မြန်အောင်မြို့ အဝေးပြေးဂိတ်အနီး လူတစ်ဉီး လဲကျသေဆုံး


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(3)ရပ်ကွက် ကျိတ္တန်းလမ်းအနောက်ရှိ အဝေးပြေးကားဂိတ်အနီးတွင် ဟင်္သာတ _ မြန်အောင် ရတနာကားဖြင့် လိုက်ပါလာသော ဦးသန်းငွေသည်  ပြင်ပဒဏ်ရာများမရှိဘဲ ရုတ်တရက်သေဆုံး သွားပါသည်။ ၄င်းသေဆုံးသူနှင့် ပတ်သက်၍ နေရပ်လိပ်စာနှင့် ဆွေမျိုးသားချင်းများအား စုံစမ်းမရသေးပါ။

ဖြစ်စဉ် 29/5/2016နေ့ 19:30 အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မြို့မရဲတပ်ဖွဲ့စခန်း စခန်းမှူးဒုရဲမှူးမောင်မောင်ဌေးသည် ရဲစခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် မြန်အောင်မြို့ အမှတ်(1)ရပ်ကွက် ကျိတ္တန်းအနောက်လမ်းရှိ အဝေးပြေးကားဂိတ်အနီးတွင် လူတစ်ဉီးလဲကျသေဆုံးနေကြောင်း သတင်းအရ နယ်ထိန်း ဒုရဲအုပ်သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများဖြစ်သော အမှတ်(3)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးစိန်သန်းဉီး၊ ရာအိမ်မှူး ဉီးသန်းဉီးတို့နှင့်အတူ သွာရောက်စစ်ဆေးကြည့်ရှု့ရာ အမှတ်(3)ရပ်ကွက် ကျိတ္တန်းလမ်းအနောက်ရှိ အဝေးပြေးကားဂိတ်အနီး ကားရေဆေးအရှေ့ လမ်းတစ်ဖက်ခြမ်းလမ်းဘေးတွင် လူတစ်ဉီးမြောက်ဘက်သို့ခေါင်းပြုလျက် ပက်လက်လန်အနေအထားဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရှိပြီး ၎င်းသေဆုံးနေသူ၏ အင်္ကျီအိပ်အတွင်းမှ ဟင်္သာတ-မြန်အောင် ရတနာကားလက်မှတ်အရ ဉီးသန်းငွေ အသက်(45)နှစ် (နေရပ်လိပ်စာအား မသိ)ဖြစ်ကြောင်း၊ ခန္ဒာကိုယ်ပြင်ပအားစစ်ဆေးခဲ့ရာ တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ဆေးစာရေးသား ဆေးရုံပို့အပ်ပြီး မြန်အောင်မြို့ မြို့မရဲတပ်ဖွဲ့စခန်း စခန်းမှူးဒုရဲမှူးမောင်မောင်ဌေးမှသေမှုသေခင်းအမှတ်စဉ် 9/2016ဖြင့် သေဆုံးသူ ဉီးသန်းငွေ(နေရပ်လိပ်စာစုံစမ်းဆဲ)အား ဓမ္မတာအတိုင်း ရုတ်တရက်သေဆုံးခြင်း ဟုတ်/မဟုတ်စုံစမ်းစစ်ဆေးထားကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - ရဲသစ္စာ
မှု့ခင်း ရှုထောင့် မီဒီယာ ဂရု - Myanaung


မြန်အောင်မြို့ အဝေးပြေးဂိတ်အနီး လူတစ်ဉီး လဲကျသေဆုံး  မြန်အောင်မြို့ အဝေးပြေးဂိတ်အနီး လူတစ်ဉီး လဲကျသေဆုံး Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.