မကွေးတိုင်းဖွံ့ဖြိုးရေးရံပုံငွေ ကျပ်၂ ဒသမ ၈ ဘီလီယံ ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ခြင်း မရှိဟု လျပ်စစ်ဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
မကွေးတိုင်း ဒေသကြီး အတွင်းရှိ ရေနံတပိုင်တနိုင် လက်ယက်တွင်း တူးသူများထံမှ ဒေသဖွံ့ဖြိုးရေး ရံပုံငွေကျပ်ဘီလျံ၂ ဒသမ ၈ ဘီလျံအား ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ခြင်း မရှိဟု စွမ်းအင်နှင့် လျပ်စစ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မေ၃၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိ့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ်၂ ဒသမ ၈ ဘီလျံခန့်ရှိခဲ့ကြောင်း ၄င်းရံပုံငွေများအား အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ခြင်း ရှိမရှိနှင့် မည်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအမျိုးအစားများအား လုပ်ကိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်ပတ်သက်ပြီး စွမ်းအင်နှင့်လျပ်စစ်ဝန်ကြီးက အစိုးရသစ်အား လွှဲပြောင်းပေးခဲ့ခြင်းမရှိဟု မကွေးတိုင်းဒေသကြီး အစိုးရကိုယ်စား လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းအပြင် လျပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် မည်သည့် ဒေသဖွံ့ဖြိုးရေး ရံပုံငွေမှ ကောက်ခံခြင်း မရှိဟု ဖြေကြားခဲ့ပြီး ယင်း၂ ဒသမ ၈ ဘီလျံအား စုံစမ်းစစ်ဆေးသွားမည်ဟု ဖြေကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မကွေးတိုင်းဖွံ့ဖြိုးရေးရံပုံငွေ ကျပ်၂ ဒသမ ၈ ဘီလီယံ ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ခြင်း မရှိဟု လျပ်စစ်ဝန်ကြီးပြော   မကွေးတိုင်းဖွံ့ဖြိုးရေးရံပုံငွေ ကျပ်၂ ဒသမ ၈ ဘီလီယံ ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ခြင်း မရှိဟု လျပ်စစ်ဝန်ကြီးပြော Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.