ခင်ပွန်းဖြစ်သူမှ ချွန်ထက်သော အရာဖြင့် ထိုးခဲ့၍ ဇနီးဖြစ်သူ သေဆုံး

ရန်ကုန်၊ ဇွန် ၃၀

၂၉.၆.၂၀၁၄ ရက်နေ့ ၁၈၀၅ အချိန်တွင် သန်လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်း အရှေ့ရပ်ကွက်ရှိ သီလရှင်ကျောင်းရှေ့တွင်အမျိုးသမီး တစ်ဦး ချွန်ထက်သောအရာဖြင့် ထိုးခံရ ကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူမှာ ၎င်းရပ်ကွက်နေ မဥမ္မာဝင်း၊ (၃၈)နှစ်ဖြစ်ပြီး ၎င်းတွင် ယာရင်အုံ ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာလက်ဖျံ ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာနံစောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာခါးနှင့်
ကျောကုန်းတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် သန်လျင် ပြည်သူ့ဆေးရုံသို့ ပို့အပ်ကုသခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူ ခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ မဥမ္မာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကုဋေဟန်(စုံစမ်းဆဲ)တို့သည် အခင်းဖြစ်နေရာ၌ လူမှုရေး ကိစ္စဖြင့် လင်မယားချင်းစကားများရန်ဖြစ်ကြစဉ် ခင်ပွန်းဖြစ်သူမှ ချွန်ထက်သောအရာဖြင့်ထိုးခဲ့၍ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကုဋေဟန်အား သန်လျင်မြို့မရဲစခန်း(ပ)၄၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၂၆ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ မဥမ္မာဝင်းသည် သန်လျင်ဆေးရုံ၌ဆေးကုသမှုခံယူစဉ် ယင်းနေ့ ၂၁၁၅ အချိန်တွင် ရရှိသောဒဏ်ရာ များဖြင့်သေဆုံးသွားခဲ့၍ ပြစ်မှုပုဒ်မ-၃၂၆ မှ ပုဒ်မ-၃၀၂ သို့ပြောင်းလဲရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ ကုဋေဟန်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

ခင်ပွန်းဖြစ်သူမှ ချွန်ထက်သော အရာဖြင့် ထိုးခဲ့၍ ဇနီးဖြစ်သူ သေဆုံး  ခင်ပွန်းဖြစ်သူမှ ချွန်ထက်သော အရာဖြင့် ထိုးခဲ့၍ ဇနီးဖြစ်သူ သေဆုံး Reviewed by သစ်ထူးလွင် on 18:12 Rating: 5
Powered by Blogger.