မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူ နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောထဲမှ ရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာ ဆရာဝန်နှင့်ပင် ဆေးကုသမှု ခံယူခဲ့သည်။

ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဖခင်နှင့် အငယ်ဆုံးသားတို့ သေဆုံးသွားပြီး သမီးဖြစ်သူနှင့် သားနှစ်ဦးတို့မှာ မသက်သာ၍ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သားနှစ်ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့သည်။  သမီးဖြစ်သူမှာ ၀ယ်ဇလီဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု တွီဗျာလ်ကျေးရွာသူတစ်ဦးက ပြောသည်။

By ကိုစိုင်း
7DAY DAILY
http://www.7daydaily.com/story/14520#.U7D7fLHCdnF


မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး  မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး Reviewed by သစ်ထူးလွင် on 12:28 Rating: 5
Powered by Blogger.