တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန်လာပြီး ရေကြီးမှုကြောင့် တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ် စုပေါင်း ၃၀ ကျော်မှ လူရှစ်ထောင် နီးပါးမှာ ရေဘေးဒုက္ခသည် စခန်းပေါင်း ၂၁ ခုတွင် ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ တောင်ငူမြို့ပေါ်တွင် ရေဘေး ဒုက္ခသည်စခန်း ၁၃ ခု၊ ကျေးရွာပေါင်း ၁၁ ရွာ၊ ရပ်ကွက်ငါးခုမှ အိမ်ထောင်စု ၁၂၁၆ စု၊ လူဦးရေ စုစုပေါင်း ၅၁၁၂ ဦးကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ အထက်တန်း ကျောင်းအချို့တွင် နေရာချထားပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရေဘေးသင့် အိမ်ထောင်စုများကို လိုအပ်သော ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ Reviewed by သစ်ထူးလွင် on 14:12 Rating: 5
Powered by Blogger.