မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်


သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီးလမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များပြောပြချက်အရ သိရပါသည်။ အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ် ဟဲဆိုင်ရွာနှင့် ဟန်နားကျေးရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံး ယောက်က တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေကြောင်း၊ ဗင်ကားများ၊ ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍ ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊ လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ် မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ် Reviewed by သစ်ထူးလွင် on 16:23 Rating: 5
Powered by Blogger.