နေပြည်တော် မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ပိန်းဆာအုပ်စု ပန်စုံကျေးရွာ ရှိ ကျေးရွာ သူကြီး ၏ နေအိမ်၌ SSA (၀မ်ဟိုင်း)အဖွဲ့ မှ ကျေးရွာသူကြီး များအား ခေါ်ယူ အစည်း အဝေး ပြုလုပ်လျက်ရှိကြောင်း သတင်းအရ နယ်မြေခံ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပါင်း အဖွဲ့သည် မေ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်က အဆိုပါ နေအိမ်အား ၀င်ရောက် ရှာဖွေ စစ်ဆေးခဲ့သည်။
ထိုသို့ ရှာဖွေရာတွင် ဦးအိုက်လူနှင့် ကောင်းဟော်ကျေးရွာမှ ဦးစံလူတို့နှင့် အတူ ကျေးရွာ လူကြီး ၆ ဦး စုစုပေါင်း ၈ ဦးအား ရှမ်းဘာသာဖြင့် ရေးသား ထားသော SSA (၀မ်ဟိုင်း) အဖွဲ့၏ အစည်းအဝေး ညွှန်ကြားချက် ၁၆ ချက်ပါ စာရွက်၊ စာတမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ ဦးအိုက်လူမှာ SSA (၀မ်ဟိုင်း) အဖွဲ့၏ အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အမှတ် (၁၀) တိုက်နယ်၊ အမှတ်(၁၆) မြို့နယ်၊ အုပ်စု(၂) အဖွဲ့ခွဲ(၁) စာရေးဖြစ်ပြီး ဦးစံလူမှာ အုပ်စု(၂) အဖွဲ့ခွဲ(၁) တာဝန်ခံဖြစ် ကြောင်း သိရှိရပြီး ကျန်ရှိကျေးရွာ လူကြီး ၆ ဦးအား ဆက်လက်စစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။
(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar