အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ


ဖလမ်း အောက်တိုဘာ ၃ဝ

ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။

''ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟု လာလ်းရမ်းပမ်းနာက ပြောသည်။

ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ¤င်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင်သန်းကာ ကြည်လင်နေပြီး အခြားသောအရောင်များဖြင့် ခြယ်သကာ အလှပစ္စည်းနှင့် အိမ်တွင်းအလှဆင်မြန်းရာတွင် အဓိကအသုံး ပြုလျက်ရှိကြသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော်ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။

(ထန်းငါ)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ Reviewed by သစ်ထူးလွင် on 18:05 Rating: 5
Powered by Blogger.