မိုင်တိုင် ၄၉/၀-၁ ကြားမှာ Barrier တုံးများအား ဝင်တိုက်မိပြီး ယာဉ်မီးလောင်

မိုင်တိုင် ၄၉/၀-၁ ကြား ယာဉ်မတော်တဆမှုဖြစ်ပွား

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၄၉/၀ နှင့် ၄၉/၁ ကြား (အပြန်လမ်း)၌ (၃၁-၅-၂၀၁၆)ရက်နေ့ နေ့လည်(၁၃း၃၀)အချိန်တွင် ဦးမြင့်ကိုကျော် မောင်းနှင်လာသည့် ယာဉ်အမှတ် 8C-×××× Toyota Mark II ယာဉ်သည် ရှေ့မှမောင်းနှင်နေသော ယာဉ်အား ကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း Barrier တုံးများအား ဝင်တိုက်မိပြီး ယာဉ်မီးလောင်သည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။



ယာဉ်ပေါ်တွင် ကျား(၁)ဦး မ(၁)ဦး စုစုပေါင်း (၂)ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်အား ဘောနီ အမြန်လမ်းရဲစခန်း မှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction
မိုင်တိုင် ၄၉/၀-၁ ကြားမှာ Barrier တုံးများအား ဝင်တိုက်မိပြီး ယာဉ်မီးလောင်  မိုင်တိုင် ၄၉/၀-၁ ကြားမှာ Barrier တုံးများအား ဝင်တိုက်မိပြီး ယာဉ်မီးလောင် Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.