ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့


အောက်တိုဘာလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းတံတားအနောက်ဘက်တွင် အစိုးရကသိမ်းယူထားသော လယ်ယာမြေများတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် မြေများ ဖြည့်နေရာ လယ်သမားများက တားဆီးသောကြောင့် ရဲများက လယ်သမားများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လယ်မြေများထဲတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီက တာဝန်ယူထားပြီး ၎င်း၏မြေကားများက စပါးစိုက်ထားသော လယ်ကွင်းထဲတွင် မြေများဖြည့်နေသောကြောင့် လယ်သမားများက တားဆီးရာ မြေကားမောင်းသူများက တာဝန်ရှိသူများကို ခေါ်မည်ဟု ပြောဆိုပြီး မိနစ် ၃၀ ခန့်ကြာသောအခါ တိုင်းအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ရဲများရောက်ရှိလာပြီး ရိုင်းစိုင်း ကြိမ်းမောင်းသော စကားများပြောဆိုပြီး လယ်သမားများကို ကျူးကျော်သူများဟု ပြောဆိုကာ သေနတ်များဖြင့် ချိန်ရွယ်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့ ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့ Reviewed by သစ်ထူးလွင် on 20:12 Rating: 5
Powered by Blogger.