အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ

 အမြန်လမ်းကို အသုံးပြု သွားလာနေသော ယာဉ်များကို ကီလို ( ၈၀) ထက်ပို မမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်း က ပြောသည်။ ကီလို(၈၀)နဲ့ ကျွန်တော်တို့ တင်ပြထားတယ်။ ကျွန်တော်တို့ က အမိန့်ထုတ်လို့ မရဘူး။ ဒါကြောင့် တင်ပြထားတယ်။ ကျွန်တော် ထင်တယ်။ ရထား ပို့ဆောင်ရေးက ထွက်လာမလား၊ ဆောက်လုပ်ရေးက ထွက်လာမလား ဆိုတာ။ ပြည်ထဲရေး ကတော့ အဲဒီအမိန့် ထွက်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ယာဉ်စည်းကမ်းနဲ့ လမ်းအန္တရာယ် မကြုံတွေ့အောင်ဘဲ ဆောင်ရွက်ရတယ် ဟု ၎င်းက ဆို သည်။ အမြန် လမ်းမကြီးတွင် နေ့စဉ် ကားအစီး ရေပေါင်း (၁၂၀၀၀)ခန့် ပြေးဆွဲနေပြီး ထိုထဲမှ ခရီးသည် တင်ယာဉ်များ ဖြတ်သန်းမှုမှာ (၇၀၀)နှင့် (၈၀၀) ကျော် ရှိကြောင်းသိ ရသည်။ အမြန်လမ်း ရဲတပ်ဖွဲ့ အနေဖြင့် အမြန် လမ်းမကြီးတွင် ရဲတပ် ဖွဲ့အင်အား နှစ်ယောက်ကို တစ်မိုင်နှုန်းမှ တစ်ယောက်လျှင် တစ်မိုင်နှုန်း ဖြစ်အောင် အင်အားများ ထပ်ဖြည့်ပေးထားပြီး၊ မော်တော်ယာဉ်ကိုလည်း ရှစ်မိုင်လျှင် တစ်စီးနှုန်းမှ ခြောက်မိုင်လျှင် တစ်စီးနှုန်းဖြင့် အင်အား ဟာ ထပ်ဖြည့် ထားကြောင်း ယင်းရဲတပ်ဖွဲ့မှ သိရသည်။

ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်အကျ မခံနိုင်ဘူး။ ကျွန်တော်တို့ ပြည်သူတွေ အားကိုးတဲ့ ပြည်သူတွေ ယုံကြည်တဲ့ ရဲ တပ်ဖွဲ့  ဖြစ်အောင် ဆောင်ရွက်နေပါတယ။် လက်ရှိ ကျွန်တော်တို့ ဖွဲ့စည်းပုံ အရတော့ ရှစ်ရာကျော်ရှိ ပါတယ်။ လက်ရှိ ကျွန်တော်တို့ ပေးထားတာ(၅၅၀) ရှိ ပါတယ်။ မကြာခင်မှာ ထပ်ပြီးတော့ အင်အားတွေ ထပ်ဖြည့်ဖို့ရှိ ပါတယ် ဟု ရဲမှူးကြီး နေ၀င်း က ပြောသည်။ အမြန်လမ်း ရဲတပ်ဖွဲ့နေဖြင့် ခရီးသည် တင်ယာဉ်များ ဘေးအန္တရာယ် မဖြစ်ပေါ်စေရန် အတွက် ဂျီပီအက်စနစ်ဖြင့် အဆိုပါ ခရီးသည် တင်ယာဉ်ကားများကို စောင့်ကြည့် ကွပ်ကဲပေးမည့် စနစ် ကိုလည်း ဆောင်ရွက်နေပြီး၊ လက်ရှိတွင်လည်း အမှတ်(၃) လမ်းဆုံ တိုးဂိတ်၊ နေပြည်တော် စီလမ်းဆုံ တိုးဂိတ်၊ စကားအင်းတိုးဂိတ်တို့တွင် ယာဉ်ကြံ့ခိုင် မှုရှိ မရှိကို ပုံမှန် စစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းများ သောက်စားမူးယစ် မမောင်းနိုင်စေရန် အတွက် အမြန်လမ်း ရဲစခန်း (၁၅) ခုမှ အရက်မူးတိုင်း ကိရိယာအခု သုံးဆယ်ဖြင့် ပြစ်မှုကျူးလွန်သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိခြင်း၊ အမြန်လမ်းရဲတပ်ဖွဲ့ မှ ရဲစခန်းတစ်ခုလျှင် မိုင်(၂၀)နှင့် (၂၅) မိုင်ခန့် တာဝန်ယူရသည့်အတွက် ယာယီရဲစခန်း (၄၂)ခုအား ထပ်မံဖွင့်လှစ်ထားရှိပြီး တံတားများ၏ ကိုးမိုင်ခန့်အကွာတွင် စခန်းများကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။လက်ရှိတွင် အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုသည့် အချိန်မှ ခြောက်နှစ်တာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း သုံးရာကျော်ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

Messenger News Journal


အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ  အမြန်လမ်းတွင် ကီလို (၈၀)ထက် ပိုမမောင်းရဟု ညွှန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေ Reviewed by သစ်ထူးလွင် on 18:33 Rating: 5
Powered by Blogger.