တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်

နိုဝင်ဘာ ၁၀ ရက်၌ စတင်ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများကို ခွင့်ပြုမည် မဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်မကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တိုဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။ ၎င်းက “သည်တစ်နှစ်တော့ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားတွေ မထည့်ဘူး၊ အရင်နှစ်ကလည်း ကျွန်တော်တို့ လောင်းကစားပွဲ အနေနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ သတ်မှတ်ပေးတာကို သတ်မှတ်ချက် ဘောင်ကျော်ပြီးတော့ လောင်းကစားဝိုင်းတွေက ပုံစံပြောင်းပြီး လုပ် ဆောင်လာတာတွေရှိခဲ့တယ်”ဟုဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ် တောင်ကြီး တန်ဆောင်တိုင်တွင် လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံ လောင်းကစားမှုများ ခွင့်ပြုမည်မဟုတ် Reviewed by သစ်ထူးလွင် on 16:02 Rating: 5
Powered by Blogger.