ကျောက်ခန်းမှ ကျောက်တောင်ပြိုကျ လူ ၂ ဦးသေဆုံး



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်အတက်လမ်း ၁၆ မိုင် တိုးဂိတ်အနီးရှိ တမာတောင် ကျောက်ခန်းတွင် ယနေ့မေ ၃၁ ရက် မနက် ၁၁ နာရီက ကျောက်တောင်ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့သည်။

အဆိုပါကျောက်တောင်ရှိ ကျောက်ခန်းတွင် ကျောက်ရွေးယူနေစဉ် ပေ ၁၀၀ အမြင့်မှ ကျောက်တုံးမှာ အက်ကွဲ၍ ပြိုကျကာ လူအပေါ်ပိမိခြင်းဖြစ်ကြောင်း အုန်းချော ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

သေဆုံးသူများမှာ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးဖြစ်ပြီး ကျောက်ခန်းတွင် အလုပ်လုပ်ကိုင်သောသူများဖြစ်သည်။

သတင်း - ဥက္ကာ
ဓာတ်ပုံ - အောင်သူ
Myanmar Citizen News Agency



ကျောက်ခန်းမှ ကျောက်တောင်ပြိုကျ လူ ၂ ဦးသေဆုံး  ကျောက်ခန်းမှ ကျောက်တောင်ပြိုကျ လူ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.