မိုင်တိုင် ၆၁/၁-၂ ကြား ယာဉ်နှစ်စီး မီးလောင်မှု နောက်ဆက်တွဲ သတင်း

                                မိုင်တိုင် ၆၁/၁-၂ ကြား ယာဉ်မတော်တဆမှုဖြစ်ပွား

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆၁/၁ နှင့် ၆၁/၂ ကြား (အသွားလမ်း)၌ (၃၁-၅-၂၀၁၆)ရက်နေ့ နံနက် (၀၁း၄၀)အချိန်ခန့်တွင် ယာဉ်မောင်း ဦးဝင်းနိုင် မောင်းနှင်လာသည့် HiJet ယာဉ်သည် စက်ချို့ယွင်း၍ အခြားယာဉ်တစ်စီးနှင့် ဆွဲယူရန် ပြင်ဆင်နေစဉ် ရန်ကုန်ဘက်မှ မောင်းနှင်လာသော ယာဉ်မောင်း Mr.BALASTA JOSEPTBORAL (ဖိလစ်ပိုင်နိုင်ငံသား)ဖြစ်သူ မောင်းနှင်လာသည့် Ford ယာဉ်မှ Hijet ယာဉ်အား တိုက်မိရာ ယာဉ်နှစ်စီးလုံး မီးလောင်ခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


HiJet ယာဉ်ပေါ်တွင် ကျား(၃)ဦး၊ မ(၂)ဦး စုစုပေါင်း (၅)ဦး စီးနင်းလိုက်ပါလာကြပြီး Ford ယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦးတည်းသာ ပါရှိကာ HiJet ယာဉ်မောင်းမှာ မော်တော်ယာဉ်အတွင်း ပိတ်မိကာ မီးလောင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်။


အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်အား အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ လမ်းအပိုင်း တာဝန်ခံ အင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အမြန်ဆုံးရောက်ရှိပြီး မီးငြိမ်းသတ်ခြင်း ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ယခုဖြစ်စဉ်ကဲ့သို့ မဖြစ်ပွားစေရန် မဖြစ်မနေရပ်တန့်ရမည်ဆိုပါက
- လမ်းဘေးလွတ်ကင်းရာတွင် ချရပ်ပါရန်နှင့်
- အချက်ပြမီးများ ဖွင့်ထားကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

>>>> အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ <<<<
Ministry of Construction
https://www.facebook.com/MinistryofConstruction/
မိုင်တိုင် ၆၁/၁-၂ ကြား ယာဉ်နှစ်စီး မီးလောင်မှု နောက်ဆက်တွဲ သတင်း  မိုင်တိုင် ၆၁/၁-၂ ကြား ယာဉ်နှစ်စီး မီးလောင်မှု နောက်ဆက်တွဲ သတင်း Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.