လမ်းဘေးတွင် လမ်းလျှောက်နေသူကို ယာဉ်တိုက်မိသဖြင့် သေဆုံး

ရန်ကုန်၊ ဇွန် ၃၀

၂၉.၆.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ) ယာဉ်သည် ကမာကြည်မီးပွိုင့်အလွန် အရောက်၌ လမ်းဘေးတွင်လမ်းလျှောက် နေသော သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်အေးအေးသန်း (၅၁)နှစ်အားတိုက်မိပြီး ယာဉ်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်အေးအေးသန်းမှာ ဝဲနား၊ ဝဲပါး၊ ရင်ဘက်၊ ဝဲ/ယာဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား သုဝဏ္ဏနယ်မြေ ရဲစခန်းယာဉ် (ပ) ၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



လမ်းဘေးတွင် လမ်းလျှောက်နေသူကို ယာဉ်တိုက်မိသဖြင့် သေဆုံး  လမ်းဘေးတွင် လမ်းလျှောက်နေသူကို ယာဉ်တိုက်မိသဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 18:26 Rating: 5
Powered by Blogger.