ပဲခူးတိုင်းရေဘေးဒဏ်ကြောင့် လူတစ်သောင်းကျော် ရွှေ့ပြောင်း

ပဲခူးတိုင်းဒေသကြီးမှာ အခုရက်ပိုင်းအတွင်း မိုးကြီးလွန်းတာကြောင့် မနေ့ကစပြီး တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့နယ် ဒေသခံကျေးရွာတွေက လူပေါင်းတစ်သောင်းကျော်လောက် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရပြီး ရေဘေးကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ တောင်ငူမြို့နယ်အတွင်းက ရေလွှမ်းမိုးမှုတွေနဲ့ ပတ်သက်လို့ ရေဘေးကယ်ဆယ်ရေးကို ဦးဆောင်ကူညီနေတဲ့ တောင်ငူမြို့ နယ် မီးသတ်ဦးစီးမှူး ဦးခင်မော်က RFA ကို အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါက်တာ တူးဂျာရဲ့ ပါတီကို မှတ်ပုံတင်ခွင့် ပြု


ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ ရဲ့ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ဒီနေ့ ပေးလိုက်ပြီ ဖြစ်ပါတယ် ။ ဒေါက်တာ တူးဂျာ ရဲ့ ပါတီကို ၂၀၁၀ ခု နှစ် တုန်းကလည်း ပါတီ ထောင်ခွင့် ငြင်းပယ်ခံခဲ့ရ ပြီးတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲမှာလည်း ပါဝင်ခွင့် ငြင်းပယ် ခံရ တာတွေ ရှိခဲ့ဖူးပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ


 

ပါမာ ဂုဏ်ထူးဆောင် မြို့တော်သူဆု ဒေါ်အောင်ဆန်း စုကြည် လက်ခံ


ဥရောပ နိုင်ငံများ ခရီးစဉ် အတွင်း လောလောဆယ် အီတလီ နိုင်ငံမှာ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပါမာ Parma မြို့တော်ဝန်က အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် မြို့တော်သူ ဆုကို ကြာသပတေးနေ့ မနက်ပိုင်းက လက်ခံ ရယူခဲ့ ပါတယ်။ မြို့တော် ခမ်းမမှာ ဆုလက်ခံ ရယူပြီး တဲ့နောက် Parma တက္ကသိုလ် မှာ ကျောင်းသူ ကျောင်းသားတွေကို လူတစ်သောင်းလောက် ဆံ့တဲ့ ခမ်းမကြီး ထဲမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Bolonga တက္ကသိုလ်က အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ ပြီး မိန့်ခွန်း ပြောစဉ်


ကြံစိုက်ခင်းမြေဧက ၅၀၀၀ ကျွန်းပင်စိုက်ဖို့ သိမ်းယူ


စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဒေသခံတွေရဲ့ မြေတွေသိမ်းပြီး နိုင်ငံတော်ကျွန်းစိုက်ခင်းအဖြစ် ပြောင်းလဲခဲ့တဲ့ကိစ္စအတွက် ရွှေခြင်္သေ့တောင်သူလယ်သမားကွန်ရက်က ကမကထပြုပြီး၊ လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ဆွေးနွေးပွဲကို ရွှေခြင်္သေ့ ဘုန်းကြီးကျောင်းမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ရွှေဘိုခရိုင် မြို့နယ် ၈ ခုက လယ်သမား ၂၀၀ ကျော်တက်ရောက်ပြီး အကြောင်းအရာ ၄ ရပ် ဆွေးနွေးကြတယ်လို့ အဲဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်သူလယ်သမားရေးရာ ကော်မတီဝင် မနုနုအောင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

မန်စီမြို့နယ်မှ လူသုံးရာကျော် ဗန်းမော်မြို့မှာ ယာယီခိုလှုံ


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့ကြတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာက လူပေါင်းသုံးရာကျော်လောက်ဟာ ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အခုအခါ ယာယီခိုလှုံနေကြရပါတယ်။ အဲဒီ ကျေးရွာသူ ကျေးရွာသား ၃၀၀ ကျော်လောက်မှာ အများစုက ကလေးတွေဖြစ်ပြီး သူတို့ကို မနေ့က ကား ၇ စီးနဲ့ သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက RFA ကို အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကုမ္ပဏီ မတည်ငွေ သတ်မှတ်ချက် ပယ်ဖျက်

တနိုင်တပိုင် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရ

မြန်မာ နိုင်ငံသားတွေ ကုမ္ပဏီ ထောင် ရာမှာ အရင် သတ်မှတ်တဲ့ မတည် ငွေရင်းနဲ့ ကနဦး ထည့်ဝင်ရမယ့် ငွေပမာဏ သတ်မှတ်ချက် ကို ရုပ်သိမ်း လိုက်တယ်လို့ အမျိုးသား စီမံကိန်း ဝန်ကြီး ဌာန က ကြေညာပါတယ်။

ဒါကြောင့် မြန်မာ နိုင်ငံသားတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ စတင်ပြီး ကုမ္ပဏီ တည်ထောင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

လုပ်ငန်း ပမာဏ အပေါ် မူတည်ပြီး မိမိ မတည်လိုတဲ့ ငွေနဲ့ တနိုင်တပိုင် နဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိစေမှာ ဖြစ်သလို ကုမ္ပဏီတွေ များလာတဲ့ အတွက်လည်း အစိုးရ အတွက် အခွန်ငွေ တိုးလာ စေမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ပြောပါတယ်။

အခုလို ကန့်သတ်မှု ဖြေလျှော့ ပေးလိုက်တဲ့ အပေါ် စီးပွားရေး လုပ်ငန်းရှင် တွေက ကြိုဆို ခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လစာ တိုးပေးဖို့ အင်ဒိုမှာ သပိတ်မှောက်


အင်ဒိုနီးရှား နိုင်ငံတလွှားမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် လုပ်ခလစာတွေ တိုးပေးဖို့ ရာထောင်ချီတဲ့ အလုပ်သမားတွေ နှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြ ပါတယ်။ နိုင်ငံ စီးပွားရေး တိုးတက်လာတာနဲ့အမျှ အင်ဒိုနီးရှားမှာ သပိတ်မှောက် ဆန္ဒပြမှုတွေ တိုးလာနေပြီး အခုနှစ် ပိုင်းတွေ အတွင်း စီးပွားရေး တက်လာတာနဲ့အမျှ တိုးပွားလာတဲ့ အမြတ်ရရှိမှုအပေါ် အလုပ်သမားတွေကလည်း ခံစားခွင့် တိုးလိုချင်ကြောင်း တောင်းဆိုလာကြတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အနိမ့်ဆုံး လစာကို ၅၀ ရာနှုန်း တိုးပေးဖို့ ဆန္ဒပြကြသူများ

မာစတာ၊ဗီဇာဖြင့် ငွေပေးချေမှု လက်ခံနိုင်မည့်စနစ် ပြည်တွင်းဝက်ဘ်များ စတင်ချိတ်ဆက်နိုင်ပြီ

ပြည်တွင်း ၀က်ဘ်ဆိုက်များတွင် နိုင်ငံတကာသုံး ငွေကြေးကတ်များဖြစ်သည့် မာစတာ၊ဗီဇာတို့ဖြင့် ၀ယ်ယူနိုင်မည့်စနစ်ကို စတင်ချိတ်ဆက်နိုင် ပြီဖြစ်ကြောင်း CBဘဏ်မှ သိရသည်။ အဆိုပါ အွန်လိုင်း ငွေပေးချေမှုစနစ်ကို ပြည်တွင်းမှ အွန်လိုင်းရှော့ပင်း များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် မည့်ဝက်ဘ်ဆိုက်များအနေနှင့် CBဘဏ်ဖြင့် ချိတ်ဆက်ရမည်ဖြစ်ပြီး Payment Gateway အတွက်ကိုမူ မာစတာကတ်၏ Gatewayဖြင့် သာချိတ်ဆက်အသုံးပြု ထားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ


ဖလမ်း အောက်တိုဘာ ၃ဝ

ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။

''ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟု လာလ်းရမ်းပမ်းနာက ပြောသည်။

ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ¤င်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင်သန်းကာ ကြည်လင်နေပြီး အခြားသောအရောင်များဖြင့် ခြယ်သကာ အလှပစ္စည်းနှင့် အိမ်တွင်းအလှဆင်မြန်းရာတွင် အဓိကအသုံး ပြုလျက်ရှိကြသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော်ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။

(ထန်းငါ)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်


သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီးလမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များပြောပြချက်အရ သိရပါသည်။ အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ် ဟဲဆိုင်ရွာနှင့် ဟန်နားကျေးရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံး ယောက်က တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေကြောင်း၊ ဗင်ကားများ၊ ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍ ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊ လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ


မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။ ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သူရိယအလင်းဂျာနယ် စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်


ပြည်တွင်း အပတ်စဉ်ထုတ် သူရိယအလင်းဂျာနယ်ရဲ့ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်ပါတယ်။ သူရိယအလင်း ဂျာနယ်ဟာ မကြာသေးခင်ကမှာ  လူတစုက ညအချိန်မတော် ဂျာနယ်တိုက်ကို ၀င်ရောက်စီးနင်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ဂျာနယ် ဖြစ်ပါတယ်။ ဒီဂျာနယ်မှာ ရေးသားဖော်ပြထားချက်တွေဟာ အချက်အလက် မပါဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ များလို့ အခုလို သဘောထားထုတ်ပြန်ရတာလို့ ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်

နိုဝင်ဘာ ၁၀ ရက်၌ စတင်ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများကို ခွင့်ပြုမည် မဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်မကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တိုဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။ ၎င်းက “သည်တစ်နှစ်တော့ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားတွေ မထည့်ဘူး၊ အရင်နှစ်ကလည်း ကျွန်တော်တို့ လောင်းကစားပွဲ အနေနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ သတ်မှတ်ပေးတာကို သတ်မှတ်ချက် ဘောင်ကျော်ပြီးတော့ လောင်းကစားဝိုင်းတွေက ပုံစံပြောင်းပြီး လုပ် ဆောင်လာတာတွေရှိခဲ့တယ်”ဟုဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အစ္စလမ်မစ်သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်


မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်ရွာအနီး၊ သစ်တောကြိုးဝိုင်း အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အစွန်းရောက် အစ္စလမ်မစ် သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက People Power သို့ ဆက်သွယ်ပြောကြားသည်။ ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်ဆက်နေသော နယ်စပ် နေရာဖြစ်သည့် ယင်းသစ်တော ကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀၀၀ကို Moon as star (ကြယ်နှင့်လ) ကုမ္ပဏီမှ နှစ်၃၀ မြေအဌားစာချုပ်ဖြင့် ဌားရမ်းလုပ်ကိုင်ရန် သစ်တော ဝန်ကြီးဌာနသို့ လျှောက်ထားကြောင်း ၎င်းကရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထိုင်းနိုင်ငံတောင်ပိုင်းမှာ လက်နက်ကိုင် အစောင့်တဦးနှင့် သံဃာတပါး ဆွမ်းခံကြွနေစဉ် တွေ့ ရပုံ။

ဓာတ်အားခ အပြောင်းအလဲကြောင့် မီးခိုးသုံးမှု ပိုများလာနိုင်


လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြင်ဆင်သတ်မှတ်လိုက်သည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားသည်
သင့်တင်မျှတသော်လည်း စီးပွားရေး လုပ်ငန်းများ အနေဖြင့် အနည်းနှင့် အများ ဓာတ်အားခ တိုးမြှင့်
ပေးဆောင်ရန်ရှိသည့် အတွက် တရားမ၀င်နည်းလမ်းဖြင့် ဓာတ်အား ရယူသုံးစွဲခြင်း (သို့) မီးမှောင်ခို
မှု ပိုများလာနိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကျိုးသက်ရောက် မည့် ပြင်ဆင် သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းထားများမှာ အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် Bologna မြို့သူဆုနဲ့ ဒဿနိက ဒေါက်တာဘွဲ့ ကို လက်ခံ


ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။

ဘွဲ့ယူမိန့်ခွန်းပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အတ္တ၊ ပရနဲ့ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားခဲ့ရာမှာ နိုင်ငံရေးမှာ စိတ်ဓါတ်တော်လှန်ရေးလိုအပ်ပါတယ်၊ ပရကို အတ္တရှေ့မှာထားတာ စိတ်ဓါတ်တော်လှန်ရေးပါ၊ ဒါဟာမလွယ်ပါဘူး၊ ခက်ပါတယ်၊ အတ္တအရေးကြီးသလို ၊ ပရလည်း အရေးပါပါတယ်၊ လောကမှာ အတ္တဟာ ပရနဲ့ တွဲဖက်ပြီးတော့သာ ရှင်သန်ရပ်တည်ရတာပါ၊ ဒါကြောင့် နိုင်ငံရေးမှာ ပရကို ရှေ့တန်းတင် ဦးစားပေးပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ Parma မြို့ကို သွားရောက်ပြီး ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပငါးနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မယ်လို့ သိရပါတယ်။

RFA Burmese

မြန်မာ့ဆန်တင်ပို့မှု ၃၈ ရာခိုင်နှုန်း ကျဆင်း


မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ မနှစ်ကနဲ့နှိုင်းစာရင် ၃ဂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကဖြန့်ချိတဲ့ နယူးယောက်မြို့ အခြေစိုက် International Business Times နိုင်ငံတကာ စီးပွားရး အင်တာနက် အွန်လိုင်းသတင်းစာမှာ ဖော်ပြချက် အရဆိုရင် ပြီးခဲ့တဲ့ ဧပြီလကနေ အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုတင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ဟာ ၄ သိန်းခွဲပဲရှိပါတယ်။ အရင်နှစ် အဲဒီကာလအတွင်းမှာတော့ တန်ချိန် ၇ သိန်း ၃ သောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်း ဆန်တန်ချိန် ၁ သန်းခွဲလောက် တင်ပို့မယ်လို့ မြန်မာအစိုးရရဲ့ မူလခန့်မှန်းထားချက်နဲ့ အဆမတန်ကွာခြားနေပြီး အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် အများဆုံးတန်ချိန် ၇ သိန်းခွဲလောက်အထိပဲ တင်ပို့နိုင်မှာဖြစ်လို့ ရည်မှန်းချက်ကို ဘယ်လိုမှ မမှီနိုင်တော့ဖူးလို့ ပညာရှင်တွေကပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မောင်တောမြို့ပေါ်ရပ်ကွက် မီးရှို့ရာတွင် ပါဝင်သူ ၆၈ ဦး ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံရ


၂၀၁၂ခုနှစ် ဇွန်လ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုဖြစ်စဉ်တွင် မောင်တောမြို့ပေါ်ရပ်ကွက် ဗိုလ်မှူးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ အိုင်အင်န်ဂျီအိုဝန်ထမ်း နှစ်ဦး အပါအ၀င် ၆၈ ဦးကို အောက်တိုဘာ ၃၀ ရက်က ဘူးသီးတောင်မြို့နယ်၊ တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး ငါးဦးကို တရားသေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်မှူးရွာမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၇၄ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးသို့ ၂၀၁၂ခုနှစ် ဇူလိုင်၂၀ တွင် စွဲချက်တင် တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုကြီးအမှတ် ၃၃၈/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး


မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို


ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်စထရင်းဟိုတယ်ကို တွေ့ရစဉ်။ အဆိုပါဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်းအစုရှယ်ယာများကို ခွဲဝေမပေးဟု စွပ်စွဲကာ ပြည်လွှတ်တော်အမတ်ကို တရားစွဲထားသည်။ (ဓာတ်ပုံ - ရေခဲ-ပြည်)

ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကောက်မည်


၂၀၁၄  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ   ပြည်ပ ဒုက္ခသည်စခန်းတွေက လူဦးရေစာရင်းတွေလည်း ပါနိုင်အောင် ဒေသခံ အစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သန်းခေါင်စာရင်း ကောက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေ ဘယ်လောက်ရှိနေပြီးလဲဆိုတာ သိရဖို့  ၂၀၁၄ ခုနှစ် မတ်လမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်တွေထဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပြင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့  ဒုက္ခသည်တွေစာရင်းပါ ထည့်သွင်း ကောက်ယူသွားမယ်လို့  လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ရိုက်တာ)


တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန်လာပြီး ရေကြီးမှုကြောင့် တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ် စုပေါင်း ၃၀ ကျော်မှ လူရှစ်ထောင် နီးပါးမှာ ရေဘေးဒုက္ခသည် စခန်းပေါင်း ၂၁ ခုတွင် ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ တောင်ငူမြို့ပေါ်တွင် ရေဘေး ဒုက္ခသည်စခန်း ၁၃ ခု၊ ကျေးရွာပေါင်း ၁၁ ရွာ၊ ရပ်ကွက်ငါးခုမှ အိမ်ထောင်စု ၁၂၁၆ စု၊ လူဦးရေ စုစုပေါင်း ၅၁၁၂ ဦးကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ အထက်တန်း ကျောင်းအချို့တွင် နေရာချထားပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရေဘေးသင့် အိမ်ထောင်စုများကို လိုအပ်သော ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ်အရောင်းဆိုင် ၁၀ ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။ ယင်းဆေးလိပ် အရောင်းဆိုင်များသည် စာသင်ကျောင်း၏ ကိုက်တစ်ရာ ပတ်လည်တွင် တည်ရှိသော ဆိုင်များဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် သတိပေး ပိတ်သိမ်းမှုပြီးပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအတိုင်း အရေးယူသည်အထိ ဆောင်ရွက်ရန် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား

ဆားစ်ရောဂါဟာ တရုတ်နိုင်ငံ မြင်းခွာပုံသဏ္ဍန်ရှိတဲ့ လင်းနို့ ကနေ ဖြစ်ပွားလာတယ်လို့ သပ္ပံပညာရှင်တွေ အတည်ပြု (Credit: ABC licensed) 

၂၀၀၂ ​ခုနှစ်နဲ့ ​၂၀၀၃ ​ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ​SARS ​ရောဂါဟာ ​တရုတ်နိုင်ငံက ​လင်းနို့တွေကနေ ​ပြန့်ပွားလာတာဖြစ်တယ်လို့ ​သြစတြေးလျသိပ္ပံပညာရှင်တွေက ​တွေ့ရှိခဲ့ပါတယ်။ ​ဆားစ် ​ရောဂါကြောင့် ​လူပေါင်း ​၇၇၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

ဆားစ်ရောဂါဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာတာ ​ဖြစ်နိုင်တယ်လို့ ​သိပ္ပံပညာရှင် ​အသိုင်းအဝိုင်းက ​အရင်ကတည်းက ​သံသယရှိခဲ့ပေမယ့် ​ခုအခါမှသာ ​အတည်ပြုနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီရောဂါဟာ ​မြင်းခွာပုံသဏ္ဍာန်ရှိတဲ့ ​လင်းနို့ ​horseshoe ​bat ​ကနေ ​ပြန့်ပွားလာတာ ​ဖြစ်ပြီး ​လင်းနို့တွေရဲ့ ​မစင်ကနေ ​အဓိက ​ပြန့်ပွားလာတာ ​ဖြစ်ပါတယ်။

ဒီလို ​တွေ့ရှိချက်တွေကြောင့် ​ကမ္ဘာပေါ်မှာ ​ဆားစ်ရောဂါ ​ထပ်မဖြစ်ပွားတော့အောင် ​ကြိုတင်ကာကွယ် ​ထိန်းချုပ်မှုတွေ ​ပြုလုပ်နိုင်မှာဖြစ်ကြောင်း ​သိရပါတယ်။ ​ဆားစ်ရောဂါဟာ ​အသက်ရှုရခက်ခဲစေတဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။

By Cameron Best and Margaret Paul

ABC Radio Australia

ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးတစ်ဦးကို နယ်ကျော်လက်နက် သယ်ဆောင်မှုဖြင့် စစ်ဆေးနေ


ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို လက်နက်နယ်ကျော်သယ် ဆောင်လာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု လှိုင်သာယာရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဝင်းက အောက်တို ဘာ ၃၀ တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။ “ကျွန်တော်တို့ လက်နက်ကိုင်ဆောင်သူကိုချုပ်ရက်ရမန်ယူပြီး စစ်ဆေးနေပါတယ်။ သူ့သေနတ်က တရားဝင်ခွင့်ပြုချက်နဲ့ သယ်ဆောင်လာခြင်း ဟုတ်၊မဟုတ်နဲ့ သူ့ဘက်က ဘာအထောက်အထားပြလာမလဲ ဆိုတာကို စစ်ဆေးနေတာပါ” ဟုလည်း အမှုစစ်ဖြစ်သည့် ၎င်းကရှင်းပြခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပေးဖို့ ဥရောပသမဂ္ဂက အစိုးရနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးဖြစ်လာတဲ့ မစ္စတာ ရိုလန်ကိုဘီယာ က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာလည်း EU ဥရောပသမဂ္ဂက ဆက်လက် အကူအညီပေးသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီး မိတ်ဆက်ပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ


ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။ NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အခြားပါတီများကို ရန်ဖက်လိုသဘောမထားဖို့ ဦးရွှေမန်းပြော


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ သာယာဝတီ၊ ကျွန်းလှနဲ့ ပင်းတယမြို့နယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၆၀၀ နီးပါးလောက် ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာစဉ် သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် ဘိုလော့နာ ရောက်ရှိ

ဂုဏ်ထူးဆောင် ဒဿနိက ပါရဂူဘွဲ့ လက်ခံရယူစဉ်။

အီတလီ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ ကော့မှူးမြို့နယ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘိုလော့နာ မြို့မှာ မြို့တော်ဝန်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဘိုလော့နာ မြို့တော်သူ ဆုကို လက်ခံရယူ ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘိုလော့နာမြို့က Bologna Alma Mater University တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိကဗေဒ ပါရဂူဆုကို လက်ခံရယူခဲ့ပြီး အခမ်းအနားကို တက်ရောက်လာကြတဲ့ ပရိတ်သတ်ကို မိန့်ခွန်း ပြောကြားခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ ပါမား မြို့မှာ အီတလီရောက် မြန်မာ လူမျိုးတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လူနာများ သယ်ထုတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ KIA အား တောင်းဆို


လူနာများ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ်အား အကြောင်းကြား ခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ဆိုပါသည်။ “ KIA တပ်ရင်း (၁၂) ဂွင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ထိခိုက်မှု များပုံ ရတယ်ဗျ။ အဲဒီတော့ သယ်ထုတ်ဖို့ လမ်းကြောင်း ရှင်ပေးဖို့ KIA ဌာနချုပ် ကို တောင်းဆို လာတာ ရှိပါတယ်။ ဘယ်လို အကြောင်းပြန် လိုက်တာတော့ ကျနော်မသိ လိုက်ဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ် နေတုန်း ပါဘဲ” ဟု စစ်ရုံးချုပ် အရာရှိက ဆိုသွားခဲ့ ပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပစ်မှတ်ကို ချိန်ရွယ်ခြင်း - ဓါတ်ပုံ - ( KIA )


အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၄


အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ


အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ


အောက်တိုဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ(၂)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 8


နိုဝင်ဘာလ(၂)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 8

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ(၁)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 164


နိုဝင်ဘာလ(၁)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 164

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ(၃၁)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၄၂)


အောက်တိုဘာလ(၃၁)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၄၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အိန္ဒိယယာဉ်တိုက်မှု လူ ၄၀ မက သေဆုံး


အိန္ဒိယနိုင်ငံ တောင်ပိုင်းက အဝေးပြေး ကားလမ်းပေါ်မှာ ဘတ်စ်ကားတစင်း မတော်တဆမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ရာက လူ ၄၀ ထက်မနည်း သေဆုံးသွားပါတယ်။ Andhra Pradesh ပြည်နယ်မှာ ပုဂ္ဂလိကပိုင် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတစင်းက တခြား ကားတစင်းကို ကျော်တက်ဖို့ ကြိုးပမ်းရာက လမ်းဘေး အကာအရံတွေကို ၀င်တိုက်မိခဲ့တဲ့ မတော်တဆမှုမှာ သေဆုံးသူတွေဟာ မီးလောင်ခံရတာကြောင့် ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်


အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။ သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမေရိကန် ထောက်လှမ်းရေးရဲ့ လှိျု့ဝှက် ထောက်လှမ်းမှု တွေကို ကန့်ကွက် ဆန္ဒပြသူ တစ်ယောက်

အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင့်


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေး တစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။ ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေး တစ်ဦးဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆင်းရဲသားတို့ ချမ်းသာရေး


ဆင်းရဲမွဲတေမှု ပပျောက်ရေးကို သမ္မတဦးသိန်းစိန် လွန်ခဲ့သော ၂ နှစ်ကျော်က စပြောစဉ်က အတော်အံ့သြ သွားမိသည်။ နိုင်ငံဆင်းရဲကြောင်း အကြီးအကဲတစ်ဦး နှုတ်မှ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံး လူသိရှင်ကြား ကြားလိုက်ရခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ပြောင်းပြီဟုလည်း သဘောပေါက်လိုက် မိသည်။ လူဦးရေ၏ ၂၅ ဒသမ ၆ ရာခိုင်နှုန်းသည် ဆင်းရဲသဖြင့် လူလေးယောက်လျှင် တစ်ယောက်နှုန်း ဆင်းရဲခြင်း ဖြစ်သည်။ ၂၀၁၅ အရောက်တွင် ဆင်းရဲမွဲတေမှုကို ၁၆ ရာခိုင်နှုန်း (လူခြောက်ဦးလျှင် တစ်ဦးနှုန်း) အထိ လျော့သွားအောင် ဆောင်ရွက်မည်ဟု ရည်မှန်းချက် ချထားသည်။ ထိုသို့သာ ဆောင်ရွက်နိုင်မည် ဆိုလျှင် ကမ္ဘာပေါ်တွင် အမြန်ဆုံး ဆင်းရဲမှုပပျောက်ရေး စီမံချက်ကြီး တစ်ရပ် ဖြစ်လာလိမ့်မည်။ ထိုရည်မှန်းချက်မှာမူ မြင့်လွန်းသဖြင့် ပြောင်းလဲစ ခါးမသန်သည့် မြန်မာနိုင်ငံ ဆင်းရဲခြင်းတောင်ကို ထိုအဆင့်ထိ ဖြိုမှ ဖြိုနိုင်ပါမည်လားဟု စိတ်က ထင့်သွားမိသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ


ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်

ဖွဲ့စည်းပုံကို ပြည်သူတွေ ပိုနားလည်အောင် လိုက်ရှင်းပြတာပါ – ဦးဌေးဦး


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုပြီးရှင်းလင်းအောင် လိုက်လံရှင်းပြနေတာဖြစ်ပြီး ပြည်သူ့ဆန္ဒယူနေတာ မဟုတ်ဘူးလို့ ပါတီဒုတိယဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။ ပြည်နယ်တိုင်း မြို့နယ်တချို့မှာ ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေလေ့လာ သုံးသပ်ဆွေးနွေးပွဲတွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးဌေးဦးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ဘယ်နှခုလာက်ကို ပါတီအနေနဲ့ ပြင်ဖို့ ရှိသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဦးဌေးဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အလုပ်မရှိသူများ၊ ကျွမ်းကျင်လုပ်သားရှား


ကမ္ဘာပေါ်တွင် နောက်ဆုံးပေါ်ထွက်လာသော ဈေးကွက်သစ်ဟု တင်စားခံနေရသည့် မြန်မာ့ဈေးကွက်သို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးမှုမှာ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် အခြေခံလုပ်သား လိုအပ်ချက်ဖြည့်ဆည်းရန် လွယ်ကူသော်လည်း ထိပ်ပိုင်းစီမံခန့်ခွဲမှုအရာရှိ ကျွမ်းကျင်ဝန်ထမ်းများကိုမူ လိုအပ်သလောက်ရရှိရန် ခက်ခဲနေသဖြင့် ပြည်ပရောက် မြန်မာများ၊ နိုင်ငံခြားသားများကိုပင် ရှာဖွေနေရပြီဖြစ်ကြောင်း ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်နေသည့် ကုမ္ပဏီများကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အနုပညာရှင်များ ပရိသတ်ကို အကြွေးမဆပ်ရသေးပါ

ယနေ့ အချို့သော မြန်မာဗီဒီယိုဇာတ်ကားများတွင် ခါးအောက်ပိုင်းပြက်လုံးများ၊ လိင်အသားပေးပြကွက်များ၊ အယူလွဲမှားစေသည့် တင်ပြမှုများကို ရိုက်ကူးထားခြင်းကြောင့် မြန်မာဇာတ်ကားကို မိမိ၏ကလေးများအား ကြည့်ရှုခွင့်ပြုရန်ပင် စိုးရိမ်နေသည့် မိဘများရှိနေကြသည်။ ထို့ပြင် အင်မတန်မှ ထိရှလွယ်သော လူမျိုးရေး၊ ဘာသာရေး ထိခိုက်သည့် အသုံးအနှုန်းများကိုပင် ဟာသလုပ်ထည့်ရိုက်လိုက်သောကြောင့် လူသိရှင်ကြား ပြန်လည်ဖြေရှင်းတောင်းပန်ရမှုများက ရေနစ်နေသည့် မြန်မာ့ရုပ်ရှင်ကို ၀ါးကူထိုးနှစ်သလို ဖြစ်နေပြန်ပါသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့


အောက်တိုဘာလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းတံတားအနောက်ဘက်တွင် အစိုးရကသိမ်းယူထားသော လယ်ယာမြေများတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် မြေများ ဖြည့်နေရာ လယ်သမားများက တားဆီးသောကြောင့် ရဲများက လယ်သမားများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လယ်မြေများထဲတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီက တာဝန်ယူထားပြီး ၎င်း၏မြေကားများက စပါးစိုက်ထားသော လယ်ကွင်းထဲတွင် မြေများဖြည့်နေသောကြောင့် လယ်သမားများက တားဆီးရာ မြေကားမောင်းသူများက တာဝန်ရှိသူများကို ခေါ်မည်ဟု ပြောဆိုပြီး မိနစ် ၃၀ ခန့်ကြာသောအခါ တိုင်းအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ရဲများရောက်ရှိလာပြီး ရိုင်းစိုင်း ကြိမ်းမောင်းသော စကားများပြောဆိုပြီး လယ်သမားများကို ကျူးကျော်သူများဟု ပြောဆိုကာ သေနတ်များဖြင့် ချိန်ရွယ်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုထိသြဇာရှိတုန်းလား


လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစား ယူသွားခဲ့သူ တစ်ဦး၏ မကြာမီက ပြောစကား တစ်ခွန်းကြောင့် နိုင်ငံရေး စိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။ သာမန်အငြိမ်းစား တစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေးပြန်ဆပ်ရမည်


လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အနောက်ဂျာမနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။ မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို ပြန်ဆပ်ဖို့ သတ္တုတွင်း ၀န်ကြီးဌာနက တောင်းခံလာတဲ့အပေါ် မေးမြန်းရာကနေ ဒီကိစ္စ သိရှိတာလို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီ အတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စစ်တောင်းမြစ်ရေလျှံပြီး ကျေးရွာများ ရေဘေးကြုံနေရ


မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဆည်ရေ လွှတ်မှုတွေကြောင့်   ပဲခူးတိုင်း အတွင်း စစ်တောင်းမြစ်တ လျှောက်က ကျေးရွာတွေမှာ မြစ်ရေလျှံပြီး စပါးခင်းတွေ ပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆွာ၊ သောက်ရေခပ်၊ ခပေါင်းနဲ့ ပေါင်းလောင်ဆည်တွေ ရေလွှတ်တဲ့အတွက် ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်၊ ဆွာနဲ့ သာဂရမြို့နယ်အတွင်းက စစ်တောင်းမြစ် တလျှောက်က  ကျေးရွာ ၁၀ ရွာကျော် ရေနစ်မြှုပ်မှုခံနေရတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အောင်မြင်မှု ဆိုတာ စိတ်ဓာတ် ရေးရာ ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အောင်မြင်မှုဆိုတာ အဓိကအားဖြင့် စိတ်ဓါတ် ရေးရာကြောင့်သာ ပေါ်ပေါက်ရ ရှိနိုင်တာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က အင်္ဂါနေ့မှာ အီတလီနိုင်ငံ အနောက်မြောက်ပိုင်း Turin မြို့က ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံခဲ့စဉ်အတွင်း ထည့်သွင်း ပြောဆိုခဲ့တာပါ။ နေ့လယ်စာ စားခဲ့တုန်းက တစ်ယောက်က ကျမရဲ့ မြန်မာပြည်အရေး ရုန်းကန်ရင်ဆိုင်တဲ့ နေရာမှာ အောင်မြင်မှုနဲ့ အားထုတ်မှုကြားက အဆက်အစပ်အကြောင်း မေးပါတယ်၊ တကယ်တော့ အောင်မြင်တယ်ဆိုတာ ရုပ်ပိုင်းပြည့်စုံမှုထက် စိတ်ပိုင်းပြည့်စုံမှုကြောင့် ဖြစ်ရတာပါ၊ ကျမတို့ရဲ့ ဒီမိုကရေစီရုန်းကန်မှု ခရီးတလျှောက်မှာ ခါးသည်းမှု၊ ဒေါသ၊ အမုန်းတရားတွေကို ကျော်လွန်နိုင်ခဲ့ကြပါတယ်၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ