တောင်ဒဂုံမြို့နယ်၊အမှတ်(၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ များအား ဖမ်းဆီးရမိ


ဘီးလင်း မေ ၃၁

၃၁.၅.၂၀၁၆ရက်နေ့ ၁၂၅၀ အချိန်ခန့်တွင် ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒု မြို့နယ်မှူးဒုရဲမှူးချစ်ကိုကို ဦးစီး (၅+၁၅)ဦး သည် သတင်းအရ သက်သေများ နှင့်အတူ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်အနီးတွင် ရန်ကုန် မှ မြဝတီသို့ ထွက်ခွာလာသော မီနီဘတ်အဖြူရောင်၊ မိဘမေတ္တာ ယာဉ်လိုင်းမှ ယာဉ်အမှတ် 3I/6505ယာဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ တောင်ဒဂုံမြို့နယ်၊အမှတ် (၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအား ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေးတိမ်းရှောင်နေသော တရာခံများ ဖြစ်သည့် အောင်ကိုလင်း(ခ)ဝေလင်း၊ အသက်(၃၂)နှစ်၊(ဘ)ဦးခင်လင်း၊ မပတ မရှိ၊ ဈေးရောင်း၊ အပိုင်း(၂)ရွာသာကြီး၊ တောင်ဒဂုံမြို့နယ်၊ ကျော်နိုင်လင်း(ခ) ကျော်ကျော်၊ အသက် (၂၇)နှစ်၊(ဘ) ဦးခင်လင်း မပတ မရှိ၊ ဈေးရောင်း၊ အပိုင်း(၂)ရွာသာကြီး၊ တောင်ဒဂုံမြို့နယ်နှင့် အတူပါလာသူ ကျော်နိုင်လင်း (ခ) ကျော်ကျော်၏ ဇနီးဖြစ်သူ မသူသူ ၊ အသက် (၁၉)နှစ်၊ (ဘ)ဦးအောင်ဇော်ညွှန့်၊ မှီခို၊ ရပ်ကွက်(၈) မီးခွက်ဈေး၊ လှိုင်သာယာမြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး တောင်ဒဂုံမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံရေး စီစဉ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

Min Min Zaw



တောင်ဒဂုံမြို့နယ်၊အမှတ်(၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ များအား ဖမ်းဆီးရမိ  တောင်ဒဂုံမြို့နယ်၊အမှတ်(၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ များအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.