အောင်မြင်မှု ဆိုတာ စိတ်ဓာတ် ရေးရာ ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အောင်မြင်မှုဆိုတာ အဓိကအားဖြင့် စိတ်ဓါတ် ရေးရာကြောင့်သာ ပေါ်ပေါက်ရ ရှိနိုင်တာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က အင်္ဂါနေ့မှာ အီတလီနိုင်ငံ အနောက်မြောက်ပိုင်း Turin မြို့က ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံခဲ့စဉ်အတွင်း ထည့်သွင်း ပြောဆိုခဲ့တာပါ။ နေ့လယ်စာ စားခဲ့တုန်းက တစ်ယောက်က ကျမရဲ့ မြန်မာပြည်အရေး ရုန်းကန်ရင်ဆိုင်တဲ့ နေရာမှာ အောင်မြင်မှုနဲ့ အားထုတ်မှုကြားက အဆက်အစပ်အကြောင်း မေးပါတယ်၊ တကယ်တော့ အောင်မြင်တယ်ဆိုတာ ရုပ်ပိုင်းပြည့်စုံမှုထက် စိတ်ပိုင်းပြည့်စုံမှုကြောင့် ဖြစ်ရတာပါ၊ ကျမတို့ရဲ့ ဒီမိုကရေစီရုန်းကန်မှု ခရီးတလျှောက်မှာ ခါးသည်းမှု၊ ဒေါသ၊ အမုန်းတရားတွေကို ကျော်လွန်နိုင်ခဲ့ကြပါတယ်၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အောင်မြင်မှု ဆိုတာ စိတ်ဓာတ် ရေးရာ ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော အောင်မြင်မှု ဆိုတာ စိတ်ဓာတ် ရေးရာ ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by သစ်ထူးလွင် on 19:10 Rating: 5
Powered by Blogger.