နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး


မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး Reviewed by သစ်ထူးလွင် on 14:49 Rating: 5
Powered by Blogger.