သမီးရည်းစားချိန်းတွေ့စဉ် ဆိုင်ကယ်လုယူမှုဖြစ်ပွား

 မကွေး၊ ဇွန် ၂၇- ဆိုင်ကယ်ဖြင့်လာပြီး စကားပြောနေသော သမီးရည်းစားနှစ်ဦး ကို အခြားဆိုင်ကယ်ဖြင့် ရောက်လာသည့် လူငယ်သုံးဦးက တွန်းချရိုက်ပုတ်ကာ ဆိုင် ကယ်လုယူထွက်ပြေးပြီး ယင်းတို့ဆိုင်ကယ် ကိုလည်း ကျန်တစ်ဦးကမောင်းပြေးစဉ် လူ ငယ်ဖြစ်သူက လူထုအကူအညီဖြင့် ဆိုင် ကယ်လုသူတစ်ဦးကို လက်ရဖမ်းဆီးခဲ့ ကြောင်း သိရသည်။

မကွေးမြို့ ပွဲကြိုရပ်နေ မ--- ------ အသက်၂၂နှစ်သည် သမီးရည်း စားဖြစ်သူ ကို-------- နှင့်အတူ မကွေး မြို့ ကမ်းနားလမ်းရှိ ဘီလူးနှစ်ကောင်အနီး တွင် ဇွန် ၂၆ရက် ည ၉နာရီ ၁၅ မိနစ်က ဆိုင်ကယ်ရပ်၍ စကားပြောပြီး ပြန်မည် အပြုတွင် မြို့သစ်မြို့နယ်နေ ဥာဏ်ထွန်း အသက် ၂၂နှစ်နှင့် အမည်မသိလူငယ်နှစ်ဦး ရောက်ရှိလာပြီး အမည်မသိလူနှစ်ဦးမှ ထို မိန်းကလေးစီးနင်းလာသည့် ထိုင်းဘီးဟွန် ဒါဒရင်း ၁၂၅အနက်ရောင်ဆိုင်ကယ်ပေါ် မှ မိန်းကလေးကိုတွန်းချခဲ့၍ ကို------- အား ခဲဖြင့်ထုပြီးကန်ကျောက်ကာ အမည် မသိလူငယ်နှစ်ဦးက ထိုမိန်းကလေး၏ ဆိုင် ကယ်အားစီးနင်းသွားကြောင်း သိရသည်။

ထို့နောက် ကျန်တစ်ဦးက ၄င်းတို့ စီးနင်းလာသည့် လီဖန်း၁၂၅ဆိုင်ကယ်ပေါ် တက်၍ ထွက်ပြေးမည်အပြုတွင် ကို--- -----က ဆိုင်ကယ်နောက်မှတက်ခွပြီး ဆိုင် ကယ်အား တွန်းလှဲနပန်းလုံးစဉ် မိန်းကလေး က အော်ဟစ် အကူအညီတောင်းခဲ့သဖြင့် ပတ်ဝန်းကျင်မှလူအများက ဝိုင်းဝန်းဖမ်း ဆီးပေးခဲ့သဖြင့် ဥာဏ်ထွန်းအား ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင် ကယ်အား ခိုးယူထွက်ပြေးသွားသူ အမည် မသိလူနှစ်ဦးနှင့် ဥာဏ်ထွန်းတို့အား အရေး ယူပေးရန် ထိုမိန်းကလေးမှ တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ မကွေးမြို့ မြို့မရဲစခန်း မှ (ပ)၁၂၄/၂ဝ၁၄၊ ပုဒ်မ ၃၉၄ ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

မကွေးမီဒီယာ
Yangon Media Group


သမီးရည်းစားချိန်းတွေ့စဉ် ဆိုင်ကယ်လုယူမှုဖြစ်ပွား  သမီးရည်းစားချိန်းတွေ့စဉ် ဆိုင်ကယ်လုယူမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 18:15 Rating: 5
Powered by Blogger.