အစိုးရ စစ်သားများလူနေ အိမ်တွေမှာ လိုက်နေ၍ အင်ခါးဂါးကျေးရွာသားများ ကြောက်ရွံ့နေ

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အင်ခါးဂါးကျေးရွာတွင် ဒုဗိုလ်မှူးကြီး အောင်အောင် ဦးဆောင် သော အင်အား (၃၅) ယောက်ရှိ ခ.လ.ရ (၄၆) တပ်ဖွဲ့များနှင့် ဦးရင်ထန်ဆင်ဦးဆောင်သော ရ၀မ်ပြည်သူ့စစ် (၁၀) ယောက်တို့သည် ရွာတွင် ရှိ လူနေအိမ်များတွင်လိုက် နေကြသောကြောင့် ရွာသားများကြောက် ရွံ့နေရ ကြောင်းရွာသား တစ်ဦးထံမှ သိရှိရပါသည်။

အစိုးရတပ်နှင့် ရ၀မ်ပြည်သူ့စစ်တို့သည် ရွာရှိ နေအိမ်များ အောက်တွင် ကတုတ်ကျင်းများတူးထားပြီး နေ့ည နေထိုင်ကြကြောင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် စိုက်ခင်းများမှ အသီးအနှံ၊ ဟင်းသီးဟင်ရွက်များ ကိုလည်း အခကြေးငွေမပေးပဲ လုယက်စားသောက် နေကြကြောင်း၊ အနီး ပတ်ဝန်းကျင် သွားစရာရှိပါကလည်း ရွာသားများကို အကာအကွယ် ဖြင့်အသုံးပြုခေါ်ဆောင်သွားကြကြောင်း၊ ကျေးရွာလူကြီးများမှ ရွာ အပြင်စစ်တပ် သို့ပြောင်းရွေ့ပေးရန် တောင်းပန် ကြသော်လည်း “တစ်ရွာလုံးမီးရှိုပစ်မည်၊ တစ်ရွာလုံး မသာဖြစ်ချင်သလား” ဟု ကျိန်းမောင်းခြောက်လှန့် လိုက်သောကြောင့် ရွာသားများ အလွန်ကြောက်လန့်စွာ နေနေ ကြကြောင်း သိရသည်။

             အင်ခါးဂါးကျေးရွာသည် (၂၀၁၃) ခုနှစ် စက်တင်ဘာလမှစ၍ အစိုးရတပ်နှင့် ရ၀မ်ပြည်သူ့စစ်တို့ စိုးမိုး ထားသော ကျေးရွာဖြစ်သည်။

  ငွါးလေး

BY THIT HTOO LWIN
အင်ခါးဂါးကျေးရွာ ရောက် စစ်သားများအား တွေ့ ရစဉ် 


အစိုးရ စစ်သားများလူနေ အိမ်တွေမှာ လိုက်နေ၍ အင်ခါးဂါးကျေးရွာသားများ ကြောက်ရွံ့နေ   အစိုးရ စစ်သားများလူနေ အိမ်တွေမှာ လိုက်နေ၍ အင်ခါးဂါးကျေးရွာသားများ ကြောက်ရွံ့နေ Reviewed by သစ်ထူးလွင် on 18:45 Rating: 5
Powered by Blogger.