို့မှာ လက်မှတ်မရှိတော့ အလုပ်ရှင်တွေက တာဝန်မယူရဲကြဘူးလို့ သူကဆက်ပြောပါတယ်။

တရားမ၀င် အလုပ်သမားတွေကို one stop service တနေရာတည်းအပြီး ၀န်ဆောင်မှုပေးတဲ့ စခန်းတွေဖွင့်လှစ်ပြီး ထိုင်းတနိုင်ငံလုံးမှာ  ဆောင်ရွက်ပေးသွားဖို့ အစိုးရက ကြေညာထားတာပါ။

ဒါပေမယ့် ဆောင်ရွက်ပေးမယ့်ကာလတွေက ခရိုင်တခုနဲ့တခု မတူတဲ့အတွက် ကျန်တဲ့ဒေသက အလုပ်သမားတွေကတော့ မိမိနဲ့သက်ဆိုင်တဲ့ ခရိုင် အလုပ်သမားရှာဖွေရေးရုံးက ကြေညာချက်ကို စောင့်ဆိုင်းကြည့်ရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမ၀င်အနေနဲ့ ၀င်ရောက်လုပ်ကိုင်နေသူ မြန်မာပြည်သားပေါင်း ၃ သန်းကျော်ရှိတယ်လို့ မြန်မာအလုပ်သမား ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)


 

အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ

 အမြန်လမ်းကို အသုံးပြု သွားလာနေသော ယာဉ်များကို ကီလို ( ၈၀) ထက်ပို မမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်း က ပြောသည်။ ကီလို(၈၀)နဲ့ ကျွန်တော်တို့ တင်ပြထားတယ်။ ကျွန်တော်တို့ က အမိန့်ထုတ်လို့ မရဘူး။ ဒါကြောင့် တင်ပြထားတယ်။ ကျွန်တော် ထင်တယ်။ ရထား ပို့ဆောင်ရေးက ထွက်လာမလား၊ ဆောက်လုပ်ရေးက ထွက်လာမလား ဆိုတာ။ ပြည်ထဲရေး ကတော့ အဲဒီအမိန့် ထွက်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ယာဉ်စည်းကမ်းနဲ့ လမ်းအန္တရာယ် မကြုံတွေ့အောင်ဘဲ ဆောင်ရွက်ရတယ် ဟု ၎င်းက ဆို သည်။ အမြန် လမ်းမကြီးတွင် နေ့စဉ် ကားအစီး ရေပေါင်း (၁၂၀၀၀)ခန့် ပြေးဆွဲနေပြီး ထိုထဲမှ ခရီးသည် တင်ယာဉ်များ ဖြတ်သန်းမှုမှာ (၇၀၀)နှင့် (၈၀၀) ကျော် ရှိကြောင်းသိ ရသည်။ အမြန်လမ်း ရဲတပ်ဖွဲ့ အနေဖြင့် အမြန် လမ်းမကြီးတွင် ရဲတပ် ဖွဲ့အင်အား နှစ်ယောက်ကို တစ်မိုင်နှုန်းမှ တစ်ယောက်လျှင် တစ်မိုင်နှုန်း ဖြစ်အောင် အင်အားများ ထပ်ဖြည့်ပေးထားပြီး၊ မော်တော်ယာဉ်ကိုလည်း ရှစ်မိုင်လျှင် တစ်စီးနှုန်းမှ ခြောက်မိုင်လျှင် တစ်စီးနှုန်းဖြင့် အင်အား ဟာ ထပ်ဖြည့် ထားကြောင်း ယင်းရဲတပ်ဖွဲ့မှ သိရသည်။

ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်အကျ မခံနိုင်ဘူး။ ကျွန်တော်တို့ ပြည်သူတွေ အားကိုးတဲ့ ပြည်သူတွေ ယုံကြည်တဲ့ ရဲ တပ်ဖွဲ့  ဖြစ်အောင် ဆောင်ရွက်နေပါတယ။် လက်ရှိ ကျွန်တော်တို့ ဖွဲ့စည်းပုံ အရတော့ ရှစ်ရာကျော်ရှိ ပါတယ်။ လက်ရှိ ကျွန်တော်တို့ ပေးထားတာ(၅၅၀) ရှိ ပါတယ်။ မကြာခင်မှာ ထပ်ပြီးတော့ အင်အားတွေ ထပ်ဖြည့်ဖို့ရှိ ပါတယ် ဟု ရဲမှူးကြီး နေ၀င်း က ပြောသည်။ အမြန်လမ်း ရဲတပ်ဖွဲ့နေဖြင့် ခရီးသည် တင်ယာဉ်များ ဘေးအန္တရာယ် မဖြစ်ပေါ်စေရန် အတွက် ဂျီပီအက်စနစ်ဖြင့် အဆိုပါ ခရီးသည် တင်ယာဉ်ကားများကို စောင့်ကြည့် ကွပ်ကဲပေးမည့် စနစ် ကိုလည်း ဆောင်ရွက်နေပြီး၊ လက်ရှိတွင်လည်း အမှတ်(၃) လမ်းဆုံ တိုးဂိတ်၊ နေပြည်တော် စီလမ်းဆုံ တိုးဂိတ်၊ စကားအင်းတိုးဂိတ်တို့တွင် ယာဉ်ကြံ့ခိုင် မှုရှိ မရှိကို ပုံမှန် စစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းများ သောက်စားမူးယစ် မမောင်းနိုင်စေရန် အတွက် အမြန်လမ်း ရဲစခန်း (၁၅) ခုမှ အရက်မူးတိုင်း ကိရိယာအခု သုံးဆယ်ဖြင့် ပြစ်မှုကျူးလွန်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိခြင်း၊ အမြန်လမ်းရဲတပ်ဖွဲ့ မှ ရဲစခန်းတစ်ခုလျှင် မိုင်(၂၀)နှင့် (၂၅) မိုင်ခန့် တာဝန်ယူရသည့်အတွက် ယာယီရဲစခန်း (၄၂)ခုအား ထပ်မံဖွင့်လှစ်ထားရှိပြီး တံတားများ၏ ကိုးမိုင်ခန့်အကွာတွင် စခန်းများကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။လက်ရှိတွင် အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုသည့် အချိန်မှ ခြောက်နှစ်တာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း သုံးရာကျော်ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

Messenger News Journal


လမ်းဘေးတွင် လမ်းလျှောက်နေသူကို ယာဉ်တိုက်မိသဖြင့် သေဆုံး

ရန်ကုန်၊ ဇွန် ၃၀

၂၉.၆.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ) ယာဉ်သည် ကမာကြည်မီးပွိုင့်အလွန် အရောက်၌ လမ်းဘေးတွင်လမ်းလျှောက် နေသော သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်အေးအေးသန်း (၅၁)နှစ်အားတိုက်မိပြီး ယာဉ်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်အေးအေးသန်းမှာ ဝဲနား၊ ဝဲပါး၊ ရင်ဘက်၊ ဝဲ/ယာဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား သုဝဏ္ဏနယ်မြေ ရဲစခန်းယာဉ် (ပ) ၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



 

ထားဝယ်မြို့ပေါ် အကြွေစေ့လောင်းကစားဆိုင်အား ညဘက်ဝင်ဖမ်း

 ထားဝယ်၊ ဇွန် ၂၉- တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက် သရက်ချောင်း ကား ဂိတ်အနီးရှိ အကြွေစေ့ထည့် ကစား ရသော လောင်းကစားဆိုင်ဖြစ်သည့် မန်းနီးဂိမ်းဆိုင်တစ်ဆိုင်အား ဇွန် ၂၇ ရက် ညက ဝင်ရောက်ဖမ်းဆီးခဲ့ ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရ သည်။

ယင်းနေ့ ည ၉နာရီခန့်တွင် ကြက်စားပြင်ရပ်ကွက် အောင်ဆွေ ဒဂုံလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် သရက်ချောင်း ကားဂိတ် အနီး ဈေး ဆိုင်တန်း အမှတ်(၉)တွင် ဖွင့်ထား သည့် မန်းနီးဂိမ်းဆိုင်အား ထားဝယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဦးဆောင် သောအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဂိမ်း စက် ၃၆လုံး၊ ငွေကျပ် ၂၆သိန်း ကျော်နှင့်အတူ ဆိုင်ပိုင်ရှင်တစ်ဦး၊ ဆိုင်လုပ်သားတစ်ဦးနှင့် မန်းနီးဂိမ်း လောင်းကစားနေသူ ငါးဦးတို့ကို ဖမ်း ဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်း နှင့် ကြက်စားပြင်ရပ်ကွက် အုပ်ချုပ် ရေးမှူးထံမှ သိရသည်။

''ဖမ်းတဲ့ညမတိုင်ခင် မနက်ပိုင်း မှာတောင် ဆိုင်ရှင်ကိုခေါ်ပြီး သတိ ပေးခဲ့သေးတယ်။ သူကလဲ ခံဝန် လက်မှတ် ထိုးပြီး ပြန်သွားပေမယ့် ညဘက်မှ ဆက်ဖွင့်နေသေးတယ်''ဟု ကြက်စားပြင်ရပ်ကွက် အုပ်ချုပ် ရေးမှူးက ရှင်းပြသည်။

ဝင်ရောက်ဖမ်းဆီးရာတွင် ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေး မှူး၊ ပိန္နဲတောရပ်ကွက် အထောက် အကူပြုအဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ ဝင်များ စုစုပေါင်းအင်အား နှစ်ဆယ် ခန့် ပါရှိကြောင်း ၎င်းက ဆိုသည်။

''ညဦးပိုင်းလောက်ကတည်းက ပဲ။ ၈နာရီကျော်လောက်ရှိပြီ။ ကစား နေတဲ့သူတွေရော အားလုံးဖမ်းခေါ် သွားတယ်''ဟု အဆိုပါမန်းနီးဂိမ်း ဆိုင်အနီးတွင်ရှိနေသည့် မျက်မြင် တစ်ဦးက ည ၁၁နာရီခန့်တွင် ပြော သည်။

ဝင်ရောက်ဖမ်းဆီးရာတွင် မန်း နီးဂိမ်း လောင်းကစားပြုလုပ်သူတချို့ မှာ ထွက်ပြေး လွတ်မြောက်သွား ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
ကြက်စားပြင်ရပ်ကွက်အတွင်း အဆိုပါမန်းနီးဂိမ်းဆိုင်ကို ပြီးခဲ့သည့် လဝက်ခန့်ကတည်းက စတင်ဖွင့်လှစ် ထားသည်။

Dawei Watch
Yangon Media Group


သမီးရည်းစားချိန်းတွေ့စဉ် ဆိုင်ကယ်လုယူမှုဖြစ်ပွား

 မကွေး၊ ဇွန် ၂၇- ဆိုင်ကယ်ဖြင့်လာပြီး စကားပြောနေသော သမီးရည်းစားနှစ်ဦး ကို အခြားဆိုင်ကယ်ဖြင့် ရောက်လာသည့် လူငယ်သုံးဦးက တွန်းချရိုက်ပုတ်ကာ ဆိုင် ကယ်လုယူထွက်ပြေးပြီး ယင်းတို့ဆိုင်ကယ် ကိုလည်း ကျန်တစ်ဦးကမောင်းပြေးစဉ် လူ ငယ်ဖြစ်သူက လူထုအကူအညီဖြင့် ဆိုင် ကယ်လုသူတစ်ဦးကို လက်ရဖမ်းဆီးခဲ့ ကြောင်း သိရသည်။

မကွေးမြို့ ပွဲကြိုရပ်နေ မ--- ------ အသက်၂၂နှစ်သည် သမီးရည်း စားဖြစ်သူ ကို-------- နှင့်အတူ မကွေး မြို့ ကမ်းနားလမ်းရှိ ဘီလူးနှစ်ကောင်အနီး တွင် ဇွန် ၂၆ရက် ည ၉နာရီ ၁၅ မိနစ်က ဆိုင်ကယ်ရပ်၍ စကားပြောပြီး ပြန်မည် အပြုတွင် မြို့သစ်မြို့နယ်နေ ဥာဏ်ထွန်း အသက် ၂၂နှစ်နှင့် အမည်မသိလူငယ်နှစ်ဦး ရောက်ရှိလာပြီး အမည်မသိလူနှစ်ဦးမှ ထို မိန်းကလေးစီးနင်းလာသည့် ထိုင်းဘီးဟွန် ဒါဒရင်း ၁၂၅အနက်ရောင်ဆိုင်ကယ်ပေါ် မှ မိန်းကလေးကိုတွန်းချခဲ့၍ ကို------- အား ခဲဖြင့်ထုပြီးကန်ကျောက်ကာ အမည် မသိလူငယ်နှစ်ဦးက ထိုမိန်းကလေး၏ ဆိုင် ကယ်အားစီးနင်းသွားကြောင်း သိရသည်။

ထို့နောက် ကျန်တစ်ဦးက ၄င်းတို့ စီးနင်းလာသည့် လီဖန်း၁၂၅ဆိုင်ကယ်ပေါ် တက်၍ ထွက်ပြေးမည်အပြုတွင် ကို--- -----က ဆိုင်ကယ်နောက်မှတက်ခွပြီး ဆိုင် ကယ်အား တွန်းလှဲနပန်းလုံးစဉ် မိန်းကလေး က အော်ဟစ် အကူအညီတောင်းခဲ့သဖြင့် ပတ်ဝန်းကျင်မှလူအများက ဝိုင်းဝန်းဖမ်း ဆီးပေးခဲ့သဖြင့် ဥာဏ်ထွန်းအား ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင် ကယ်အား ခိုးယူထွက်ပြေးသွားသူ အမည် မသိလူနှစ်ဦးနှင့် ဥာဏ်ထွန်းတို့အား အရေး ယူပေးရန် ထိုမိန်းကလေးမှ တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ မကွေးမြို့ မြို့မရဲစခန်း မှ (ပ)၁၂၄/၂ဝ၁၄၊ ပုဒ်မ ၃၉၄ ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

မကွေးမီဒီယာ
Yangon Media Group


ခင်ပွန်းဖြစ်သူမှ ချွန်ထက်သော အရာဖြင့် ထိုးခဲ့၍ ဇနီးဖြစ်သူ သေဆုံး

ရန်ကုန်၊ ဇွန် ၃၀

၂၉.၆.၂၀၁၄ ရက်နေ့ ၁၈၀၅ အချိန်တွင် သန်လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်း အရှေ့ရပ်ကွက်ရှိ သီလရှင်ကျောင်းရှေ့တွင်အမျိုးသမီး တစ်ဦး ချွန်ထက်သောအရာဖြင့် ထိုးခံရ ကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူမှာ ၎င်းရပ်ကွက်နေ မဥမ္မာဝင်း၊ (၃၈)နှစ်ဖြစ်ပြီး ၎င်းတွင် ယာရင်အုံ ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာလက်ဖျံ ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာနံစောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာခါးနှင့်
ကျောကုန်းတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် သန်လျင် ပြည်သူ့ဆေးရုံသို့ ပို့အပ်ကုသခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူ ခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ မဥမ္မာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကုဋေဟန်(စုံစမ်းဆဲ)တို့သည် အခင်းဖြစ်နေရာ၌ လူမှုရေး ကိစ္စဖြင့် လင်မယားချင်းစကားများရန်ဖြစ်ကြစဉ် ခင်ပွန်းဖြစ်သူမှ ချွန်ထက်သောအရာဖြင့်ထိုးခဲ့၍ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကုဋေဟန်အား သန်လျင်မြို့မရဲစခန်း(ပ)၄၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၂၆ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ မဥမ္မာဝင်းသည် သန်လျင်ဆေးရုံ၌ဆေးကုသမှုခံယူစဉ် ယင်းနေ့ ၂၁၁၅ အချိန်တွင် ရရှိသောဒဏ်ရာ များဖြင့်သေဆုံးသွားခဲ့၍ ပြစ်မှုပုဒ်မ-၃၂၆ မှ ပုဒ်မ-၃၀၂ သို့ပြောင်းလဲရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ ကုဋေဟန်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

အရက်မူးနေသူ မောင်းတဲ့ကား မြစ်ထဲထိုးကျ

ရန်ကုန်၊ ဇွန် ၃၀

၂၉.၆.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင် အမှတ်(၅)ဗောတံတား ပေါ်မှ ယာဉ်တစ်စီး ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့အလုပ်သမားဖြစ်သူ ကျော်ဇင်(ခ) ကျော်ဇင်စိုးသည် ပြုပြင်ဆဲ ဆူဇူကီးအမျိုးအစား မီးခိုးရောင်ယာဉ်အား မောင်းနှင်လာပြီး အဆိုပါ ဗောတံတားတွင်ရပ်တန့်ကာ အပန်းဖြေနေစဉ် အနီးရှိအရက်မူး နေသူ သာကေတမြို့နယ်နေ သန်းဇော်ဦး၊(၂၁)နှစ်မှ ၎င်းယာဉ်ကို တက်ရောက် မောင်းနှင်းခဲ့သဖြင့် အရှိန်လွန်၍ မြစ်အတွင်းသို့ ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ မြစ်အတွင်းကျသွားခဲ့သဖြင့် ယာဉ်အနည်းငယ်ပျက်စီးပြီး သန်းဇော်ဦးတွင် ပွန်းပဲ့နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် သန့်ဇော်ဦးအား ဆိပ်ကမ်းမြို့မရဲစခန်းယာဉ် (ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


အိမ်၊ ဆိုင်၊ မြေ ငှားရမ်းခများကို အခွန်ဆောင်ရန် တင်ပြလာသူ တစ်ဦးမျှမရှိသေး

 ရန်ကုန်၊ မဇ္ဈိမ။ ။ အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်နှင့် စက်ရုံ အဆောက်အအုံများ ငှားရမ်းခြင်းဖြင့် ရရှိသည့် ၀င်ငွေများကို အခွန် ကောက်ခံနိုင်ရေး အတွက် တင်ပြရန် ဇွန်လမှ စတင် ကြေညာ ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်တင်ပြသူ တစ်ဦးမျှ မရှိသေးဘူးဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ
အရာထမ်း ၀န်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ နည်းဥပဒေအရ ကောက်ခံဖို့ပါ။ အစောကတည်းက အခုချိန်ထိ တစ်ဦးမှမလာသေးလို့ ကြေညာနေရတာပါ ” ဟု ၎င်းအရာထမ်းက ပြောသည်။

ယင်းဝင်ငွေခွန်အပေါ် အခွန်ကောက်ခံနိုင်ရန်အတွက် လာရောက်တင်ပြရန် ကြေညာချက်ကို ဇွန်လ၃၀ရက်တွင် ထပ်မံကြေညာထားသည်။

အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသူများကို ပြည်တွင်းအခွန်များဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပူးပေါင်းကာ အချက်အလက်များရယူရန်လည်း ရည်ရွယ်ထားသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ဟိန်းကိုစိုး
Mizzima - News in Burmese

ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ

ယူနတီဂျာနယ်သတင်းထောက်များကို မီဒီယာဥပဒေဖြင့်သာ အရေးယူရန် လျှောက်လဲ

 လျှို့ဝှက်ဓာတု လက်နက် စက်ရုံ ဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက် တွေရဲ့ အပြီး သတ် လျှောက်လဲ ချက်ကို ဒီနေ့ ပေးခဲ့ပြီး မီဒီယာ ဥပဒေနဲ့ အရေးယူ ဆောင်ရွက် ပေးဖို့ ရှေ့နေတွေက လျှောက်လဲ ခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာ စွဲဆို ခံထားရတဲ့ ယူနတီ ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း အပါအ၀င် သတင်းထောက် ၄ ဦးကို စီရင်ချက် ချမှတ်မှာ ဖြစ်သလို တရားလို ရှေ့နေတွေ က မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေတွေနဲ့ အရေးယူ ပေးဖို့ လျှောက်လဲ ခဲ့တယ်လို့ စွဲဆိုခံ ထားရတဲ့ သူတွေကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။

သတင်းမီဒီယာ ဥပဒေနဲ့ အရေးယူပြီး စီရင်ချက်ချမှတ်မယ်ဆိုရင်တော့ စွဲဆိုခံထားရတဲ့သူတွေဟာ ငွေဒဏ်ကိုသာ ပေးဆောင်ရမှာ ဖြစ်ပြီး ထောင်ဒဏ်ကနေ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်။

မီဒီယာ ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပြီးဖြစ်ပေမယ့် နည်းဥပဒေကို အတည်ပြုဖို့ လွှတ်တော်က လက်ခံစဉ်းစားခြင်းမပြုသေးတဲ့အတွက် မီဒီယာ ဥပဒေ အသက်ဝင်မ၀င် အငြင်းပွားမှု ပေါ်ပေါက်လာနိုင်တယ်လို့ စာနယ်ဇင်းကောင်စီ ယာယီက ဦးဇော်သက်ထွေးက ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့က နည်းဥပဒေကို စာနယ်ဇင်းကောင်စီယာယီက ရေးဆွဲပေးခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ အတည်ပြုပေးရမှာလည်း ဖြစ်ပါတယ်။

ယူနတီဂျာနယ်မှာ လျှိ့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး သတင်းဖော်ပြခဲ့တဲ့ အတွက်  ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းအပါအ၀င် ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်တို့ကို နိုင်ငံတော် လျှိုဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီဥပဒေနဲ့ တရားစွဲဆို ပြစ်ဒဏ်စီရင်ခံရပါက ထောင်ဒဏ် ၁၄ နှစ်နဲ့ အထက် ကျခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)

အပြည့်အစုံ အသံဖိုင်နားဆင်ရန်




ဖားကန့်တွင် ဥရုချောင်းရေလျှံကာ ၇ ပေခန့်အထိ ရေလွှမ်းခဲ့

ချင်းမိုင်၊ မဇ္ဈိမ။            ။ ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ငှက်ပျောတောရပ်ကွက်တွင် ဇွန်လ ၂၉ရက်က ၇ပေခန့်အထိ နစ်မြုပ်ခဲ့ပြီး ဇွန်လ ၃ဝ ရက်တွင် ရေပြန်ကျသွားပြီဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဘဏ္ဍာရေးမှူး ဦးသောင်းစံက မဇ္ဈိမကို ပြောသည်။

“မနေ့ကတော့ ကမ္ဘောဇဘဏ် လှေကားအထိ ရောက်တယ်။ ဘဏ်ထဲတော့ မဝင်ဘူး။ ငှက်ပျောတောရပ်ကွက်က လူတရပ်ကျော်ဆိုတော့ ၆ ပေ၊ ၇ ပေထိ ပေါ့။ ဖားကန့်မှာ မိုးရွာတာက နည်းနည်းပဲ။ ဒါပေမဲ့ အထက်ဥရုချောင်းရဲ့ မြစ်ဖျားခံတဲ့နေရာမှာ တအားရွာတော့ ချောင်းရေက လျှံတက်လာတာ”ဟု ဦးသောင်းစံက ပြောသည်။

ဇွန်လ ၂၉ရက်ကမူ ငှက်ပျောတော ရပ်ကွက်တစ်ခုလုံး ရေလျှံခဲ့ရသဖြင့် ရပ်ကွက်အတွင်းရှိ ရေလွတ်ရာ အိမ်များကို မိသားစုများ ရွှေ့ပြောင်းနေထိုင်ခဲ့ရသော်လည်း လူနေအိမ်များ ပျက်ဆီးရှုံးဆုံးမှု၊ လူသေဆုံးမှုများ မရှိခဲ့ကြောင်း သူက ပြောသည်။

“ရေက တဖြည်းဖြည်းနဲ့ တက်တယ်ဆိုတော့ ပြင်ဆင်ချိန်ရတယ်။ ပြင်ဆင်ဖို့ ရေလွတ်တဲ့အိမ်တွေက အကူအညီတွေလည်း ရပ်ကွက်သူ အချင်းချင်းပေးကြတယ်”ဟု သူက ဆက်ပြောသည်။

ဇွန်လ ၃ဝ ရက်တွင်မူ ဆိုင်ကယ်များ သွားလာနိုင်သော်လည်း တချို့နေရာများတွင် ရေခါးအောက်ထိ ရှိနေသေးသည်ဟု ငှက်ပျောတောရပ်ကွက်နေ NLD မိုးညှင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဟန်မြင့်၏သား ကိုမြင့်စိုးက မဇ္ဈိမကို ပြောသည်။

“မနေ့ညက ၁ဝ နာရီကျော်လောက်မှ ရေက ကျသွားတယ်။ ရေက ကျသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ ငှက်ပျောတောရပ်ကွက်မှာက ခါးအောက်တော့ ရေရှိသေးတယ်။ ဒီနေ့တော့ ဆိုင်ကယ်သွားလို့ ရပြီ။ ဟိုငှက်ပျောတော ပတ်လမ်းဘက်မှာတော့ သွားလို့ မရသေးဘူး” ဟု ကိုမြင့်စိုးက ပြောသည်။

ငှက်ပျောတောရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးအောက်တွင် ရေလွမ်းမိုးနေဆဲ ဖြစ်၍ အဖွဲ့ချုပ်ဝင်များ ရုံးတက်ရောက်နိုင်ခြင်း မရှိခဲ့ဟုလည်း သူက ဆိုသည်။

ယင်းအပြင် ဥရုချောင်းရေ ကြီးလာသဖြင့် လောင်ခန်(လုံးခင်း)ကြိုးတံတားသည်လည်း ဇွန်လ ၂၉ရက်က မြုပ်သွားခဲ့သေးသည်ဟု ဖားကန့်မြို့ခံ ကိုနောနော်က ပြောသည်။

ဖားကန့်မြို့တွင် နှစ်တိုင်းလိုလို ဥရုချောင်းရေကြီး၍ မြေပြိုမှုကြောင့် လူသေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

 Written By ဖနိဒါ
Mizzima - News in Burmese


အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော

 မုံရွာဒေသ မြန်မာယန်စီ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ မလုပ်ဆောင်တာကြောင့် အလုပ်သမားတဦး သေဆုံးခဲ့ပေမယ့် ကုမ္ပဏီက နစ်နာကြေးပေးခြင်းမရှိပါဘူး။

မြန်မာယန်စီကုမ္ပဏီရဲ့ လုပ်ငန်းခွင်မှာ လုပ်သက် ၁၀ နှစ် ကျော် အလုပ်သမားကို တန် ၁၀၀ မြေသည်ယာဉ်နဲ့ ကြိတ်မိခဲ့ပေမယ့် အဲဒီကုမ္ပဏီ ကနေ သေဆုံးသူအတွက် နစ် နာကြေး ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ကာယကံရှင်ဇနီးက ပြောပါတယ်။

မုံရွာဒေသ မြန်မာယန်စီ ကြေးနီသတ္တုတူးဖော်ရေးကုမ္ပဏီမှာ ယန္တရားစက်ပြင်ရာထူးနဲ့ လုပ်ကိုင်နေတဲ့ ဦးမင်းမင်းစိုးဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်မှာ အလုပ်လုပ်ကိုင်နေစဉ် တန် ၁၀၀ မြေသယ်ယာဉ် တက်ကြိတ်လို့ လုပ်ငန်းခွင်မှာပဲ သေဆုံးခဲ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာယန်စီ ကြေးနီကုမ္ပဏီအနေနဲ့ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းအောင် လိုအပ်ချက်တွေ ရှိနေကြောင်း၊ အခုအလုပ်သမား သေဆုံးတဲ့အပေါ် တာဝန်ယူမူ မရှိတာကြောင့် အမ်တီယူအက်ဖ်အနေနဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို သွားရောက်ပြီး အချက် ၄ ချက် တောင်းဆိုခဲ့တယ်လို့ ကာယကံရှင်မိသားစုရဲ့ အခွင့်ရကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အမ်တီယူအက်ဖ်) ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောပါတယ်။

“ကျနော်တို့ တရုတ်ကောင်စစ်ဝန်ရုံးကို ဇွန် ၁၉ ရက်နေ့က သွားတယ်။ တရုတ်ကောင်စစ်ဝန်နဲ့တွေ့တဲ့အချိန် ကျနော်ပြောခဲ့တာက မြန်မာယန်စီကြေးနီထုတ်လုပ်ရေးကုမ္ပဏီဟာ လုပ်ငန်းခွင့်အသက်အန္တရာယ် လုံခြုံမှုဆိုင်ရာ လပ်ငန်းစဉ်တွေကို တခုမှ မလုပ်ထားဘူး၊ အချက်လေးချက် ပျက်ကွက်နေတယ်။ နံပါတ် ၁ က ကျွမ်းကျင်ယာဉ်မောင်းတွေကို ခန့်တာမဟုတ်ဘဲ ခခွေးလိုင်စင်လောက်ပဲ ရထားတဲ့ သူတွေကို လစာနည်းနည်းပဲ ပေးပြီးခိုင်တယ်၊ ဒီအတွက် အသက်အန္တရာယ် လုပ်ခြုံမှုမရှိဘူး။ ဒုတိယက ယန္တရားအင်အား အပြည့်အ၀မသုံးဘဲနဲ့ တောင်ကြီးတခုလုံးကို ဖြိုတဲ့အတွက် ယန္တရားမလုံလောက်ဘူး၊ ငွေကြေးအကုန်အကျ သက်သာအောင် လုပ်ထားလို့ လုပ်သားတွေ အခေါက်အရေ များများမောင်းရတဲ့အတွက် ကိုယ့်အသက်အန္တရာယ်ကို မကြည့်နိုင်ဘဲ လုပ်ငန်းပြီးစီးရေးကို ကြည့်ရလို့ အသက်အန္တရယ်တွေ တိုက်ရိုက်ထိခိုက်လာတယ်။ တတိယက ယန်စီကုမ္ပဏီမှာရှိတဲ့ ယန္တရားကြီးတွေ လည်ပတ်တဲ့အခါမှာ ဘေးအန္တရာယ်ကင်းတဲ့အချက်ပြတဲ့စနစ်တွေ မထူထောင်ထားဘူး၊ ကားတွေက မောင်းချင်သလိုမောင်းတယ်၊ တချို့နေရာတွေမှာ ကားလာတာကို ယာဉ်မောင်းခန်းကနေ မမြင်ရတာရှိတယ်။ နောက်ပြီး မော်တော်ယာဉ်တွေအားလုံးဟာ ကြံ့ခိုင်မှုမရှိဘူး။ နောက်ဆုံးအချက်က ဒီကုမ္ပဏီမှာ သုံးနေတဲ့ယန္တရားတွေထဲမှာ ဒီကုမ္ပဏီဟာ နိုင်ငံတော်ကို အခွန်ဆောင်ပြီး သွင်းထားတဲ့ကားတွေမရှိဘူး။ black ကားတွေဖြစ်တယ်။ ဒီလေးချက်ကို တရုတ်ကောင်စစ်ဝန်ကို ပြောပြတယ်။”

၂ ရက်အတွင်း ပြန်လည်အကြောင်းပြန်မယ်လို့ တရုတ်ကောင်စစ်ဝန်က ပြောပေမယ့် လုံးဝမဆက်သွယ်သေးဘူးလို့ ဦးရန်နိုင်ထွေးက ပြောပါတယ်။

“၁၉ ရက်နေ့ကစတွက်ရင် ဒီနေ့အချိန်ထိ တရုတ်ကောင်စစ်ဝန်ကသော်လည်းကောင်း၊ တရုတ်သံရုံးကသော်လည်းကောင်း ကျနော့်ကို လုံးဝ ဆက်သွယ်တာ မရှိသေးဘူး။ ကာယကံရှင် မိသားစုဘက်ကိုလည်း ဆက်သွယ်တာ မရှိသေးဘူး။ ကုမ္ပဏီဘက်ကလည်း မရှိသေးဘူး၊ ဟိုတနေ့ကတော့ သတင်းမီဒီယာမှာ အစလေးပါလာလို့ သူတို့ဘက်က မျက်ကလဲဆန်ပြာနဲ့ အစည်းအဝေးလာပါဆိုပြီး အတင်းဖိတ်စာနဲ့ လာပို့တယ်။ သို့သော် သူတို့က ညှိနှိုင်းဆေးနွေးချင်တာမဟုတ်ဘူး။ လူမှုဖူလုံရေးကနေပြီး နိုင်ငံတော်နဲ့အစိုးရ၊ အလုပ်ရှင် သူတို့တွေက ပုံမှန်အားဖြင့် အလုပ်သမားကို ပြန်ဖြည့်ဆည်းပေးရမယ့် လူမှုဖူလုံရေးကြေး ပေးတာကို ကုမ္ပဏီဘက်က ပေးလာတယ်ဆိုတဲ့ပုံစံမျိုးရယ်၊ သတင်းအမှားလွှင့်ချင်တာရယ်။ ဒီကာယကံရှင်မိသားစုက သန်း ၇၀၀ တောင်းတယ်၊ လိုက်ကူပြီး လုပ်ပေးနေတဲ့အဖွဲ့တွေက ဒီလောက်ကြီးတောင်းရလားဆိုပြီး သတင်းအမှားတွေလွှင့်ချင်တာကို ပြောပြချင်လို့ အစည်းအဝေးကို ခေါ်ခြင်းဖြစ်တယ်။ အဲဒီအသံတွေထွက်လာလို့ ကျနော်တို့ အစည်းအဝေးကို မတက်ဘူး။ ဒါကြောင့် ဒီနေ့အထိ ကျနော်တို့ကို ဆက်သွယ်တာ မရှိသေးဘူး။”

သေဆုံးသူ ဦးမင်းမင်းစိုးဟာ မြန်မာယန်စီကုမ္ပဏီမှာ အလုပ်လုပ်စဉ် ကာလပတ်လုံး ပြစ်မှုတစုံတရာ ကျူးလွန်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

ဦးမင်းမင်းစိုးရဲ့ဇနီး ဒေါ်မြသန်းဌေးက ခင်ပွန်းလစာ ၁ လ ဒေါ်လာ ၂၆၀ ရလို့ ခင်ပွန်း နှစ်အစိတ်လောက် အသက်ရှင်ပါက ယင်းကာလတန်ဖိုးကို တွက်ချက်ပြီး ကုမ္ပဏီက နစ်နာကြေးအနေနဲ့ တွက်ပြီးပေးရမယ်လို့ ပြောဆိုဖူးတယ်လို့ ဆိုပါတယ်။

အခု လူမူဖူလုံရေးကနေ ကျပ်သိန်း ၈၀ ကျော် ပေးပေမယ့် ကုမ္ပဏီဘက်ကနေ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိပါက မြန်မာယန်စီကို တရားစွဲဆိုသွားမယ်လို့ ဒေါ်မြသန်းဌေးက ပြောပါတယ်။

“နောက်နောင်မှာ ကျမကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အဆိုးရွားဆုံး အခြေအနေတခုကိုလည်း ကျမ လက်ခံနိုင်တယ်။ နောက်တော့မဆုတ်ဘူး၊ ရှေ့ကိုပဲ ဆက်သွားဖို့အစီအစဉ်ရှိတယ်။”

By ဒီဗွီဘီ


မြို့ပတ်ရထားကို အဓိပတိ ခရီးသည်တင်ယာဉ် ဝင်တိုက်

ရန်ကုန်၊ ဇွန် ၂၉

 မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့ပတ်မီးရထားကို အဓိပတိယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း အဓိပတိ ပါရမီယာဉ်လိုင်းမှ ဌာနခွဲမှူး ဦးဇေယျာလွင်က The Voice သို့ ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် ပါရမီဂိတ်မှ ခရီးသည်များ တင်ဆောင် မောင်းနှင်လာသော အဓိပတိ (အနီ) ခရီးသည်တင်ယာဉ်မှာ ကမ္ဘာအေးဘုရား မှတ်တိုင်တွင် ဘရိတ်ပေါက်ခဲ့ကြောင်း၊ ယာဉ်ကိုဂိတ်သို့ ပြန်လှည့် မောင်းနှင်လာရာ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် မြို့ပတ်ရထား ခုတ်မောင်းလာသဖြင့် ဂိတ်တံခါးကို ပိတ်ထားစဉ် လမ်းပြောင်းပြန် ဖြတ်ကျော်ရာမှ မီးရထားနှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လမ်းက ကုန်းအဆင်းကြီး ကားကဘရိတ် ပေါက်နေတော့ ရထားသံလမ်း ဂိတ်တံခါးရှေ့မှာ ပိတ်မိနေတဲ့ ကားတွေကို တိုက်မိမှာကြောင့် လမ်းပြောင်းပြန်နဲ့ သံလမ်းကို ဖြတ်မောင်းတာ။ ဂိတ်တံခါးက လမ်းတစ်ဘက်ကို တစ်ခြမ်းစီ ပိတ်ထားတာကြောင့် ဖြတ်မောင်းလို့ ရပေမယ့် မီးရထားက လာနေတော့ ကားနောက်ပိုင်းနဲ့ ရထားစက်ခေါင်း ပွတ်တိုက်မိတာ” ဟု အဓိပတိ (အနီ) ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြို့ပတ်မီးရထား စက်ခေါင်းအမှတ် DD-938 ရထားနှင့် တိုက်မိခဲ့သော အဓိပတိ (အနီ) ခရီးသည်တင်ယာဉ် နောက်ပိုင်းမှာ ပိန်ချိုင့်ခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း၊ အဆိုပါ တိုက်မိမှုကြောင့် အဓိပတိယာဉ်မောင်း အသက် ၂၂ နှစ် အရွယ်ရှိ ကိုမျိုးမင်းထွန်းကို (ပ) ၂၂၇/ ၁၄၊ မီးရထားအက် ဥပဒေ ပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခရီးသည်များ တင်ဆောင် မောင်းနှင်ချိန်တွင် ယာဉ်စက်ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ယာဉ်ကို ရပ်တန့်ပြီး ဂိတ်ရှိ စက်ပြင်အဖွဲ့သို့ ဆက်သွယ် အကူအညီတောင်းရမည် ဖြစ်သော်လည်း မီးရထားနှင့် တိုက်မိခဲ့သော အဓိပတိ (အနီ) ခရီးသည်တင် ယာဉ်မောင်းမှာ ဂိတ်သို့ မဆက်သွယ်ဘဲ မိမိသဘောနှင့် ဘရိတ်ပေါက်နေသော ယာဉ်ကို မောင်းနှင်ခဲ့သောကြောင့် ယာဉ်လိုင်းမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ အတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း အဓိပတိပါရမီ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇွန်လ ၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က အင်းစိန်မြို့နယ်ရှိ ရန်ကုန် မြို့ပတ်ရထားလမ်း မိုင်တိုင်အမှတ် ၁၅/ ၂ တွင် မြို့ပတ်ရထား လာစဉ် ဂိတ်ပိတ်ထားသည်ကို အသက် ၄၂ နှစ်အရွယ် အမျိုးသားက မော်တော်ဆိုင်ကယ်ဖြင့် မြို့ပတ်ရထားရှေ့မှ ဖြတ်ကျော် မောင်းနှင်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ရန်ကုန်-ပခုက္ကူ ရထားလမ်း မိုင်တိုင် အမှတ် ၄၀/ ၂၄ နှင့် ၄၁/ ၁ အကြား လူသွားလမ်းကူး၌ ရန်ကုန်-ပခုက္ကူ အမြန်ရထား၏ အရှေ့ဘန်ဘာနှင့် အသက် ၃၀ အရွယ် အမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်နှင့် ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်နောက် စီးနင်းလာသူ အသက် ၁၉ နှစ်အရွယ် လူငယ်တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိပ်ကုန်း ရပ်ကွက်၊ ရွှေဥမင် ဘုန်းကြီးကျောင်းရှေ့ရှိ ရထားသံလမ်းတွင် ရထားလာစဉ် သံလမ်းဖြတ်မောင်းသော အငှားယာဉ်တစ်စီးနှင့် မြို့ပတ်ရထား တိုက်မိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူ နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောထဲမှ ရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာ ဆရာဝန်နှင့်ပင် ဆေးကုသမှု ခံယူခဲ့သည်။

ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဖခင်နှင့် အငယ်ဆုံးသားတို့ သေဆုံးသွားပြီး သမီးဖြစ်သူနှင့် သားနှစ်ဦးတို့မှာ မသက်သာ၍ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သားနှစ်ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့သည်။  သမီးဖြစ်သူမှာ ၀ယ်ဇလီဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု တွီဗျာလ်ကျေးရွာသူတစ်ဦးက ပြောသည်။

By ကိုစိုင်း
7DAY DAILY
http://www.7daydaily.com/story/14520#.U7D7fLHCdnF


ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး

ရန်ကုန်၊ ဇွန် ၂၉

 သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

ငွေဒဏ် ကျပ်သိန်းငါးရာမှ တစ်ထောင် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်ထက် မပိုသော အရေးယူခြင်းနှင့် ထောင်ဒဏ်၊ ငွေဒဏ် တစ်ပြိုင်တည်း ကျခံနိုင်သော ပြစ်ဒဏ်များကို ထည့်သွင်းထားသော်လည်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ထပ်မံဆွေးနွေးဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုယ်ပိုင်တက္ကသိုလ်များ မှတ်ပုံတင်ရာတွင် မတည်ငွေရင်း၊ ကျောင်းတည်နေရာ၊ သင်ကြားမည့် ဘာသာရပ်များနှင့် တက္ကသိုလ်နှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိခြင်း လိုအပ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းကို ၅ နှစ်အထိ ပေးမည်ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် သက်တမ်းထပ်တိုးရန် ရှိ၊ မရှိ အကြောင်းကြားရန် သတ်မှတ်ထားကြောင်း ဒေါက်တာတင်မေထွန်းက ဆိုသည်။

အဆိုပါ ပုဂ္ဂလိက ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် အမျိုးသားပညာရေး ကော်မရှင်က တာဝန်ယူရန် လျာထားကြောင်း၊ ကိုယ်ပိုင်တက္ကသိုလ် ဥပဒေသည် ပြည်တွင်းလုပ်ငန်းရှင်များသာမက နိုင်ငံခြားသားများ အတွက်လည်း အကျုံးဝင်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“အမျိုးသားပညာရေး ကော်မရှင်ကိုလည်း အသစ်ပြန်လုပ်နေပါတယ်။ အရင်အဟောင်းအတိုင်း သွားမှာ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေထဲမှာ အတည်ပြုရင် အဲဒီအတိုင်းပဲ ဖွဲ့စည်းသွားမှာ” ဟု အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က The Voice သို့ ဆိုသည်။

အမျိုးသားပညာရေး ကော်မရှင် တစ်ခုတည်းမှ တက္ကသိုလ်မှတ်ပုံတင်နှင့် စီမံခန့်ခွဲမှုကိစ္စများ တာဝန်ယူ လုပ်ကိုင်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်ကြောင်း၊ တက္ကသိုလ်များ စီမံကွပ်ကဲရေးအတွက် မြို့နယ်အလိုက် ကွန်ရက်များ ဖြန့်ကြက်ထားမှသာ လုပ်ငန်းပြီးစီးမှု လျင်မြန်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်း ILBC တည်ထောင်သူ ဦးတင်မောင်ဝင်းက ပြောဆိုသည်။

“နောက်ပြီး သိန်း ၅၀၀၊ ၁၀၀၀ ပြစ်ဒဏ်မျိုး မကြားဖူးဘူး။ ကျောင်းမှတ်ပုံတင်တဲ့ သူတွေအတွက် ဒီလောက်များရင် ဘယ်သူမဆို အခက်အခဲတော့ ရှိနိုင်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ရေးဆွဲထားပြီးသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) တွင် အခန်း ၁၃ ခန်း ပါဝင်သည်။

The Voice Weekly


စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်

 စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသည့် ပြည်ပအိမ်အကူ လုပ်သားများကို စင်ကာပူအေးဂျင့်များက ဈေးဝင်စင်တာများတွင် ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချနေပြီး ပြခန်းများ၌ ယင်းအမျိုးသမီးလုပ်သားတို့က ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်ပုံစံများကို သရုပ်ပြလုပ်ဆောင်လျက်ရှိကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ် အနည်းငယ် လောက်ကတည်းက အခုလို ပရိုမိုးရှင်းတွေနဲ့ ကြော်ငြာလုပ်နေတာ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ခန့်မှန်းတွက်ချက်စာရင်းအရ ပြီး ခဲ့တဲ့နှစ်အထိဆို အဲဒီအိမ်အကူ လုပ်သားတွေမှာ မြန်မာအိမ်အကူ လုပ်သားက ၃၀ ရာခိုင်နှုန်း လောက်ရှိခဲ့တယ်။ အခုဆို ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိလာလိမ့်မယ်။ အများစုက ရန်ကုန်က အေးဂျင့်နဲ့ စင်ကာပူကအေးဂျင့် နဲ့ချိတ်ပြီး ရောက်လာကြတာပါ။ ကိုယ့်အစီအစဉ်နဲ့လာတဲ့သူတွေက တန်းဝင်လုပ်ကြတာများပါ တယ်’’ဟု HOME မှ ဒါရိုက်တာ ဒေါက်တာသိန်းသန်းဝင်းက ပြော သည်။

မြန်မာအစိုးရသည် မြန်မာ အိမ်အကူအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ အေဂျင်စီများအား တရားဝင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့အပြင် စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအိမ်အကူလုပ် သားများအနက် အများစုမှာ တရားမဝင်နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ခြင်း ပိုများ ကြောင်း သိရသည်။ စင်ကာပူ နိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ မြန်မာအိမ်အကူ လုပ်သား နှစ်သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် မြန်မာအလုပ်သမား သုံးသောင်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအိမ်အကူလုပ်သားများသည် တစ်လလျှင် လုပ်ခလစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ အထိ ရရှိကြပြီး နားရက်မရှိကြောင်း သိရသည်။ ထို့အပြင် အေးဂျင့်များကဝန်ဆောင်ခအဖြစ် လစာငွေ ခြောက်လ၊ ရှစ်လစာ ဖြတ်လျက်ရှိသည်။ စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် ပြည်ပလုပ်သားများမှာ မြန်မာအပါအဝင် အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်လုပ်သားများလုပ် ကိုင်လျက်ရှိသည်။ သို့သော် ဖိလစ်ပိုင်လုပ်သားများမှာ ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုလုပ်ကိုင်နိုင်သောကြောင့် မြန်မာလုပ်သားများကဲ့သို့ လစာငွေမရရှိမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ မတရားခိုင်းစေခံရမှုတို့ ခံရခြင်း နည်းပါးသည်ဟု ဆိုသည်။

မြန်မာလုပ်သားများကို အိမ် အကူလုပ်သားအဖြစ် ဟောင် ကောင်ကလည်း လုပ်ခလစာဒေါ် လာငါးရာအထိပေး၍ အလုပ်ခေါ် ဆိုလျက်ရှိရာ လုပ်သားအရေအတွက်အကန့်အသတ်မရှိ ကမ်းလှမ်းလျက်ရှိသည်။ ဟောင်ကောင်သို့ မြန်မာအိမ်အကူလုပ်သားစေလွှတ်ရာတွင် လုပ်သားကာ ကွယ်မှုပိုင်း ပိုမိုခိုင်မာစေရန် မြန်မာအေဂျင်စီ အသင်းချုပ်ကလေ့လာစုံစမ်းလျက်ရှိပြီး လတ် တလောတွင် လုပ်သားစေလွှတ် မှုရပ်ဆိုင်းထားသည်။

By အေးမြတ်သူ
7DAY DAILY
http://www.7daydaily.com/story/14498#.U7Db7bHCdnE


မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်

 မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊ မြို့မ နှင့် အေးသာယာရပ်ကွက်များ တွင် အိမ်ခြေတစ်ရာကျော် ရေနစ် မြုပ်နေကြောင်း ဖားကန့်မြို့မရဲ စခန်းနှင့် ဒေသခံများက ပြော သည်။

ဖားကန့်မြို့ပေါ်တွင် ရပ် ကွက်ကြီးငါးခုရှိပြီး ရပ်ကွက်သုံးခု တွင် ရေ၀င်နေခြင်းဖြစ်ကာ ဥရု ချောင်းဘေးတစ်လျှောက်ရှိ လူ နေအိမ်ခြေတစ်ရာကျော် ရေ၀င် နစ်မြုပ်နေခြင်းဖြစ်ကြောင်း ဖား ကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက အတည်ပြုပြောကြားသည်။

‘‘ဥရုချောင်းရေက ပုံမှန် ထက် ၇ ပေ၊ ၈ ပေလောက်ထိ ပို မြင့်တက်နေတယ်။ ကျွန်တော့် အိမ်က ဥရုချောင်းဘေးမှာ ရှိတာ။ ရေတားထားတဲ့ ခြောက် ပေလောက်ရှိတဲ့ မြေသားဘောင် ကို ကျော်ပြီး ရေက၀င်နေတာ။ ရပ်ကွက်ထဲမှာ ငါးပေလောက် အထိ ရေတက်နေတယ်’’ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး က ပြောသည်။

လူနေရပ်ကွက်များအတွင်း ရေ၀င်နေသည့်အတွက် လှေများ ဖြင့်သာ သွားလာနေရပြီး ဒေသခံ အချို့မှာလည်း ရေလွတ်ရာသို့ ပြောင်းရွှေ့နေရသည်ဟု ဖားကန့် မြို့ခံအချို့က ပြောသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများနှင့် စည်းကမ်းမဲ့ မြေ စာစွန့်ပစ်မှုများကြောင့် ဥရု ချောင်းမှာ ပိုမိုတိမ်ကောလာနေ ပြီး ရေစီးဆင်းမှုနည်းပါးကာ ဖား ကန့်မြို့ရှိ မြေနိမ့်ရပ်ကွက်များ တွင် နှစ်စဉ် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရသည်ဟု မြို့ခံများ က ပြောသည်။

ယခုနှစ်တွင် စောစီးစွာ ရေ ကြီးနစ်မြုပ်မှု ဒဏ်ခံရခြင်းနှင့် ဥရု ချောင်း ပိုမိုတိမ်ကောလာသော အခြေအနေကြောင့် ယခင်နှစ် ထက် ပိုမိုဆိုးရွားသည့် ရေကြီးရေ လျှံမှုများ ကြုံတွေ့ရမည်ကို စိုး ရိမ်နေရသည်ဟု ဆိုသည်။

‘‘အခုရော၊ နောင်ရော စည်း ကမ်းမဲ့ မြေစာစွန့်ပစ်မှုတွေ ကြောင့် ဥရုချောင်းရေစီးရေလာ ထိခိုက်မှု မရှိစေဖို့ သက်ဆိုင်ရာ တွေက ကြပ်မတ်ထိန်းသိမ်းပေး ဖို့ လိုပါတယ်။ အရင်ကစည်း ကမ်းမဲ့ လုပ်ခဲ့ကြလို့ အခုမြို့လူထု  ရေဘေးဒုက္ခခံနေကြရတာပါ’’ ဟု ဖားကန့်မြို့ခံအမျိုးသားက ပြော သည်။

ဥရုချောင်းရေလျှံမှုများ ကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်မှ စတင်၍ ဖားကန့် မြို့တွင် နှစ်စဉ်ငါးကြိမ်ထက်မနည်း ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေ ရကြောင်း ဒေသခံများက ပြော သည်။

By မောင်တာ
7DAY DAILY

http://www.7daydaily.com/story/14506#.U7DbbLHCdnE

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ရေကြီးရေလျှံမှုမြင်ကွင်း/ ဓာတ်ပုံ−စိန်ဝင်း(အာဆီယံ)

လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်

 တနင်္လာနေ့၊ ဇွန်လ ၃၀ ရက်၊ ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။

“ကြားကားတွေက တရားဝင်မောင်းခွင့် နဲ့ လိုင်းဆွဲနေတာ မဟုတ်ဘူး။ တရားလည်း မ၀င်ဘူး။ အခွန်လည်း ဆောင်စရာမလိုတဲ့ အတွက် အမြတ်အစွန်းပိုရတယ်။ မှောင်ခို ဆွဲတဲ့သဘောဖြစ်နေတယ်”ဟု ပြောသည်။

၂၀၁၄ ခုနှစ်မှစတင်ပြီး ယာဉ်စည်ကမ်း ထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့ဖွဲ့စည်းကာ လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ် (ကြားကား)များအဖြစ် ပြေးဆွဲမှုများ ပိုမို များပြားလာသည့်အပြင် အဆိုပါအဖွဲ့ကလည်း ဖမ်းဆီးရမိမှု များပြားလာသည့် အတွက် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုလိုခြင်းဖြစ်သည်။

ဇွန်လတတိယပတ်မှစတင်ပြီး အဆိုပါလုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသည့် ကြားကားများကို အဖွဲ့ကိုးဖွဲ့က ဖမ်းဆီးအရေးယူမှုများခဲ့ရာ ရက်သတ္တပတ်အတွင်း ၂၄ စီး ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားသည်။

နန်းမြင့်
Mizzima - News in Burmese

တရုတ်ယဉ်ကျေးမှုဌာနများ မြန်မာတွင်ဖွင့်မည့်ကိစ္စ ဝေဖန်မှုများရှိ

 တနင်္လာနေ့၊ ဇွန်လ ၃၀ ရက်၊ ၂၀၁၄ ခုနှစ်

 တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် အပြန်အလှန် ယဉ်ကျေးမှုစင်တာများ ဆောက်လုပ်ရန် သဘောတူညီမှုလက်မှတ်များ ရေးထိုးခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတွင် တရုတ်ယဉ်ကျေးမှုဌာနများ ရှိလာတော့မည်ဖြစ်သည်။

“ဒီတစ်ခေါက် လာရောက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှိနှင့်ပြီးသား အပြန်အလှန်ဆက်ဆံရေးနဲ့ ရင်းနှီးမှုတွေရဲ့ ခိုင်မာဖွံ့ဖြိုးလာအောင် မြှင့်တင်ဖို့ပါပဲ”ဟု ဦးသိန်းစိန်က ဆိုသည်။

မြန်မာနိုင်ငံတွင် တရုတ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများစွာ ရှိနေပြီး မြန်မာလူထုအနေနှင့်လည်း တရုတ်အကျိုးပြုလုပ်ငန်းများဟုဆိုကာ ဆန္ဒပြမှုများ၊ ဝေဖန်ကန့်ကွက်မှုများ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်က သဘောတူညီခဲ့ခြင်းဖြစ်သည်။

“စစ်အစိုးရခေတ်မှာတော့ အစိုးရနဲ့ ဆက်ဆံလို့ အဆင်ပြေရင် လုပ်ချင်တာလုပ်လို့ရတာကိုး ဒီမိုကရေစီခေတ်ဘက်ကျတော့ အစိုးရတစ်ရပ်နဲ့ ပြေလည်တိုင်း စိတ်ကြိုက်လုပ်လို့ မရတော့ရဘူး။ ဒါကြောင့် ပြည်သူကိုပါ စည်းရုံးရမယ်ဆိုတဲ့ အတွေးအမြင်တွေ သူ့မှာရသွားလို့ တစ်ဖက်လှည့်အနေနဲ့ သူတို့အကျိုးစီးပွားတွေ မယုတ်လျော့အောင် ဖန်တီးတော့မယ်ဆိုတာ ဒီယဉ်ကျေးမှုစင်တာတွေ လာဖွင့်တော့မယ်ဆိုတာ လုပ်ရပ်တွေပါပဲ”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ဆိုသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတနှင့်အတူ သဘောတူညီမှုများစွာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုဆိုသော်လည်း အခြားသဘောတူညီများကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

“ကိုယ့်ယဉ်ကျေးမှုကို ဆောင်ရွက်ဖို့တောင်မှ ကျွန်မတို့ဆီမှာ ဒီကနေ့အားလုံး ကြိုးစားရတဲ့ကာလအတွင်းမှာ သူများ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ကိုယ့်တိုင်းပြည်ထဲကို သွတ်သွင်းလာကြမယ်ဆိုရင်တော့ ဒါကတော့ စဉ်းစားစရာတွေ ရှိနေတာပေါ့။ ဒါကတော့ အလွယ်တကူ ခွင့်မပြုသင့်တဲ့ ကိစ္စတွေပါပဲ”ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် မန္တလေးကိုလည်း တရုတ်မြို့တော်ဟုပင် အခေါ်ခံနေရသည့်အတွက် မန္တလေး မြို့တော်ဝန်က တရုတ်အမည်ပါဝင်သည့် ဆိုင်းဘုတ်များ မတပ်ကြရန် အမိန့်ထုတ်ပြန်ဖူးသည်။

“တရုတ်ယဉ်ကျေးမှု စင်တာဖွင့်တာနဲ့ တရုတ်ရဲ့စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေနဲ့က တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဆိုလိုတာက တရုတ်ယဉ်ကျေးမှုစင်တာ ဖွင့်ဖွင့်မဖွင့်ဖွင့် တရုတ်ရင်းနှီးမြှပ်နှံမှုတွေက ရှိနေမှာပဲ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဒီဒေသခံတွေရဲ့ အကျိုး၊ တိုင်းပြည်ရဲ့ အကျိုးကို တကယ်ဖြစ်ထွန်းဖို့လိုတယ်”ဟု နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက ပြောသည်။

ထို့ပြင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသော်လည်း ရင်းနှီးမြှုပ်နှံမှုသာမကဘဲ တရုတ်လူမျိုးတွေပါ မှတ်ပုံတင် အတုများဖြင့် မြန်မာနိုင်ငံအနှံ့ ခြံမြေများ လိုက်လံဝယ်ယူနေသည့် ကိစ္စများသည် ပို၍ ကြောက်စရာကောင်းပြီး အစိုးရက ယင်းကို နားလည်ရန် လိုအပ်သည်ဟု ဦးကျော်လင်းဦးက ဆိုသည်။

ဇွန် ၂၇ ရက်၊ သောကြာနေ့က အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံယဉ်ကျေးမှုဌာနများ အပြန်အလှန်ဖွင့်ကြရန် သဘောတူညီခဲ့ကြသည့်အတွက် မြန်မာနိုင်ငံကလည်း ယဉ်ကျေးမှုဌာနများကို တရုတ်နိုင်ငံတွင် ဖွင့်လှစ်ခွင့်ရရှိမည်ဟု မျှော်လင့်ရသည်။

မြတ်ကျော်သူ၊ ကျော်စွာဝင်း
Mizzima - News in Burmese



ဂါဇာမှာ အစ္စရေးလေကြောင်းက ထိုးစစ်ဆင်

 အစ္စရေးတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ဂါဇာကမ်းမြောင် ဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိ သူတွေကပြော ပါတယ်။ ပါလက်စ္စတိုင်းတွေက အစ္စရေးနယ်မြေ အတွင်း နယ်စပ်ကို ကျော်ဖြတ်ပြီး ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြန်လည်ပြုလုပ်တဲ့ အခု တိုက်ခိုက်မှုအတွင်း ဟားမတ်စ် စစ်သွေးကြွ တဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးပိုင်နယ်မြေအတွင်းကို ရော့ကက်ဒုံးပျံနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွတွေက ချိန်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးကြည်းတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံတောင်ပိုင်းကို သောကြာနေ့နဲ့ စနေနေ့တွေမှာ ရော့ကက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ရော့ကက်ဒုံးကျည်တခုဟာ Sderot (ဆဒါရော့) မြို့မှာရှိတဲ့ စက်ရုံတခုကို ထိမှန်ခဲ့ပြီး စက်ရုံ မီးလောင်ကြွမ်း သွားခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လဆန်းပိုင်းကစပြီး ဂါဇာ ကမ်းမြောင်ဒေသမှာနေထိုင်တဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးကျည် အလုံးပေါင်း ၆၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ဂါဇာမြစ် အနောက်ဖက်ခြမ်းမှာ အစ္စရေးနိုင်ငံသား ဆယ်ကျော်သက် လူငယ်တချို့ ပျောက်ဆုံး ခဲ့ပြီးနောက် အစ္စရေးနဲ့ ပါလက်စတိုင်းကြားမှာ အခြေနေတွေ တင်းမာလာခဲ့တာပါ။ အဲဒီလူငယ်တွေကို ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲသွားတာ ဖြစ်တယ်လို့ အစ္စရေးကစွပ်စွဲထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ခန္ဓာကိုယ်နှစ်ခု ခွဲစိပ်ပြီး သည့် ကလေးငယ် နှလုံး အမြှေးပါး ပေါက် ရောဂါ ဆက်လက် ခွဲစိပ်ရဖွယ်ရှိ

ဂျွန်လ ၂၉ ရက် ၂၀၁၄

 ရင်ညွန့်မှခြေလက်တစုံ အပိုထွက်လာသည့် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကလေး လေး မှာ ခွဲစိပ်ကုသမှု ခံယူပြီး စီးခဲ့ပြီး ဖြစ်သော်လည်း အဆုတ်ချွဲကပ်သည့် ရောဂါနှင့် နှလုံး အမြှေးပါး ပေါက် နေသည့် ရောဂါကိုပါ ကုသမှု ဆက်လက်ခံ ယူရန် ဆရာဝန်က ပြောဆို လိုက်သည်ဟု ဆိုပါသည်။

“အခု အဆုတ်ကို တရက် ၂ ကြိမ် ဆရာဝန်တွေက လာဆေးပေးတယ်။ အဆုတ်မှာ ချွဲကပ်နေတယ်။ ဒါတော့စိတ်မပူရဘူး။ မှန်မှန်ဆေးပေးရင်မကြာခင် ပျောက်နိုင်တယ် လို့ပြောတယ်။ စိတ်ပူရတာက နှလုံးအမြှေးပါးပေါက်တဲ့ရောဂါပေါ့။ အဲတာကို အဆုတ်သန့်ပြီးနောက်ပိုင်း ခွဲစိပ်ဒဏ်ရာတွေ ပျောက် ကင်း ပြီးနောက်ပိုင်းမှဘဲ ဆက်ကုမယ်လို့ပြောတယ်။ ဆိုတော့ ချင်းမိုင်ဆေးရုံမှာ ထပ်ကြာဦးမယ်ထင် တာဘဲ။” ဟု ဖခင်ဖြစ်သူ စိုင်းလှမြင့်က ပြောသည်။

အသက် ၆ လ အရွယ် အဆိုပါကလေးမှာ လက်ရှိ ကျန်းမာရေးအခြေအနေကောင်းမွန် နေကြောင်း၊ တာဝန်ကျဆရာဝန်ကြီးများ၏ စောင့်ရှောက်မှုအောက်တွင် အနီးကပ်ပြုစုမှုခံ ယူရကြောင်း၊ နှလုံးအမြှေးပါးရောဂါကြောင့် အောက်ဆီဂျင်ဘူးဖြင့် အသက်ကူရှူပေးနေရသေး သော်လည်း စိတ်ပူဖွယ်ရာမရှိကြောင်း တာဝန်ကျ သူနာပြုဆရာမကြီးက ပြောသည်။

“ကျနော်တို့ကို ထိုင်းနိုင်ငံမှာ ဆေးကုခွင့်ရအောင် အကြံဉာဏ်ရော လူအားရော ငွေအားရော ကူညီထောက်ပံ့ပေးတဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာ သူများစကားနားမလည်တဲ့ကျနော်တို့ကိုအဆင်ပြေအောင် အစစအရာရာ ကူညီပေးတဲ့ သျှမ်းအမျိုးသမီး SWAN ကိုလည်း ကျနော်အထူးဘဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ခွဲစိပ်ကုသမှုစရိတ်အားလုံးကို တာဝန်ယူပေးတဲ့ မဟာရတ်နခွန်းချင်းမိုင် ဆေးရုံကြီးကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။ ဘာမှ စိတ်မပူရပါဘူးလို့ ရွာမှာကျန်ခဲ့တဲ့သူကို စကားပါးချင်ပါတယ်” ဟု ကလေး၏ဖခင် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဦးခေါင်းတလုံးတည်းပါပြီး ပင်မခန္ဓာကိုယ်၏ ရင်ညွန့်မှ ခြေလက်တစုံပိုပါသည့် သီပေါမြို့နယ်မှ ကလေးငယ် ကို ဂျွန်လနောက်ဆုံးပတ် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မဟာရတ်နခွန်းချင်းမိုင် (ဆွန်ဒေါက်)ဆေးရုံက အောင်မြင်စွာခွဲထုတ်ပေးနိုင်ခဲ့သည်။

သျှမ်းသံတော်ဆင့်
http://burmese.panglong.org/news/96-2008-08-03-06-49-23/4779-2014-06-29-17-13-37.html


ရခိုင်စာသင်ကြားရေး ထောက်ပံ့ငွေများ ဂွမြို့နယ်တွင် ဖြတ်တောက်ခံရဟုဆို

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ရခိုင်စာပေ သင်ကြားရေး အတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်နေသည်ဟု အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ ဒီနေ့ဘဲ ရခိုင်စာ သင်ကြားရေး အတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက် ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာ တစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးက ဖြတ်ယူထားပါတယ်” ဟု သူက ဆိုသည်။

၎င်းငွေများမှာ လွန်ခဲ့သော (၃) လအတွက် ထုတ်ပေးသော ငွေဖြစ်သည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့ ဂွမြို့နယ်က ရခိုင်စာသင်ကြားပေးဖို့ ကတိပြုထားတဲ့ ဆရာ- ဆရာမ ၁၂၀ ဦးကို သုံးလစာထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလအတွက်တော့ မပါဘူး။ လွန်ခဲ့တဲ့ ကျောင်းပိတ်တဲ့ (၃) လ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။

နိရဉ္စရာမှ ဂွ မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ် ပညာရေးမှူးက ယခုလို ပြောကြားသည်။

“ ကျွန်တော်တို့ မကြားသေးဘူး။ ငွေထုတ်ပေးဖို့ ပြောထားတဲ့ ရုံးက စာရေး နှစ်ဦးကို မေးကြည့်ပါမယ်။ စစ်တွေက ငွေလွှဲတဲ့အခါ ကုန်ကျတာလေးတွေတော့ နည်းနည်းရှိပါတယ်။ ဒါပေမယ့် ဒီလောက်တော့ မများနိုင်ပါဘူး” ဟု ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြေပြေလည်လည် ဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

နွေရာသီ (၃) လတွင် ဂွမြို့နယ်တွင် ဆရာ- ဆရာမများ အနေဖြင့် ရခိုင်စာကို သင်ကြားနိုင်ခြင်း မရှိခဲ့သော်လည်း နိုင်ငံတော်က ရခိုင်စာသင်ကြားရေးအတွက်ဟု ဆိုကာ သုံးလအတွက် ကျပ်ငွေ (၉၀၀၀၀) ကျစီကို ဆရာ ဆရာမ တစ်ဦးစီသို့ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အလားတူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်လည်း ရခိုင်စာပေ သင်ကြားရေးအတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများ ဖြတ်တောက်ခံရမူများ ရှိခဲ့သဖြင့် နိရဉ္စရာသို့ ဆရာများက သတင်းပို့ တိုင်ကြားခဲ့ဖူးသည်။

(နိရဉ္စရာ- ၂၉ ဇွန်လ ၂၀၁၄)



ရခိုင်တွင် စစ်တပ်က ပြန်ပေးသောလယ်မြေများ မူလပိုင်ရှင်များ ပြန်မရဟုဆို

 ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် စစ်တပ်က သိမ်းယူသွားသော လယ်မြေများကို ပြန်ပေးရာတွင် မူလပိုင်ရှင် လယ်သမားမှာ ၎င်းတို့၏ လယ်မြေများကို ပြန်မရဘဲ ဖြစ်နေသည်ဟု ကျိန္တလီမြို့နယ်ခွဲ ကျောက်ခေါင်းကွင်းကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက နိရဉ္စရာသို့ ပြောသည်။

“ ခုလို လယ်တွေကို ပြန်ပေးတဲ့နေရာမှာ မူလပိုင်ရှင် လယ်သမား အစစ်အမှန် ၈၀ ခန့်က လယ်ဧက ၂၀၀ ခန့်ကို ပြန်မရဘူး။  ကျိန္တလီမြို့နယ်ခွဲ ပုန်းညက် အုပ်စု၊ သဲကုန်းအုပ်စု၊ စေတီကွင်းအုပ်စုနဲ့ ကျောင်းကုန်းအုပ်စုတွေက လယ်သမားတွေ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့မှ ကျိန္တလီမြို့နယ်ခွဲ အထက်ကျောင်း ရွှေကိန္ဒရီခန်းမတွင် ‘ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များ လက်ဝယ်သို့ ယာယီလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား’ တစ်ခုအား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။

၎င်းအခမ်းအနားတွင် စစ်တပ်က သိမ်းသွားသော လယ်မြေများကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ခဲ့ရာတွင် ဦးမျိုးဝင်း ပိုင်ဆိုင်သော ကွင်းအမှတ် ( ၂၅၉) ပါ လယ် (၂) ဧကကို အခြားလူအမည်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်လယ် ၂ ဧကကို ၁၉၉၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စစ်တပ်က သိမ်းယူသွားပါတယ်။ အခု ၀န်ကြီး ဦးသာလူချေလာပြီး တပ်သိမ်းမြေတွေ ပြန်ပေးတော့ ကျွန်တော့်မြေက တခြားလူနာမည်နဲ့ အမည်ပေါက် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဦးမျိုးဝင်းကဆိုသည်။

အလားတူ ရှောက်ကုန်းကျေးရွာနေ ဦးကျော်ခင်ကလည်း သူလယ်မြေ ၃ ဒဿမ ၅၀ ဧကကို ပြန်မရခဲ့ဟု ဆိုသည်။

“ ကျွန်တော်ပိုင်တဲ့လယ်က ကွင်းအမှတ် ၂၅၇ ဖြစ်ပါတယ်။ စုစုပေါင်း ၃.၅၀ဧက ဖြစ်ပါတယ်။ ကျွန်တော်လယ် အသိမ်းခံရတဲ့ နောက်ပိုင်းမှာ သီးစားချတော့ ကျွန်တော်က လျှောက်ထားပါတယ်။ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို မပေးဘဲ သူအမျိုးတွေကိုသာ ပေးခဲ့ပါတယ်။ အခု ကျွန်တော် ဘိုးဘွားပိုင် ဓါးမဦးချလုပ်လာတဲ့ လယ်က သူများနာမည်နဲ့ ထွက်လာပါတယ်” ဟု ဆိုသည်။

ဦးကျော်ခင်မှ ဂွမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားပြီး မူလပိုင်ဆိုင်ကြောင်း စာရွက်စာတန်းများ၊ ပြေစာများနှင့် လယ်နီးဝန်းကျင်က လူများ၏ ထောက်ခံချက်ဖြင့် သွားရောက် တင်ပြသော်လည်း အထောက်အထား မပြည့်စုံဟုဆိုကာ ပယ်ချခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

ယင်းပြင် လယ်မြေပြန်မရသူ မူလပိုင်ရှင်များက ဂွမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျိန္တလီမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးသို့ သွားရောက်တင်ပြရာ အထက်ကလုပ်ခြင်း ဖြစ်သဖြင့် သူတို့ အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

သို့အတွက် နိရဉ္စရာမှ ဂွမြို့နယ် အထွေအုပ်ချုပ်ရေးမှူးထံသို့ ဖုံးဖြင့် ဆက်သွယ်ရာ လက်အောက်ငယ်သား အမျိုးသမီးငယ်များက ဖုံးကိုင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှာ ပြင်ကို ထွက်သွားကြောင်း အကြိမ်ကြိမ် ဖြေကြားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ယခုကဲ့သို့ မူလပိုင်ရှင် လယ်သမားများ လယ်မြေများကို ပြန်မရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ခရိုနီများက နာမည်လိမ်ဖြင့် ဂရမ်ဖေါက်ပြီး ယူဆောင်သွား၍ ဖြစ်ကြောင်း ကိုမျိုးဝင်းက ဆက်ဆိုသည်။

“ လယ်သမားတွေရဲ့ လယ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နဲ့ ခရိုနီတွေက ပူးပေါင်း ဂရမ်ဖေါက်ပြီး ယူသွားလို့ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စစ်တပ်က သီးစားချခံထားရတဲ့ လယ်သမားတွေက မူလပိုင်ရှင် နာမည်ကို ဖယ်ထုတ်ပြီး သူတို့ နာမည်နဲ့ ယူသွားတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေအား ဆက်သွယ်မေးမြန်းရာ အသေအချာ ကွင်းဆင်း စိစစ်ပြီးမှ ခွဲဝေပေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ ကိုယ်တိုင် သွားရောက်ပြီး ခွဲဝေပေးတာပါ။ မိုးရာသီအမှီ ထွန်ယက်စိုက်ပျိုးနိုင်အောင် ခွဲဝေပေးတာ ဖြစ်ပါတယ်။ ခွဲဝေပေးတာကေတော့ စက်ပစ်ကွင်းမှာတော့ ဧရိယာ ၂၂၅ ဒသမ ၁၅ ဧကကို လယ်သမား ၂၀၉ ယောက်ကို ခွဲဝေပေးပြီး ကမ်းသာယာမှာ ၃၀၇ ဒသမ ၇၂ ဧကကို လယ်သမား ၂၀၂ ယောက် ခွဲဝေပေးခဲ့ပါတယ်။ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲက လယ်မြေတွေပါ” ဟု သူက ဆိုသည်။

၎င်းပြင် ၀န်ကြီးက လယ်သမား ၅၀၀ခန့်အား ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ မြေယာကော်မီ၊ မြို့နယ် ကော်မီတီ၊ ခရိုင် ကော်မီတီက အသေအချာစိစစ်ပြီး ပြည်နယ်က Clear ဖြစ်ပြီးမှ ကွင်းဆင်းပြီး အမှန်တကယ် လယ်လုပ်နေသောလယ်သမားများလက်ထဲသို့ ခွဲဝေပေးခြင်း ဖြစ်ကြောင်း၊ သို့အတွက် ယင်းကိစ္စမှာ ဖြစ်နိုင်မည် မထင်ကြောင်း၊ ယင်းသို့ ပြောဆိုသည်မှာ မဟုတ်မမှန်ဘဲ လုံ့ဆော်မူ လုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ဒေသခံ တောင်သူများအနေဖြင့် ယခုကိစ္စကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ၀န်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတအထိ တက်ရောက် တိုင်ကြားသွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်ပေးမူ မရှိပါက ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောဆိုသည်။

(နိရဉ္စရာ- ၂၉ ဇွန်လ ၂၀၁၄)



ကော်စတာရီးကားနဲ့ ဟော်လန်ကွာတားတက်

ဘရာဇီးက ကမ္ဘာ့ဖလားပွဲမှာ ကော်စတာ ရီးကားက ဂရိကို ပင်နယ်တီဂိုး ရှူးပြီး ကွာတား ဖိုင်နယ် တက်သွား ပါတယ်။

ကော်စတာရီးကားက ၅ ဂိုး ဂရိက ၃ ဂိုးနဲ့ ပွဲပြီး သွားခဲ့တာပါ။

အချိန်ပြည့်တဲ့ အထိ တဂိုးစီနဲ့ သရေကျ နေတာမို့ အချိန်ပို ဆက်ကစား ခဲ့ရတာ ဖြစ်ပါတယ်။

နယ်သာလန်က မက္ကဆီကို ၂ ဂိုး တဂိုးနဲ့ နိုင်သွားတာမို့ ကွာတားမှာ ကော်စတာရီးကားနဲ့ နယ်သာလန် တို့ တွေ့ကြ မှာ ဖြစ်ပါတယ်။

ပွဲပြီးခါနီး ၄ မိနစ်မှာ နယ်သာလန် က ချေပဂိုး သွင်းခဲ့ပြီး ပင်နယ်တီ မှာ အနိုင်ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကော်စတာရီးကားက ဂရိကို ပင်နယ်တီဂိုး ရှူး


လူထုလုံခြုံမှုနှင့် ပြည်သူ့အသံ

 လွန်ခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့တွင် ဓာတ်ကြိုး ပြတ်ကျပြီး ဓာတ်လိုက်သဖြင့် ကုန်စိမ်းရောင်း နေသူ တစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်း အထန်ဒဏ်ရာ ရရှိခဲ့သည်။ ရန်ကုန်မြို့တွင် နိစ္စဓူဝ အလုပ်များ လုပ်ကိုင်ရင်း လုံခြုံမှု မရှိသော ပတ်ဝန်းကျင်အခြေ အနေကြောင့် ကွယ်လွန်ခဲ့ရသည်မှာ ၎င်းတို့နှစ်ဦးက ပထမဆုံး မဟုတ်ပါ။ ရေလျှံစဉ် ကျောင်းမှ ပြန်လာရင်း၊ အလုပ်မှ ပြန်လာရင်း မြောင်းထဲ ပြုတ်ကျ၍ ရေနစ် သေဆုံး သူများလည်း ရှိခဲ့သည်။ ပလက်ဖောင်းပေါ်လမ်းလျှောက်ရင်း နောက်မှ ကားဝင်တိုက်၍ သေသူများ လည်းရှိသည်။ ပလက်ဖောင်းပေါ်တွင် ဈေးသည်များပြည့်နေ၍ ကားလမ်းပေါ် ဆင်းလျှောက်ရင်း ကားတိုက်ခံရသူများလည်းရှိသည်။ နယ်မြို့များတွင်လည်း ဆိုင်ကယ်ကို လမ်းကြောင်း မှန်မှ စနစ်တကျစီးနေသော်လည်း အတိုက်ခံရပြီး သေဆုံးမှုများ နေ့စဉ်နှင့်အမျှ ရှိနေသည်။ စားဝတ်နေရေး အတွက် နိစ္စဓူဝ ရုန်းကန်နေကြရင်း မိမိတို့၏လုံခြုံရေးနှင့် လုံခြုံမှုမရှိသော ပတ်ဝန်းကျင်အတွက် ပြည်သူ များ၏ ရင်ဖွင့်သံများကို စုစည်းဖော်ပြလိုက်ပါသည်။

ကိုသောမတ်
ဖိနပ်ဆိုင်၊ ပေ၅၀လမ်း၊ လှည်းတန်း
ကျွန်တော်တို့ပြည်သူတွေက အိမ်မှာ ၀ိုင်ယာရှော့ဖြစ်တယ်ဆိုရင် ရုံးမှာသွားပြီး တောင်းပန်လို့မရဘူး။ ပေါ့ဆတဲ့အတွက် ထောင်ကျမယ်။ အရေးယူခံရတာမျိုးတွေဖြစ်မယ်။ ၀ိုင်ယာကြိုးပြတ်ကျတော့ ဌာနဆိုင်ရာ တွေဘက်က မှားတဲ့အခါကျရင် တောင်းပန်ရုံနဲ့ပဲ ကျေအေးသွားရော။ ပြီးသွားရောလားဆိုတာကို သိချင်ပါတယ်။ မသေသင့်ဘဲ အသက်ဆုံးရှုံး မှုတွေ ဖြစ်တာဟာ အရမ်းကို နစ်နာမှုတွေ ဖြစ်စေတယ်။ ပြည်သူတွေအ တွက် လုပ်ပေးတာတွေက စေတနာမပါဘူး။ အပြစ်လွတ်အောင် လုပ် ပေးနေသလိုမျိုးပဲဖြစ်နေတယ်။

စိုးပြည့်ပြည့်စံ
အဆိုတော်၊ သရုပ်ဆောင်
အခုဆိုရင် အားလုံးကြုံရတာက လမ်းတွေမှာ ကားတွေအရမ်းပိတ် တော့ စိတ်တွေရှုပ်ကြပြီး ပြဿနာတွေဖြစ်တာကို မျက်စိရှေ့တင် တွေ့ နေရတယ်။ နောက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် လှည်းတန်းမှာ ဓာတ် ကြိုးပြုတ်ကျပြီး သေဆုံးမှုတွေဖြစ်တယ်။ စိုးပြည့်တို့မျက်စိရှေ့မှာတင် ဖြစ်တာဆိုတော့ ကြောက်လည်းကြောက်တယ်။ တုန်လည်း တုန်လှုပ် တယ်။ လမ်းသွားရင်တောင် ဆင်ခြင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ ထိန်းထိန်း သိမ်းသိမ်း သွားသင့်နေပြီ။ ခုဆိုရင် စိုးပြည့်မိုးရွာရင် အိမ်ပြင်မထွက်ရဲ ဘူး။ မဖြစ်မနေသွားရမှ ဖြစ်မယ်ဆိုရင်တောင် တော်တော်သတိထားဖြစ် တယ်။ အများကြီးတော့ စိုးပြည့်လည်း မဝေဖန်တတ်ပါဘူး။ ကိုယ့်တာ ၀န်ကို သိရင်တော့ အားလုံး ငြိမ်းချမ်းမှာပါ။ ပြည်သူတွေကလည်း တာ ၀န်ကို သိသိနဲ့ လုပ်အားပေးရမယ့်အရာ၊ အသိပေးသင့်တဲ့အရာတွေကို တောင်းဆိုကြပါ။ လူကြီးတွေဘက်ကလည်း ခုလိုကိစ္စတွေ မဖြစ်ဘဲ ပြည်သူတွေရဲ့ ချစ်ခင်မှုရအောင် ကြိုတင်ပြီး လိုအပ်နေတဲ့နေရာ ထိန်း ထိန်းသိမ်းသိမ်း ပြုပြင်ပေးကြပါလို့ ပြောချင်ပါတယ်။ ဒီလိုကိစ္စတွေ ဖြစ် တာတွေက အားလုံးနဲ့တော့ သက်ဆိုင်နေပါတယ်။ လူကြီးတွေဘက်က လည်း ပြည်သူတွေ အဆင်ပြေအောင် ပြုပြင်ပေးကြပါလို့ ပြောချင်ပါတယ်။

ဦးသက်နိုင်
ကုန်သည်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး
မန္တလေးမှာ နေနေရတာကြောင့် စိတ်အပူရဆုံးကတော့ ယာဉ်မ တော်တဆဖြစ်မှာကိုပဲ။ တိုက်တဲ့သူတွေကို တိုက်တဲ့အလျောက် မှန်မှန် ကန်ကန် အရေးယူပေးဖို့ ပြောချင်တယ်။ မန္တလေးမှာက စည်းမရှိ၊ ကမ်း မရှိ သုံးယောက်စီးတာတွေ၊ တစ်လမ်းမောင်း ပြောင်းပြန်စီးနေကြတာ တွေကြောင့် ယာဉ်တိုက်မှုတွေက နေ့တိုင်းဖြစ်နေတာ။ ဒါကြောင့် အပြင် ထွက်ရင် ကိုယ့်ကို ကာကွယ်ပေးနိုင်မယ့် အကာအကွယ်တွေ ဆိုင်ကယ် ဦးထုပ်တွေ ဆောင်သွားရတယ်။ လမ်းကို ဂရုစိုက်မောင်းရတယ်။ တော် တော်တော့ သတိထားသွားနေရတယ်။ ယာဉ်မောင်းသူတိုင်းမှာ တာဝန် ရှိတယ်။ ယာဉ်ထိန်းရဲတွေကိုလည်း အခုထက် ကြပ်ကြပ်မတ်မတ် ပို ထိန်းပေးစေချင်တယ်။

ဦးဘိုတိုင်း
ကွမ်းယာရောင်းသူ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး
မန္တလေးမှာတော့ မတော်တဆမှုတွေထဲမှာ ဆိုင်ကယ်တိုက်တာ တွေ အများဆုံးပေါ့။ ဆိုင်ကယ်တွေတအားပေါတာကိုး။ နောက်ပြီး အ သက်မပြည့်သေးတဲ့ ကလေးတွေ စီးတာရယ်၊ ရမ်းကားပြီးစီးတာတွေ တအားများတယ်။ သုံးဘီးဆိုင်ကယ်တွေ၊ ကုန်တွေ အဆမတန်တင်ပြီး သွားတာတွေ အရမ်းအန္တရာယ်များတယ်။ ယာဉ်နဲ့ပတ်သက်တာဆိုတော့ ယာဉ်ထိန်းရဲ တာဝန်အရှိဆုံးပေါ့။ ဒါသူတို့အလုပ်ပဲ။ တကယ်ဖမ်းဆီးပြီး ထောင်ဒဏ်လောက်ထိ ချပစ်ချမှာ။ ထောင်ဒဏ်မဟုတ်ရင်လည်း ငွေ ဒဏ်များများ ချသင့်တယ်။ စည်းကမ်းမဲ့တဲ့သူတွေက ငွေဒဏ်ကျ မလေး စားဘူး။ ဆိုင်ကယ်အက်ဆီးဒင့်တွေကြောက်လို့ အပြင်သိပ်မထွက်တော့ ဘူး။ သွားရမယ်ဆိုရင်လည်း လမ်းမကြီးတွေက မသွားဘဲ လမ်းကြိုလမ်း ကြားက သွားတယ်။ နောက်ပြီး ရှေ့နောက်ဝဲယာ အကုန်ကြည့်သွားရ တယ်။

ဦးမျိုးအောင်
လမ်းသာယာရေးဥက္ကဋ္ဌ၊ ကမာရွတ်မြို့နယ်၊ ပေ ၅၀ လမ်း
လမ်းထဲမှာ ဓာတ်ကြိုးတွေ လဲပေးဖို့ စာတင်ထားတယ်။ ပြီးခဲ့တဲ့ နှစ် ကိုးလပိုင်းက အထက်ကို တင်ထားတယ်ဆိုတဲ့ စာတစ်စောင်ပဲ ရ တယ်။ ဘာမှ လာမလုပ်ဘူး။ လူသေပြီးမှပဲ လာပြီးတော့ လုပ်ပေးတယ်။ လူတွေက အခုဆိုရင် ဓာတ်ကြိုးဆိုရင် ကြောက်နေကြပြီ။ ဈေးသည်တွေ ကလည်း လမ်းပေါ်မှာ ပြည့်ကျပ်နေတယ်။ အိမ်တွေကလည်း လမ်းပေါ် ကို ကျူးကျော်ပြီးတော့ ဆိုင်တွေကို ဖွင့်ထားတယ်။ လမ်းတွေတောင် ပိတ်နေတယ်။ တစ်ခုခုဖြစ်ရင် ပြေးစရာနေရာမရှိဘူး။ ရှောင်လွှဲသွားလို့ လည်း မရဘူး။ ဒါတွေကိုလည်း ဖယ်ရှားပေးမှ ရမယ်။ စည်ပင်သာယာ ကလည်း စနစ်တကျ လုပ်မပေးဘူး။

ကိုဝဏ္ဏ
မင်္ဂလာတောင်ညွန့်
အခုတစ်လော နေထိုင်သွားလာရင်းနဲ့ စိတ်အပူဆုံးကတော့ လမ်း ဘေးက ရေနုတ်မြောင်းတွေပေါ့။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာက မြောင်းအဖုံးတွေဖွင့်ပြီး သန့်ရှင်းရေးလုပ်ကြပြီးရင် ပြန်မပိတ်ဘဲ ဒီအ တိုင်းထားကြတာ တွေ့တယ်။ အခုဆို မိုးတွင်းကို ရောက်နေပြီလေ။ မိုး များပြီး ရေကြီးလာရင် ဘာမှကို မမြင်နိုင်တော့ဘူး။ အဲဒီက ဖွင့်ထားတဲ့ မြောင်းအဖုံးတွေကလည်း ရေလျှံနေတော့ ဘာမှမမြင်တော့ဘူး။ ပြီးခဲ့ တဲ့နှစ်ကဆိုရင် ရေကြီးလို့ ဖွင့်ထားတဲ့ မြောင်းပေါက်တွေကို မမြင်ဘဲ ကျွံကျပြီး ဒဏ်ရာရသူတွေရော မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ် တယ်။ အဲဒါကိုကြည့်ရင် ဘယ်လောက်အန္တရာယ်ရှိမှန်း သက်ဆိုင်ရာက သိသင့်နေပြီ ထင်ပါတယ်။ နွေရာသီမှာ ကိစ္စမရှိပေမယ့် တချို့မိုးများတဲ့ မိုးတွင်းကာလမှာဆို ဖုံးထားတဲ့မြောင်းဖုံး အင်္ဂတေတွေ အက်နေတာ။ ပြီးတော့ ဖြစ်သလိုပဲ ဖုံးထားတာတွေက ရင်လေးစရာပါ။ ဒီကိစ္စကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်။ ဆောင်ရွက်ရင်လည်း အောက်က ၀န်ထမ်းတွေကို စောင့်ကြည့်တဲ့ အဖွဲ့တစ်ခုရှိမှ။ အဲဒီအဖွဲ့ အောက်မှာပဲ ၀န်ထမ်းတွေရဲ့ လုပ်ဆောင်မှုရှိသင့်တယ်လို့ ထင်တယ်။ အဲဒါမှ ထိရောက်မှာ။

ကိုထွန်းထွန်း
ဆံပင်ညှပ်ဆိုင်ပိုင်ရှင်၊ ကမာရွတ်မြို့နယ်
မြောင်းဖုံးတွေဆိုရင် တခြားနေရာမပြောနဲ့ စည်ပင်ရုံးအရှေ့မှာ တောင် ဖုံးထားတာမရှိဘူး။ အဲဒီထဲကို ပြုတ်ကျမှာပေါ့။ လုပ်သင့်တာ တွေက အများကြီးပဲ။ လမ်းထဲက ဓာတ်ကြိုးတွေဆိုရင်လည်း တိုင်သေး သေးလေးနဲ့ ကြိုးတွေအများကြီးကို ထောက်ထားတယ်။ ဘယ်တော့ ပြုတ်ကျမလဲ မသိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဓာတ်ကြိုးမကောင်း တာကိုတောင် ပြုတ်ကျပြီး လူသေတော့မှပဲ လဲပေးတော့တယ်။ တစ်ခုခု ဖြစ်မှပဲ လုပ်ပေးတာမျိုး ဖြစ်နေတယ်။ အမြင်မတော်တာတွေ၊ ပြင်ပေး သင့်တာတွေက အများကြီးပဲ။ အဲဒါတွေကို ကြိုတင်ကာကွယ်မှုအနေနဲ့ လုပ်ပေးမယ်ဆိုရင် မလိုအပ်ဘဲ အသက်ဆုံးရှုံးတာတွေ မဖြစ်တော့ဘူး ပေါ့။ အဲဒီလိုမျိုးမဖြစ်အောင် သူတို့ဘယ်လို တာဝန်ယူပေးနိုင်မလဲ။ အဲဒါက လိုအပ်နေတယ်။ မီတာခတွေ တိုးကောက်တယ်။ ၀န်ဆောင်မှု ကိုတော့ တိုးပြီးတော့မပေးဘဲ ပြင်သင့်တာတွေကိုတော့ လုပ်မပေးဘူး လေ။

ဟန်စိုးအောင်
သင်္ဃန်းကျွန်းမြို့နယ်
ဓာတ်လိုက်ပြီးသေတဲ့ သတင်းကြားတော့ အခုဘာလုပ်လုပ်အပေါ် ကို မော့ကြည့်မိနေတယ်။ အခုဖြစ်နေတာတွေက အထက်က တာဝန်ရှိ တဲ့ သူတွေ မသိတာလား။ အောက်ခြေကလူတွေက မလုပ်တာလား။  ဒီမတော်တဆဖြစ်တဲ့ အရာတွေအားလုံးက လုပ်ရင် ဘာမှခက်ခဲတဲ့အရာမဟုတ်ဘူး။ ရေ မြောင်းအပေါက်ဝမှာ အဖုံးမရှိတာတွေ၊ လျှပ်စစ်မီးကြိုး ပြတ်ကျတာတွေ။ ဒါတွေကို အစိုးရအနေနဲ့ လုပ်စေချင်တယ်။ လူတွေအနေနဲ့ကလည်း တိုင်းပြည်အပြောင်းအလဲကို အများကြီး မမျှော်လင့်ပါဘူး။ သွားရေးလာရေး လူတွေအခြေခံအကျဆုံးအရာတွေကို ဂရုစိုက်လုပ်ပေးစေချင်တယ်။

ကိုခင်မောင်ထွေး
သုံးဘီးယာဉ်မောင်း၊ မုံရွာကားလေးကွင်း၊ မုံရွာမြို့
ယာဉ်မတော်တဆဖြစ်မှာကိုပဲ စိုးရိမ်မိပါတယ်။ စည်းကမ်းမဲ့ ယာဉ် မောင်းတွေကြောင့်ပါ။ အစိုးရအနေနဲ့ မော်တော်ယာဉ်တွေ စည်းကမ်း တကျဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်။ မိမိကို မထိခိုက်အောင် ဆင်ခြင်မောင်းနှင်နေရပါတယ်။ ဘေးအန္တရာယ်ကင်းဖို့ကတော့ လူတိုင်း လူတိုင်း ကိုယ်စီ တာဝန်ရှိပါတယ်။

ဒေါ်ညွန့်ကြည်
မန္တလေး
မိုးတွင်းလေပြင်းကျတော့မှာဖြစ်လို့ လမ်းသွားရင်း ဓာတ်ကြိုးပြတ် ကျပြီး ဓာတ်လိုက်သေမှာ ကြောက်တာ။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဘုရားကြီးဈေးထဲမှာ ဈေးရောင်းတုန်းက ကလေးလေးတစ်ယောက် ပြတ်နေတဲ့ ဓာတ်ကြိုးကို နင်းမိပြီး ကိုယ့်ရှေ့တင် သေသွားဖူးတာ မြင်ပြီး ကတည်းက ကြောက်တာ။ အခုနောက်ပိုင်းမှာ တိုင်အသစ်တွေ လဲပေး လို့ နည်းနည်းတော်သေးတယ်။ အရင်တိုင်အဆွေးအဟောင်းကြီးတွေ တုန်းကဆို ကြိုးတွေကလည်း ပြွတ်ကျပ်ပြီး ကြည့်ရတာကိုက ကြောက် စရာအရမ်းကောင်းတာ။ လျှပ်စစ်နဲ့ပတ်သက်တဲ့သူတွေက လူနေရပ် ကွက်ထဲကို သေချာကွင်းဆင်းပြီး ဓာတ်တိုင်၊ ဓာတ်ကြိုးတွေ အန္တရာယ် ကင်း၊ မကင်း စစ်ဆေးတာမျိုးတွေ လုပ်ပေးစေချင်တယ်။

ဦးဇော်ဇော်အောင်
မွေးမြူရေးလုပ်ငန်းရှင်၊ ထနောင်းဝန်းကျေးရွာ၊ မုံရွာမြို့နယ်
နေ့စဉ်သွားလာမှု အများဆုံးက ကျောက္ကာလမ်းမကြီးပေါ့။ အဲဒီ လမ်းမကြီးကိုသွားတိုင်း ရေနံတင်ယာဉ်တွေ၊ ဆိုင်ကယ်တွေရဲ့ မတော် တဆမှုတွေ ကြုံတွေ့ရမှာကိုပဲ စိုးရိမ်နေရတယ်။ ယာဉ်အများစုက စည်း ကမ်းမဲ့မောင်းလို့ သွားလာသူတွေ နေ့စဉ် စိုးရိမ်နေရတာပါ။ အစိုးရအ နေနဲ့ ဥပဒေနဲ့အညီ စစ်ဆေးအရေးယူစေချင်ပါတယ်။ ယာဉ်မောင်းတိုင်း က သွားလာတဲ့အချိန်တိုင်း သတိဝီရိယရှိရှိနဲ့ သွားလာနေရတယ်။ တစ် ခါတစ်ရံ လမ်းဘေးထိုးချရပ်ရတဲ့အထိပေါ့။ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုရင်တော့ ယာဉ်မောင်းသူအားလုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါ တယ်။ စည်းကမ်းတကျမောင်းနှင်ဖို့ လိုအပ်သလို သတ်မှတ်မိုင်နှုန်းနဲ့ အညီ ဘေးအန္တရာယ်ကင်းကင်း မောင်းနှင်စေချင်ပါတယ်။

ကိုကျော်ကျော်ထိုက်
ကုမ္ပဏီဝန်ထမ်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး
ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေတော့ ဆိုင်ကယ်ကို တော် တော်လေး သတိထားစီးရတယ်။ အဲဒီလိုတွေမဖြစ်အောင် ယာဉ်သွား ယာဉ်လာရှုပ်တဲ့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ မီးပွိုင့်တွေ ထပ်ထားပေး သင့်တယ်။ နောက်ပြီး မန္တလေးမှာ မိုးရွာရင် မြောင်းတွေက ရေလျှံတယ်။ သွားလို့လာလို့ မကောင်းတော့ဘူး။ ရေစီးရေလာကောင်းအောင် မြောင်း တွေဖောက်သင့်တယ်။ သွားသတိ၊ လာသတိနဲ့ နေနေရတာပေါ့။ လက် လွတ်စပယ်မောင်းလို့မရဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ပဲ ပြောချင်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့၊ ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင် ကာကွယ်ဖို့ အကြံပေးချင်တယ်။

ကိုသက်နိုင်ထွန်း
မင်္ဂလာတောင်ညွန့်မြို့နယ်
အဓိကတော့ ကားတွေပဲ။ မြို့ထဲမှာ မောင်းချင်သလို မောင်းနေကြ တာ။ နယ်နဲ့ရန်ကုန် တော်တော်ကွာတယ်။ ဒီမှာ လမ်းတွေကလည်း ကျပ် တော့ မောင်းတဲ့သူကလည်း စိတ်မရှည်ဘူး။ အစ်ကိုဆို တက္ကစီနဲ့ပဲသွား တော့တယ်။ ရှင်းတဲ့လမ်းက မောင်းခိုင်းတယ်။ နောက်လမ်းတွေမှာ ဓာတ်တိုင်ပြတ်ကျတာတို့ဆိုတာ ဒါတွေက အရာဝတ္ထုတွေဖြစ်တော့ အ စိုးရအနေနဲ့ အမြဲစစ်ဆေးရမယ်။ ဒီလိုမဖြစ်အောင် ကိုယ်တို့မှာ တာဝန် အရှိဆုံးပါ။ ကိုယ်နဲ့အနီးဆုံးဖြစ်တော့ ဓာတ်တိုင်တွေကျိုးနေလား၊ ဓာတ် ကြိုးတွေ မကောင်းဘူးလားဆိုတာ ကိုယ်က အကြောင်းကြားရမှာပေါ့။ နောက်ဒုတိယတာဝန်အရှိဆုံးကတော့ အစိုးရပဲ။

ကိုတင်မျိုးဇော်
မီးပွိုင့်များတွင် စာအုပ်ရောင်းသူ
အပြင်ထွက်ရင် အမြဲတမ်းဘုရားစာရွတ်တယ်။ ဘာလုပ်လုပ် သတိ ၀ီရိယနဲ့ အလုပ်လုပ်ရတယ်။ ကားတွေကြားထဲ ဈေးရောင်းရတာဆိုတော့ သတိလက်လွတ်ဖြစ်လို့ မရဘူး။ တချို့ မတော်တဆဖြစ်ရတာတော့ သဘာဝအရဖြစ်တာမှန်ပေမယ့် ဒီလိုမျိုးမဖြစ်ရအောင် ကြိုတင်ပြင်စေ ချင်တယ်။ ရန်ကုန်မှာက မိုးရွာတိုင်း ရေကြီးတယ်ဗျ။ ပလက်ဖောင်း မြောင်းအပေါက်တွေမှာ အဖုံးမရှိတာတွေကိုတော့ ပြုပြင်ပေးစေချင် တယ်။

ကိုသက်ဇော်
ပုဇွန်တောင်
နေ့တိုင်းသွားလာရင်းနဲ့ စိတ်အပူဆုံးကတော့ ယာဉ်တိုက်ခံရမှာပါ ပဲ။ အခုလို မိုးရာသီတွေဆိုရင် ရေမြောင်းတွေပိတ်တော့ ရေတွေကြီးကြ တယ်။ အဲဒီတော့ ကားတွေလည်း ပိတ်တယ်။ အဲဒီအချိန်ဆိုရင် ကား တွေက အရမ်းကျော်တက်ကြတယ်။ အရှေ့က လူတွေကိုလည်း မမြင် ဘူး။ ကျော်တက်တယ်။ အဲဒီတော့ ယာဉ်မတော်တဆမှုတွေဖြစ်ပြီး လူ တွေလည်း ဒုက္ခရောက်ရတယ်။ မိုးတွင်းဆိုရင်ပိုဆိုးတယ်။ မိုးရွာတာ တောင် အရမ်းမောင်းတဲ့ ကားတွေရှိတယ်။ အဲဒီလိုအချိန်ဆို ပိုပြီး ဂရု တစိုက်နဲ့ လမ်းသွားရတယ်။ အစိုးရပိုင်းကလည်း ကားကျပ်တဲ့နေရာ ၊ယာဉ်တွေကျော်တက်ပြီး စည်းကမ်းမဲ့မောင်းတဲ့နေရာတွေမှာ ယာဉ် ထိန်းရဲတွေကို လုံလုံလောက်လောက် ချပေးသင့်ပါတယ်။ ဒါပေမဲ့ အစိုး ရဘက်ကချည်းပဲတော့ ဖြေရှင်းလို့ မရဘူးပေါ့။ အဓိကကတော့ လူတိုင်း စည်းကမ်းရှိဖို့နဲ့ သတိရှိကြဖို့လို့ ထင်ပါတယ်။

By သတင်းအဖွဲ့
7DAY DAILY

http://7daydaily.com/story/14511#.U7CtubHCdnE


မြေစာရင်းဌာနအသစ်ရေးဆွဲသည့် တရုတ်-မြန်မာ နယ်ခြားပြမြေပုံအား ဒေသခံများမကျေနပ်

ဂျွန်လ ၂၉ ရက် ၂၀၁၄

 သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် သျှမ်းပြည်နယ် ၀န်ကြီးချုပ်အဖွဲ့အား မြေစာရင်းဌာနမှ ရေးဆွဲ ထား သည့် တရုတ်-မြန်မာ နယ်နိမိတ် အခြေအနေပြ မြေပုံကို ပြသပေး မှုကြောင့် ဒေသခံ ပြည်သူလူထု များ မကျေမနပ်ဖြစ်နေရ ကြောင်း သတင်း ရရှိသည်။

ဂျွန်လ ၂၈ ရက်က နမ့်ခမ်းမြို့နယ်သို့ ရောက်ရှိသော သျှမ်းပြည်နယ် ၀န်ကြီးချုပ် အဖွဲ့အား မြေစာရင်း ဌာနမှ ကုန်းဆာ ကျေးရွာ ကူးတို့ဆိပ်တွင် တရုတ်-မြန်မာ နယ်နိမိတ် အခြေအနေပြ မြေပုံကို ပြသခဲ့ပြီး ထိုမြေပုံ သည် တရုတ်နိုင်ငံ ဘက်မှ ကျူးကျော် သတ်မှတ်ခံရသော နယ်နိမိတ်မျဉ်းများထည့်သွင်း ရေးဆွဲထားသည် ကို တွေ့ရကြောင်း ကုန်းဆာကျေးရွာနေ လယ်သမား လုံးစိုင်းအိုက်က ဆိုသည်။

“လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်ကတည်းက တရုတ်နယ်နိမိတ် မှတ်တိုင်တွေဟာ တရုတ်ပြည် ဘက် ရွှေလီမြစ် တစ်ဘက်ကမ်းမှာဘဲ ရှိနေတယ်။ ခုထိတွေ့နေရသေးတယ်၊ ဘယ်လိုလုပ်ပြီးမှ ကျနော်တို့ ရွာ ဘိုးဘွားပိုင်မြေ ရွှေလီမြစ်ဒီဘက်ကို ကျော်လာရသလဲ၊ ကျနော်တို့မြို့က မြေစာရင်းဌာန ဘာကြောင့် တရုတ်ဘက်ကိုဘက်လိုက်ပေးတာလဲ။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။

သျှမ်းပြည်နယ်ဝန်ကြီးချုပ်က မြေစာရင်းဌာနပြသော အဆိုပါ မြေပုံကိုကြည့်ရှုပြီးနောက် “ ဘာကြောင့် အသစ်ရေးထားတဲ့ မြေပုံကိုလာပြသလဲ။ ရှေးယခင် ကတည်းက ရေးဆွဲထားတဲ့ မြေပုံအဟောင်းမရှိဘူး လား” ဟု မေးမြန်းပြောဆိုသည်ကို မြေစာရင်းကနှုတ်ဆိတ်ငြိမ်နေကြောင်း လိုက်ပါသူတဦးက ပြန်လည်ပြောပြ ပါသည်။

ဒေသတွင်းလယ်သမားခေါင်းဆောင်တစ်ဦးကလည်း “ ကျနော်တို့လည်း ဇာတိသွေးဇာတိမာန် မျိုးချစ် ပြည်ချစ်စိတ်ဆိုတာရှိတယ်။ မိမိဘိုးဘွားပိုင်မြေကို တိုင်းတစ်ပါးကို တစ်လက်မမှ မပေးနိုင်ဘူး၊ တိုင်း တစ်ပါး လက်ထဲ ပါမသွားရအောင် အသက်ပေးပြီး ကာကွယ်ပေးဖို့ အသင့်ပါပဲ ” ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ်မြေစာရင်းဌာနမှ ရေးဆွဲသတ်မှတ်ထားသော နမ့်ခမ်းမြို့နယ်အတွင်း တရုတ်-မြန်မာ နယ်နိမိတ် အခြေအနေပြမြေပုံကို မှန်ကန်စွာပြန်လည်ရေးဆွဲသတ်မှတ်မပေးလျှင် ဒေသခံပြည်သူ များက မြေစာရင်းဌာနရုံးရှိရာ နမ့်ခမ်းတောင်ခြေသို့ ချီတက်ဆန္ဒပြမည်ဟု ဒေသခံများထံမှသိရသည်။

နမ့်ခမ်းမြို့မြေစာရင်းမှ ဦးကျော်မင်းထွန်းက - “တရုတ်ပိုင်မြေလို့ သတ်မှတ်ခံထားရတဲ့မြေတွေကို ကျနော်တို့ တိုင်းတာပေး ပိုင်ခွင့်မရှိသလို တရုတ်ပိုင်မြေပါလို့လည်း ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အထက်ကဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ နှစ်နိုင်ငံနယ်ခြားပြဿနာဖြစ်နေလို့ အထက်နဲ့ဘဲ ဆိုင်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောဖူးသည်။

တရုတ်နိုင်ငံသည်၎င်းအိမ်နီးချင်းနိုင်ငံဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံတို့ နှင့် နယ်နိမိတ် အငြင်းပွားမှုပြသနာများနှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းတိုင်း၊

http://burmese.panglong.org/news/96-2008-08-03-06-49-23/4778-2014-06-29-17-03-17.html


ယာယီစိုက်ထားသည့် တရုတ်နယ်ခြားမှတ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်မှ ဖယ်ရှားခိုင်း

ဂျွန်လ ၂၈ ရက် ၂၀၁၄

 သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် စိုက်ထူထားသော တရုတ် မြန်မာနယ်စပ် ယာယီနယ်ခြား တိုင်အား ယာယီဆွဲနှုတ် ဖယ်ရှားထားရန် သျှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ်က နမ့်ခမ်းခရီး စဉ်မှ ညွှန်ကြားလိုက်သည်။

သျှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့များသည် နမ့်ခမ်းမြို့နယ်ရှိ တရုတ်နိုင်ငံ နယ်ခြားမျဉ်းဟု တိုင်းတာ ကာ ယာသီသတ်မှတ် ခံထားရသော နယ်စပ်ငုတ်တိုင်များကို ယမန်နေ့က သွားရောက် စစ်ဆေးပြီး ထိုသို့ ပြောဆို လိုက်သည်။

“ကုန်းဆာကျေးရွာ ကူးတို့ဆိပ်မှာ ဝန်ကြီးချုပ်ကသွားစစ်တော့ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက် အကူပြုအဖွဲ့ဝင် ဆရာအောင်ဝင်းက မြေပုံနဲ့တကွအကျယ်တဝင့်ရှင်းပြတယ်။ သျှမ်းပြည်ဝန်ကြီးချုပ် က လည်းမှန်ကန်စွာ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ တရုတ်ဘက်က ကျူးကျော်စိုက်ထူ ထားတဲ့မှတ်တိုင်တွေကိုလည်း သူပြန်သွားရင်ဆွဲနှုတ်လိုက်ပါလို့ မှာသွားပါတယ်။” ဟု စယ်ဟိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့သို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်စဝ်အောင်မြတ်နှင့်အတူ သျှမ်းပြည် နယ် ဝန်ကြီးများအဖွဲ့က ဂျွန်လ ၂၈ ရက်က ရောက်ရှိခဲ့ပါသည်။

သျှမ်းပြည်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကောင်းနောင်မိုရပ်ကွက်ရှိ ကျားဖြူခန်းမတွင် ကွတ်ခိုင်၊ မူစယ် နှင့် နမ့်ခမ်းမြို့ အုပ်ချုပ်အထောက်အကူအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ စုစုပေါင်း (၃၀၀)ကျော်ကလာရောက်တွေ့ဆုံကာ ရပ်ရေးရွာရေးများတင်ပြဆွေးနွေးခဲ့ကြပြီး သျှမ်းပြည် နယ် ဝန်ကြီးချုပ်ကအဆိုပါ သုံးမြို့နယ်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း( ၄၀၀) နှင့် ကျောင်းသုံး ဗလာစာ အုပ် ဒါဇင် (၃၀၀) စီပေးအပ်ကူညီခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နမ့်ခမ်းဒေသခံက ပြောပါသည်။

တွေ့ဆုံပွဲအပြီး သျှမ်းပြည်ဝန်ကြီးချုပ်အဖွဲ့ များသည် တရုတ်ပြည်ပိုင်မြေ သတ်မှတ်ခံရသော ကုန်းဆာ ကျေးရွာရှိ ရွှေလီမြစ်ကမ်းဘေးတွင် သွားရောက်လေ့လာခဲ့သည်။

တရုတ်ပြည်ပိုင် နယ်နမိတ် ဟု သတ်မှတ်ထားခံရ သော ကျေးခွန်၊မန့်နောင်၊ကုန်းဆာကျေးရွာ ဒေသခံ များနှင့် နမ့်ခမ်းမြို့ လယ်သမားအဖွဲ့ များ ပါဝင်သော လူအင်အား တစ်ထောင်ကျော်ခန့်သည် ၀န်ကြီး ချုပ်သွားရာ ကုန်း ဆာကျေးရွာ ကူးသို့ဆိပ်လမ်းတွင် သျှမ်းပြည် ၀န်ကြီးချုပ်နှင့်အဖွဲ့များကို သျှမ်းရိုးရာ အိုးစည်များတီးခတ်ကြို ဆိုကြပြီး ၄င်းတရုတ်ပိုင်မြေဟု သတ်မှတ်ခံရသော ဘိုးဘွားပိုင်မြေများကို မှန်ကန်စွာပြန်လည်သတ်မှတ်ပေးပါရန် စာရွက်ကိုယ်စီကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြောင်း ကုန်းဆာကျေးရွာနေ စိုင်းအိုက် က ဆိုသည်။

“ ဒေသခံ ရွာသူရွာသားများ က သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များအားလှိုက်လှဲစွာကြိုဆိုပါ၏။ ဘိုးဘွားပိုင် မြေများကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါ။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ်ကို ယခင်ရှိရင်း စွဲအတိုင်း ဆောင်ရွက် ပေးရန်တောင်းဆိုသည် စသော စာရွက်များကိုယ်စီ ကိုင်ဆောင်ကြတယ်” ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့သို့ရောက်ရှိလာသော ၀န်ကြီးများမှာ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး စိုင်းနော်ခမ်း၊ သျှမ်းပြည်စည်ပင်ကော်မတီဝန်ကြီးဦးနေလင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးအောင်သူ နှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး စိုင်းဆာလူ တို့ဖြစ်ကြပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ

http://burmese.panglong.org/news/96-2008-08-03-06-49-23/4777-2014-06-29-16-46-43.html



မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက် ခရီးသည် ၂၃ ဦး ဒဏ်ရာရ

 ကလေးမြို့နှင့် တမူးမြို့ ကို ဆက်သွယ်ထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမပေါ် တွင် ဇွန်လ ၂၇ ရက်က တမူးမြို့သို့ ဘုရားဖူးသွားသည့် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံနေရကြောင်း စခန်းကြီးကျေးရွာ ရဲစခန်းမှ သတင်းရရှိသည်။

ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ကျေးရွာနှင့် ခုံသာကျေးရွာတို့မှ ခရီးသည် ၂၃ ဦးတင်ဆောင်၍ တမူးမြို့သို့ ဘုရားဖူးသွားသည့် ဒိုင်နာအဖြူအိမ်စီးကား တစ်စီး သည် ဇွန်လ ၂၇ ရက် နံနက် ၇ နာရီ မိနစ်၂၀ ခန့်တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီး မိုင်တိုင်အမှတ် ၄၁/၀ နှင့်၄၁/၁ အကြားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသော ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေမရှိကြောင်း ဆေးရုံတက်ရောက် ကုသမှုခံနေရသူများ၏ ဆွေမျိုးများက ပြောသည်။ ယာဉ်တိမ်းမှောက်ပြီးနောက် ယာဉ်မောင်းကိုဇော်မြင့်ဝင်းမှာ ထွက် ပြေးတိမ်းရှောင်နေကြောင်း စခန်းကြီးကျေးရွာရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ကြောင့် ယာဉ်မောင်း ကိုဇော်မြင့်ဝင်းအား စခန်းကြီးကျေးရွာရဲစခန်း စခန်းမှူးဦးဆန်းဦးက တရားလိုပြုလုပ်၍ ကလေးမြို့ နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ပြီး ကလေးမြို့နယ် ရဲစခန်းက ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

By ကိုစိုင်း
7DAY DAILY
http://7daydaily.com/story/14434#.U7Co67HCdnE

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်း


တပ်မတော်ဘက်က ပြောင်းလဲမှု ပိုမို ပြသဖို့ အမေရိကန် တိုက်တွန်း

 လက်ရှိ အခြေအနေဟာ အမေရိကန် တပ်မတော် နဲ့ မြန်မာ့ တပ်မတော် ဆက်ဆံရေး တည်ဆောက်ဖို့ အချိန် ရောက်နေပြီ ဖြစ်ကြောင်း ဒါပေမဲ့ သတိကြီးကြီး ထားပြီး တည်ဆောက်သွား ရမှာ ဖြစ်သလို မြန်မာ့ တပ်မတော် ဘက်က ပြုပြင် ပြောင်းလဲမှုတွေ ပြနိုင်ရင် အမေရိကန်ဘက်က ပူးပေါင်း ဆောင်ရွက်မှုတွေ ပို ပြီး ရှိလာမှာ ဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါ တယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအချိန်ဟာ စစ်တပ်ချင်း ဆက်ဆံရေး တည်ဆောက်ဖို့ အချိန်ရောက်ပြီလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမေရိကန်အစိုးရ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က အခုလို ရှင်းပြခဲ့တာပါ။

"မိမိတို့အမေရိကန်တပ်မတော်နဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေးတည်ဆောက်ဖို့ အချိန်ရောက်ပါပြီ။ ဒါပေမယ့် သတိထားပြီးဆက်ဆံရေးတည်ဆောက်သွားမှာပါ။ မိမိတို့ခရီးစဉ်ကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကလည်း ထောက်ခံအားပေးပါတယ်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ၊ တရားဥပဒေ စိုးမိုးရေး နဲ့ အရပ်သားအုပ်ချုပ်ရေးကို လက်ခံဖို့ တိုက်တွန်းလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်လို့" Mr Malinowski က ရှင်းပြခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်တပ်မတော် ပစိဖိတ်ဒေသကွပ်ကဲရေးက ဒုတိယ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield ကလည်း သူ့ရဲ့ မြန်မာနိုင်ငံအမျိုးသားကာကွယ်ရေး တက္ကသိုလ်မိန့်ခွန်းရဲ့ ရည်ရွယ်ချက်အကြောင်း ရှင်းပြခဲ့ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ လွှတ်တော်ဥက္ကဌတွေ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese


ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်

 ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းမှာ တရားမဝင်ရောက် နေထိုင်လုပ်ကိုင် နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေက အလုပ်သမားတွေ အပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာ မဟုတ်ဘဲ နောက်ကွယ်ကနေ လူကုန်ကူးနေတဲ့ ပွဲစားတွေကို အဓိက အရေးယူနှိမ်နင်း သွားမှာ ဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲက မနေ့က နိုင်ငံတော်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ နေရာတွေ ဖြစ်တဲ့ ငါးဖမ်းလှေတွေမှာ ရောင်းစား ခံနေရသူတွေကို အရင်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်သင့်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier-2 စောင့်ကြည့်စာရင်းမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်အစိုးရဟာ ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံတကာအစိုးရတွေနဲ့ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့တာပါ။ လူကုန်ကူးမှုနှိမ်နင်းရေကို ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ထိုင်းအစိုးရစစ်ခေါင်းဆောင်က နိုင်ငံတော်ကိုပြောတဲ့ မိန့်ခွန်းမှာ အခုလို ပြောသွားခဲ့ပါတယ်။

ထိုင်းစစ်အစိုးရခေါင်းဆောင်က  နိုင်ငံတော်ကိုပြောကြားတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား လူကုန်ကူးမှုမရှိအောင်၊ မာဖီးယားဂိုဏ်းလို ရာဇဝတ်ဂိုဏ်းတွေနဲပ သူတို့နဲ့ဆက်စပ်နေတဲ့ ပွဲစားတွေ ပါဝင်ပတ်သက်မှုမရှိအောင် နှိမ်နင်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဇွန်လ ၂၅ ရက်နေ့ကပဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လူကုန်ကူးမှု ပြဿနာ ဖြေရှင်းရေး ယာယီစီမံချက်အဖြစ် အမိန့်အမှတ် ၇၀/၂၅၅၇ ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာလည်း လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်မှုတွေ၊ အလုပ်သမားတွေကို အနိုင်ကျင့်စော်ကားမှု မရှိစေရေးတွေ ပါဝင်ပါတယ်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတွေနဲ့ လူကုန်ကူးသူတွေကို ကယ်ဆယ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းကတော့ ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးမှုတွေ တိုက်ဖျက်တဲ့အခါမှာ ရေထွက်လုပ်ငန်းလုပ်တဲ့နေရာတွေက ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရသူတွေကို အရင် ကယ်ဆယ်သင့်တယ်လို့ ဆိုပါတယ်။

“လုံးဝ ထိန်းချုပ်မှုကင်းစင်တဲ့ ပျော်ရင်လုပ်၊ မပျော်ရင်ပြန်ဆိုတဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးပြီးတော့မှ သန့်စင်ပစ်လိုက်ရမယ်။ နောက်ပြီးတော့ အဲဒီငါးလုပ်ငန်းမှာ နာရီပေါင်း ကြာကြာခိုင်းစေဖို့အတွက် အခကြေးငွေ များစွာပေးနိုင်တဲ့ စနစ်မျိုးကို လုပ်ရမယ်။ ဂျပန်တို့၊ ကိုရီးယားတို့ကို မြန်မာအလုပ်သမားတွေသွားချင်တယ်၊ ဘာကြောင့်လဲ။ ပင်ပန်းသလောက်ကို အကျိုးရှိတယ်၊ ပိုက်ဆံရတယ်။ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားရှားပါးနေတာက လုပ်ရသလောက်ကို ပိုက်ဆံမပေးချင်ဘဲ အလကားခိုင်းချင်တာကြောင့် ဖြစ်တယ်။ အဲဒီလို မတရားခိုင်းစေတဲ့နေရာကို အရင်သန့်စင်ဖို့ လိုတယ်။ နောက်ပြီး နယ်ခြားဒေသတွေမှာ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း အဲဒီ နယ်ခြားတွေမှာ မြန်မာအလုပ်သမားတွေလာပြီးတော့ လွယ်လင့်တကူ နယ်စပ်မှာ One Stop Service ထားပေး။ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိဖို့လိုတယ်။ အဲလိုမှ မဟုတ်လို့ရှိရင် ဗမာပြည်ကထွက်လာတဲ့သူတွေ အလုပ်ရုံကိုလာဖို့အတွက် ဘယ်လုပ်ငန်းရှင်ကမှ သွားမခေါ်ဘူး။ အလုပ်လုပ်ချင်တဲ့ အလုပ်သမားကလည်း ဘယ်အလုပ်ရှင်ကိုမှ ဆက်သွယ်လို့မရဘူး။ အဲဒီလို မလုပ်ရင် မာဖီးယားဂိုဏ်းတို့၊ ပွဲစားဂိုဏ်းတို့ဆိုတာ ရှိနေအုံးမှာပဲ။ ဒါကြောင့်မို့လို့ တကယ်လုပ်ဖို့တော့ လိုလိမ့်မယ်။”

ထိုင်းစစ်တပ်က တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တို့ဟာ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ပြီး လူကုန်ကူးမှုဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေး အချက်အလက်တွေပေးနိုင်ခဲ့ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အဆိုးဆုံးအဆင့်ကနေ ကျော်လွှားဖို့ ကြိုးစားနေပေမယ့် အိမ်နီးချင်းနိုင်ငံတွေက အလုပ်ရှာဖွေသူတွေ များနေတာကြောင့် လူကုန်ကူးမှုတွေ ဖြစ်နေရကြောင်း ပြောဆိုနေကြတာပါ။ စစ်အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို သွားရောက်ပြီး တရားမဝင် အလုပ်လုပ်နေကြသူတွေကို တရားဝင်အလုပ်လုပ်နိုင်အောင်၊ တရားဝင်နေထိုင်ခွင့်ရအောင်၊ ကျန်းမာရေးစောင့်ရှောက်မှုရအောင် အလုပ်လုပ်ခွင့်လက်မှတ်တွေကို စနစ်တကျဖြစ်အောင် စီစဉ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို တရားဝင်အထောက်အထားတွေ ရရှိဖို့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မဟာချိုင်ဒေသမှာ One Stop Service (နေ့ချင်းပြီးအစီအစဉ်) ဖွင့်ပြီး အလုပ်သမားလက်မှတ်တွေ စတင်ထုတ်ပေးတော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းနိုင်ငံအနောက်ပိုင်း စမွတ်စခုံအရပ်က ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။

ISIS က အစ္စလာမ္မစ် နိုင်ငံ ကြေညာ

 အီရတ်နဲ့ ဆီးရီးယားက ISIS လက်နက်ကိုင် အဖွဲ့ သိမ်းပိုက် ထားတဲ့ နယ်မြေ တွေကို စုစည်းပြီး အစ္စလာမ္မစ် နိုင်ငံ ကြေညာ လိုက်ပြီလို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် နိုင်ငံ အမည် ကနေ 'အစ္စလာမ္မစ် နိုင်ငံ' အဖြစ် အဖွဲ့ နာမည်ကို ပြောင်းလိုက်ကြောင်း လဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အဖွဲ့ ခေါင်းဆောင် Abu Bakr al - Baghdadi ကို မွတ်ဆလင် အားလုံးရဲ့ ခါလစ် ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်တယ် လို့လဲ အင်တာနက်က ကြေညာ ခဲ့ပါတယ်။

တကမ္ဘာ လုံးက မွတ်ဆလင် ဂိုဏ်းတွေ အားလုံးက ခေါင်းဆောင်ကြီး ဆီကို သစ္စာခံကြဖို့လဲ နှိုးဆော် ခဲ့ပါတယ်။

အီရတ်မှာ ISIS တပ်တွေ အသာရ နေချိန်မှာ ခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် တရား ဥပဒေ နဲ့ အညီ တင်းတင်းကျပ်ကျပ် အုပ်ချုပ်တဲ့ ခါလီဖိတ် နိုင်ငံ ပြန်တည်ထောင် ဖို့ ဆိုတာက ဂျီဟတ် ဘာသာရေး စစ်ဆင်နွှဲသူ တွေရဲ့ မျှော်မှန်းချက်ကြီး ဖြစ်ပါတယ်။

ဒီကြေညာ ချက်ဟာ အယ်လ်ခိုင်ဒါ အဖွဲ့ ရဲ့ ဗဟို ချုပ်ကိုင်မှုနဲ့ ပင်လယ်ကွေ့ ဒေသက အာရပ် ခေါင်းဆောင် တွေကို တိုက်ရိုက် စိန်ခေါ် လိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Abu Bakr al - Baghdadi ကို ခေါင်းဆောင်တင်

စာသင်ကျောင်း ၃၉ ကျောင်း တိုက်ပွဲများကြောင့် ပိတ်ခဲ့ရ

  ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေအနေတွေကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့်လှစ်နိုင်ဘူးလို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မဖွင့်လှစ်နိုင်တာဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုပါတယ်။

"တစ်ပြည်နယ်လုံးမှာ ဆိုလို့ရှိရင် အစိုးရထိန်းချုပ်တဲ့ နယ်မြေမှာ အခုစစ်ကြောင့် ပိတ်ရတဲ့ကျောင်းပေါ့နော် ၃၉ ကျောင်းရှိတယ်၊ ကျမတို့ ခါတိုင်းခန့်မှန်းတွက်ထားတာဆို ကျေုာင်းသားပေါင်း ၂၀၀၀၀ နီးပါးရှိတယ်၊ သူတို့က နယ်မြေရှောင်တိမ်းလာတဲ့ အခါကျတော့ IDP ကမ့်တွေကို ရောက်သွားကြတယ်လေ ရွာသားတွေလည်း မရှိကြတော့တဲ့အခါကျတော့ ကျောင်းကလည်း အလိုလို ပိတ်သွားတဲ့ ပုံစံဖြစ်တယ်"

ပိတ်ထားရတဲ့ စာသင်ကျောင်းတွေဟာ မိုးမောက်၊ ဝိုင်းမော်၊ ချီဖွေ၊ မန်စီ၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဖားကန့် စတဲ့မြို့နယ်တွေမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ဇွန်လ ၉ရက် နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ တစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese


ဇွန်လ (၃၀)ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ

 ဇွန်လ (၃၀)ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇွန်လ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

 ဇွန်လ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇွန်လ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

 ဇွန်လ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇွန်လ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

 ဇွန်လ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇွန်လ ( ၂၆) ရက်နေ့ ထုတ် Myanmar Business Today Vol 2, Issue 25

 ဇွန်လ ( ၂၆) ရက်နေ့ ထုတ်  Myanmar Business Today Vol 2, Issue 25

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇွန်လ ( ၂၃) ရက်နေ့ ထုတ် Myanmar Times (English) Issue 734

 ဇွန်လ ( ၂၃) ရက်နေ့ ထုတ်  Myanmar Times (English) Issue 734

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇွန်လ ( ၃၀) ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ်(၈၈)

  ဇွန်လ ( ၃၀) ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ်(၈၈)

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 




ဇွန်လ ( ၃၀) ရက်နေ့ ထုတ် The Voice Vol 10 No 24

 ဇွန်လ ( ၃၀) ရက်နေ့ ထုတ် The Voice Vol 10 No 24

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇွန်လ ( ၂၆) ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၂

 ဇွန်လ ( ၂၆) ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၂

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇွန်လ ( ၂၆) ရက်နေ့ ထုတ် Pyimyanmar Journal No 927

 ဇွန်လ ( ၂၆) ရက်နေ့ ထုတ် Pyimyanmar Journal No 927

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဇွန်လ ( ၂၅) ရက်နေ့ ထုတ် Good Health No 439

 ဇွန်လ ( ၂၅) ရက်နေ့ ထုတ် Good Health No 439

 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 





ခြေ-ဥ ပြင်ရေး တပ်မတော်သားအမတ်တွေ ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း

 ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ The State of the Tropics 2014 အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ  ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုအတွင်း အပူပိုင်းရပ်ဝန်းဒေသရဲ့ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေ၊ ဇီဝဖြစ်စဉ်တွေရဲ့ အားသာချက်၊ အားနည်းချက်နဲ့ အနာဂတ်မှာ ရင်ဆိုင်ရလာနိုင်တဲ့ အခြေအနေတွေကို သုတေသန ဌာန ၁၂ ခုတို့ ၃ နှစ်တာ လေ့လာခဲံတဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။

The State of the Tropics 2014 အစီရင်ခံစာ ထုတ်တဲ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတာကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်  ဖွင့်လှစ်ပေးခဲံတာပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျွမ်းကျင် ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ The State of the Tropics 2014 အစီရင်ခံစာကို ဖွင့်လှစ်အပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

လာမယ့်နှစ် ရွေးကောက်ပွဲမှာ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်မယ့် နည်းလမ်းဖြစ်လာစေနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးလည်း ရိုက်တာသတင်းဌာနရဲ့မေးမြန်းမှုကို ဖြေကြားတာမှာ လွှတ်တော်တွင်းက စစ်သား လွှတ်တော်အမတ်များအနေနဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ကြဖို့ တိုက်တွန်းခဲ့တာပါ။

ကျမတို့ အနေနဲ့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို မပြင်ဘူးဆိုရင်တော့ အခြေခံ ဥပဒေထဲမှာ ဘယ်ဟာကို ပြောင်းလဲနိုင်တယ်၊ ဒါမှမဟုတ်လည်း ဘယ်ဟာကို မပြောင်းလဲနိုင်ဘူးဆိုတဲ့ အပေါ်မှာ စစ်တပ်က အကြွင်းမဲ့နီးပါး လုပ်ပိုင်ခွင့်အာဏာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ နောက်ပြီး အခြေခံ ဥပဒေထဲက ဘယ်အချက်တွေကို ပြင်မလဲ မပြင်ဘူးလဲ ဆိုတာကို ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်သင့်တယ်လို့ ကျမ ထင်ပါတယ်- လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မပေါင်း ၉၀ လောက်ကို ပြင်ဆင်ဖို့မှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်သား လွှတ်တော်အမတ် ၂၅ % လွှမ်းမိုးတဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ် ၇၅ % ကျော် ထောက်ခံချက်၊ ဒီလို ထောက်ခံချက် ရပြီးရင်လည်း လူထုဆန္ဒ သဘောထား ကောက်ယူပြီး မဲဆန္ဒရှင် ထက်ဝက်ကျော်တို့က သဘောတူမှ ပြင်ဆင်နိုင်မယ်ဆိုတဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။ ဒါကြောင့် အများစုက လက်ခံထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ကြဖို့ဆိုတာမှာ ပုဒ်မ ၄၃၆ က အဓိက အတားအဆီး အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုင်စွဲပြီး ပြင်ဆင်ရေးလှုပ်ရှားမှုကို နိုင်ငံတ၀န်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းဟာဆိုရင် စစ်တပ်က လွှတ်တော် အမတ်နေရာတွေ ရယူနေတာ အပါအဝင် နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်ကို တားဆီးထားတဲ့ ပုဒ်မ ၅၉( စ) စတဲ့ ပုဒ်မတွေကိုပါ ပြင်ဆင်ဖို့ လမ်းဖွင့်လိုက်တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မိသားစုဝင်တဦးဦး နိုင်ငံခြားသားတွေ ဖြစ်ခဲ့ရင် သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုဒ်မ ၅၉ (စ) လုံးကို ပြင်ဆင်ရေး အဓိကမထားဘဲ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ မြဲတမ်း ဦးတည်လုပ်ဆောင်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ အခြေခံဥပေဒ ပြင်ဆင်ရေးအတွက် အဓိက အတားအဆီး ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး ဖြစ်နိုင်ခြေအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။

ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကျမအနေနဲ့ အကောင်းမြင် မျှော်လင့်နေတာမျိုးမဟုတ်ပါဘူး။ ကျမ အမြဲတမ်း စဉ်းစားတာကတော့ ကျမတို့ ကြိုးစားနေတဲ့ ဒီပန်းတိုင်ကို ရောက်ဖို့ အခက်အခဲတွေကို ဘယ်လောက် ရင်ဆိုင်လုပ်ဆောင်နိုင်မလဲဆိုတာနဲ့ ခက်ခဲပင်ပမ်းလှတဲ့ လုပ်ဆောင်စရာတွေကို ကျမတို့ လုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာပဲလို့ - ပြောဆိုသွားပါတယ်။

အခု လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD နဲ့ ၈၈ မျိုးဆက်တို့ ပူးပေါင်းပြီး အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် တနိုင်ငံလုံးကနေ ထောက်ခံလက်မှတ်တွေ စုဆောင်းနေကြပါတယ်။ ရွေးကောက်ပွဲတွေကတော့ နောက်နှစ် ၂၀၁၅ မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်ရှင်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
ပါမောက္ခ Sandra Harding (လယ်) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ State of the Tropics အစီရင်ခံစာ ထုတ်တဲ့အခမ်းအနား တက်ရောက်လာစဉ်။ (ဂျွန် ၂၉၊ ၂၀၁၄)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ