ယာဉ်နှစ်စီး မျက်နှာခြင်းဆိုင် ယာဉ်တိုက်မှုဖြစ်


ပဲခူးမြို့နယ် မယင်းကျေးရွာအနီး မေလ၃၁ရက် နေ့လည်၂နာရီခွဲ အချိန်ခန့်က ရန်ကုန် - မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၅၇/၀နှင့်၅၇/၁ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းရရှိပါသည်။

အဆိုပါ သတင်းအရ ဘုရားကြီးနယ်မြေ ရဲစခန်းမှ စခန်းမှူး ချစ်ကြည် ဦးဆောင်သော တာဝန်မှူးဒုရဲအုပ်မြင့်သန်းနှင့် ယာဉ်ထိန်းဒုရဲအုပ်သီဟအောင်တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပဲခူးမြို့ဘက်မှဘုရားကြီးမြို့ဘက်သို့ ယာဉ်မောင်းဒုအရာခံဗိုလ်ကျော်နိုင် ၊ မော်တော်ယာဉ်မှူး အမတ(၂၀၅)ဘောနတ်ကြီးနေသူ မောင်းနှင်လာသည့် (GRAND TIGER) စစ်စိမ်းရောင် မော်တော်ယာဉ်သည် ရှေ့မှယာဉ်တစ်စီးအား ကျော်တက်၍ တစ်ဘက်ယာဉ်ကျောမှ မောင်းနှင်နေစဉ် ဘုရားကြီးမြို့မှ ပဲခူးမြို့ဘက်သို့ယာဉ်မောင်းမျိုးဇော်ထက် အသက်(၃၁)(ဘ) ဦးဇော်ဟိန်းမောင်းနှင်လာသည့် (HIJET) အဖြူရောင်ယာဉ်အမှတ်1K/3900 မော်တော်ယာဉ်နှင့် မျက်နှာခြင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် (HIJET)အဖြူရောင် မော်တော်ယာဉ်မှ မမိုးပွင့်ဖြူ  (၂၄)နှစ် (ဘ)ဦးခင်မောင်သန်း အပါအဝင် ကျောင်းဆရာမ(၃)ဦးနှင့် ခရီးသည် စုစုပေါင်း(၈)ဦး (အတွင်းလူနာ/မစိုးရိမ်ရ) ဒဏ်ရာများရှိပြီး (GRND TIGER)စစ်စိမ်းရောင် မော်တော်ယာဉ်ပေါ်မှ လိုက်ပါလာသော ဗိုလ်ကြီးထွန်းထွန်းဇော်အသက်၃၁နှစ်(ဘ)ဦးဇော်ဝင်း(အမတ-၂၀၅) ဘောနတ်ကြီးကျေးရွာနေသူ အပါအဝင်(၄)ဦး (အတွင်းလူနာမစိုးရိမ်ရ)ဒဏ်ရာများရှိခဲ့သဖြင့် မဆင်အခြင်ယာဉ်မောင်းနှင်သူ ဒုအရာခံဗိုလ်ကျော်နိုင်အား ဥပဒေအရအရေးယူပေးပါရန် ယာဉ်ထိန်းဒုရဲအုပ်သီဟအောင်မှ ဘုရားကြီးနယ်မြေရဲစခန်းသို့တိုင်ကြား သဖြင့် ယာဉ်(ပ)၂၆/၂၀၁၆၊ပြစ်မူ့ပုဒ်မ၃၃၇/၃၃၈အရ အမူ့ဖွင့်လှစ်ပြီး အမူ့အား ဒုရဲအုပ်မြင့်သန်းမှ စုံစမ်းစစ်ဆေးအရေးယူလျှက်ရှိကြောင်း သတင်းရရှိသည်။

သီဟရာဇာ(ဘုရားကြီး)
ယာဉ်နှစ်စီး မျက်နှာခြင်းဆိုင် ယာဉ်တိုက်မှုဖြစ်  ယာဉ်နှစ်စီး မျက်နှာခြင်းဆိုင် ယာဉ်တိုက်မှုဖြစ် Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.