ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းခရီးစဉ် ( သတင်း-ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည် ကို တောင်ငူမြို့ Royal Kaytumadi Hotel မှာတွေ့ ရစဉ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ငူမြို့ Royal Kaytumadi Hotel သို့ ၆-၃-၂၀၁၂ နေ့လည် ၁း၀၀ နာရီတွင် ရောက်ရှိလာပြီး နေ့လည်စာ စားသုံးကာ ၁း၄၅ တွင်ပြန်လည်ထွက်ခွာသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ လူထုဟောပြောပွဲမှာတွေ့ ရစဉ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် တောင်ငူမြို့
လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်းသို့ ၆-၃-၂၀၁၂  နေ့လည် ၂း၁၅ တွင်
ရာက်ရှိကာ ပရိသတ်ကို  မိနစ်သုံးဆယ်ခန့်စကားပြောပြီး
ပြန်လည်ထွက်ခွာသွားသည်။
ဒေါ်အောင်ဆန်းစုကြည် အုတ်တွင်းမြို့ လူထုဟောပြောပွဲ
 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပဲခူးမြို့နောက်ဆုံးခရီးစဉ်ဖြစ်
သော အုတ်တွင်းမြို့လူထုဟောပြောပွဲကို ၆-၃-၂၀၁၂ ညနေ ၅း၀၀ နာရီခန့်တွင်
 ဟောပြောခဲ့ပြီး ၅း၅၀ တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားသည်။
ဟောပြောပွဲများသို့သောင်းချီနေသော ပြည်သူများတတ်ရောက်ကျသည်။
သတင်း-ဓါတ်ပုံ D-Wave
ပြည်သူတွေဆင်းရဲနေတာဟာအုပ်ချုပ်မှုမမှန်တာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော (ရုပ်/သံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မက်လ ၆ ရက်နေ့က ပဲခူးတိုင်းထဲက တောင်ငူ ၊ ထန်းတစ်ပင်နဲ့ ၊ အုတ်တွင်းမြို့နယ်တွေကို သွားရောက်ပြီး လူထုနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံဖြစ်ပေမယ့် ဘာကြောင့်ဆင်းရဲနေရတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကပြောသွားခဲ့သလို သဘာဝအရင်းအမြစ်တွေက ရရှိတဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေနဲ့ပတ်သက်လို့ ပြည်သူတွေ သိသင့်တယ်လို့ သူကပြောဆိုသွားခဲ့ပါတယ်။
ဘားမားဗီဂျေ 
ယခုအပါတ်ထုတ်ဂျာနယ်များ ELeven,Popular,Myanmar Post
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၉၆
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးစဉ်သတင်းများ စိစစ်ရေး တင်းကျပ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်ပြီး ဖော်ပြသည့်သတင်းများကို စာပေစိစစ်ရေးက တင်းကျပ်ကြောင်း ပြည်တွင်း သတင်းဂျာနယ်များက ပြောသည်။
မန္တလေး တံတားဦး လေဆိပ်မှ အောင်ပင်လယ်သို့အသွားတွင် ဒေသခံလူထုကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်းခရီးစဉ်တွင် အားကစားကွင်းအတွင်းဟောပြောရန် လျှောက်ထားသော် လည်း မရရှိသဖြင့် မြစ်ကမ်းစပ်သဲသောင်ပြင်ပေါ်တွင် ဟောပြောခဲ့ရမှုကို သစ္စာဂျာနယ်ကရေးသားခဲ့ရာ စာပေစိစစ်ရေးက အပြည့်စုံ ဖော်ပြခွင့် မပြုဟု ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးသောင်းထိုက် က ပြောပြသည်။
“ဒေါ်စု ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ကွင်းမရလို့ သဲကွင်းမှာကျင်းပရတယ်ဆိုတာကို ကွင်းမရဘူးဆိုတဲ့ စကားလုံးတွေကို ဖြုတ်တာ” ဟု ဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် ဖေဖော်ဝါရီလလယ်ပိုင်း ဖျာပုံခရီးစဉ်မှစ၍ လှည်းကူး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တံတားဦး၊ နေပြည်တော် စသည့် ဒေသများ၌ဟောပြောရန် ကွင်းပြင်လွတ်များ ငှား ရမ်းရာတွင် အာဏာပိုင်များက ဟန့်တားမှုပြုလုပ်ခဲ့သည့် သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြတ်တောက်မှုများပြုလုပ်ခဲ့ သည် ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာများက ပြောဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတပုဒ် ဆိုင်းငံ့ခြင်းခံခဲ့ရ သကဲ့ သို့ ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် အင်တာဗျူး ကဏ္ဍကိုလည်း စိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
အလားတူ နေပြည်တော်ရှိ မြို့နယ် လေးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လေးဦး၏ မဲဆန္ဒနယ်မြေများ၌ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခြင်းခံရမှုများအပါအဝင် အာဏာပိုင်များက ခြိမ်းခြောက်မှုများကို ရေးသားခဲ့သော်လည်း စာပေစိစစ်ရေးက အပုဒ်လိုက် ဖြတ်တောက်ခြင်းများရှိသည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သတင်းများ ဖော်ပြခွင့် ပိတ်ပင်ခံရမှုအများဆုံး ဂျာနယ်များထဲတွင် မြန်မာပိုစ့်ဂျာနယ်နှင့် ပြည်မြန်မာ ဂျာနယ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဂျာနယ်များက တင်ပြသည့် တခြားသော သတင်းနှင့် ဆောင်းပါးများကို အပုဒ်လိုက်ဖြတ်တောက်ခြင်းများပြုလုပ်သကဲ့သို့ ခေါင်းစဉ်နှင့် စာပိုဒ် တချို့ကိုလည်း စိစစ်ရေးက ၎င်းတို့အာဘော်အတိုင်းပြုပြင်ရေးသားကြောင်း အယ်ဒီတာများက ပြောဆိုသည်။
“ကျနော်တို့က ဆင်းရဲမွဲတေလို့သုံးထားတာကို သူတို့က ဆင်းရဲနွမ်းပါး လို့သုံးတယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ သုံး ထားတာကို သူတို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူလို့ ပြောင်းလိုက်တယ်။ တချို့ ကျနော်တို့ဆီက ဆောင်းပါးတွေ ဆိုရင် အပိုဒ်လိုက်ကို သူတို့အာဘော်အတိုင်းပြင်ရေးတာတွေ လုပ်တယ်”ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ တဦးက ဧရာဝတီ သို့ပြောသည်။
Open News Journal အယ်ဒီတာချုပ် ဦးသီဟစောကလည်း“ပယ်တာဖြုတ်တာတွေ ရှိတာပေါ့။ အပတ်စဉ်တိုင်းကို ရှိတယ်။ ခေါင်း စဉ်တွေ၊ စာပိုဒ်တွေ လိုက်ပြင်တာက အစလုပ်တယ်”ဟု ပြောသည်။
စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ထောက်ပြရေးသားထားသည့် ဝါရင့်သတင်းစာဆရာကြီး လူထု စိန်ဝင်း ၏ “မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ”အမည်ရှိ Weekly Eleven ဂျာနယ်တွင် ဖော်ပြသည့် ဆောင်းပါးကိုလည်း စိစစ်ရေးက ခွင့်မပြုခဲ့ပေ။
ထိုဆောင်းပါးတွင်“သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေကိုယ်တိုင် ဆွေးနွေးတိုင်ပင်ရေးဆွဲရမှာ ဖြစ်တယ်။ ဆရာဝန်တွေအတွက် ကျင့်ဝတ်ကို ဆရာဝန်မဟုတ်သူတွေကို ရေးခိုင်းလို့မဖြစ်ပါဘူး။
ဆရာဝန်တွေ ကိုယ်တိုင်ရေးမှ အဓိပ္ပာယ် ရှိပါတယ်။ အဲဒါကြောင့် လုံးဝ လွတ်လပ်တဲ့ သတင်းစာဆရာ အသင်းတို့၊ သတင်းထောက် အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံး လုပ်ရပါမယ်။ ဒါကိုမလုပ်ဘဲနဲ့ သတင်းမီဒီယာ ကျင့်ဝတ်စည်းကမ်း ရေးဆွဲတာ ဖြစ်ဖြစ်၊ မီဒီယာဥပဒေ ပြ ဌာန်းတာဖြစ်ဖြစ်၊ အောင်မြင်လာဖွယ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လို သတင်းသမား စစ်စစ်မျိုးမှ လက်ခံနိုင်မှာ မဟုတ် လို့ပါ”ဟု ပါရှိသည်။
မက်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က အစိုးရ သက်တမ်းတနှစ်ပြည့် မိန့်ခွန်းပြောကြားရာတွင် “စတုတ္ထမဏ္ဍိုင်များအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်းဆောင်ရွက်သွားနိုင်စေ ဖို့ အမျိုးသား စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းထူထောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားထားသည်။
ကျော်ခ(ဧရာဝတီ)
ကြံ့ခိုင်ရေးကိုသာ မဲပေးရန် ခြိမ်းခြောက်မှုအပေါ် ကျားဖြူ တိုင်တန်း
မတ် ၆၊ ၂၀၁၂
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမည်ဟု ဒေသခံများကို ခြိမ်းခြောက်ပြောဆိုသည့် မန့်ပန်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ထားသည်။
အခြားပါတီများကို မဲထည့်လျင် ရွာမှနှင်ထုတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းတို့ ခံရမည်ဟု ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ် မြို့နယ်များတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ရွာလုံးကျွတ် အစည်းအဝေးများ ခေါ်ယူပြီး ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ကျားဖြူပါတီမှ တောင်ကြီးမြို့နယ် ဥက္ကဌ စောယွန်းပိုင်က ပြောသည်။
“သူတို့ကို အတိုက်အခံတွေလဲ သွားလုပ်လို့ မဖြစ်သေးဘူးလေ။ ဒီကိစ္စကို ကော်မရှင်အဖွဲ့က ဖြေရှင်းပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်လို့မရဘူး။ ကိုယ့်ဟာနဲ့ကိုယ် စည်းရုံးရမှာပေါ့။” ဟု စောယွန်းပိုင်က ပြောသည်။
ယင်းခြိမ်းခြောက်မှုကြောင့် ဒေသခံများအား မဲဆွယ်စည်းရုံးရာတွင် အနှောင့်အယှက် ဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ စတင် တိုင်ကြားခဲ့ရာ အထက်ကော်မရှင်အဆင့်ဆင့်သို့ ဆက်လက် တိုင်ကြားရန် မြို့နယ်ကော်မရှင်က ညွှန်ကြားသဖြင့် ယခုလ ၃ ရက်နေ့၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံ တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲရက် နီးလာပြီဖြစ်သောကြောင့် အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖြေရှင်းပေးရန် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို ကျားဖြုပါတီက တောင်းဆိုထားသည်။
ရှမ်းပြည်နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် အမျိုးသားလွှတ်တော် တစ်နေရာ လစ်လပ်လျှက်ရှိပြီး ကျားဖြူပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အဓိက ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
မက်စင်ဂျာဂျာနယ်
စိုက်စရိတ်ချေးငွေ မဆပ်နိုင်၍ လယ်ထိုးအပ်ရခြင်းများ ရှိလာ
အထွက်နှုန်းတိုးသော်လည်း ပိုးကျသဖြင့် ချေးငွေပြန်မဆပ်နိုင်ဖြစ်ကာ လယ်ထိုးပေးနေရသည့် ပဲစိုက်တောင်သူအချို့ ရှိလာကြောင်း ပဲခူးတိုင်းဒေသကြီး သက္ကလမြို့နယ်မှ ပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
သက္ကလမြို့နယ်ရှိ သူဌေးကုန်းရွာမှ လယ်ဧက ၇၀ ကျော်ခန့်မှာ ပုဂ္ဂလိကထံမှ ငွေချေးပြီးပြန်မဆပ်နိုင်သဖြင့် လယ်ထိုးအပ်ခဲ့ရကြောင်း ယင်းရွာမှ ရွာသားတစ်ဦးက ပြောသည်။
´အရင်နှစ်တွေတုန်းက ပဲဖြစ်နေရင် ပိုးကမစားတော့ဘူး။ အခုနှစ် ဘယ်လိုဖြစ်လဲဆိုတော့ ပဲတောင့်ကြီးကို မြင်နေရပြီး ပိုးကဆက်စားနေတယ်။ ဒီဒဏ်တွေကြောင့် အခုလို အဖြစ်မျိုးတွေကို တောင်သူတွေခံနေရတာ´ဟု သက္ကလမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
မိုးစပါးရာသီချိန်၌ ရေကြီးမှုဒဏ်ကို ခံခဲ့ရခြင်းကြောင့် တောင်သူများ စိုက်ပျိုးစရိတ် ပိုမိုကုန်ကျခဲ့သလို စပါးဈေးမှာလည်း ထွက်ခြေမကိုက်ခဲ့ပေ။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အပါအ၀င် မြို့နယ်အချို့၌ ထိုဖြစ်စဉ်ကဲ့သို့ပင် တောင်သူအချို့ကြုံတွေ့နေခဲ့သည်။ လက်ရှိပဲပေါက်ဈေးမှာလည်း ယခင်နှစ်ကထက်ပင် ဈေးမရသေးဟု ဟင်္သာတမျြို့နယ်ရှိ တောင်သူများထံမှ သိရသည်။
´စပါးဈေးကလည်းမကောင်းဘူး။ ပြီးတော့ ပဲကလည်း ပိုးကျတော့ တောင်သူတွေက ဒီအပေါ်မှာတော်တော်လေးစိတ်ကုန်သွားတယ်။ တောင်သူအချို့ဆို ဘာဆေးမှ မသုံးဘဲနဲ့ ပစ်ကိုထားကြတော့တဲ့အနေအထားရှိသွားတယ်။ ဒီဘက်မှာကြားနေရတာတော့ အထူးပြုကုမ္ပဏီတွေတောင် တောင်သူတွေကိုကြည့်ပြီး သူတို့လည်း သူတို့အလုပ်အပေါ်ပြန်စဉ်းစားသွားနိုင်တယ်လို့တောင် ဆိုနေကြတယ်´ဟု ဟင်္သာတမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
ယခုနှစ်က ဥတုဖျက်၍ ပဲစိုက်တောင်သူတို့ အကြီးအကျယ်ဒုက္ခတွေ့ကြသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးသည့် ပဲအထူးပြုကုမ္ပဏီများ သတ်မှတ်ရက်ထက် ကာလအတော်ကြာအောင်စောင့်ဆိုင်းပေးခဲ့ကြသည်များ ရှိခဲ့ရာ ယခုနှစ်တွင်လည်း ထိုနည်းအတိုင်းစောင့်ဆိုင်းရဖွယ်ရှိလိမ့်မည်ဟု ပဲတောင်သူကြီးများက ခန့်မှန်းကြသည်။
ပဲခူးတိုင်းဒေသကြီးမှ ပဲတောင်သူကြီးတစ်ဦးက ´ အထူးပြုနဲ့ ပုဂ္ဂလိကဆိုတာမျိုးက ကွာတယ်။ အထူးပြုက ငွေပမာဏများပြီး အတိုးနည်းတယ်။ ပုဂ္ဂလိကက ငွေပမာဏနည်းပြီး အတိုးများတယ်။ တချို့နယ်တွေမှာက အထူးပြကုမ္ပဏီတွေ မရောက်ကြဘူး။ ဒီအတွက် တောင်သူတွေက ပုဂ္ဂလိကဆီကိုပဲ မဖြစ်မနေသွားကြရတယ်။ ဒါကြောင့် အတိုးပေါ်အတိုးဆင့်ပြီး လယ်ကိုထိုးအပ်လိုက်ရတာတွေ၊ အပြတ်ရောင်းစားလိုက်ရတာတွေက ရှိကုန်တယ်။ ဒါနဲ့ပဲ တောင်သူငယ်တွေဘ၀က ဆင်းရဲတွင်းက မတက်နိုင်ကြတော့ဘူး´ဟု ဆိုသည်။
ယခုကဲ့သို့ ဆက်တိုက်ဆုံးရှုံးမှုဒဏ်ခံနေရသူ တောင်သူတို့အား အချိန်ကိုက်ကာ နိုင်ငံတော်က ကြည့်ရှုသင့်ပြီဟု ပဲတောင်သူတို့က မျှော်လင့်နေကြကြောင်း ၊ အရန်ဆန်ကဲ့သို့အချိန်နောက်ကျမှ ပဲဝယ်ယူမည်ကိုစိုးရိမ်နေကြကြောင်း ယင်းဒေသမှ တောင်သူအချို့က ပြောသည်။
အောင်ဇော် (ပေါ်ပြူလာဂျာနယ်)
ဧရာဝတီတိုင်းတွင်မဲစာရင်းအချို့မှားနေသော်လည်း ပြင်ဆင်ပေးရန်တိုင်ကြားမှုမရှိသေး
မတ် ၇၊ ၂၀၁၂ (YPI)
ဧရာဝတီတိုင်းဖျာပုံမြို့နယ်တွင် မဲပေးနိုင်သူစာရင်းများ မှားယွင်းနေကြောင်း ပြောဆိုမှုများရှိနေသော်လည်း မဲစာရင်းထုတ်ပြန်ပြီး တစ်ပတ်ကြာသည်အထိ ကန့်ကွက်တိုင်ကြားမှု မရှိသေးကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက YPI သို့ပြောသည်။
“ခုချိန်အထိတော့ တိုင်ကြားစာ တစ်စုံတစ်ရာ မရှိသေးပါဘူး”ဟု ၄င်းတာဝန်ရှိသူက ပြောသည်။
ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွန်ခဲ့သောတစ်လကျော်ကစ၍ မဲစာရင်းများ ကောက်ယူ ခဲ့ပြီး၂၀၁၀ခုနှစ်ရွေးကောက်ပွဲစာရင်းကို အခြေခံကာ ပြန်လည်စစ်ဆေးထားပြီး ဖြစ်ကြောင်း အထက်ပါ အရာရှိက ဆိုသည်။
မဲပေးနိုင်သည့် စာရင်းများကိုဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းအလိုက်ထုတ်ပြန် ကြေညာပြီး နောက် ဗန်းမော်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ တွင် မဲစာရင်းမှားယွင်းမှုများ ရှိနေကြောင်း မီဒီယာသတင်း ဖော်ပြချက်အချို့ရှိခဲ့ရာတွင် ဖျာပုံအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ဖျာပုံမြို့နယ် (၁၆) ရပ်ကွက်တွင် ဒေသခံဖြစ်သော်လည်း မဲစာရင်းတွင် မပါခြင်းများ ကြုံတွေ့နေရကြောင်း ဧရာဝတီတိုင်း ဖျာပုံနှင့်ဒေးဒရဲမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၀)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေက ဆိုသည်။
“မဲရုံကိုယ်စားလှယ်ကိုယ်တိုင်မဲစာရင်းထဲ မပါဘူး ဖြစ်နေလို့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်ကို သွားပြောတော့ သူတို့က ပြန်ထည့်ပေးပါမယ်လို့ ပြောတယ်”ဟု ၄င်းက ပြောသည်။
မဲစာရင်းကောက်ခံရာတွင် ရပ်ကွက်ကျေးရွာကော်မရှင်များက (၁၈)နှစ်ပြည့် မဲပေးနိုင်သူလူဦးရေစာရင်းကို တစ်အိမ်တစ်ရွက်စီ ပေးကာ ဖြည့်စွက်စေပြီး ပြန်လည်ကောက်ယူခြင်းနည်းဖြင့် ရယူခဲ့ကြောင်း ဧရာဝတီတိုင်းကော်မရှင်တာဝန်ရှိသူကရှင်းပြသည်။
မဲစာရင်းများတွင် မပါသူများအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ ရွေးကောက်ပွဲ မကျင်းပမီ တစ်ပတ်အလိုအထိ သတ်မှတ်ပုံစံဖြည့်စွက်၍ လျှောက်ထားနိုင်ကြောင်း ၎င်းကပင်ပြောသည်။
လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်ခုနှစ်နေရာရှိပြီး မဲရုံစုစုပေါင်း(၁၅၆၈)ရုံရှိကာ မဲပေးနိုင်သူဦးရေ (၁၃)သိန်းခွဲကျော်ရှိသည်။      ။
မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် လေးမြွှာပူးကလေးများကို အောင်မြင်စွာမွေးဖွား
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဆေးရုံတာဝန်ခံ ဒေါက်တာစောစိုးမင်းက လေးမြွှာပူးကလေးများကို အောင်မြင်စွာ မွေးဖွားပေးပြီးနောက် ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက်ပေးပို့ ပြုစုစောင့်ရှောက်ထားရှိရာ ယခုအခါ အမြွှာကလေး လေးဦးစလုံး ပေါင်ချိန်များ တိုးမြင့်လာပြီး ကျန်းမာစွာရှိနေကြောင်း သတင်းရရှိသည်။
အဆိုပါ လေးမြွှာပူးကလေးများကို လှိုင်းဘွဲ့မြို့နယ် ကော့စိန်ကျေးရွာနေ ဦးပြည်ထိုက် ၂၅ နှစ်၊ ဒေါ်ခင်ညွန့် ၃၄ နှစ်တို့ သဘာဝအတိုင်း ရိုးရိုးမွေးဖွားခဲ့ခြင်းဖြစ်ပြီး အမြွှာကလေးများမှာ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးသုံးဦးတို့ ဖြစ်သည်။
''ကလေးတွေက ကီလိုချိန်အရမ်းသေးငယ်နေတဲ့အတွက် ဘားအံဆေးရုံကြီးကို ဆက်လက်ပေးပို့ စောင့်ရှောက်ထားတာပါ။ ဘားအံဆေးရုံကြီးမှာ အထောက်အကူပြု ဆေးကိရိယာတွေ ဒီမှာထက် ပိုမိုစုံလင်ပါတယ်။ လက်ရှိကလေးအခြေအနေ တစ်နေ့တခြား တိုးတက်လာပါ တယ်။ ကလေးလေးဦးစလုံး ရှင်သန်ဖို့ အခွင့်အရေး များပြားလာပါပြီ''ဟု ကလေးများကို မွေးဖွားပေးခဲ့သူ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာစောစိုးမင်းက ပြောကြားပါသည်။ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံတွင် မွေးဖွားခဲ့သော ပထမဦးဆုံးနှင့် ဒုတိယမွေးဖွားသော အမြွာကလေးမှာ မိန်းကလေးနှစ်ဦးဖြစ်ပြီး အလေးချိန် ၁ ဒသမ ၃ ကီလိုနှင့် ၁ ဒသမ ၁ ကီလိုအလေးချိန်ရှိကာ တတိယမွေးဖွားသူမှာ ယောက်ျားလေးဖြစ်ပြီး အလေးချိန် ၁ ဒသမ ၁ ကီလို၊ စတုတ္ထမွေးဖွားသူမှာ မိန်းကလေးဖြစ်ပြီး အလေးချိန် ၀ ဒသမ ၇ ကီလိုရှိကြောင်း သိရှိရသည်။
EMG
ကြိုတင်မဲ အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက်
True News ဂျာနယ်
ကသာမြို့ စည်ပင်ဈေးမီးလောင်မှုဖြစ်ပွါး
မတ်လ ၇ ရက် ၂၀၁၂
ယနေ့ နံနက်စောစောက စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ စည်ပင်ဈေးမှာ မီးလောင်မှု
 ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ 
မနက်(၇)နာရီမှာ မီးညွန့် ကျိုးသွားတယ်ပြီး ဆိုင်ခန်း(၃၀၀)ကျော်နဲ့ အိမ်ခြေ(၁၀)လုံး၊ 
ဘာသာရေးအဆောက်အဦး(၂)လုံး မီးလောင်တဲ့ထဲပါသွားတယ်လို့ ကသာမြို့ ခံတဦးက 
Myanmar News Now ကိုပြောပါတယ်။ 
 မနက်စောစောလူမရှိတဲ့အချိန်မှာ လောင်တာကတကြောင်း ၊
 ဈေးဆိုင်တွေမှာလောင်စာကများတော့ မီးလောင်မှုကို မထိမ်းနိုင်ဘူးလို့ ဆိုပါတယ်။
ကသာမြို့ အနီးတ၀ိုက်က မြို့ တွေကနေ မီးသတ်ကားတွေလာပြီး မီးကြွင်းမီးကျန်တွေကို 
အခုချိန်ထိငြိမ်းသတ်နေဆဲဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်းဖိုးကိုတော့ အခုချိန်မှာမခန့် မှန်နိုင်သေးကြောင်း
 ကသာမြို့ ခံကပြောပါတယ်။
Myanmar News Now
မြန်မာ့လေကြောင်းလိုင်းလေယာဉ်ဘီးပေါက်
မြန်မာနိုင်ငံအနှံအပြားသို့ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGB-Forkker-F28) ဖလိုက်နံပါတ်(4401) သည် ၄-၃-၂၀၁၂ နေ့တွင် စစ်တွေခရီးသည်အား ၇း၃၀ အချိန်ကွင်းချိန်းသော လေယာဉ်သည် (၁၀) နာရီ အချိန်ခန့်တွင် ခရီးသည်များကို လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် စတင်ချိန်၌ လေယာဉ်၏ နောက်ဘက်  ဘယ်တောင်ပံအောက်(ယာ)ဘီးမှာ ပေါက်နေကြောင်းသိရှိရ၍ ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းခိုင်းပြီး နားနေဆောင်သို့ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရသည်။
ထို့နောက် နံနက်(၁၂း၅၀) ခန့်တွင် မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်မှ ကျောက်ဖြူသို့ ပြေးဆွဲသော လေယာဉ် (AGF-MA-60)သည် ကျောက်ဖြူလေဆိပ်သို့ မဆင်းခဲ့ဘဲ စစ်တွေ လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းလေယာဉ်ပေါ်တွင် လဲလှယ်ရန်ပါရှိလာသော စပါယ်ယာဘီးနှင့်အတူ အင်ဂျင်နီယာ (၃)ဦးကို စစ်တွေလေဆိပ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သည်။
၎င်းနောက် စစ်တွေရန်ကုန်ပြေးဆွဲမည့်လေယာဉ်အမှတ် (XY-AGB-Forkker-F28) လေယာဉ်အား ပြန်လည်ဘီးတပ်ဆင်ကာ စစ်တွေလေဆိပ်မှ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင် ရန်ကုန်သို့ ထွက်ခွာသွားကြောင်းသိရသည်။
ခိုင်မြတ်စံ(PNG)  Hot News
ဇေကမ္ဘာ ၊ ရွှေနံ့သာ နဲ့ ဦးနေမျိုးဝေ
 ပြင်ဆင်ဖြည့်စွက် ဖတ်ရှုပေးပါရန်
The Hot News Journal, Vol-2, No-82, 9 – 15 March 2012 စာမျက်နှာ ၁၉ ရှိ ဇေကမ္ဘာ၊ ရွှေနံ့သာ နှင့် ဦးနေမျိုးဝေ အင်တာဗျူးတွင် ဦးဝင်းထိန်(ရွှေနံ့သာ) အင်တာဗျူးတွင် “မေး – အရင်တုန်းက လှူမယ် အခု´´ စာသား နေရာတွင် “ မေး – အရင်တုန်းက လှူမယ် အခု။ ဖြေ – အခုအားလုံးသာသနာအတွက် လှူဒါန်းပြီး ပြီဖြစ်ပါတယ်´´ ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်နှင့် စာရိုက်ရန်ကျန်ရစ်ခဲ့သည့်အတွက် စာဖတ်ပရိတ်သတ်အား Hot News စာတည်းအဖွဲ့မှ တောင်းပန်အပ်ပါသည်။
စာတည်းအဖွဲ့
၇.၃.၂၀၁၂ ထုတ်  Weekly Eleven သတင်းဂျာနယ်၊ စာမျက် နှာ (၇)တွင် ရွှေနံ့သာလယ်မြေ ကိစ္စနှင့်ပတ်သက်၍ ဇေကမ္ဘာ ကုမ္ပဏီမန်နေဂျာဦးမြင့်ဇော်က မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဥက္ကဋ္ဌဦးနေမျိုးဝေမှတဆင့် လယ်သမားများထံသို့ ပြောကြား ခြင်းဖြစ်ကြောင်း ရွှေနံ့သာကျေး ရွာလယ်သူမကြီး ဒေါ်တင်စိန်က ဆိုသည်။
““ဒီနေ့ညနေ ၄ နာရီလောက် မှာ ဦးနေမျိုးဝေက အဒေါ်ဆီဖုန်း ဆက်ပါတယ်။ ဇေကမ္ဘာကုမ္ပဏီ က အဒေါ်တို့လယ်ကွက်တွေကို တစ်ဧက သိန်း ၅၀ စီပေးမယ်တဲ့။ အဲဒါဘယ်လိုသဘောရပါသလဲလို့ မေးပါတယ်။ လောလောဆယ် တော့ အဒေါ်တို့ဘက်က ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒီထဲမှာ ပါတဲ့ လယ်သမားတွေအားလုံး တိုင်ပင်ရဦးမှာပါ””ဟုဒေါ်တင်စိန် က မတ်လ ၁ ရက်နေ့၌ပြောပြခဲ့ သည်။
မတ်လ ၂ ရက်နေ့၌မူ လယ် သမားများအားလုံး၏ စုဝေးတိုင် ပင်ချက်များအရ လယ်သမားအ ချို့က မိမိလယ်၌ ပြန်လည်လုပ် ကိုင်ခွင့်ကိုသာ လိုချင်ကြောင်းနှင့် လယ်သမားအချို့ကမူ လက်ရှိအ ချိန်ယင်းလယ်မြေများပေါ်၌ကုမ္ပ ဏီမှ ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းမီးတိုင်သွယ်တန်းခြင်းနှင့်ရေ မြောင်းဖောက်လုပ်ခြင်းတို့ဆောင် ရွက်ထားမှုများရှိသောကြောင့် ကုမ္ပဏီ၏ ကုန်ကျခဲ့သည့်စရိတ် များကိုငဲ့ကွက်ကာယင်းကမ်းလှမ်း ချက်ကို ညှိနှိုင်းလိုသည့်ဆန္ဒရှိနေ ကြောင်း၊ သို့သော်ကုမ္ပဏီဘက်မှ ကမ်းလှမ်းချက် အတုအယောင် ဖြစ်မည်ကိုလည်းစိုးရိမ်နေကြ ကြောင်း သိရှိရသည်။
ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာ ဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၌နှစ် စဉ်စိုက်ပျိုးနေသည့်လယ်မြေဧက ၈၁၅ ဧကကို ၂၀၁၀ ပြည့်နှစ်တွင် သိမ်းယူခဲ့ပြီးနောက် ဇေကမ္ဘာစက် မှုဇုန်အပိုင်း(၄)ကို အကောင်အ ထည်ဖော်ဆောင်ရွက်ခြင်းများလုပ် ဆောင်ခဲ့ပြီး မြေကွက်တစ်ကွက် လျှင် ကျပ်သိန်း ၄၀၀၊ ၅၀၀ ဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်ဟု သိရကြောင်း ဖော်ပြထားပါတယ်။
အထက်ပါသတင်းနှင့်ပတ် သက်၍  Hot News ဂျာနယ်မှ သက်ဆိုင်သူများသို့အောက်ပါအ တိုင်းဆက်သွယ်မေးမြန်းခဲ့ပါသည်။
ဦးနေမျိုးဝေ
မေး- Weekly Eleven ဂျာနယ် ဖော်ပြချက်အရ ရွှေနံ့သာကျေးရွာ မှာနေထိုင်တဲ့ ဒေါ်တင်စိန်ကို ဦးနေမျိုးမှတဆင့် ဇေကမ္ဘာကုမ္ပဏီ ကလယ်သမားတွေကို တစ်ဧက ပေါက်ဈေး သိန်း ၅၀နဲ့ ညှိနှိုင်း တယ်ဆိုတာဟုတ်ပါသလား။
ဖြေ- လုံးဝမဟုတ်ပါဘူး။ ဇေ ကမ္ဘာကုမ္ပဏီက ညှိနှိုင်းချက်တွေ ထဲမှာ ငွေသိန်း၅၀ဆိုတဲ့ငွေကြေး ညှိနှိုင်းချက် မပါခဲ့ပါဘူး။ လယ် ယာမြေအစားပေးရင် ညှိနှိုင်းလို့ ရနိုင်မလားလို့ပဲပြောခဲ့တာပါ။
မေး- ဇေကမ္ဘာကုမ္ပဏီကိုတော့ ရောက်ခဲ့တယ်ပေါ့နော်။
ဖြေ- ဟုတ်ပါတယ်။ ကျွန်တော် တစ်ယောက်တည်းမဟုတ်ပါဘူး။ လယ်သမား ဦးကျော်စိန်လဲပါပါ တယ်။
မေး- အဲဒါဆိုရင် ကိုနေမျိုးဝေ ရယ် ကိုနေမျိုးဝေကို လယ်သမား ဘယ်နှစ်ယောက်  GP ပေးထား တာပါလဲ။
ဖြေ- (၃၅)ယောက်ပါ။
မေး- (၃၅)ယောက်မှာ ဒေါ်တင်စိန် ပါ ပါသလား။
ဖြေ- ပါပါတယ်။
မေး- ဒေါ်တင်စိန်က  GP ရုတ်သိမ်းပြီး ဇေကမ္ဘာက ညှိနှိုင်း တဲ့ငွေကိုယူမယ်ဆိုရင်ရင်ဦးနေမျိုး ဝေအနေနဲ့ ဘယ်လိုသဘောထား ပါသလဲ။  GP ပြန်ရုတ်မယ်ဆိုရင်။
ဖြေ- ကောင်းတာပေါ့။ကျွန် တော်အလုပ်တစ်ခု သက်သာ တာပေါ့။
မေးလယ်သမားတွေတစ်ယောက် နဲ့ တစ်ယောက်အမြင်မတူတဲ့အ တွက်၊လွတ်လပ်စွာကွဲပြားပိုင်ခွင့်ရှိ တဲ့အတွက် ဦးနေမျိုးဝေအနေနဲ့ နှစ်ယောက်၊ သုံးယောက်ကပဲ  GP ကျန်ခဲ့မယ်ဆိုရင်သဘော ထားလေး။
ဖြေ-ရပါတယ်။တစ်ယောက်၊နှစ်ယောက်  GP ကျန်ခဲ့မယ်ဆိုရင်လည်းပဲ  ကျွန် တော်ကဘုန်းကြီးလို  လုပ်ရတာ ပေါ့ဗျာ။ အကူအညီတောင်းမှ ပင့်မှဖိတ်မှသွားရတာ။ မပင့်ပဲမဖိတ်ပဲလုပ် လို့မရပါဘူး။
မေး- ဇေကမ္ဘာကုမ္ပဏီအနေ နဲ့ လယ်သမားတွေကို သိန်းငါးဆယ်နဲ့ကျေနပ်အောင် ညှိနှိုင်းပေး လိုက်ရင် ဥပဒေကို ချိုးဖောက်ရာ ရောက်ပါသလား။ ဦးနေမျိုးဝေရဲ့ထင်မြင်ယူဆ ချက်လေးသိပါရစေ။
ဖြေ- အဲ။ ကျွန်တော်ကတော့ မြန်မာပြည်မှာ ဥပဒေကိုချိုး ဖောက်နေတဲ့ သူတွေကတော့ အများကြီးပဲဗျ။ ၀န်ထမ်း အဆက် ဆက်ကလည်း ချိုးဖောက်ခဲ့တာ ပဲ။ ပြည်သူထဲမှာလည်း ချိုး ဖောက်တဲ့သူတွေ အများကြီးပဲ။ အိမ်ရှေ့ကိုနှစ်ပေ လောက်ကျော် ပြီးတော့ လုပ်ထားတာလဲ၊ ဆန်းရှိတ်လေး ထုတ်ထားတာလဲ ဥပဒေကို ချိုးဖောက်တာပဲ။ အဲတော့ အဲဒါတွေက ဥပဒေ ပြဿနာတွေရှိသလို နိုင်ငံရေးပြ ဿနာတွေက တချို့ဟာတွေက ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ လျှော်ပစ်ရတဲ့ ဟာတွေလည်း ရှိတာပါပဲ။ ခွင့်လွှတ်ပေး ရတဲ့ ဟာတွေလည်း ရှိတာပါပဲ။ အဲ တော့ လူပုဂိ္ဂုလ်တွေ ကျွန်တော် မုန်းပြီးမလုပ်ပါဘူး။ အားလုံး ကျေကျေလည်လည် ဖြစ်ကြပြီး တော့ နစ်နာသူမပေါ်ပေါက်ဘူး ဆိုရင် ကောင်းတာပါပဲ။နစ်နာသူ ပေါ်ပေါက်ရင် နစ်နာတဲ့ဘက်က လိုက်တိုက်ရမှာ ကျွန်တော့်ရဲ့ နိုင်ငံရေးဂျူတီပေါ့ဗျာ။
ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါ တယ်။
ဦးဝင်းထိန်နှင့် အင်တာဗျူး
မေး- အစ်ကို့နာမည်လေး။
ဖြေ- ကိုဝင်းထိန်ပါ။
မေး-ဦးခင်ရွှေနဲ့ ပြဿနာ ဘယ် တုန်းကစတာလဲ။
ဖြေ- ၂၀၁၀ က။
မေး- အရင်တုန်းကလှူမယ်။ အခု။
ဖြေ- စိုက်ပျိုးရေးလုပ်မှာ။ ဦးခင် ရွှေက အကြံပေးတယ်။ ဦးဟန်ချို နှုတ်ကတိပေးတာ။
မေး- လန-၃၉ရော လျှောက်ဖို့ ဘယ်သူက ကမ်းလှမ်းတာလဲ။
ဖြေ- ဦးခင်ရွှေ။
မေး- ဘယ်မှာတွေ့တာလဲ။
ဖြေ- ဇေကမ္ဘာရုံးခန်းမှာ။
မေး- ဘာပြောလဲ။
ဖြေ- အေးဆေးပါ။ ဘာမှအရေး မကြီးပါဘူး။ ၂၁ ဧကဆိုတာ (Nothing) လို့ပြောပါတယ်။
မေး- ဦးခင်ရွှေအပေါ်အမြင်။
ဖြေ- အရင်တုန်းကတော့ ဦးခင်ရွှေစိတ် သဘောထား ကောင်းတယ်ပေါ့။ ယုံတာကိုး။
မေး- ခုရော ဘယ်လိုလုပ်စေချင် သလဲ။ လယ်တွေသိမ်းခံရတာပါ သလား။
ဖြေ- အမှန်ကို၊ အမှန်အတိုင်း ဖြစ်စေချင်တယ်။ လုံးဝ မသိမ်း ဘူး။ သိမ်းရင်လည်း ကျွန်တော့် မြေတွေမပါဘူး။
မေး- အခု Weekly Eleven မှာပါတယ်။ ဒေါ်တင်စိန်က ဦးနေ မျိုးဝေမှတဆင့်ညှိနှိုင်းတယ်လို့ ဖော်ပြသွားပါတယ်။ တစ်ဧကကို သိန်း (၅၀)ရရင် ကျေနပ်မယ်လို့ ထင်ပါသလား
ဖြေ- အခုအချိန် တစ်ဧကကို သိန်း(၅၀) နောင်ဆိုရင် သိန်း ၂၀၀၊ ၃၀၀တန်မှာလေ။
မေး- ဇေကမ္ဘာကုမ္ပဏီက သိန်း ၅၀ ပေးမယ်ဆိုတဲ့စကားအပေါ် ဘာပြေချင်ပါသလဲ။
ဖြေ- ခင်ဗျားမြေကို သိမ်းမယ်လို့ ခြိမ်းခြောက် ခံရဖူးတယ်။ ဦးခင်ရွှေကသာ တစ်ဧကကို သိန်း (၅၀)ပေးမယ် ဆိုရင် စာနယ်ဇင်းအဖွဲ့တွေ၊ သ တင်းစာတွေနဲ့ ရပ်မိ၊ ရပ်ဖအုပ် ချုပ်ရေးရှေ့မှောက်မှာ တရားဝင် လွှဲအပ်တာ ဖြစ်စေချင်တယ်။ လယ်သမားတွေသာခံရမှာစိုးတာ။
မေး-ဇေကမ္ဘာရဲ့ မန်နေဂျာဦးမြင့် ဇော်ရဲ့ ဖုန်းနံပါတ်သိပါသလား။
ဖြေ- သိပါတယ်။ ၈၆၃၆၃၉၈ ပါ။
မေး- ကျေးဇူးတင်ပါတယ်။
ဦးမြင့်ဇော်နှင့် အင်တာဗျူး
မေး- ကျွန်မ Hot News ဂျာ နယ်ကမမ ပါ။  Weekly Eleven မှာဦးနေမျိုးဝေ နဲ့ညှိတယ်။ တစ်ဧကကို သိန်း ၅၀ ပေးမယ်။ အဲဒါဟုတ်သလား ရှင့်။
ဖြေ- ဦးနေမျိုးဝေက ကျွန်တော့် ကိုတွေ့ချင်တယ်ဆိုလို့ ကြာဿပ တေးနေ့မှာတွေ့တယ်။ ည ၇း၃၀ တွေ့တယ်။ တွေ့တဲ့နေရာက ဇေ ကမ္ဘာရုံးခန်း။ ကိုနေမျိုးဝေရယ်။ ကိုကျော်စိန်၊ ကျန် ငါးယောက် ကမ၀င်ဘူး။ အဲဒီလူတွေက သတင်းသမား ဦးကိုကြီး (ရာအိမ် မှူး)။ အဲဒီလူငါးယောက်က အ ပြင်မှာ နေတယ်။ ကိုနေမျိုးဝေက ကျွန်တော့်ကိုပြောတယ်။ ““ကျွန် တော်တို့ဆွေးနွေးကြရအောင်ဗျာ။ အလွတ်သဘောအနေနဲ့ အသံ မဖမ်းကြေး။ ပြောဆိုကြ။ ““ကိုနေ မျိုးဝေပြောချင်တာတော့ပြောပေါ့။ ကျွန်တော့်အနေနဲ့က  Divasion maker မဟုတ်ဘူး။ ဥက္ကဋ္ဌဆီကို တင်ပြပေးမယ်။ အကြောင်းပြန် ပေးမယ်လေ။
မေး-  Weekly Eleven ဖတ်လိုက်ရတယ်။ အဲဒီသတင်း အခြေအနေလေး…။
ဖြေ- မနေ့ကကျွန်တော့်ဆီကို ဖုန်းရော ပြန်ပြီးအကြောင်းကြား ပါလို့ပြောတယ်။  Weekly Eleven ရော၊ အပြင်ရောက်နေတဲ့သတင်း ရောဟာ ကိုနေမျိုးဝေ ဘာလို့ ပေးလိုက်ရတာလဲ။ ကိုနေမျိုးဝေ ကိုကျွန်တော်အရမ်းကြောက်သွား ပြီ။ နောက်မတွေ့တော့ဘူး။ ကို နေမျိုးဝေက။ အေးဆေးပါဗိုလ် ကြီးနောက်လုပ်စရာ (၅၄၈)ဧက ကို ထိန်းချုပ်ဈေးနဲ့ ထပ်ညှိပေးပါ လို့ ထပ်ပြောတယ်။
မေး-  Weekly Eleven ဂျာနယ်ဖော်ပြပါ သတင်းနဲ့ ပတ်သက်ပြီး Comfirm ဖြစ်စေ ချင်တယ်။ ကျွန်မတို့က Direct မဆိုင်ပဲနဲ့လည်းမရေးချင်ဘူး။ Comfirm ဖြစ်ချင်လို့ပါ။ကျွန်မ တို့ကလည်း သတင်းမှားရင် မကောင်းဘူးလေ။
ဖြေ- အစ်မရေ။ ပါးစပ်ကပြော တာတရားမ၀င်ဘူးလေ။ အစ်မ လည်းသိပါတယ်။ ဇေကမ္ဘာကိစ္စ ဟာ (ခ.ရ.က)ကနေ၊ အုပ်ချုပ် ရေးမှူးနှင့် သတင်းစာရှင်းရခက် သွားလိမ့်မယ်။
မေး- ဒါဆိုဗိုလ်ကြီးနဲ့တွေ့မယ်။
ဖြေ- အဲဒါကတော့ ပိုကောင်း တာပေါ့ဗျာ။ ဦးငြိမ်းဆွေနဲ့တွေ့။ ကိုနေမျိုးနေပြောမှတ်။ တကယ် တမ်း ကကြားဝင်တာက စာနဲ့ပဲ။ ဘယ်သူရဲ့ ညွှန်ကြားချက်ပဲဖြစ် ဖြစ် ခရိုင်ကနေတိုင်းဒေသကြီး ၂၇။
မေး- ၂၇ ရက်က အစိုးရသ တင်းသိပါတယ်နော်။
ဖြေ- သိပါတယ်အစ်မ။ အပိုင်း သုံးပိုင်းပါတယ်။
မေး- ခ.ရ.က (ဥက္ကဋ္ဌ)၀န်ကြီးကို စာနဲ့ရှင်းတာလား။
ဖြေ- ရုံးလုပ်ငန်းကိုတော့မပြော ပါဘူး။
မေး- ဇေကမ္ဘာကုမ္ပဏီက တရား ၀င်စာ ထုတ်သင့်တာပေါ့။
ဖြေ- မှန်ပါတယ်။ မှန်ပါတယ်။ တိုင်းဒေသကြီးကိုမိတ္တူပေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး လယ်ယာမြေ တွေကို စက်မှုဇုန်လုပ်မယ်ဆိုပြီး The Voice ကရေးထားတယ်။
မေး- သိချင်တာက စက်မှုဇုံ ခွင့် ပြုမယ်ဆိုရင် မြေဧက ဘယ် လောက်ခွင့်ပြုထားသလဲ။
ဖြေ- သတင်းစာရှင်းလင်းပွဲတုန်း က တင်ပြထားပြီးပါပြီ။ အဲဒါက စီမံခန့်ခွဲမှုထဲမှာပါတယ်။
မေး- တွေ့ဆုံချက်ကို သိချင် တယ်။
ဖြေ- ဓာတ်ပုံဆရာရိုက်ထားပါ တယ်။
မေး- ဆက်လက်အကောင်အ ထည်ဖော်ရေးအတွက်။
ဖြေ- မှန်ပါတယ်။
မေး- ဥပဒေကြောင်းတိုင်းမဟုတ် ရင်တော့ ကျွန်မရဲ့ဂုဏ်သိက္ခာ ကို လည်းညှာမှာမဟုတ်ဘူး။ ဦးခင် ရွှေက လယ်ယာမြေဥပဒေအတိုင်း မလုပ်ဘူးဆိုရင်လည်း ကျွန်မက ဥပဒေနဲ့ ဖြေရှင်းရမယ်လေ။ ဇေ ကမ္ဘာကုမ္ပဏီအနေနဲ့လည်းသတင်း မှားပေးလို့မရဘူး။ သတင်းနဲ့ ပတ်သက်ပြီး Comfirm ဖြစ်ရမှာ လေ။
ဖြေ- သတင်းထဲမှာ အစ်မတို့ က မီဒီယာလောကမှာ အတွေ့အ ကြုံကများတယ်။ ဦးမြင့်ဇော်က လယ်သမားတွေကို တစ်ဧကသိန်း ၅၀ ပေးမယ်လို့ Hot News ထည့်ရင်သွားပြီ။ ကျွန်တော်တို့ လည်းနစ်နာပါတယ်။ ကျွန်တော် တို့ဘက်ကိုလည်းကြည့်ဦးလေ။
မေး- ကျွန်မလယ်သမားတွေကို အမြဲပြောတယ်။ဒီတိုင်းပြည်က ရေထု၊ မြေထု၊ လေထု ဆိုတာက လယ်သမားတွေ ပိုင်တာ မဟုတ် ဘူး။ အထောက်အထားတွေ ကျွန်မရုံးကိုပို့ပေးပါလား။ ဇေ ကမ္ဘာ ကိုလည်းယူလို့ရပါတယ်။ နောက်ပိုင်း ကျွန်မတို့က နှစ်ဘက် စလုံးရဲ့ ဂုဏ်သိက္ခာကြည့်ရဦးမှာ။
မေး- တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိပါတယ်။ အခု လေးဧကက ၁၀၁၈ ဧကဖြစ်နေ တယ်။ အဲဒါကဘာကြောင့်အိုး အိမ်ကနေ လ/န(၃၉)ချပေးရင် ရောမရဘူးလား။
ဖြေ-အစ်မအနေနဲ့ခွဲခြမ်းစိတ်ဖြာ လို့ရတယ်။  Data နဲ့ပြမယ်။
ဟုတ်ကဲ့ကောင်းပါပြီကျေးဇူးတင် ပါတယ်။
 Hot News
ဟင်္သာတမြို့ မှာ ယနေ့ နံနက် ဗုံးတလုံးထပ်မံတွေ့ ရှိ
ယနေ့ နံနက် ဗုံးထပ်မံတွေ့ ရှိတဲ့နေရာ
ဓါတ်ပုံ( ကျော်လွင်ဆန်း ဖေ့စ်ဘုတ်)
7.3.2012 6:15am 
ဧရာဝတီတိုင်း ဟင်္သာတမြို့ ဆယ်လူလာလ္ဘက်ရည်ဆိုင်နောက် စာတိုက်အိမ်သာဘေးတွင်တတိယမြောက် ဗုံးတစ်လုံး ကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှာ ထပ်မံတွေ့ရှိကြောင်းသိရပါတယ်။
မတ်လ ၆ ရက်နေ့ ကလည်း  ဟင်္သာတမြို့  ရုံးကြီးရပ်ကွက် ရွှေစေတီလမ်းရှိ စွယ်တော်ရိပ် ကွန်ပျူတာဆိုင် အနောက်ဘက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ရေမြောင်းအတွင်း မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော လက်ပစ်ဗုံး တစ်လုံးနှင့် ယမ်းထုပ် သုံးထပ်ကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း ဟင်္သာတမြို့ခံများက Myanmar News Now ကို ပြောကြားပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိ အိမ်များမှာ တုန်ခါသွားကာ ကျောက်စရစ်ခဲများ လွင့်ပျံ ထိမှန် ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိဘူးလို့ ဆိုပါတယ်။
မတ်လ ၆ ရက်နေ့ က ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာနဲ့  ကိုက် ၅၀၀ ခန့်အကွာ မြို့နယ် ဆက်သွယ်ရေးရုံးရှေ့ တာဝါတိုင်အနီး ရေမြောင်း အတွင်းမှာလည်း မပေါက်ကွဲ သေးတဲ့ လက်ပစ်ဗုံး တစ်လုံးနဲ့  ယမ်းထုပ် သုံးထုပ်ကို ထပ်မံ တွေ့ရှိခဲ့ရကြောင်း၊ မပေါက်ကွဲသေးသော အဆိုပါဗုံးကို ဖျက်ဆီးရန် သဲအိတ်များ ခံထားပြီး ကိုက် ၁၅၀ အတွင်း မည်သူမျှ ဝင်ရောက် ကြည့်ရှုခွင့် မပေးကြောင်း သိရပါတယ်။
ဟင်္သာတမြို့ အဝင်အထွက် လမ်းများတွင်လည်း လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း ဒေသခံများက ပြောပါတယ်။
Myanmar News Now
အရှင်ဂန္ဘီရကို အာဏာပိုင်တွေခေါ်ဆောင်သွား
မက်လ ၆ ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဆရာတော် ဦးဂမ္ဘီရ အား အင်တာဗျူးလုပ်ရန်ရှိပါသဖြင့် လိုက်ခဲ့ပါရန် အထူးရဲတပ်ဖွဲ့ SB မှ ကားဖြင့်လာရောက် ခေါ်ဆောင်သွားပါသည်။ ထိုသို့ခေါ်ဆောင်သွားရာ၌ ၎င်းဧ။်အမဖြစ်သူရဲ့နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းးဖြစ်ပြီး မနက်ဖြန်မနက် ပြန်ပို့ပေးမည်ဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ သိရပါသည်။
ဘားမားဗီဂျေ
အမျိုးသားသတင်းဆု ဆန်ခါတင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပါဝင်
အမျိုးသားသတင်းဆုကို ကြေညာတော့မှာဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်းပါးက ဆန်ခါတင်စာရင်းမှာ ပါနေတယ်လို့   ဆုရွေးချယ်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။
“အမျိုးသားသတင်းဆုနဲ့ ပတ်သက်လို့က မတ်လ ၁၈ ရက်နေ့မှာ ပွဲလုပ်ပါ လိမ့်မယ်။ ဆန်ခါတင် စာရင်းတွေလည်းထွက်ပါပြီ။ တော်တော်ကြာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမူက ဆန်ခါတင်ထဲမှာ ပါပါတယ်။ ဆန်ခါတင်က တ ဆုကို ငါး ဦးရွေးထားပါတယ်။”
အမျိုးသားသတင်းဆုကို ဖေဖော်ဝါရီလအတွင်း ကြေညာဖို့ စီစဉ်ထားပေမယ့် (News Watch) ဂျာနယ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာမာယန ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဌာနနဲ့ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့အတွက် မတ်လရောက်မှ ကြေညာရတာလို့ သိရပါတယ်။
အမျိုးသားသတင်းဆုတွေကို  ပြန်ကြားရေးနဲ့  ယဉ်ကျေးမှုဝန်ကြီး ဦးကျော် ဆန်းက  ချီးမြှင့်ပေးမှာ ဖြစ်တယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။
“ဒိုင်းဆုတံဆိပ်ပါမယ်။ မှတ်တမ်းတင်ဂုဏ်ပြုလွှာပါမယ်။ ငွေသား၁၀ သိန်း ချီးမြှင့်မှာပါ။ ” လို့  သူက ပြောပါတယ်။
အမျိုးသားသတင်းဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး မရှင်းလင်းတဲ့ အကြောင်း ကို ရန်ကုန်အခြေစိုက် မြန်မာ သမာဓိ စီးပွားရေးဂျာနယ်က အယ်ဒီတာချုပ် ကိုသက်ဇင် က အခုလို ဝေဖန်ပါတယ်။
“သူတို့ရဲ့ ရွေးချယ်ပုံ စနစ်ကိုက မရှင်းလင်းဘူး ဖြစ်နေတယ်။ သူတို့က မြန်မာပြည်မှာ ထွက်သမျှ သတင်း၊ ဂျာနယ်၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ရှိသမျှ အကုန်လုံးထဲကနေ ဖတ်ပြီး ဆုရွေးချယ်ရေး အဖွဲ့က နေပြီး တော့ ရွေးချယ်တာ မဟုတ်ဘဲနဲ့ သူတို့ဆု လိုချင်ရင် ကိုယ်ရေးထားတာကို ရေးထားတဲ့ ဂျာနယ်ရဲ့ မိတ္တူ၊ ကိုယ်တိုင်ရေးကြောင်း ၀န်ခံချက်တွေ ဘာတွေနဲ့ ဆုရွေးချယ်ရေး ကော်မတီကို ပို့ပေးရသလို ဖြစ်နေတယ်။
ဒီလို ရွေးချယ်တဲ့ ပုံစံမျိုးဖြစ်နေတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပေးတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သူ့ရဲ့ ဆောင်းပါးကို ၀င်ပြိုင်တာလား ဒါမှမဟုတ် အယ်ဒီတာအဖွဲ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ ဆောင်းပါးကို ၀င်ပြိုင်တာလား။ သူတို့ တွေ့မိ၊ ဖတ်မိတဲ့ ဆောင်းပါးကိုပဲ ရွေးချယ်တာလား ဆိုတာနဲ့ ပတ်သက်ပြီး မရှင်းလင်းဘူး။”
အမျိုးသားအဆင့် စာပေဆုဖြစ်တဲ့အတွက် ၀င်ပြိုင်စရာမလိုဘဲ ပေးတဲ့ ဆုမျိုး ဖြစ်သင့်တယ်လို့  ကိုသက်ဇင်က ပြောပါတယ်။ အမျိုးသားသတင်းဆုကော်မတီဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက် ခံ မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ကနေ ဆက်စပ် ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ လည်း သူက ထောက်ပြပါတယ်။
၂၀၁၁ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက် နေ့အထိ မြန်မာနိုင်ငံ အတွင်းက စာနယ်ဇင်းများမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးများကို စိစစ် ရွေးချယ်ပြီး ဆုငါးဆု ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
ဒီဗွီဘီ
Baird makes landmark visit to Burma
Aung San Suu Kyi speaks
Foreign Affairs Minister John Baird is making a landmark visit to Burma, also known as Myanmar, a country that has suffered for nearly half a century under the tyranny of a military junta.
Baird, who left Tuesday morning for the capital city of Naypyidaw, is the first Canadian foreign minister to visit the southeast Asian nation.
Shortly before 9 a.m. ET on Tuesday, Baird used Twitter to announce his departure. "Wheels up. En route to Burma. A first for Canada," he tweeted.
Burma's pro-democracy leader Aung San Suu Kyi, center left, shakes hands with an unidentified parliamentarian after a meeting in Naypyitaw, Burma on Tuesday. Foreign Minister John Baird is en route to Burma's capital and expected to meet with Suu Kyi during his visit, a first for a Canadian foreign minister. Burma's pro-democracy leader Aung San Suu Kyi, center left, shakes hands with an unidentified parliamentarian after a meeting in Naypyitaw, Burma on Tuesday. Foreign Minister John Baird is en route to Burma's capital and expected to meet with Suu Kyi during his visit, a first for a Canadian foreign minister. (AP Photo/Khin Maung Win, Pool)The military ruled Burma with an iron fist, jailing thousands of critics, including Nobel Peace Prize winner Aung San Suu Kyi, who spent most of the last two decades under house arrest.
The military junta stepped down last year and a new military-backed civilian government, dominated by a clique of retired army officers, embarked on a series of democratic reforms.
During his visit, Baird is expected to meet with Suu Kyi, 66, who was given more freedom and is now campaigning as the leader of the opposition in a round of by-elections.
Visit affirms Canadian support for Suu Kyi
Suu Kyi, one of only five people to be granted honorary Canadian citizenship, addressed Canadians through an Internet link last week, to thank them for supporting the pro-democracy movement in her country.
Her party, the National League for Democracy, won a landslide electoral victory in 1990 but was barred by the military from forming a government and she was placed under house arrest.
"Minister Baird will go to Burma to reaffirm the importance of freedom, democracy, human rights and the rule of law," a source close to Baird told The Canadian Press Tuesday.
"Minister Baird's visit will underscore Canadian support for the embrace towards democratic development in Burma."
The official, who spoke on condition of anonymity, said Ottawa is "cautiously optimistic" about recent changes in the country.
"While we're not at a point of lifting sanctions, we want to make sure advances made are not reversible," the official said.
Canada opened a strategic engagement with Burma last summer that included the exchange of ambassadors, but continues to maintain a tough regime of sanctions that were toughened considerably in 2007.
The United States and European Union have praised Burma's progress but say they will be closely watching how a byelection in April, to be contested by Suu Kyi's party, is conducted before deciding whether to lift sanctions.
Democracy efforts in Burma received a major boost when U.S. Secretary of State Hillary Clinton visited the country in December, the first such high-profile visit by an American official in more than half a century.
Clinton, one of a series of foreign ministers to visit Burma, met with President Thein Sein and also made a memorable stop to Suu Kyi in Rangoon, the former capital.
International observers in Bangkok, Thailand are watching developments in neighbouring Burma with great interest and caution.
"Everyone who goes there sees that there are changes," one Western diplomat, whose foreign minister has travelled to Burma recently, told The Canadian Press.
Baird's exact itinerary is not known, but a visit to Suu Kyi, who's become a global symbol of peaceful resistance to oppression, would be an obvious stop.
'Don't be too optimistic, don't be too pessimistic': Suu Kyi
"Canada has helped us greatly with regard to our movement towards democracy," Suu Kyi said last week via an Internet link with students at Carleton University in Ottawa.
It was the first time that Suu Kyi had addressed Canada.
Baird met Burma's foreign minister at a security forum in Indonesia last summer and stressed the need for his government to release thousands of political prisoners.
Suu Kyi's own direct message to Canada was equally reserved.
"The way in which you can continue to help us is to keep up your awareness of what is happening in Burma. Don't be too optimistic. Don't be too pessimistic. Try to see things as they are and try to keep contact with the ordinary people of Burma. That is how you will learn whether or not we are making any progress under this new government."
with files from CBC News
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည့် မကွေးတိုင်းစည်းရုံးရေးခရီးသွားမည်
Soe Than Win/AFP/Getty Images
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၃ ရက်နေ့  အင်္ဂါနေ့ မှာ မကွေးတိုင်း ကို ပါတီစည်းရုံးရေးခရီးစဉ် သွားရောက်ဖို့ ရှိကြောင်းသိရပါတယ်။ တောင်တွင်းကြီးမြို့ ကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမှာဖြစ်ကြောင်းကိုတော့
 တောင်တွင်းကြီး NLD အဖွဲ့ ဝင်များ ထံမှ သိရပါတယ်။  
 မှာ ဖြစ်ပါတယ်။
မတ်လ ၁၃ ရက် (၁၃-၃-၂၀၁၂) အင်္ဂါနေ့  နေ့လည် ၁၂း၀၀ နာရီ ကနေ ၃း၀၀ နာရီ ကြားမှာ 
လူထုဟောပြောပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
ဒါအပြင် မတ်လ ၁၄ ရက်နေ့ မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ မကွေးမြို့
ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
သိရပါတယ်။
Myanmar News Now
စစ်ကိုင်းတိုင်း NLD အောင်နိုင်ရေး ထွန်းအိန္ဒာဗိုလ်နှင့် ဆောင်းဦးလှိုင် သွားရောက်စည်းရုံးမည်
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ နယ်၊ ရေဦးမြို.နယ်၊ ကန့်ဘလူမြို့ နယ်နှင့်
ခင်ဦးမြို့ နယ် တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးနှင့်စည်းရုံးရေးအတွက်
မတ်လ ၁၃ ရက်နေ့ (13.3.2012) တွင် အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒာဗိုလ်နှင့်
 အဆိုတော်ဒေါက်တာဆောင်းဦးလှိုင် တို့လာရန်စီစဉ်နေသည်ဟု တန့် ဆည်မြို့ နယ်
အဖွဲ့ ချုပ်ဝင်များထံမှ သတင်းရရှိပါသည်။
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် ကို သွားကြိုတဲ့ ကြံ့ဖွံ့ အုပ်ချုပ်ရေးမှူး သတိပေးခံရ
ဒေါ်အောင်ဆန်းစုကြည် တံတားဦးလေဆိပ်မှ အောင်ပင်လယ်သို့ အလာတွေ့ ရစဉ်
( မတ်လ ၃ -၂၀၁၂ ) နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးစည်းရုံးရေးခရီးစဉ်
အတွင်း အမရပူရမြို့နယ် ၊ စာတော်ရွာအုပ်ချုပ်ရေးမှူးမှ  တံတာဦးလေဆိပ်မှာ သွားရောက်ကြိုဆို 
ခဲ့ပါသည်။ အခုလို ကြိုဆိုတဲ့ အတွက်ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ မှခေါ်ယူ သတိပေးခံရပါသည်။
အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်ေ
နပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားကြိုတယ်ဆိုတာ
အုပ်ချုပ်ရေးမှူးကို သတိပေးခဲ့တာဖြစ်ပါသည်။ 
 အမရပူရမြို့နယ် စာတော်ရွာ အုပ်ချုပ်ရေးမှူး က ဒေါ်အောင်ဆန်းစုကြည် ကို ကြည်ညို
 လေးစားလွန်းလို့ သွားကြိုမိတာကို အတိုင်ခံရပြီး ခေါ်ယူသတိပေးခြင်းခံရတဲ့
အထိ ဖြစ်သွားတဲ့ အတွက် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ စာတော်ရွာသား တဦးက
Myanmar News Now ကိုပြောပါသည်။  
တာဝန်ထမ်းဆောင်နေတာ ( ၁၁ ) ဦး ရှိကြောင်းလည်းသိရပါသည်။
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည်မွန်ပြည်နယ် ခရီးစဉ်မှာလည်း ကွင်းအပြောင်းအလဲဖြစ်
 မတ်လ ၆ ရက်၊ ၂၀၁၂ (YPI)
ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် မတ်လ ၁၁ရက်နေ့ မွန်ပြည်နယ် မဲဆွယ်ခရီးစဉ်တွင် လူထုဟောပြောမည့်နေရာအတွက် စည်ပင်ဋ္ဌာန၏ ခွင့်ပြုချက် မရရှိသဖြင့် မော်လမြိုင်မြို့နှင့် ၆ မိုင်ခန့်ဝေးကွာသည့် ကျေးရွာဘောလုံးကွင်းတွင် ပြုလုပ်ရန် ပြောင်းလဲသတ်မှတ်လိုက်ရကြောင်း NLD မွန်ပြည်နယ် အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးကိုကိုဇော်ကပြောသည်။
အန်အယ်လ်ဒီ မဲဆွယ်စည်းရုံးရေးဟောပြောပွဲကိုမူလက မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံလွင်ဥယျာဉ်ကွင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အဆိုပါကွင်းကို ပိုင်သည့် စည်ပင်သာယာရေးကော်မတီက အသုံးပြုခွင့်ပြု မပေးသောကြောင့် အခြားကွင်းတခုကို ပြောင်းခဲ့ရသည်ဟုဆိုသည်။
“စည်ပင်က သံလွင်ကွင်းဥယျာဉ်ကို ဥယျာဉ်စီမံကိန်းစတော့မယ် လူများရင်ကွင်းပျက်စီးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းတယ် ကော်မရှင်ကလည်း ကွင်းမရတော့ ခွင့်ပြုချက်မပေးသေးဘူး ၊အခုလျောက်ထားတဲ့ ကွင်းအသစ်က ခွင့်ပြုချက်ရလောက်တယ်” ဟု ဦးကိုကိုဇော်က YPI  သို့ပြောသည်။
ထပ်မံလျောက်ထားသော ကွင်းအသစ်မှာမော်လမြိုင်မြို့မှ ၆မိုင်ကျော်ကွာဝေးသည့် ၆မိုင် ကျွဲခြံကုန်းကျေးရွာပိုင် ဘောလုံးကွင်းဖြစ်ပြီး အဆိုပါကွင်းမှာ ရွာသားများပိုင်သောကြောင့် ရွာသားများက ခွင့်ပြုချက်ပေးခဲ့ပြီး ကော်မရှင်သို့ထပ်မံ ခွင့်ပြုချက်တင်ထားကြောင်း၎င်းကဆိုသည်။
၎င်းတို့အနေဖြင့် သံလွင်ဥယျာဉ်ကွင်းကို ဟောပြောခွင့်ရရန် နှစ်ကြိမ်ခန့်ကြိုးစားလျောက်ထားသော် လည်း နှစ်ကြိမ် စလုံး အငြင်းပယ်ခံရသည်ဟုဆိုသည်။
အသစ်လျောက်ထားသောကွင်းမှာ သံလွင်းဥယျာဉ်ကွင်းထက် လူဝင်ဆန့်မှု နည်း၍ မော်လမြိုင်မြို့ပေါ်မှ အတန်ငယ်လှမ်းသောကြောင့် လာရောက်နားထောင်သူများအဖို့ အခက်အခဲဖြစ်နိုင်သည်ဟုဆိုသည်။
“ကျွန်တော်တို့ကလည်း မန္တလေးကိစ္စတွေ ၊ လှည်းကူးကိစ္စတွေကြားထားသော မော်လမြိုင်ကို လျောက်မဲ့ကွင်း ရမယ်ထင်နေတာလေ ၊မပေးဘူးဘာမှမတတ်နိုင်ဘူးပေါ့ အရင်ကွင်းဆိုလူ သုံးလေးသိန်းဆန့်မယ် အခု ကွင်းအသစ်က တစ်သိန်းကျော်ကျော်လောက်ပဲဆန့်မယ်”ဟု ၎င်းကဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဧ။်မွန်ပြည်နယ်ခရီးစဉ်ကို မတ်လ ၁၀ ရက်နေ့နံနက် ၉နာရီတွင် ရန်ကုန်မှစတင်ထွက်ခွာမည်ဖြစ်ပြီး၎င်းမှ ကျိုက်ထို၊ဘီးလင်း၊သထုံစသည့်မြို့နယ်သို့ ၀င်ရောက်မည်ဖြစ်သည်။
ညနေ ၅နာရီတွင် မော်လမြိုင် Strand Hotel တွင် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်မည်ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့နံနက် ၉နာရီတွင်လူထု မဲဆွယ်စည်းရုံးဟောပြောပွဲ ကျင်းပမည်ဖြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လွန်ခဲ့သည့် ဖေဖေါ်ဝါရီ လအတွင်း မဲအောင်နိုင်ရေးနှင့် စည်းရုံးရေး ခရီးစဉ်များအတွင်း လူထုဟောပြောပွဲ ပြုလုပ်ရန် နေရာ အခက်အခဲနှင့် မကြာခဏကြုံတွေ့နေကြရသည်။ လှည်းကူး၊ မန္တလေး မြို့များတွင် ဟောပြောရန် ကွင်းခွင့်ပြုချက်မရသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုသည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ကြရသည်။ ယခုမော်လမြိုင်မြို့တွင်လည်း သံလွင်ဥယျာဉ် ကွင်းအား သုံးစွဲခွင့်မပေးပဲ အခြား ကျေးရွာဘောလုံးကွင်းကို သုံးစွဲရသည့် အခြေအနေကြုံတွေ့နေရခြင်း ဖြစ်သည်။       ။
အပြုံးတစ်ချက်ထဲနဲ့လူအုပ်ကြီးကိုထိန်းထားတဲ့ ငြိမ်းချမ်းရေးပိသုကာဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ-ဆိုင်းဆွတ်
ရွှေကိုင်းသားကိုယ်တော်တွေလည်း အခုတော့ လက်မထောင်နိုင်ပြီ။ ဓါတ်ပုံဆိုင်းဆွတ်
ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ
မတ်လ ၆ ရက်၊ ၂၀၁၂၊ ည ၉နာရီခွဲ (YPI)
ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်း
တရုတ် ငွေဖြင့်လုပ်သည့် စီမံကိန်းများရပ်ရန် အဆို အစိုးရပယ်ချ
တရုတ်နိုင်ငံမှ အထူးချေးငွေဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများ ရပ်ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်၌ အဆိုပြု ဆွေးနွေးချက်ကို မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပယ်ချလိုက်သည်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တက်ရောက်သူများကို တွေ့ရစဉ် (ဓာတ်ပုံ - NLM)
ယခင်နအဖ စစ်အစိုးရက တရုတ်အစိုးရထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ ကို၂၀၀၉ ခုနှစ်တွင် ချေးယူခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရကလည်း၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၄ ဒသမ၂ ဘီလီယံ(တရုတ်ယွမ်ငွေ ဘီလီယံ ၃၀) ချေးယူခဲ့ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအများအပြား ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်သုံးစွဲမည့် စီမံကိန်းတချို့ကို ရပ်ဆိုင်း သင့်ကြောင်း ယမန်နေ့ က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ၏ တင်ပြ ဆွေးနွေး
ချက်နှင့် ပတ်သက်၍ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ငြင်းဆို ပယ်ချခဲ့ခြင်း ဖြစ်သည်။
“တရုတ်နိုင်ငံက အထူးချေးငွေနဲ့ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဖြစ်ပြီးတော့၊ ချေးငွေ သဘောတူညီမှုတွေကို၂၀၁၀ က လက် မှတ်ထိုးပြီးပြီ၊ ဒီစီမံကိန်းတွေကို ရပ်ဆိုင်းပြီး ချေးငွေတွေကို တခြားကို လွှဲပြောင်းသုံးစွဲဖို့ မဖြစ်နိုင်”ဟု နယ်စပ်ရေးရာ ၀န်ကြီး ဌာန နှင့် မြန်မာ့စက် မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဆိုသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ဘတ်ဂျက် လျာထားငွေကို တနိုင်ငံလုံး အသုံးစရိတ်၏ ၃ ဒသမ ၆၅ ရာခိုင်နှုန်း တောင်းခံထားခြင်းသည် များပြားလွန်းကြောင်း၊ မလိုအပ်သည့် စီမံကိန်းတချို့အား ရပ်ဆိုင်းခြင်း သို့မဟုတ် ဆိုင်းငံ့ထား ရန် အတွက် လွှတ်တော် ကိုယ်စားလှယ်အများစု က တင်ပြထားကြောင်း သိရသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဌာန သည် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတချို့ကို လုပ်ကိုင်နေသည်ဟု သတင်းများထွက်ပေါ် နေသော် လည်း အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိပေ။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ ဗဟို အစိုးရအဖွဲ့၏ ၀န်ကြီး ၁၀ ဦးလာရောက်ပြီး ၎င်းတို့ဌာန အသီးသီး ၏၂၀၁၂-၁၃ ဘတ်ဂျက်အသုံးစရိတ် တောင်းခံထားမှုအပေါ် ဖြတ်တောက်မှု မပြုလုပ်နိုင်ရန် အကြောင်းပြချက်များပေးကာ
ဖြေဆို သွားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
“အမျိုးသားစီမံကိန်း ၀န်ကြီးကတော့ အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ အာဆီယံ ဆီးဂိမ်း ကို တက်ရောက်ဖို့ ခေါင်းဆောင် တွေ၊ ကိုယ်စားလှယ်တွေ လာရင် စီးဖို့ မာစီဒီးကားတွေ ၀ယ်တဲ့နေရာမှာ ဘတ်ဂျက်တွေ သုံးရမယ်လို့ ဖြေဆိုသွားတယ်”ဟု
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီ ကို ပြောသည်။
နိုင်ငံဂုဏ်သိက္ခာနှင့်ဆိုင်သည့် ကိစ္စဖြစ်၍ မော်တော်ယာဉ် ၁၇၂ စီး ပြည်ပမှဝယ်ယူမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း က ၎င်းဌာန၏ ဘတ်ဂျက်နှင့်ပတ်သက်၍ ပြန်လည် ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
မီးရထားဝန်ကြီး ဦးအောင်မင်း ကမူ ၎င်းဌာန၏ ဘတ်ဂျက် အသုံးစရိတ်များထဲမှ ကျပ် သန်း ၅၅၀၀ ကို လျှော့ချရန် သဘောတူ ညီပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်နှင့်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
လွှတ်တော်သည် ဥပဒေပြုရေးကိစ္စများကို ဆောင်ရွက်ပေးသည့် တာဝန်ကိုအဓိက ဆောင်ရွက်ရသည့် နေရာသာဖြစ်ပြီး အစိုးရ ၏ လုပ်ဆောင်ချက်များအား တားဆီးပိတ်ပင်နေသည့် အဖွဲ့အစည်း တရပ် မဟုတ်သည့်အတွက် လွှတ်တော်၏ ဆုံးဖြတ်မှုများကို အစိုးရအဖွဲ့အနေဖြင့် လေးစားလိုက်နာရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လွှတ်တော်က လုပ်ဆောင်ချက်တချို့ဟာ ပြည်သူတွေရဲ့ လက်ရှိဘ၀တွေကို ထင်ဟပ်ပြီးတော့ လိုအပ်ချက်တွေကို ပြောနေ ၊ လုပ်နေ ကြတာပါ၊ အကျိုးမရှိတဲ့ စီမံကိန်းတွေ ရပ်ဆိုင်းလိုက်ရင် ဒီ ဘတ်ဂျက်တွေနဲ့ ၀န်ထမ်းတွေ လစာ ပေးနိုင်မယ်၊ ပြည်သူ တွေရဲ့ အရေးတကြီး လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ အတွက်ပါ”ဟု ဦးဘရှိန် က ဆိုသည်။
သမ္မတရုံး၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များကိုလည်း မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် သုံးစွဲခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထိုကိစ္စသည် ဥပဒေနှင့်ကိုက်ညီမှု မရှိ၍ လွှတ်တော်၌ ဖြေရှင်းနေသည့် အကြောင်းအရာ တခုဖြစ်နေ ကြောင်းလည်း ကိုယ်စားလှယ်များ က ပြောသည်။
၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်အတွက် ရရှိရန် လျာထားငွေသည် ကျပ် ၁၀၅၂၂ ဒသမ ၇၈၇  ဘီလီယံ ရှိပြီး အသုံးစရိတ် လျာထား ငွေမှာ ကျပ် ၁၃၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်၍ လိုငွေပြမှု ကျပ် ဘီလီယံ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျော် ရှိနေသည်။ အစိုးရ၏ ရသုံးမှန်းခြေဘတ်ဂျက် ငွေစာရင်းအား ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်တင်ပြခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော်(၈၄၀၈ ဒဿမ ၃၄) အကြွေးရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင်ကျော်အထိ အများဆုံးပေးဆပ်ရမည်ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ လက် ထက်တွင် ဒေါ်လာ သန်းပေါင်း၂ ထောင်ကျော်(၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း၂၁၀၀ ကျော်ပေးဆပ်ရ မည်ဖြစ်ကြောင်း ဇန်န၀ါရီ လကုန်ပိုင်းက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဦးလှထွန်း က ထုတ်ဖော် ပြောဆိုထားသည်။
ဧရာဝတီ
လာဘ်ပေး လာဘ်ယူနှင့် ဘကြီးမိုး
လာဘ်ပေး လာဘ်ယူရောဂါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ အကူးစက်အမြန်ဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီနိုင်ငံတွေထက် တစ်ပါတီအာဏာရှင်နိုင်ငံတွေမှာက သည်ရောဂါပိုဆိုးတဲ့အကြောင်း သိရပါတယ်။ ဟုတ်တာပေါ့လေ ပါလီမန်ဒီမိုကရေစီနိုင်ငံဆိုတာ စာနယ်ဇင်းတွေက ဘယ်ကိစ္စမျိုးမဆို အသံကျယ်ကျယ်နဲ့ အော်ကြတာကိုး။ တစ်ပါတီိအာဏာရှင် နိုင်ငံတွေမှာတော့ အဲသည်လို အော်ခွင့်မရှိ၊ မအော်ရဲလေတော့ အကြီအကဲလုပ်တဲ့သူတွေက ဘယ်ဂရုစိုက်တော့မလဲ။ လာဘ်ပေး လာဘ်ယူကိစ္စဆိုတာ ထမင်းစား ရေသောက် အဆင့်မကတော့ဘဲ အလေ့အကျင့်ကြီးတစ်ခုအထိ ဖြစ်လာခဲ့ပြီပေါ့။
မြန်မာနိုင်ငံမှကလည်း နှစ်အတော်များများ တစ်ပါတီအောက်မှာ နေထိုင်ခဲ့ရပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စဟာ အလေ့အကျင့်ကြီးတစ်ခုလိုကို ဖြစ်နေပါပြီ။
ဒါကြောင့် ဒါကြောင့် ဘကြီးမိုးတစ်ယောက် ဘကြီးမိုးရယ် စိုးရိမ်မိတယ် ဖြစ်နေရှာတာပေါ့။
အကြောင်းက ဒီလိုပါ။ သည်နေ့ခေတ်ပါလီမန်လွှတ်တော်ခေတ်မှာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းတော့ မလိုလို၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အခုပဲ အစုလိုက်အပြုံလိုက်ကြီးရောက်လာတော့မလိုလို ဖြစ်နေတယ်မဟုတ်လား။ ဒါကြောင့် စိုးရိမ်မိတယ် ဖြစ်နေရတာပေါ့။
ဘကြီးမိုး၊ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲလေ။ ယခင်ခေတ်တွေတုန်းက နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တရားမ၀င်နောက်ဖေးပေါက်ကပဲ လာသည်ဖြစ်၊ ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာ ဘယ်တာဝန်ရှိသူနဲ့ တွေ့ရမလဲဆိုတာကိုက ပြဿနာပါ။ သည်ကြားထဲမှာ ကြားဖူးတာက ရှိသေးတယ်။ ဘယ်ပုဂ္ဂိုလ်ကြီးနဲ့တွေ့ဖို့အရေး ၁၅ ရာခိုင်နှုန်းပေးရမယ်ဆိုတာ ရှိခဲ့တယ် ခင်ဗျ။ အဲသည် ပုဂ္ဂိုလ်ကြီးနဲ့ မတွေ့ရသေးဘူး၊ ၁၅ရာခိုင်နှုန်းက ပေးနေရပြီ၊ တွေ့ခွင့်ရပြီးတဲ့နောက်မှာ အဲသည်ပုဂ္ဂိုလ်ကြီးက ဘယ်နှစ်ရာခိုင်နှုန်းတောင်းဦးမလဲ မသိပါဘူး။ အဲသည်လို အဆင့်ဆင့်ပေးပြီးကမ်းပြီး ခွင့်ပြုချက်ရပြီးတာတောင်မှ မခိုင်မာသေးဘူး ခင်ဗျ။ သူ့အထက်က ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်ကများ မကျေနပ်ဘူး၊ သဘောမကျဘူးဆိုရင် ပျက်ပြန်ပါလေရော။
အဓိကကတော့ ရင်းနှီးမြှပ်နှံမှုရောက်လာရင် ဘယ်ပုံဘယ်နည်းနဲ့ လက်ခံရမယ်။ ဘယ်လိုဆောင်ရွက်ပေးရမယ်။ ဘယ်လိုစည်းကမ်းတွေရှိတယ်ဆိုတာ စနစ်တကျပြင်ဆင်ထားတာ မရှိတာကလည်း တစ်ကြောင်းပေါ့လေ။ သည်လို သည်လိုနဲ့ရင်းနှီးမြှပ်နှံသူတွေဟာ အဆင့်ဆင့်ပေးကမ်းမှုတွေမျာလာတဲ့အတွက် စရိတ်စကက ပိုကြီး ပိုကြီးတော့ သူတို့ကလည်း အမြတ်အစွန်းရအောင် အလုပ်သမားတွေအပေါ်မှာ လခအနည်းဆုံးပေး အချိန်ပိုတွေမတရားခိုင်း။ သူတို့ရရှိတဲ့ ကုန်ချောတွေကိုလည်း တရားမ၀င်တဲ့နည်းလမ်းနဲ့ တစ်ဆင့် တစ်ဆင့် ပို့ရဆိုတော့ နောက်ဆုံးတော့ တိုင်းပြည်ကလည်း ဘာမှမရ၊ အလုပ်လုပ်ရတဲ့ လုပ်သားတွေကလည်း ဘာမှမရ၊ ရင်းနှီးမြှပ်နှံသူခမျာမှာလည်း သူ့အတွက် အကျိုးစီးပွားသိပ်မကျန်တော့ဘူး ဖြစ်ခဲ့ရတာပေါ့ ။( ရသွားတဲ့သူတွေကတော့ ရှိတယ်နော်၊ဟဲ ဟဲ) အဲသည်လိုနဲ့ သည်သံသရာကြီး လည်ပတ်နေခဲ့တာကြာပေါ့။
ပါလီမန်လွှတ်တော်အစိုးရလက်ထက်မှာ ရင်းနှီးမြှပ်နှံမှုတွေ လာတော့မလိုလိုနဲ့ မိုးတောင်ကချူန်းတဲ့အသံတွေ ကြားနေရပါပြီ။ လာကြမယ့်သူတွေက ရင်းနှီးမြှပ်နှံမှုအတွက် စနစ်တကျပြင်ဆင်သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေ လိုတဲ့အကြောင်း၊ သယ်ယူပို့ဆောင်မှု လမ်းပန်းဆက်သွယ်ရေးတွေ လိုတဲ့အကြေင်း ၊ စက်ရုံလည်ပတ်ဖို့အတွက် လျှပ်စစ်စွမ်းအားတွေ လိုအပ်တဲ့အကြောင်း စသည် စသည်အားဖြင့် လိုအပ်တာတွေကို ဖြည့်ဆည်းပြင်ဆင်ထားဖို့ အဆင်သင့်ဖြစ်နေကြဖို့ လိုတဲ့အကြောင်းပြောကြတယ် ခင်ဗျ။
ဘကြီးမိုးကတော့ လှံဖျား၊ ပုစဉ်းနား၊ ကျီးကန်းကချေးပါ ဆိုသလို ပူပန်နေတာကတော့ လာဘ်ပေးလာဘ်ယူကိစ္စပဲ ခင်ဗျ။ တော်ကြာ တိုင်းပြည်ကလည်း ပိုက်ဆံမရလိုက်၊ အလုပ်လုပ်ရတဲ့ လုပ်သားတွေခမျာလည်း စံချိန်စံညွှန်းမမီတဲ့ ၀င်ငွေတွေရလိုက်၊ ကြားထဲက ဘယ်ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အိတ်ထဲရောက်များသွားပါလိမ့်မလဲလို့ စိုးရိမ်နေရတာပါ။
အရေးကြီးဆုံးအချက်က အိတ်ပေါက်နဲ့ ဖားမကောက်မိဖို့ပါ။ အဲသည်လိုများ အိတ်ပေါက်နဲ့ ဖားကောက်မိရင် ဖားဘယ်မှာရတော့မှာလဲနော်။ ဖားမရမှတော့ ဖားကောက်တယ်ဆိုတဲ့ အဓိပ္ပာယ် ဘယ်မှာရှိတော့မှာတုံး။ တိုင်းပြည်က တိုင်းပြည်ဝင်ငွေတိုးပွားအောင် ၊ ပြည်သူပြည်သားတွေ အလုပ်အကိုင်တွေရကြရလေအောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို လက်ခံကြတာ မဟုတ်လား။ တိုင်းပြည်ကလည်း ၀င်ငွေမရ၊ ပြည်သူပြည်သားအလုပ်လုပ်ကိုင်ရသူတွေကလည်း ၀င်ငွေမရဆိုရင် အိတ်ပေါက်ကြီးနဲ့ ဖားကောက်ဆိုသလို ဖြစ်ကုန်မှာပေါ့။
ဒါကြောင့် ဒါကြောင့် ဘကြီးမိုးရယ်၊ စိုးရိမ်မိတယ် ဖြစ်နေရတာပေါ့။
ဘကြီးမိုး - ကုမုဒြာသတင်းဂျာနယ်
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်